Taiwan External Trade Development Council က ကြီးမှူးပြီး ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင် ၄၄ ဦးပါဝင်တဲ့ 2018 Taiwan Trade and Investment Delegation to Myanmar ပွဲကို မေလ ၁၅ ရက်နေ့က Sedona Hotel ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲက လုပ်ငန်းရှင်တွေရဲ့အမြင်ကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။
ကျွန်မက ထိုင်ဝမ်မှာရှိတဲ့ Luwill Technology ကုမ္ပဏီ ကိုယ်စားတက်ရောက်တာဖြစ်ပါတယ်။ ကျွန်မဒီပွဲမှာ ပြသဖြစ်တာတွေကတော့ Car Desh Camera ၊ Action Camera ၊ Tyre Pressure Monitor System နဲ့ IOT Smart Phone Product တွေဖြစ်ပါတယ်။ ကျွန်မတို့ကုမ္ပဏီက ပစ္စည်းတွေကို ထိုင်ဝမ်-မြန်မာနှစ်နိုင်ငံကြား အကျိုးအမြတ်ရရှိအောင် ပူးပေါင်းလုပ်ဆောင်သွားချင်ပါတယ်။
ကျွန်တော်က Ging Hung ဖော့လုပ်ငန်းကိုယ်စားပြုပြီး ဒီပွဲကိုတက်ရောက်ဖြစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက ဖော့တွေကို ခေါင်းအုံးတွေ စပရိန်မွေ့ရာတွေမှာ အသုံးပြုတာဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက ဖော့တွေက အပူထုတ်တဲ့နေရာမှာ ကောင်းပါတယ်။ ကျွန်တော် ဒီပွဲကို ပြသဖြစ်တာကတော့ ကျွန်တော့်တို့လုပ်ငန်းက ပစ္စည်းတွေကို မြန်မာပြည်ကလူတွေကိုသိစေချင်လို့ ပထမဆုံးအကြိမ် မြန်မာပြည်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်မက ကလေးအသုံးအဆောင်တွေထုတ်တဲ့ Jini Baby International Company ကိုယ်စားပြုတက်ရောက်တာဖြစ်ပါတယ်။ ကျွန်မရဲ့ လုပ်ငန်းက ပစ္စည်းတွေအကုန်လုံးကို ထိုင်ဝမ်မှာ လုပ်တာဖြစ်ပြီး အကုန်လုံးက လိုင်စင်ရထားပါတယ်။ လစဉ်တိုင်းပစ္စည်းအသစ်တွေ ထုတ်လုပ်ပါတယ်။ ကျွန်မရဲ့ပစ္စည်းတွေဟာ သဘာဝအတိုင်းလုပ်ထားတာဖြစ်လို့ Chemical တွေ မပါဝင်ပါဘူး။ အဓိကရည်ရွယ်ချက်ကတော့ ကျွန်မရဲ့ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ဖြန့်ချိဖို့ တစ်ဦးတည်း ကိုယ်စားလှယ်ကို ရှာချင်တာ ဖြစ်ပါတယ်။
ထိုင်ဝမ်အခြေစိုက် ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ တိုးတက်နေပြီး အခွင့်အလမ်းပေါင်းများစွာ ရှိနေပြီလို့လည်း သိထားပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းကို မြန်မာနိုင်ငံမှာလုပ်ကိုင်နိုင်အောင် လာရောက်လေ့လာတာဖြစ်သလို မြန်မာပြည်မှာ ဖြန့်ချိပေးနိုင်မယ့် ကိုယ်စားလှယ်ကို လိုချင်လို့ ဒီပွဲကို တက်ရောက်ဖြစ်တာဖြစ်ပါတယ်။
ကျွန်တော့်ကုမ္ပဏီ ORCHARD Co Ltd က စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ ကျွန်တော်က စိုက်ပျိုးရေးလုပ်ငန်းလုပ်နေတဲ့အတွက် ဒီအပိုင်းနဲ့ဆိုင်တဲ့ ပစ္စည်းတွေလာကြည့်တာဖြစ်ပါတယ်။ ဒီထိုင်ဝမ်ပစ္စည်းတွေထဲမှာ ဒီအပိုင်းနဲ့ဆိုင်တာ ဘာတွေ့သလဲဆိုတော့ စပါးတွေကို အခြောက်လှမ်းတဲ့ Dryer တွေကို တွေ့ပါတယ်။ သစ်ကိုင်းခြောက်တွေကို ခြေပြီးတော့ မြေသြဇာပြန်လုပ်တဲ့ စက်တွေလည်း တွေ့ပါတယ်။ အခြောက်ခံတဲ့စက်တွေမှာ စပါးခွံနဲ့အခြောက်ခံတာရယ် ဒီဇယ်နဲ့ အခြောက်ခံတာရယ်နှစ်မျိုးကို တွေ့ပါတယ်။ ထိုင်ဝမ်ဒေါ်လာ ငါးသောင်းကျော်လို့တော့ ပြောပါတယ်။ တခြားအသုံးအဆောင်ပစ္စည်း တော်တော်များများလည်း တွေ့ပါတယ်။ တခြားနိုင်ငံက ပစ္စည်းတွေကို မြန်မာပြည်မှာ လာရောက်ပြသတာက တော်တော်အကျိုးရှိပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။
ကျွန်တော်တို့ကုမ္ပဏီက Trading and Technology ကို အဓိကထားလုပ်ဆောင်ပါတယ်။ လောလောဆယ်တော့ Technology ကုမ္ပဏီဆိုတဲ့အတိုင်း ဘဏ်တစ်ခုရဲ့ ဆော့လ်ဝဲတစ်ခုလုံးကို တင်ဒါအောင်မြင်ထားပါတယ်။ နောက်ထပ်လုပ်ဆောင်နေတဲ့ အရာတွေကတော့ Security နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ အများပြည်သူတွေသုံးတဲ့ မီးခံသေတ္တာတွေ ရေငွေ့စုပ်စက်တွေကို ကျွန်တော်တို့ကုမ္ပဏီက တင်သွင်းပါတယ်။ ဒီ Taiwan Myanmar ပွဲကိုလာရတဲ့အကြောင်းကတော့ ထိုင်ဝမ်နိုင်ငံရဲ့ ပစ္စည်းအသစ်အဆန်းတွေကို လာရောက်လေ့လာပြီးတော့ ကျွန်တော်တို့နဲ့ကိုက်ညီတဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေဆိုရင် မြန်မာပြည်ကိုယ်စားလှယ်အနေနဲ့ တင်သွင်းဖြန့်ချိပေးဖို့ ဖြစ်ပါတယ်။