ကြော်ငြာလုပ်ငန်းမှအချမ်းသာဆုံးပုဂ္ဂိုလ် ၁၆ဦး

တစ်ကမ္ဘာလုံးမှာကြော်ငြာအတွက်သုံးတဲ့အသုံးစရိတ်ဟာ၂၀၁၅ခုနှစ်အတွင်းမှာအနည်းငယ်နည်းကောင်းနည်းသွားခဲ့ပါမယ်။ဒါပေမဲ့ကြော်ငြာလုပ်ငန်းထိပ်တန်းအမှုဆောင်အရာရှိတွေရဲ့လုပ်ခလစာရရှိမှုကတော့ မြင့်တက်နေဆဲပဲ ဖြစ်ပါတယ်။

သူတို့ရဲ့တစ်နှစ်အတွက်ရခဲ့တဲ့အခွန်ဆောင်ပြီးလုပ်ခလစာအရဒီနှစ်ကြော်ငြာလုပ်ငန်းကအချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့စာရင်းမှာပါဝင်သူအများစုဟာအရင်နှစ်က   မြင်ခဲ့ပြီးသားမျက်နှာတွေပဲ ပြန်ဖြစ်နေတာကိုတွေ့ရပါတယ်။

ဒါပေမဲ့ထူးခြားတဲ့ခြွင်းချက်နှစ်ခုရှိပါတယ်။ MDC Partner Network ရဲ့ CEO ဖြစ်ပြီးအရင်နှစ်စာရင်းထဲကတစ်ဦးတည်းသောအမျိုးသမီးဖြစ်တဲ့ Lori Senecalကတော့သူ့ရဲ့လုပ်ခလစာဒေါ်လာ၁.၉သန်းကကျွန်တော်တို့ရဲ့ဒေါ်လာနှစ်သန်းဆိုတဲ့အနည်းဆုံးစံရဲ့အပြင်ဘက်ကိုရောက်သွားတဲ့အတွက်ဒီနှစ်စာရင်းထဲကကပ်ပြီးလွတ်သွားပါတယ်။နောက်တစ်ခုကတော့  MDC Partner ရဲ့ CEO ဟောင်း Miles Nadalဟာ၂၀၁၅ခုနှစ်မှာကုမ္ပဏီကဒေါ်လာ၁.၉သန်းပဲရခဲ့တာဖြစ်ပါတယ် (အဲဒီအရင်နှစ်ကတော့သူဟာဒေါ်လာ၁၄.၇သန်းဆိုတဲ့များပြားလှတဲ့ငွေတွေကိုရခဲ့တာ ဖြစ်ပါတယ်)။

ရွေးချယ်နည်း။ကျွန်တော်တို့ရဲ့စာရင်းဟာလစာ၊အစုရှယ်ယာစုငွေ၊လျှော့ဈေးနဲ့ အစုရှယ်ယာဝယ်ခွင့်တွေနဲ့ တခြားမက်လုံးပေးမှုတွေအပါအဝင်၂၀၁၅ခုနှစ်တစ်နှစ်လုံးရဲ့လုပ်ခလစာစုစုပေါင်းကိုထည့်စဉ်းစားပြီးနှစ်စဉ်အစီရင်ခံစာတွေနဲ့ SEC (အစုရှယ်ယာနှင့်သဘောတူစာချုပ်များဆိုင်ရာကော်မရှင်) ရဲ့အမှုတွဲတွေကိုကြည့်ပါတယ်။အဲဒါဟာသိသာထင်ရှားတဲ့အားနည်းချက်တစ်ခုတော့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီစာရင်းမှာပါတဲ့လူတွေအများကြီးရဲ့အသားတင်တန်ဖိုးတွေထဲမှာအရင့်အရင်နှစ်တွေတုန်းကသူတို့စုဆောင်းလာခဲ့တဲ့ငွေတွေ၊တခြားပိုင်ဆိုင်မှုတွေ၊ရင်းနှီးမြှုပ်နှံမှုတွေအများကြီးပါနေလို့ပဲ ဖြစ်ပါတယ်။

