The Lunch Box(Food Box & Catering Services)

Lunchbox1

လုပ်ငန်းအကြောင်းမိတ်ဆက် . . .

The Lunch Box ရဲ့ အဓိကဝန်ဆောင်မှုက ထမင်းဘူး (Lunch Box) တွေကို Delivery ပို့ပေးတာနဲ့ အလှူပွဲတွေ၊ Event တွေမှာ Catering လိုက်ခင်းပေးတာ ဖြစ်ပါတယ်။ စက်ရုံတွေအတွက်လည်း နေ့လယ်စာစီစဉ်ပေးတယ်။ ကုမ္ပဏီတွေမှာလည်း Canteen ဖွင့်ပေးပါတယ်။ အခုလောလောဆယ်တော့ မြန်မာပလာဇာက Huawai ကုမ္ပဏီမှာ Canteen ဖွင့်ပေးထားပါတယ်။

ဆက်သွယ်ရမယ့် လိပ်စာနဲ့ ဖုန်း၊ အီးမေးလ် . . .

အမှတ် ၃ (ဘီ)၊ ယုဇနလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ကို ဆက်သွယ်နိုင်ပါတယ်။ အော်ဒါမှာမယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၉-၄၅၆၃၆၂၃၂၃ ၊ ၀၉-၄၅၆၃၆၂၃၂၄ တို့နဲ့ [email protected] ၊ www.facebook.com/TheLunchBoxYGN ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်။

Lunchbox2

လုပ်ငန်းစဖြစ်ပုံ . . .

၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ လုပ်ငန်းစလုပ်ခဲ့ပါတယ်။ ဒီလုပ်ငန်းကိုမလုပ်ခင် သူငယ်ချင်းတွေနဲ့ စပ်တူရှယ်ယာ ထည့်ဝင်ပြီး စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတာရှိပါတယ်။ ဒီဝန်ဆောင်မှုစတင်ဖြစ်တာကတော့ လုပ်ငန်းပိုင်ရှင် ကိုစိုးဇင်က နိုင်ငံခြားမှာ ကျောင်းတက်နေစဉ်အတွင်း ဒီလို Lunch Box တွေကို မှာစားနေကျဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဒီလုပ်ငန်းမျိုးလုပ်ဖို့ အိုင်ဒီယာရပြီး စလုပ်ဖြစ်ခဲ့ပါတယ်။ အဓိကကတော့ ထမင်းဘူးသယ်ရတာ အဆင်မပြေတဲ့ ရုံးဝန်ထမ်းတွေနဲ့ Catering Service လိုအပ်တဲ့ အခမ်းအနားပွဲတွေကို ရည်ရွယ်ထားပါတယ်။

ဈေးနှုန်းပိုင်း . . .

Lunch Box တစ်ဘူးကို နှစ်ထောင်ကျပ် ကျသင့်ပြီး ရန်ကုန်မြို့တွင်းကို Delivery ပို့ပေးပါတယ်။ အနည်းဆုံးသုံးဘူးနဲ့ အထက်ဆိုရင် Delivery ပို့ပေးပြီး မြို့နယ်အလိုက် Delivery ပို့ခတွေ ရှိပါတယ်။ ဆယ်ဘူးနဲ့အထက်ဆိုရင်တော့ Delivery Free ပို့ပေးပါတယ်။ အနည်းဆုံး Lunch Box သုံးဘူးကနေ စမှာလို့ရပါတယ်။ အရေအတွက် ဘူး ၅၀ နဲ့ အထက်ဆိုရင်တော့ နှစ်ရက်လောက်ကြိုမှာပေးရင် အဆင်ပြေပါတယ်။

Lunchbox3

လုပ်ငန်းအနာဂတ်အစီအစဉ် . . .

စားသောက်ဆိုင်အနေနဲ့တော့ ထပ်ဖွင့်ဖို့ အစီအစဉ်မရှိသေးပါဘူး။ အခုလုပ်ငန်းကိုပဲ လုပ်ငန်းထပ်ချဲ့သွားဖို့ အစီအစဉ်ရှိပါတယ်။