အတွေ့အကြုံရှိ အိုင်တီနှင့်နည်းပညာလုပ်သား ပိုမိုများပြားစွာတက်ရောက်ခဲ့သည့် Tech Career Expo 2017

မြန်မာနိုင်ငံ၏ ထိပ်တန်း Job Portal ဖြစ်သော JobNet.com.mm  မှ ကြီးမှူးပြီး မြန်မာ့ Tech Career Expo 2017  ပွဲကြီးကို ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ Sedona Hotel Grand Ball Room တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

techcareerexpo3

ပွဲတွင် နိုင်ငံတွင်းရှိ IT နှင့် Tech နယ်ပယ်ရှိလုပ်သားများအတွက် Computer and Information Systems ပိုင်းမှစတင်ကာ IT Systems ၊ Network Management ၊ Programming ၊ Web Administration များနှင့် အခြားအိုင်တီနှင့်နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်လှစ်လပ်နေရာများအတွက် KMD ၊ Japan SAT ၊ Edulink ၊ OK Dollar ၊ On Go ၊ Innovative Global Wave ၊ Gandamar O.A ၊ MCC ၊ Digiral Lab ၊ Myanmar IT Consulting ၊ M-Tech ၊ YCTC နှင့် Platinum sponsor များဖြစ်သော MyWorld Career ၊ MIT နှင့် Information Matrix နှင့် Gold Sponsor ဖြစ်သော NTT Data ၊ Shwe Lamin Nagar နှင့် Wave Money စသောနိုင်ငံတွင်းရှိ ထိပ်တန်းကုမ္ပဏီကြီးများမှ ၎င်းတို့၏လုပ်ငန်းများတွင် အိုင်တီနှင့်နည်းပညာပိုင်းဆိုင်ရာ လှစ်လပ်နေရာများအတွက် အလုပ်သမားခေါ်ယူမှုများ ပြုလုပ်သွားခဲ့ပြီး နိုင်ငံတွင်းရှိ IT နှင့် Tech ပိုင်းများတွင် အလုပ်အကိုင်ရှာဖွေနေသူများအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်ခဲ့သောပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပွဲသို့တက်ရောက်လာသူအများစုမှာ အိုင်တီနှင့်နည်းပညာပိုင်း အတွေ့အကြုံရှိ သူများပိုမိုများပြားခဲ့တဲ့ပွဲ ဖြစ်ပါတယ်။

techcareerexpo5

ပွဲဟာ နိုင်ငံတွင်းရှိ အိုင်တီနှင့်နည်းပညာလုပ်သာများအတွက် အလုပ်အကိုင်အမျိုးအစားများ တနေရာထည်းတွင် သိရှိလျှောက်ထားနိုင်ခြင်းနှင့် ပြည်တွင်းပြည်ပမှ အိုင်တီပညာရှင်၊ လုပ်ငန်းရှင်များနှင့် ဝါရင့်ကျွမ်းကျင်သူတို့ရဲ့ အတွေးအမြင်နှင့် သိသင့်သိထိုက်သောဗဟုသုတများနှင့် အနာဂတ်ကာလများအတွက် လိုအပ်ချက်များနှင့် လိုက်ပါလုပ်ဆောင်ရမည်များကိုဆွေးနွေးဟောပြောခဲ့တာကြောင့် နိုင်ငံတွင်းရှိ အိုင်တီလုပ်သားများအတွက် တန်ဖိုးရှိသောအတွေးအမြင် ဗဟုသုတများစွာရရှိခဲ့သော ပွဲကြီးလည်းဖြစ်ခဲ့ပါတယ်။

techcareerexpo4

Jobnet.com.mm မှ Managing Director ဖြစ်သူ Mr. Matt De Luca မှ “အိုင်တီနှင့်နည်းပညာ professional ၁၀၀၀ ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာတဲ့သူတွေအနေနဲ့လည်း ပွဲအတွင်း ပါဝင်ဟောပြောပေးခဲ့တဲ့ ပြည်တွင်းပြည်ပမှ အိုင်တီနှင့်နည်းပညာပိုင်းမှာ ဝါရင့်ကျွမ်းကျင်သူများရဲ့ ဟောပြောမှုများ နားထောင်သိရှိနိုင်ခဲ့သည့်အပြင် ပွဲမှာပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေကခေါ်ယူခဲ့သည့် အိုင်တီနှင့်နည်းပညာဆိုင်ရာ လှစ်လပ်နေရာများအတွက် အလုပ်လျှောက်ထားမှုများပြုလုပ်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