ဒီစာရင်းဟာကျယ်ပြန့်မှုရှိတယ်လို့လည်းမဆိုနိုင်ပါဘူး။ကျွန်တော်တို့ကအများပိုင်ကုမ္ပဏီတွေကိုပဲကြည့်ဖို့ ရွေးချယ်ခဲ့ပါတယ်။ပြီးတော့လည်းကျွန်တော်တို့ကကြော်ငြာသက်သက်လုပ်တဲ့ကြော်ငြာလုပ်ငန်းကုမ္ပဏီတွေကိုပဲကြည့်ခဲ့ပါတယ်။

အဲဒီလိုသာမလုပ်ခဲ့ရင် Google နဲ့ Facebook လိုနည်းပညာကုမ္ပဏီတွေကကြော်ငြာလုပ်ငန်းအမှုဆောင်တွေ၊ဒါမှမဟုတ် Brand မြှင့်တင်ရေးသမားတွေလည်းဒီစာရင်းထဲမှာပါနေပါလိမ့်မယ်။ကျွန်တော်တို့ရဲ့စာရင်းဟာဒေါ်လာနှစ်သန်းနဲ့အထက်ဝင်ငွေရှိတဲ့သူတွေကစပြီးယူထားပါတယ် (ကြော်ငြာလုပ်ငန်းမှာ ဒေါ်လာတစ်သန်းဝန်းကျင်ဝင်ငွေရှိနေတဲ့အမှုဆောင်တွေအများကြီးရှိပါသေးတယ်)။

၂၀၁၅ခုနှစ်အတွင်းကြော်ငြာလုပ်ငန်းကလုပ်ခလစာအများဆုံးရခဲ့တဲ့ပုဂ္ဂိုလ်၁၆ဦးကိုအောက်ပါအတိုင်းတွေ့ရပါတယ်။

 

Sir Martin Sorrell 1

Sir Martin Sorrell

CEO

WPP

လုပ်ခလစာ - ဒေါ်လာ၈၇.၅သန်း

ဒီနှစ်ရဲ့နှစ်ပတ်လည်အပြည်ပြည်ဆိုင်ရာအစည်းအဝေးမှာ WPP ရဲ့အစုရှယ်ယာရှင်တွေထဲကသုံးပုံတစ်ပုံ (၃၃.၄၅ရာခိုင်နှုန်း) ဟာ Sorrell ရဲ့၂၀၁၅ခုနှစ်အတွက်လစာပေးမှုကိုကန့်ကွက်မဲပေးခဲ့ကြပါတယ်။

ဒီပမာဏဟာသူ့ရဲ့အရင်နှစ်ကလုပ်ခလစာစတာလင်ပေါင်၄၃သန်း (ဒေါ်လာ၆၆သန်း) ကိုကန့်ကွက်မဲပေးခဲ့ကြတဲ့အစုရှယ်ယာရှင်တွေရဲ့၂၂ရာခိုင်နှုန်းဆီကလာတာ ဖြစ်ပါတယ်။

Sorrell ရဲ့လုပ်ခလစာရဲ့အဓိကအပိုင်း (၉၉ရာခိုင်နှုန်း) ဟာသူ့ရဲ့စွမ်းဆောင်မှုအပေါ်မှာအခြေခံပါတယ်။၂၀၁၅ခုနှစ်အတွက်သူ့ရဲ့လုပ်ခလစာထဲမှာအစုရှယ်ယာနဲ့ ဆုကြေးငွေအဖြစ်နဲ့ ဒေါ်လာ၉၀.၉သန်းနဲ့ နှစ်ပတ်လည်ဆုကြေးငွေဒေါ်လာ၆.၆သန်းပါဝင်ပါတယ်။

 

