ပထမဆုံးအကြိမ် မြန်မာနိုင်ငံအတွင်း လုပ်ငန်းတွေအပေါ် စစ်တမ်းကောက်ယူမှုတစ်ရပ်ကို OECD (Organization of Economic Co-operation and Development) ၊ UNESCAP (United Nations Economic and Social Commission for Asia and the Pacific) နှင့် UMFCCI (Union of Myanmar Federation of Chambers of Commerce and Industry) တို့ ပူးပေါင်းကာပြုလုပ်ခဲ့ပြီး ဒီ survey နဲ့ပတ်သက်ပြီး ဂျပန်အစိုးရ၊ SDC (Swiss Agency for Development and Cooperation) ၊ GIZ (Deutsche Gesellschaft fur Internationale Zusammenarbeit ၊ The Asia Foundation၊ UNIDO (United Nations Industrial Development Organization တို့ကလည်း ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ အဲဒီစစ်တမ်းနဲ့ပတ်သက်ပြီး မေလ ၆ ရက်နေ့က UMFCCI မှ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ Myanmar Banking Association ရဲ့ ဒုဥက္ကဌ ဦးသန်းချို၊ UMFCCI မှ ဦးမြင့်ဇော်၊ ဆွစ်ဇာလန်သံရုံးမှ Director of Cooperation Mr. Peter Tschumi ၊ Hanns Seidel Foundation မှ ဌာနေကိုယ်စားလှယ် Mr. Achim Munz တို့မှ နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Survey on Businesses in Myanmar 2014 အတွက် data စုဆောင်းခဲ့မှု၊ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ခြုံငုံသုံးသပ်မှုတို့နဲ့ပတ်သက်ပြီး Survey on Businesses in Myanmar 2014 ရဲ့ Project Manager Mr. Sai Aung Mane မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။ Mr. Masato Abe ၊ Economic Affairs Officer ၊ Business and Development Section၊ Trade and Investment Division၊ UNESCAP က စစ်တမ်းရဲ့ ရလဒ်တွေနဲ့ပတ်သက်ပြီး အကျဉ်းချုပ်တင်ပြပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ GIZ မှ Sr. Policy Advisor Mr. Dominik Weidert ၊ The Asia Foundation မှ Country Representation Dr. Kim Ninh ၊ UNIDO Yangon မှ MSME Senior Expert Mr. Michele Giulio Boario ၊ Asian Development Bank၊ Yangon Office ၊ Myanmar Resident Mission (MYRM) မှ Principal Country Specialist Dr. Peter J. Brimble တို့က စစ်တမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးပေးခဲ့ကြကာ Survey on Businesses in Myanmar 2014 ရဲ့ Executive Director Captain Aung Khin Myint က moderate လုပ်ပေးခဲ့ပါတယ်။ ဒီစစ်တမ်းမှာ ဟားခါး၊ ကလေး၊ ဖလမ်း၊ တမူး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုး၊ မူဆယ်၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ မကွေး၊ နေပြည်တော်၊ မြင်းခြံ၊ မန္တလေး၊ ညောင်ဦး၊ ပြင်ဦးလွင်၊ စကိုင်း၊ မုံရွာ၊ ရန်ကုန်၊ ဧရာဝတီ၊ လွိုင်ကော်၊ တောင်ကြီး၊ အင်းလေး၊ ကျိုက်လတ်၊ ကံတောင်၊ မြဝတီ၊ ဘားအံ၊ မော်လမြိုင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ထားဝယ်၊ ကော့သောင်း စတဲ့ မြို့ကြီးတွေက လုပ်ငန်းပေါင်း ၃,၀၁၆ ခုကို ကောက်ယူထားတဲ့ အချက်အလက်တွေပါဝင်တာဖြစ်ပါတယ်။ ဒီစစ်တမ်းကောက်ယူမှုထဲမှာ့ စိုက်ပျိုးမွေးမြူရေး၊ သစ်တောလုပ်ငန်း၊ ငါးလုပ်ငန်း၊ သယံဇာတတူးဖော်ခြင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း တို့အပြင် အခြားသော ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးလည်း ပါဝင်ဖြေဆိုပေးခဲ့ကြတာဖြစ်ပါတယ်။ စစ်တမ်းဖြေဆိုပေးကြတဲ့ ကုမ္ပဏီတွေရဲ့ ၉၁ ရာခိုင်နှုန်းနီးပါးက SME တွေဖြစ်ကြပါတယ်။ ပြီးတော့ လုပ်ငန်းအများစုက သက်တမ်း ၁၅ နှစ်ကျော်နေတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ လုပ်ငန်းအများစုအတွက် အတားအဆီးတွေကတော့ ဈေးကွက်/လုပ်ငန်း/အထောက်အပံ့/နည်းပညာ စတာတွေကို ရယူသုံးစွဲခြင်း၊ စည်းမျဉ်းနဲ့အခွန်ကောက် ၊ နိုင်ငံတကာလုပ်ငန်းတွေအတွက် စည်းမျဉ်းတွေ၊ ငွေကြေးအထောက်အပံ့ ရယူခြင်း၊ အခြေခံအဆောက်အအုံနှင့် အသုံးဝင်ခြင်းများ၊ အကျင့်ပျက် ခြစားမှု တို့ဖြစ်တယ်လို့ဆိုပါတယ်။ [caption id="attachment_10211" align="alignnone" width="720"] Survey on Businesses in Myanmar 2014 ရဲ့ Project Manager Mr. Sai Aung Mane ၊ UNESCAP ၊ Trade and Investment Division၊ Business and Development Section ၊ Economic Affairs Officer Mr. Masato Abe ၊ Asian Development Bank၊ Yangon Office ၊ Myanmar Resident Mission (MYRM) မှ Principal Country Specialist Dr. Peter J. Brimble၊ UNIDO Yangon မှ MSME Senior Expert Mr. Michele Giulio Boario ၊ GIZ မှ Sr. Policy Advisor Mr. Dominik Weidert ၊ The Asia Foundation မှ Country Representation Dr. Kim Ninh ၊ Survey on Businesses in Myanmar 2014 ရဲ့ Executive Director Captain Aung Khin Myint[/caption] [caption id="" align="alignnone" width="720"] Myanmar Banking Association ရဲ့ ဒုဥက္ကဌ ဦးသန်းချို၊[/caption] [caption id="attachment_10215" align="alignnone" width="720"] UMFCCI မှ Member of the Central Executive Committee ဦးမြင့်ဇော်[/caption] [caption id="" align="alignnone" width="720"] ဆွစ်ဇာလန်သံရုံးမှ Director of Cooperation Mr. Peter Tschumi[/caption] [caption id="" align="alignnone" width="720"] Hanns Seidel Foundation မှ ဌာနေကိုယ်စားလှယ် Mr. Achim Munz[/caption] [caption id="" align="alignnone" width="720"] UMFCCI ဥက္ကဌ ဦးဝင်းအောင်နှင့် ဧည့်သည်တော်များ[/caption]