ပြောင်းလဲမှုမျဉ်းကွေး(The Change Curve)

အောင်မြင်မှုရဖို့လိုအပ်တဲ့ စီးပွားရေးအသုံးလက်နက် ၁၀၀

changecurve1

ပြောင်းလဲမှုကို လူတို့မည်သို့ခံစားတုံ့ပြန်သည်ကို လေ့လာသုံးသပ်၍ အဖြစ်မှန်ကို အများနားလည်လာကြပြီဖြစ်သည်။ ပညာရှင် Elizabeth Kubler - Ross ၏ လေ့လာတွေ့ရှိချက်များအရ ဆုံးရှုံးမှုနှင့် စိတ်သောကကို မည်သို့ခံစားတုံ့ပြန်ပုံအား ယေဘုယျအနေဖြင့် နားလည်နေကြပြီးဖြစ်သည်။ ဆုံးရှုံးမှုသောကကို ရင်ဆိုင်ကြရသူတို့ ခံစားမှုအဆင့်ဆင့် ပြောင်းလဲဖြတ်ကျော်ရသောဖြစ်စဉ်ကို ပြောင်းလဲမှုမျဉ်းဟု နားလည်လက်ခံနေကြပြီ ဖြစ်သည်။

အထွေထွေသုံးသပ်ချက် . . .

စီးပွားရေးလုပ်ငန်းများတွင် အလုပ်ပြုတ်ခြင်း၊ နုတ်ထွက်ရခြင်းနှင့် ဆက်စပ်၍ Change Curve ကို ရည်ညွှန်းပြောဆိုကြသည်။ ထို့အပြင် နောက်ဆုံးအချိန်ရောက်နေသော ဝေဒနာခံစားသူများကို တွေ့ဆုံမေးမြန်းသုတေသနပြုလုပ်မှုလည်း ရှိခဲ့သည်။

လုပ်ငန်းခွင်မှ အလုပ်ဆုံးရှုံးခြင်းနှင့် ဘဝဆုံးရှုံးတော့မည့် အနေအoထားမှာ အကြီးမားဆုံးသော ဆုံးရှုံးမှုများဟု ဆိုနိုင်သည်။ အခြေအနေနှစ်ခုတွင် တွေ့ရှိရသော တုံ့ပြန်မှုမှာ အခြားဆုံးရှုံးမှုဒုက္ခများတွင် တွေ့ရသော တုံ့ပြန်မှုများနှင့် တူနေကြောင်းတွေ့ရသည်။ ရှေ့တွင် ဖော်ပြထားသော ပုံ၌တွေ့ရသည့်အဆင့်များကို ဖြတ်ကျော်ကြရသည်။

၁။ Shock - တုန်လှုပ်ချောက်ချားခြင်း

ပထမဆုံးတုံ့ပြန်မှုမှာ ထိတ်လန့်တုန်လှုပ်မှုဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ခံစားမှုအမျိုးမျိုး ဖြတ်သန်းရမည်။

၂။ Denial - ငြင်းပယ်ခြင်း

ဖြစ်ရပ်ကိုလက်မခံနိုင်ဘဲ ငြင်းပယ်တတ်ကြသည်။ ရှောင်လွှဲမရသောပြောင်းလဲမှုကို စိတ်သက်သာရန် ဖေးမပေးရမည်။

၃။ Frustration and Anger - စိတ်ပျက်ဒေါသဖြစ်ခြင်း

ပြောင်းလဲမှုကို မကျေမနပ်ဒေါသဖြစ်သူများရှိပြီး အချို့အနေနှင့်မူ စိတ်ကိုထိန်းနိုင်ကြသည်။

changecurve2

၄။ Depression - စိတ်ကျခြင်း

ပထမတွင် မိမိအပေါ် အလေးအနက် စိတ်ပျက်မကျေနပ်ခြင်း၊ မိမိ၏အမှားများ၊ ပျက်ကွက်ခဲ့ခြင်းများဟု ခံစားရတတ်သည်။ ဤအချိန်လောက်တွင် အမှားအမှန်ကို သုံးသပ်ဝေဖန်မှုဖြင့် ပြောင်းလဲမှုကို လက်ခံရန် စိတ်ဖြစ်ပေါ်လာတတ်သည်။ သို့သော် အချိန်ဆွဲရန်ဆန္ဒလည်း ရှိတတ်သည်။

၅။ Experiment and Decision - စမ်းသပ်ခြင်းနှင့်ဆုံးဖြတ်ချက်ချခြင်း

အခြေအနေသစ်တွင် အဆင်ပြေစွာ ပါဝင်လုပ်ကိုင်နိုင်ရန် ကြိုးစားမှုရှိလာသလို ရွေးချယ်ဆုံးဖြတ်ရန်နှင့် ထိန်းချုပ်မှုရရန်လည်း လိုလာသည်။

၆။ Acceptance and Integration - လက်ခံခြင်းနှင့်ပူးပေါင်းပါဝင်မှု

ဤအချိန်တွင် ပျော်ရွှင်မှုမဟုတ်သလို မပျော်ရွှင်ဟုလည်း မဆိုနိုင်ပေ။ ခံစားမှုများမရှိတော့ဘဲ အရှုံးပေးခြင်းလည်း မဟုတ်ပေ။ အမှန်မှာ အောင်မြင်အနိုင်ရသွားခြင်းဖြစ်သည်။

အလုပ်မှအထုတ်ခံရသူများသည် အလားတူခံစားမှုများကို ဖြတ်သန်းရသည်။ အခြားသော ပြောင်းလဲမှုများမှာကဲ့သို့ ငြင်းပယ်မှုမဟုတ်သေးဘဲ ဦးစွာပထမထိတ်လန့်တုန်လှုပ်ပြီး မယုံနိုင်သောခံစားမှုကို ကြုံရသည်။ အလုပ်မှထုတ်ခြင်းခံရကြောင်း သိရသူများသည် သိလျှင်သိခြင်း တုန်လှုပ်ခြင်း၊ မယုံနိုင်ခြင်းသဘောကို ခံစားရသည်။ လက်ခံနိုင်သော အချိန်ရောက်ရန် ကြာနိုင်သည်။ စိတ်အခြေအနေ အတက်အကျ ပြောင်းလဲနေတတ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)