John Wren 2

John Wren

CEO Omnicom Group

လုပ်ခလစာ - ၂၃,၅၇၆,၀၄၇ဒေါ်လာ

Wren ရဲ့လစာတွေဟာပြီးခဲ့တဲ့နှစ်ကထက်၁.၈ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။၂၀၁၅ခုနှစ်အတွင်းမှာ Omnicom Group ရဲ့အမြတ်ဟာဒေါ်လာ၃၂၉.၅သန်းကနေဒေါ်လာ၃၃၁.၆သန်းအထိနည်းနည်းကလေးတက်လာခဲ့တယ်လို့ ပြောပါတယ်။ထုတ်လုပ်မှုနဲ့ ရောင်းအားတိုးတက်မှုကတော့၅.၃ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။

 

Michael Roth

Michael Roth

CEO IPG

လုပ်ခလစာ - ၁၄,၄၅၈,၁၀၂ဒေါ်လာ

Roth ရဲ့လုပ်ခလစာဟာ၂၀၁၄ခုနှစ်ကထက်၁၂ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။

ဧပြီလတုန်းက Business Insider သတင်းဝက်ဘ်ဆိုက်လုပ်ငန်းအတွင်းမှာရှိတဲ့မတူကွဲပြားမှုတွေကစပြီး၂၀၁၅ခုနှစ်တုန်းကထူးခြားနေတဲ့မီဒီယာလုပ်ငန်းသုံးသပ်ချက်ပမာဏတွေအထိအကြောင်းအရာပေါင်းများစွာနဲ့ပတ်သက်ပြီး Roth ကိုအင်တာဗျူးလုပ်ခဲ့ပါတယ်။

 

Paul Richardson

Paul Richardson

Finance Director

WPP Group

လုပ်ခလစာ - ဒေါ်လာ၁၄.၃သန်း

၁၉၉၆ခုနှစ်မှာ WPP Group ရဲ့ဘဏ္ဍာရေးဒါရိုက်တာ ဖြစ်လာခဲ့တဲ့ Richardson ရဲ့လုပ်ခလစာဟာအရင်နှစ်ကတစ်နှစ်လုံးရတဲ့လစာစုစုပေါင်းထက်၂.၇ရာခိုင်နှုန်းတက်လာတာကိုတွေ့ရပါတယ်။

 

Philip Angelastro

Philip Angelastro

CFO

Omnicom ၏ဘဏ္ဍာရေးအရာရှိချုပ်

လုပ်ခလစာ - ၆,၂၅၅,၁၅၀ဒေါ်လာ

Angelastroရဲ့လစာဟာပြီးခဲ့တဲ့နှစ်ရဲ့လစာနှုန်းထက်၂၄ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။သူဟာ၂၀၀၄ခုနှစ်တုန်းက CFO ရာထူးကိုတက်လာခဲ့တာဖြစ်ပါတယ်။

 

Frank Mergenthaler

Frank Mergenthaler

CFO       

IPG

လုပ်ခလစာ - ၅,၆၀၃,၅၇၂ဒေါ်လာ

IPG ကို၂၀၀၅ခုနှစ်မှာဝင်လာခဲ့တဲ့ Mergenthaler ရဲ့လုပ်ခလစာဟာပြီးခဲ့တဲ့နှစ်ကထက်၄.၆ရာခိုင်နှုန်း မြင့်တက်လာတာကိုတွေ့ရပါတယ်။

 

Philippe Krakowsky

Philippe Krakowsky

Chief Strategy and Talent Office       

IPG

လုပ်ခလစာ - ၄,၇၆၉,၁၆၂ဒေါ်လာ

Krakowskyဟာ Talent စီမံခန့်ခွဲမှု၊လေ့ကျင့်သင်ကြားရေး၊ဖွံ့ဖြိုးရေးနဲ့ လုပ်ခလစာအကျိုးခံစားခွင့်တွေကိုတာဝန်ယူထားသလို IPG ရဲ့ CEO ဖြစ်သူ Michael Roth နဲ့အတူအဖွဲ့အတွက်မဟာဗျူဟာကို ပြဋ္ဌာန်းသတ်မှတ်ပေးဖို့ လုပ်ကိုင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ကသူ့ရဲ့အခွန်ဆောင်ပြီးလုပ်ခလစာဟာ၄,၅၆၈,၂၉၅ဒေါ်လာရှိပါတယ်။

