ထိုင်းနိုင်ငံ DITP (Department of International Trade Promotion Ministry of Commerce) မှ ကြီးမှူးကျင်းပတဲ့ ထိုင်း-မြန်မာ Digital စီးပွားရေးနှီးနှောဖလှယ်ပွဲကို မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ Pullman Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်လာသူအချို့ကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။
The Great Creative Myanmar Co Ltd ကုမ္ပဏီအနေနဲ့ကတော့ Website တွေ၊ Web Portal တွေ၊ Web Application တွေ၊ Digital နဲ့ပတ်သက်တဲ့ Marketing တွေကို လုပ်ကိုင်ပေးတဲ့ Digital Agency အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။
Easy Pay ကတော့ Myanmar Mobile Banking Co Ltd နဲ့ Partnership လုပ်ပြီးတော့ ငွေလွှဲတာ၊ Mobile Payment တွေ၊ ငွေလက်ခံတာတွေ၊ Bill ဖြည့်တာတွေစတဲ့ Mobile Banking နဲ့ပတ်သတ်တဲ့ Service တွေ ပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။
ပွဲကိုလာဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ အခုလက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီနှစ်ခုနဲ့ Thailand မှာ ရှိနေတဲ့ ကုမ္ပဏီတွေ ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ လုပ်ငန်းတွေလုပ်ကိုင်လို့ရမလဲ၊ နှစ်ဦးနှစ်ဖက် ဘယ်လိုကူညီလို့ရလဲဆိုတဲ့ ချိတ်ဆက်မှုတစ်ခုအနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့လုပ်ငန်းက ထိုင်းနိုင်ငံမှာ Digital နဲ့ Content Creating Service တွေလုပ်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်းက မြန်မာပြည်ကိုလာရောက်ပြီး Mobile Value Added Service တွေကိုမိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ Internet အခြေအနေကလည်း ကောင်းနေပြီဖြစ်လို့ နိုင်ငံတကာ Digital လုပ်ငန်းတွေက Digital Content တွေကိုလည်း မြန်မာပြည်ကို ယူဆောင်လာဖို့ ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံမှာတော့ Internet ကို သက်သက်သာသာ သုံးလို့ရပြီး Mobile Banking ကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။ ဒီနှစ် ၂၀၁၈ ခုနှစ်မှာ ထိုင်းနိုင်ငံအစိုးရက Digital စနစ်နဲ့ အသုံးပြုလာအောင် Banking စနစ်တွေကို Mobile Banking ကို ပိုမိုသုံးစွဲစေခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ ကုမ္ပဏီကတော့ VideoSolution နဲ့ Video Innovation တွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိမှာ လုပ်ငန်းပေါင်း ၃ မျိုးနဲ့ လည်ပတ်နေပြီဖြစ်ပါတယ်။ Live Streaming ၊ Broadcasting ပစ္စည်းတွေနဲ့ လတ်တလောမှာတော့ ထိုင်းနိုင်ငံကလူတွေနဲ့ အရှေ့တောင်အာရှက လူတွေအတွက် Video Platform လုပ်ငန်းကို လုပ်ကိုင်နေပါတယ်။
ကျွန်တော်တို့ ဒီပွဲကိုလာဖြစ်တာက ကျွန်တော်တို့အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေနဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာဈေးကွက်ကို လေ့လာချင်လို့ ဖြစ်ပါတယ်။ လက်ရှိမှာကတော့ ထိုင်းနိုင်ငံရဲ့ E-commerce အခြေအနေက ကောင်းမွန်ပါတယ်။ ထိုင်းနိုင်ငံက လူတိုင်းနီးပါး Mobile ဖုန်းတွေရှိလို့ Internet ပေါ်က Service တွေ၊ ဈေးဝယ်တာတွေ နေကြပါတယ်။
ကျွန်တော်တို့က Automation စနစ်တွေနဲ့ Warehouse Management စနစ်အတွက် Software တွေ၊ Automation စက်တွေပြုလုပ်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကျွန်တော်တို့က ထိုင်းနိုင်ငံကဆိုတော့ ထိုင်းနိုင်ငံက ဝယ်သူအဓိကရှိပေမယ့် လက်ရှိမှာတော့ မြန်မာနိုင်ငံမှာလည်း ဈေးကွက်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ဆီမှာတော့ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်ရှိပေမယ့် ရုံးခွဲတော့မရှိသေးပါဘူး။ ထိုင်းနိုင်ငံရဲ့ E-commerce အခြေအနေကတော့ တိုးတက်နေပါတယ်။ Alibaba တို့လို ကုမ္ပဏီကြီးတွေလဲ ဝင်လာပါတယ်။
---------------------------
ကျွန်တော်တို့ရဲ့ လုပ်ငန်းကတော့ Mobile ဖုန်းပေါ်က ဆေးရုံလုပ်ငန်းပဲ ဖြစ်ပါတယ်။ လူနာတွေက ဆရာဝန်တွေကို ကျွန်တော်တို့ရဲ့ Application ကနေတစ်ဆင့် ပြသလို့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ လလောက်က စခဲ့တဲ့လုပ်ငန်း ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကို ပထမဦးဆုံးလာရောက်တာဖြစ်ပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းကို မြန်မာဈေးကွက်မှာလည်း လုပ်ကိုင်ချင်လို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက E-commerce လုပ်ငန်းတွေက လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကတည်းက တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက လူတိုင်းနီးပါး E-commerce ကိုသုံးပြီး ရောင်းဝယ်ဖောက်ကားနေကြတာ ဖြစ်ပါတယ်။