News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Thailand International Furniture Fair 2014
Editorial
March 19, 2014
Asean News
News
Top Story
Uncategorized
မတ်လ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ IMPACT Muang Thong Thani မှာ ထိုင်းနိုင်ငံတကာပရိဘောဂပြပွဲ ၂၀၁၄ (TIFF 2014) ကို ပြုလုပ်ခဲ့ပါတယ်။ ပြပွဲကို Inspire Living from the Heart of ASEAN ဆိုတဲ့ theme နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါ တယ်။ ဒီပွဲကို စတုရန်းမီတာ သုံးသောင်းအကျယ်အဝန်းရှိ ခန်းမထဲမှာ ခင်းကျင်းပြသခဲ့တာပါ။ ပြပွဲရဲ့ ပထမသုံးရက်ဖြစ်တဲ့ မတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိကို Trade အတွက်ဖွင့်ပေးခဲ့တာဖြစ်လို့ လုပ်ငန်းရှင်အချင်းချင်း ညှိနှိုင်းမှုတွေ ပြုလုပ်လို့ရအောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပွဲရဲ့ နောက်ဆုံး ၂ ရက်ကိုတော့ အများပြည်သူအတွက် ဖွင့်လှစ်ရောင်းချမှုပြုလုပ်ပေးခဲ့တာပါ။ TIFF 2014 ကို Office of Fashion and Lifestyle Business Development ၊ Department of International Trade Promotion ၊ Ministry of Commerce of Thailand ကနေ ကြီးမှူးစီစဉ်ခဲ့တာဖြစ်ပြီး Thai Furniture Industry Club, The Federation of Thai Industries နဲ့ Thai Furniture Industries Association တို့ကနေ ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ TIFF 2014 မှာ Furniture၊ Interior Furnishing & Accessories ၊ Materials & Parts ဆိုပြီးတော့ အပိုင်းတွေ ခွဲခြားပြသခဲ့တာပါ။ ပရိဘောဂဆိုတဲ့အထဲမှာမှ အိပ်ခန်းဆောင်၊ ကလေးငယ်သုံး၊ ထမင်းစားခန်းသုံး၊ ဥယျာဉ်/အိမ်ပြင်/နွေရာသီသုံး၊ ဧည့်ခန်းသုံး၊ ရုံးသုံး တွေအပြင် ချည်ထည်နဲ့ cover လုပ်ထားတဲ့ ပရိဘောဂတွေ လည်း ပါဝင်ပါတယ်။ Interior မှာဆိုရင်လည်း အသင့်တပ်ဆင်ပြီးသား နံရံကပ်စက္ကူတွေ၊ လှေကားတွေ၊ ပြတင်းပေါက်နဲ့ တံခါးတွေ၊ ကားလိပ်တွေကိုလည်း ခင်းကျင်းပြသထားတာပါ။ ပြီးတော့ အိမ်အတွင်းပိုင်း အပြင်အဆင်နဲ့ သက်ဆိုင်တဲ့ ကော်ဇော၊ ကြမ်းခင်းပစ္စည်း၊ မီးပစ္စည်းနဲ့ အိမ်အလှဆင်ပစ္စည်းအမျိုးစုံကိုလည်း ခင်းကျင်းပြသခဲ့တာဖြစ်ပါတယ်။ TIFF 2014 မှာ ပရိဘောဂ ကုမ္ပဏီပေါင်း ၁၇၈ ခုဝင်ရောက်ပြသခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း