 

Timothy Andree

Timothy Andree

President and CEO (Dentsu Holdings USA)

Executive Chairman (Dentsu Aegis Network)

လုပ်ခလစာ - ဒေါ်လာ၄.၄သန်း

၂၀၁၃ခုနှစ်မှာ Andree ဟာအမေရိကန်အခြေစိုက် Aegis Group ကိုဝယ်ဖို့ ကုမ္ပဏီကိုကူညီခဲ့တဲ့အတွက်ကြောင့်Dentsuရဲ့ပထမဆုံးဂျပန်လူမျိုးမဟုတ်တဲ့ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီနှစ်ရဲ့လုပ်ခလစာမှာဆုကြေးငွေယန်း၂၃၇သန်းနဲ့ အငြိမ်းစားအကျိုးခံစားခွင့်ယန်း၇၃သန်းပါဝင်ခဲ့ပါတယ်။သူ့ရဲ့စုုစုပေါင်းလစာငွေပေါင်းဟာDentsuရဲ့ CEO ဖြစ်သူ Tadashi Ishii ရဲ့လစာငွေယန်း၁၄၈သန်း (ဒေါ်လာ၁.၃သန်း) ထက်အများကြီးပိုများခဲ့ပါတယ်။

 

Kevin Roberts

Kevin Roberts

Former Head Couch (PublicisGroupe)

Executive Chairman (Saatchi & Saatchi Worldwide)

လုပ်ခလစာ - ဒေါ်လာ၄.၄သန်း

Roberts ဟာ Business Insider နဲ့လုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာကြော်ငြာလုပ်ငန်းထဲကလိင်ကွဲပြားမှုအကြောင်းနဲ့ပတ်သက်ပြီးအငြင်းပွားစရာထင်မြင်ချက်တွေကိုပေးခဲ့ပြီးတဲ့နောက်ပိုင်းဒီနှစ်သြဂုတ်လမှာPublicisGroupeမှာရှိတဲ့သူ့ရဲ့ရာထူးနှစ်ခုစလုံးကနုတ်ထွက်ခဲ့ပါတယ်။၂၀၁၅ခုနှစ်အတွင်းကသူ့ရဲ့လစာဟာအဲဒီအရင်နှစ်ကသူရခဲ့တဲ့လုပ်ခလစာထက်၉၈ရာခိုင်နှုန်းပိုများခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာ Roberts ဟာသူ့ရဲ့နည်းပြချုပ်ရာထူးအရတစ်ခုတည်းသောမဟာဗျူဟာအောက်မှာPublicisGroupeကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ဖွဲ့စည်းရေးကိုဦးဆောင်ဖို့ တာဝန်ယူခဲ့ရပါတယ်။''P12 အဖွဲ့ဝင်တွေကို Kevin Roberts ပေးခဲ့တဲ့ပုဂ္ဂလိကအကူအညီကိုဒါရိုက်တာအဖွဲ့ကချီးကျူးခဲ့ရုံသာမကဒီတာဝန်ကိုဆောင်ရွက်တဲ့ထူးခြားတဲ့နည်းလမ်းကိုလည်းချီးကျူးခဲ့ပါတယ်။အဲဒီအကူအညီဟာသူတို့ရဲ့သက်ဆိုင်ရာတာဝန်ရှိမှုအတိုင်းအတာတွေရဲ့ဖွံ့ဖြိုးရေးကိုပိုပြီးကောင်းကောင်းတာဝန်ယူနိုင်အောင်သူတို့ကိုလုပ်ပေးပါတယ်'' လို့ နှစ်ပတ်လည်အစီရင်ခံစာမှာပြောထားပါတယ်။

 

