ဆုံးရှုံးမှုနည်းနည်းနှင့်ဈေးကွက်သစ်ရခြင်း
“တွဲဖက်ရင်တွဲဖက်၊ ဒါမှမဟုတ် ပြုတ်” သွားနိုင်တဲ့အခြေ အနေမျိုးမှာ ပြိုင်ဘက်နဲ့ပေမဲ့ မဟာမိတ်ဖွဲ့တဲ့ဗျူဟာကို ညွှန်းဆိုတဲ့ အသုံးအနှုန်းပါ။ Zerox Co နဲ့ ဂျပန်က Fuji တို့ရဲ့ Alliances တွေဟာ နမူနာပါပဲ။ အထူးသဖြင့် ဈေး ကွက်အပြောင်းအလဲတွေ လျင်မြန်ပြီး နည်းပညာသစ်တွေ ထွန်းကားတဲ့အခြေအနေမှာတော့Strategic Alliances တွေက ပိုမြင်တွေ့နေရပါတယ်။ ၁၉၆၀ ပြည့်နှစ်ပိုင်းက စပြီးဖြစ်တာ ပိုများပါတယ်။ ကုမ္ပဏီတွေအနေနဲ့ တိုးတက်ချဲ့ထွင်လိုကြပါတယ်။ ချဲ့ထွင်တဲ့သမားရိုးကျနည်းကတော့ ကိုယ်ပိုင်တိုးချဲ့လို့ဖြစ်စေ၊ ဝယ်ယူပြီးတိုးချဲ့တာဖြစ်စေ လုပ်နိုင်ပါတယ်။ ဝယ်ယူပေါင်း စပ်တာက ငွေစိုက်ထုတ်ရတာများပြီး အန္တရာယ်လည်း ရှိ နိုင်တဲ့အပြင် တွဲဖက်ပြီးလုပ်ရတဲ့ ပြဿနာတွေနဲ့အခက်အခဲ တွေလည်း ရှိပါတယ်။ Strategic Alliance ကတော့ ငွေမထုတ်ရဘဲ ဝယ်တဲ့နည်းလို့ ဆိုနိုင်တယ်။ ကုန်ကျမှုလည်းနည်းတော့ Partnering တွဲဖက်လုပ်ကိုင်တယ်လို့တောင် သဘောထား တယ်။Strategic Alliance ဖြစ်ဖို့ကတော့ အဖွဲ့အစည်း နှစ်ခု၊ ဒါမှမဟုတ် သုံးခုဖြစ်စေ စိတ်တူသဘောတူ ရည် ရွယ်ချက်တူပြီး တွဲဖက်လုပ်ကိုင်လုပ်ကိုင်ကြတာပါပဲ။ ကိုယ်နဲ့ပူးပေါင်းလိုတဲ့ အဖွဲ့အစည်းရှိတာ၊ ပူး ပေါင်းမှုကိုစီမံခန့်ခွဲနိုင်တာက အခု Network ခေတ်အခါရဲ့ လုပ်ငန်းစွမ်းရည်ပါပဲ။ ကိုယ်နဲ့လုပ်ငန်းတူနဲ့ဖြစ်စေ၊ ဆက် စပ်လုပ်ငန်းနဲ့ဖြစ်စေ၊ ဝယ်သူနဲ့ဖြစ်စေ၊ Supplier နဲ့ဖြစ်စေ ပူးပေါင်းကြတာတွေအမျိုးမျိုးကို တွေ့နေရပါတယ်။ Mergers and Acquisitions ထက်တောင် ပိုများနေတယ်လို့ ဆိုပါတယ်။ Marketing Alliance တွေ ရှိသလို Product Alliance တွေလည်း ရှိပါတယ်။ တွဲဖက်လုပ်ကိုင်တဲ့ပုံစံဟာ လည်း ပေါ့ပေါ့ပါးပါးလိုင်စင်ယူ၊ လိုင်စင်ပေးလုပ်တာ ရှိသ လို Non-equity Alliance (အရင်းအနှီး ပူးပေါင်းခြင်းပါတဲ့) ပုံစံတို့ ရှိပါတယ်။ ပူးပေါင်းလုပ်ကိုင်ကြတဲ့ နာမည်ကြီး Alliances တွေကိုကြည့်ရင်လည်း တချို့မှာ အောင်မြင်မှုရသလို တချို့ လည်း အခက်အခဲတွေ တွေ့ကြုံရင်ဆိုင်ရတယ်။ တချို့ဆိုရင် ပင်မဦးတည်ချက်အ တွက် ပေါင်းစည်းမှုပြီး ရင် ပြန်ပြီးခွဲ တာတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာလည်း Licence ယူပြီး ဖော်ပြခဲ့တဲ့ပူးပေါင်းတွဲဖက်မှုတွေ စတွေ့နေရပြီးStrategic Alliances ပုံစံမျိုး တွေ့နေရပါပြီ။ဒေါ်ရီရီမြင့်
ပါမောက္ခ (ငြိမ်း) ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်