The Knowledge Economy အသိပညာ စီးပွားရေးလောက

သိတတ်ပညာသည်  ပိုအရေးကြီးသည် [caption id="attachment_14453" align="alignnone" width="720"]စီမံခန့်ခွဲမှုပညာရှင် Peter Drucker စီမံခန့်ခွဲမှုပညာရှင် Peter Drucker[/caption] Peter Drucker  က ၁၉၆၀ နှစ်ပိုင်းတွင် သည်ဝေါဟာရကို တည်ထွင်ခဲ့ပြီး လူမှုဘဝ၏ အပြောင်းအလဲကြီးတွေ ရှိလာ မည့်အကြောင်း ပြောခဲ့သည်။ စီးပွားရေးလုပ်ငန်းများ တိုး တက်ရန်၊ ထုတ်လုပ်မှုစွမ်းရည်များ ပိုကောင်းရန်Knowledge Work  များနှင့်Knowledge Worker  များ လိုလာပြီဟု ဆိုပါသည်။ လုပ်ငန်းအချို့တွင် Knowledge လိုအပ်မှု အထူး များပြားနိုင်သော်လည်း လုပ်ငန်းတိုင်းလိုလိုတွင်လည်း Knowledge  လိုအပ်ချက်များ ဝင်လာသည်ကို တွေ့ရပါသည်။ Knowledge အခြေခံသည့်ပစ္စည်းများ၊ ဝန်ဆောင်မှုများပေး ရသည့်လုပ်ငန်းများမှာ ကွန်ပျူတာအင်အားများ၊ ဉာဏ် ပညာပြည့်စုံသူများ အများအပြားလိုအပ်လာသည်။ အတတ် ပညာစွမ်းအားက လုပ်အားထက် တန်ဖိုးကြီးသော Asset ဖြစ် လာသည်။ Knowledge သည် Information နှင့် ကွာ ခြားပြီး Knowledge  တွင်မှ  Tacit Knowledge  (မထုတ် ဖော်သောသိတတ်ပညာ) နှင့် Explicit Knowledge    (ဖော် ထုတ်သော သိတတ်ပညာ) အဖြစ် ကွာခြားသည်။ Explicit Knowledge  မှာ ကွန်ပျူတာများ၊ အံဆွဲများ၌ သိမ်းထား၍ ရသော မှတ်တမ်းများ ဖြစ်သည်။ Tacit Knowledge  မှာ လူများ၏ ခေါင်းထဲတွင်ရှိနေပြီး မမြင်ရသည့်အတွေ့အကြုံ၊ အသိနှင့် အကဲဖြတ်မှုတို့ ဖြစ်သည်။ [caption id="attachment_14479" align="alignnone" width="720"]article landscape wartermark final9 စီမံခန့်ခွဲမှု စိးပွားရေးလုပ်ငန်းများ တိုးတက်ပြီး ထုတ်လုပ်မှုစွမ်းရည် ကောင်းမွန်လာစေရန် Knowledge Work များနှင့် Knowledge Worker များလိုအပ်လာပြီဟု         Peter Drucker ကဆိုသည်။[/caption]   Knowledge ကို အဖွဲ့အစည်းများ၏ နေရာအမျိုး မျိုးတွင် တွေ့နိုင်သည်။ ဥပမာအားဖြင့် အလုပ်နှင့်ပတ် သက်သော လုပ်ငန်းစဉ်များ၊ ပစ္စည်းများ၊ ဝယ်သူများနှင့် ပတ်သက်၍ သိုလှောင်သိမ်းဆည်းထားမှု ဖြန့်ဝေအသုံးပြုမှု၊ ဖန်တီးမှုများ စသည်တို့ ဖြစ်သည်။ လူများ၏ ခေါင်းထဲတွင်ရှိသော Knowledge   သည် အဖွဲ့အစည်းများမှ ထွက်သွားသူများရှိလျင် ထိုသူ များနှင့် အပြီးပါသွားနိုင်သည်။ အငြိမ်းစားယူသွားသော သို့မဟုတ် အခြားအဖွဲ့အစည်းများက ဆွဲဆောင်သွားသော သူများနှင့်အတူ ဆုံးရှုံးသွားရသော အသိပညာများနှင့် ပတ် သက်၍ မည်သို့စီမံခန့်ခွဲရမည်ဆိုသည့်ကိစ္စမှာ ယခုအချိန် အခါနှင့် အနာဂတ်အတွက် အရေးကြီးသောအကြောင်း အရာ ဖြစ်ပေသည်။

ဒေါ်ရီရီမြင့် (ပါမောက္ခ (ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)