Jonathan Nelson

Jonathan Nelson

CEO

Omnicom Digital

လုပ်ခလစာ - ၃,၉၃၇,၉၅၀ ဒေါ်လာ

၂၀၁၅ခုနှစ်မှာ Nelson ရဲ့စုစုပေါင်းလုပ်ခလစာထဲမှာအခြေခံလစာဒေါ်လာ၈၅၀,၀၀၀၊ငွေသားဒေါ်လာနှစ်သန်း၊  RSU (အကန့်အသတ်ထားတဲ့အစုရှယ်ယာ) အဖြစ်ဒေါ်လာ၁,၀၈၀,၀၀၀နဲ့ အခြားလုပ်ခလစာအဖြစ်ဒေါ်လာ၇,၉၅၀ပါဝင်ပါတယ်။သူဟာဦးပိုင်ကုမ္ပဏီ Omnicom ရဲ့ဒစ်ဂျစ်တယ်ကုမ္ပဏီတွေအားလုံးအတွက်တာဝန်ယူရပါတယ်။ဒီနှစ်ထဲမှာ Nelson ဟာ Media Post ထုတ်ဝေရေးလုပ်ငန်းကြီးရဲ့ "Media All Stars" တစ်ဦးအဖြစ်အဆိုပြုခြင်းခံခဲ့ရပါတယ်။

 

Scott Kauffman

Scott Kauffman

CEO

MDC Partners

လုပ်ခလစာ - ၃,၂၆၀,၇၇၆ဒေါ်လာ

၂၀၁၅ခုနှစ်၊ဇူလိုင်လမှာ Kauffman ဟာ MDC Partners ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်ဒီကိန်းဂဏန်းဟာဒီရာထူးမှာသူလုပ်ခဲ့တဲ့ပထမငါးလအတွက်လုပ်ခလစာကိုပဲကိုယ်စားပြုပါတယ်။ Kauffman ရဲ့အခွန်ဆောင်ပြီးလုပ်ခလစာဟာများပြားပေမယ့်၂၀၁၄ခုနှစ်မှာအရင် CEO ဖြစ်သူ Miles Nadalရခဲ့တဲ့ဒေါ်လာ၁၄.၇သန်းနဲ့နှိုင်းယှဉ်လိုက်ရင်တော့တော်တော်နည်းနေပါတယ်။Nadalနဲ့ MDC Partners ဟာသူ့ရဲ့အသုံးစရိတ်တွေနဲ့ ကုမ္ပဏီရဲ့စာရင်းကိုင်မူတွေနဲ့ပတ်သက်ပြီး SEC ရဲ့စုံစမ်းစစ်ဆေးမှုကိုခံခဲ့ရပါတယ်။နိုဝင်ဘာလမှာ MDC ဟာတရားမကြောင်းအရဒဏ်ကြေးငွေဒေါ်လာ၁.၅သန်းပေးဆောင်ဖို့ သဘောတူပြီး SEC နဲ့ ဖြေရှင်းချက်တစ်ခုကိုရခဲ့ပါတယ်။၂၀၁၅ခုနှစ်၊ဇူလိုင်လမှာ MDC ကနုတ်ထွက်ခဲ့တဲ့Nadalဟာမလျော်ကန်တဲ့အသုံးစရိတ်တွေအတွက်ကုမ္ပဏီကိုဒေါ်လာ၁၁.၃သန်း ပြန်ပေးသွင်းခဲ့ပြီးငွေပြန်သွင်းရမယ့် ပြဋ္ဌာန်းချက်တွေပါဝင်တဲ့ဆုကြေးငွေဒေါ်လာ၁၀.၆သန်းကို ပြန်သွင်းဖို့သဘောတူခဲ့ပါတယ်။

 

Michael Obrien

Michael O'Brien

General Counsel and Secretary

Omnicom Group

လုပ်ခလစာ - ၃,၁၆၁,၀၀၇ဒေါ်လာ

O'Brien ရဲ့တစ်နှစ်အတွင်းစုစုပေါင်းလုပ်ခလစာဟာ၂၀၁၄ခုနှစ်ကနေ၂၀၁၅ခုနှစ်အထိ၁၂.၅ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

 

