၁။ လုပ်ငန်းနဲ့ပေါင်းသင်းဆက်ဆံရေးနှစ်ခုလုံးကို ကောင်းကောင်းဆောင်ရွက်နိုင်သူကို ရွေးချယ်ပါ။
Startup တွေဟာ လုပ်ငန်းကို အခုမှ စတင်လုပ်ဆောင်သူတွေဖြစ်တာကြောင့် လိုအပ်တဲ့ ဌာနအသီးသီးအတွက် ဝန်ထမ်းတွေအများကြီးကို ခန့်ထားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ထမ်း တစ်ယောက်တည်းနဲ့ စွယ်စုံလုပ်နိုင်တဲ့သူမျိုးကို ခန့်အပ်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေက လုပ်ငန်းပိုင်းမှာလည်း ကျွမ်းကျင်ပြီး ပေါင်းသင်းဆက်ဆံရေးပါ ကောင်းမယ်ဆိုရင် လုပ်ငန်းပိုမိုအောင်မြင်ဖို့ ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။
၂။ ရှိပြီးသားအရည်အချင်းတွေကို သိမြင်ပြီး လိုအပ်တာတွေကို ဖြည့်စွက်ပါ။
ခေတ်နဲ့အညီပြောင်းလဲလာတဲ့အပေါ်မှာ ကိုယ်ကလိုက်ပြီးပြောင်းလဲဖို့ မကြိုးစားဘူးဆိုရင် နောက်ပိုင်းမှ ပြောင်းလဲဖို့ဆိုတာ ပိုခက်ခဲပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ရင်မဆိုင်လိုက်ဘူးဆိုရင် နောက်ပိုင်းမှာ Flexible ဖြစ်ဖို့ဆိုတာ ခက်သွားနိုင်တဲ့အတွက် အောင်မြင်ဖို့အတွက် အဓိကလိုအပ်တဲ့အရည်အချင်းတွေကို ဖြည့်ဆည်းထားပါ။
၃။ ရလဒ်ပေါ်မှာပဲ အာရုံစိုက်ထားပါ။ ကြိုးစားမှုပေါ်မှာတင် မသာယာနေပါနဲ့။
အလုပ်လာလျှောက်တဲ့လူက သူတို့ဘယ်အချိန်ထိ အလုပ်လုပ်တယ်၊ ဘယ်နှနာရီထိ အလုပ်လုပ်တယ်၊ ဘယ်လောက်အလုပ်ရှုပ်တယ်ဆိုတာတွေကို အင်တာဗျူးမှာ ပြောလာတယ်ဆိုရင် ချက်ချင်းပဲ သူတို့ရဲ့ အရင်လုပ်ငန်းမှာ ဘာတွေလုပ်ခဲ့ရတယ်ဆိုတဲ့ အပိုင်းတွေကို ပြောင်းလဲမေးခွန်းထုတ်ပြီး နောက်ထပ် အင်တာဗျူးလာသူတစ်ယောက်အတွက် အလှည့်ပေးလိုက်ပါ။ သင့်ဆီမှာ လာလျှောက်တဲ့လူတွေရဲ့ အရည်အချင်းတွေကို အကဲဖြတ်ပေးနိုင်တဲ့ စံသတ်မှတ်ချက်တစ်ခုလည်း ရှိဖို့လိုပါတယ်။
၄။ သင့်လုပ်ငန်းအောင်မြင်မှုနှေးကွေးစေတာကို တားဆီးနိုင်ဖို့ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးပါ။
သင့်ရဲ့ဝန်ထမ်းတွေဟာ လုပ်ငန်းတိုင်းကို ကုမ္ပဏီရဲ့အောင်မြင်မှုကိုရရှိစေမယ့် အခွင့်အရေးတစ်ခု အဆင့်တစ်ဆင့်လို့ ခံယူထားသလားဆိုတာကို သိဖို့လိုပါတယ်။ သင်ဟာ အောင်မြင်မှုကို လိုလားတဲ့ လူတစ်ယောက်ဆိုရင် သင့်ရဲ့ စကားလုံးတိုင်းနဲ့ လုပ်ဆောင်ချက်တိုင်းကို ပြတ်သားရှင်းလင်းပါစေ။ အောင်မြင်မှုမရှိတဲ့လုပ်ငန်းဟာ လုပ်ငန်းရှင်အတွက်ကိုရော ဝန်ထမ်းတွေအတွက်ကိုပါ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ တစ်နည်းအားဖြင့် လုပ်ငန်းကအောင်မြင်မှုမရှိဘူးဆိုရင် သင့်ရဲ့ဝန်ထမ်းကောင်းတွေကို လက်လွတ်ဆုံးရှုံးရစေနိုင်ပါတယ်။
