Pichai Sundararajan ဆိုတဲ့သူ့ကို Sundar Pichai လို့ပဲ လူသိများကြတာဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ Google Inc. ရဲ့ Product Chief တစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေသူပါ။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့မှာတော့ သူဟာ Google ရဲ့ အနာဂတ် CEO လျောင်းလျာတစ်ယောက်ဖြစ်နေကြောင်း Google ကနေ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ Pichai ကို အိန္ဒိယနိုင်ငံ မဒ္ဒရပ်စ် (အခုတော့ ချန်နိုင်း) မှာ တမီလ်မိဘနှစ်ပါးကနေ ၁၉၇၂ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ သူဟာ မဒ္ဒရပ်စ်မှာ အထက်တန်းကျောင်းတက်ခဲ့ပြီး Indian Institute of Technology Kharagpur ကနေ Metallurgical Engineering နဲ့ ဒီဂရီရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ Stanford University ကနေ MS ကို Material Sciences and Engineering နဲ့ ရယူခဲ့ပြီး Wharton School of the University of Pennsylvania ကနေ MBA ယူခဲ့ပါတယ်။ Pichai မှာ ဇနီးက Anjali နဲ့အတူ သမီးတစ်ယောက်လည်းရှိပါတယ်။ Pichai ဟာ Applied Materials မှာ Engineering နဲ့ Product Management မှာလည်းကောင်း၊ McKinsey & Company မှာ Management Consulting အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသေးတယ်။ သူဟာ Google ကို ၂၀၀၄ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး Google Chrome နဲ့ Chrome OS တို့အပါအဝင် Google ရဲ့ Client Software Product တွေအတွက် Product Management နဲ့ Innovation တို့ကိုလည်း ဦးဆောင်လုပ်ကိုင်ခဲ့ပြီး Google Drive အတွက်လည်း တာဝန်ကြီးကြီးယူလုပ်ကိုင်ခဲ့ပါတယ်။ ပြီးတော့ Google Maps နဲ့ Gmail တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း Oversee လုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့Chrome OS နဲ့ပတ်သက်ပြီး သရုပ်ပြခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ Chromebook Trail version ထထွက်လာခဲ့ကာ ၂၀၁၂ ခုနှစ်မှာတော့ ဈေးကွက်တင်ရောင်းချနိုင်အောင်လုပ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ သူက Google က တီထွင်ထားတဲ့ VPB ဆိုတဲ့ Video Codec အသစ်ကို Open Source အဖြစ် ချပြခဲ့ပြီး Video Format အသစ်ဖြစ်တဲ့ WebM ကို မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ Pichai oversee လုပ်ရတဲ့ Google Product တွေထဲမှာ Android ပါ ပါဝင်လာခဲ့ပါတယ်။ Pichai ဟာ ၂၀၁၁ ခုနှစ် ဧပြီလကနေ ၂၀၁၃ ခုနှစ် ဇူလိုင်လ အထိ Jive Software ရဲ့ Director တစ်ယောက်အဖြစ်တ ာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိ Google ရဲ့ CEO Larry Page က Pichai ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ တုန်းက Product Chief အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အခုတော့ Pichai ကို Google ရဲ့ နောက်တက်မယ့် CEO တစ်ယောက်အဖြစ် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ရွေးချယ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ သူဟာ အဲဒီ တာဝန်ကို Google Company Family ထဲက Holding Company အသစ်တစ်ခုဖြစ်တဲ့ Alphabet Inc.,ဖွဲ့စည်းတည်ထောင်ပြီးတဲ့အပေါ်မူတည်ပြီး တာဝန်စတင်ထမ်းဆောင်မှာဖြစ်ပါတယ်။