Maurice

Maurice Lévy

CEO

PublicisGroupe

လုပ်ခလစာ - ဒေါ်လာ၂.၉၉သန်း

၂၀၁၂ခုနှစ်ကစပြီးLévyရဲ့နှစ်စဉ်လုပ်ခလစာထဲကဘယ်အပိုင်းကိုမှပုံသေသတ်မှတ်မထားခဲ့ဘဲပြီးခဲ့တဲ့နှစ်ကသတ်မှတ်ပေးခဲ့တဲ့ဘဏ္ဍာရေးနဲ့ ဘဏ္ဍာရေးမဟုတ်တဲ့လျာထားချက်တွေကိုပြည့်မီအောင်လုပ်နိုင်သလား၊မလုပ်နိုင်ဘူးလားဆိုတဲ့အပေါ်မှာပဲအခြေခံခဲ့ပါတယ်။ဒီနှစ်မှာသူအခွန်ပေးဆောင်ပြီးအသားတင်ရတဲ့လစာငွေဟာပြီးခဲ့တဲ့နှစ်ကသူရခဲ့တဲ့ဒေါ်လာ၄.၉၇သန်းထက်ကျသွားခဲ့ပါတယ်။ Sapient ဆိုတဲ့ Digital Marketing ကုမ္ပဏီကိုဒေါ်လာ၃.၇ဘီလီယံနဲ့ဝယ်ယူမှုကိုအပြီးသတ်အောင်လုပ်ပြီးလုပ်ငန်းကြီးကိုဌာနခွဲကြီးလေးခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တဲ့အတွက်၂၀၁၅ခုနှစ်ကိုLévyက 'ထူးထူးကဲကဲအလုပ်များတဲ့နှစ်တစ်နှစ်' အဖြစ်ဖော်ပြခဲ့ပါတယ်။LévyဟာPublicisGroupeရဲ့ CEO အဖြစ်သူ့ကိုအစားထိုးမှုကို၂၀၁၇ခုနှစ်မှာကြေညာပါလိမ့်မယ်။

 

Mark Read

Mark Read

Global Chief Executive (Wunderman)

CEO (WPP Digital)

လုပ်ခလစာ - ဒေါ်လာ၂.၈သန်း

Read ရဲ့စုစုပေါင်းလုပ်ခလစာဟာအရင်နှစ်ကထက်၃၅ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။၂၀၁၅ခုနှစ်၊ဖေဖော်ရီလမှာသူဟာကမ္ဘာလုံးဆိုင်ရာဥက္ကဋ္ဌတာဝန်ကနေ CEO ရာထူးကိုပြောင်းလိုက်တဲ့အခါWundermanဒစ်ဂျစ်တယ်ကြော်ငြာလုပ်ငန်းမှာတိုးလာတဲ့အမှုဆောင်တာဝန်တွေကိုပိုပြီးအာရုံစိုက်နိုင်ဖို့အတွက် WPP ရဲ့ဒါရိုက်တာအဖွဲ့ထဲကနုတ်ထွက်ခဲ့ပါတယ်။

 

Andrew Bonzani

Andrew Bonzani

General Counsel and Secretary

IPG

လုပ်ခလစာ - ၂,၄၁၁,၆၆၃ ဒေါ်လာ

၂၀၁၄ခုနှစ်မှာBonzaniရဲ့လစာဟာအဲဒီအရင်နှစ်ထက်၅၁ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ဒီနှစ်မှာတော့သူဟာပြီးခဲ့တဲ့နှစ်ကထက်၅ရာခိုင်နှုန်းပဲတက်ပြီးရခဲ့ပါတယ်။

 

Alfonso Rods Vil

Alfonso RodésVilà

Deputy CEO (Havas)

CEO (Havas Media Group)

လုပ်ခလစာ - ၂,၂၇၇,၄၇၄ဒေါ်လာ

RodésVilàရဲ့လုပ်ခလစာဟာအရင်နှစ်ထက်၁၉ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဒါပေမဲ့အဲဒီငွေဟာHavasကုမ္ပဏီရဲ့ CEO ဖြစ်သူYannickBolloréရဲ့လုပ်ခလစာဒေါ်လာ၁.၂သန်းရဲ့နှစ်ဆနီးပါးရှိနေတုန်းပါပဲ။