၅။ စီမံခန့်ခွဲမှုပိုင်းရော လုပ်ငန်းပိုင်းမှာပါ စွမ်းဆောင်နိုင်စွမ်းရှိသူကို ခန့်ထားပါ။
တချို့လူတွေဟာ အလုပ်လုပ်ရတာကို နှစ်သက်တဲ့လူတွေဖြစ်ကြပေမဲ့လို့ တချို့ကျတော့ စီမံခန့်ခွဲရတဲ့အပိုင်းကို အားသန်ကြတာရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီကဏ္ဍနှစ်ခုလုံးကို အကောင်းဆုံး စွမ်းဆောင်နိုင်မှသာ အတော်ဆုံးလူဖြစ်မှာပါ။ များသောအားဖြင့် လုပ်ငန်းကြီးတွေ စီမံခန့်ခွဲရေးပိုင်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့ဝန်ထမ်းတွေ လုပ်ဆောင်ပေးလာတဲ့ လုပ်ငန်းတွေကိုပဲ ဆုံးဖြတ်ချက်ချပေးနေရတာကြောင့် သူတို့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာကို မေ့လျော့သွားတတ်လေ့ရှိကြပါတယ်။ ဒီလိုလူကြီးမျိုးကို အခုမှစတင်မယ့် လုပ်ငန်းတွေမှာ မလိုအပ်ပါဘူး။
၆။ ကိုယ်တိုင်ကလည်း လေ့လာလိုစိတ်ရှိပြီး သူများကိုလည်း ပြန်လည်သင်ကြားပေးလိုစိတ်ရှိသူတွေကို ရွေးချယ်ခန့်ထားပါ။
စွန့်ဦးတီထွင်လုပ်ငန်းရှင်တော်တော်များများဟာ သူတို့ရဲ့ ဝန်ထမ်းတွေလိုအပ်တဲ့သင်တန်းတွေ ပံ့ပိုးပေးဖို့ အချိန်မရှိကြပေမဲ့ ဝန်ထမ်းသစ်တိုင်းကိုတော့ ပြန်လည်သင်ကြားပေးလိုစိတ်ရှိတဲ့ သူတို့ရဲ့ Senior ဝန်ထမ်းတွေနဲ့ တာဝန်ချထားပေးနိုင်ပါတယ်။ ပြီးတော့ ဝန်ထမ်းသစ်တွေကို အွန်လိုင်း Semiar တွေ၊ သူတို့ရဲ့လေ့လာမှုကို အထောက်အကူဖြစ်စေမယ့် တာဝန်တွေပေးအပ်ရင်းနဲ့လည်း ပံ့ပိုးပေးနိုင်ပါတယ်။
စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် Peter ရဲ့ အကြံပြုချက်တွေထဲက ချက်ချင်းလိုက်နာဖို့ အခက်ခဲဆုံးကတော့ သူတို့ရဲ့လုပ်ငန်းမှာ ရာထူးနဲ့မသင့်တော်တဲ့သူကို မှားယွင်းပြီး ခန့်ထားလိုက်တာကို သိသိချင်းမှာ Action ယူပြီး မဆောင်ရွက်နိုင်တာဘဲဖြစ်ပါတယ်။ ဒါဟာ Startup တွေအတွက်တော့ တခြားအရေးကြီးတဲ့ ကဏ္ဍရပ်တွေလိုပဲ တအားကိုအရေးပါပါတယ်။ သင်ဒါကိုဖြေရှင်းဖို့ အချိန်ဆွဲလေလေ၊ သင့်ရဲ့ ဆုံးရှုံးမှုရလာဒ်ကလည်း ပိုကြီးလေလေဖြစ်စေမှာပါ။
သင်ဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့လုပ်ငန်းရဲ့ အဓိကနေရာမှာ အရည်အချင်းမပြည့်ဝတဲ့ ဝန်ထမ်းကို မှားယွင်းခန့်ထားတာနဲ့ ပတ်သက်ပြီး ချက်ချင်းမဖြေရှင်းဘူးဆိုရင် သူတို့တွေက သင့်ရဲ့လုပ်ငန်းကို တုံ့ဆိုင်းရပ်တန့်သွားအောင် လုပ်ပါလိမ့်မယ်။ လုပ်ငန်းက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေဟာ အလုပ်က ထွက်သွားပါလိမ့်မယ်။ သင့်လုပ်ငန်းမှာ အရည်အချင်းမရှိတဲ့ သူတစ်ယောက်တည်းပဲ ကျန်ရှိနေတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်တာဟာ Peter ရဲ့ အကြံပြုချက်က မှန်ကန်တယ်လို့ သက်သေပြလိုက်သလိုပါပဲ။