techcareerexpo6

ပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌနှင့် Information Matrix မှ CEO ဖြစ်သူ ဦးသောင်းစုငြိမ်းမှ အဖွင့်စကား ပြောကြားပေးခဲ့ပြီး JobNet.com.mm နှင့် ShewProperty.com မှ CEO ဖြစ်သူ Mr. Justin Sway နှင့် Jobnet.com.mm မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Matt De Luca တို့မှ Moderator များအဖြစ်ပါဝင်၍ နိုင်ငံ၏ Digital Economy နှင့်စပ်လျဉ်းပြီး အနာဂတ်နှင့်လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသောအခြေအနေများ၊ ပုံစံဟောင်းများမှ ပုံစံသစ်များသို့ပြောင်းလဲလုပ်ဆောင်လာခြင်းကြောင့် နိုင်ငံစီးပွားရေးအတွက် ဖြစ်ပေါ်လာခဲ့သော အခွင့်အလမ်းသစ်များနှင့် အကျိုးသက်ရောက်မှုများ၊  အလုပ်အကိုင်အခွင့်အလမ်းများနှင့် အမျိုးအစားများ ၊ နည်းပညာသစ်များမှ သုံးစွဲလာမှုမှတဆင့် နိုင်ငံအပေါ်အကျိုးသက်ရောက်လာနိုင်မှုများ၊ ကမ္ဘာအခြားနိုင်ငံများတွင်အသုံးပြုနေသော နည်းလမ်းနှင့်စနစ် ၊ ဈေးကွက်အတွင်း လိုအပ်ချက်အမြင့်ဆုံးဖြစ်နေသော Skill နှင့် Qualification များ၊ Global IT Market အတွင်း မြန်မာနိုင်ငံ၏ ရပ်တည်မှုအခြေအနေများ၊ မြန်မာ့ Tech စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် ဗျူဟာမြောက်လုပ်ဆောင်ချက်များစသော အိုင်တီနှင့်နည်းပညာများကဏ္ဍအတွက် ဆွေးနွေးသင့် ဆွေးနွေးထိုက်သည်များကို ဝိုင်းဝန်းဆွေးနွေးပြောကြားသွားခဲ့တာဖြစ်ပါတယ်။

techcareerexpo1

techcareerexpo2

ဆွေးနွေးခန်းများတွင် MIT ၏ Founder နှင့် ဥက္ကဌဖြစ်သူ ဦးထွန်းသူရသက် ၊ MCPA မှ ဒုဥက္ကဌဖြစ်သူ ဦးငြိမ်းဦး ၊ Nex Labs မှ CEO ဖြစ်သူ (Jeff) ဦးရဲမြတ်မင်း ၊ 360ed ၏ CEO ဖြစ်သူ ဒေါ်လှလှဝင်း၊ KBZ ဘဏ်မှ Chief Information Officer ဖြစ်သူ Mr. Utpal Bora ၊ Wave Money  မှ Head of Technology ဖြစ်သူ Justin Hadgkiss ၊ MCPA မှ Executive Committee အဖွဲ့ဝင်ဖြစ်သူ ဦးအောင်အောင် ၊ MCPA ၏ Executive Committee ဝင်ဖြစ်သူ ဦးမင်းအောင်ကျော်၊ M-spiral မှ MD ဖြစ်သူ Thomas Feichter ၊ MCC Group ၏ CEO ဖြစ်သူ Mr Brian Aung Soe Lin ၊ Microsoft မှ Regional Sales Director ဖြစ်သူ Bin Ru Tan ၊ Phandeeyar မှ CEO ဖြစ်သူ Jes Petersen နှင့် Jzoo တည်ထောင်သူ Rita Nguyen ၊ MCPA မှ Secretary ဖြစ်သူ U Ravi  စသော ပြည်တွင်းပြည်ပမှ IT နှင့် Tech နယ်ပယ်မှ ဝါရင့်ကျွမ်းကျင်သူ CEO ၊ CTO နှင့် IT ဒါရိုက်တာများမှ ပါဝင်ဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။