Sony က Internet အခြေပြု TV ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့

sony Sony ကနေ ဒီနှစ်အတွင်းမှာ internet TV ဝန်ဆောင်မှုကို အမေရိကန်နိုင်ငံမှာ စတင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီဝန်ဆောင်မှုမှာ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့အစီအစဉ်တွေ ပါဝင်မှာဖြစ်သလို၊ အလိုရှိတဲ့ video တွေကို ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။  Sony အနေနဲ့ ဒီဝန်ဆောင်မှုမျိုးနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းကို လပေါင်းများစွာ သတင်းထွက်ခဲ့ပြီးတဲ့နောက်မှာ Sony Computer Entertainment Inc. ရဲ့ CEO Andrew House က ဒီနှစ် International CES gadget show မှာမှ ဒီအကြောင်းကို တရားဝင်ဖွင့်ဟ ပြောဆိုခဲ့တာဖြစ်ပါတယ်။ House က ဒီဝန်ဆောင်မှုမှာ ကြည့်ရှုသူတွေရဲ့စိတ်ကြိုက် personalize လုပ်ထားတဲ့ channel တွေပါဝင်မှာဖြစ်တယ်လို့ပြောပါတယ်။ ဒါ့အပြင် ကြည့်ရှုသူတစ်ယောက်အနေနဲ့ သူ့သူငယ်ချင်းတွေ ဘာတွေကြည့်နေလဲဆိုတာကိုပါ ပြသပေးနိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။ Sony က ဒီဝန်ဆောင်မှုကို ယခုနှစ်အတွင်းမှာမှ အမေရိကန်နိုင်ငံတွင်းမှာ စမ်းသပ်လုပ်ဆောင်မှာဖြစ်ပါတယ်။ Sony ရဲ့ Internet နဲ့ချိတ်ဆက်ထားတဲ့ ပစ္စည်းအသုံးပြုတဲ့ အိမ်အရေအတွက်ပေါ်အခြေခံပြီး တွက်ကြည့်တဲ့အခါမှာ ဒီဝန်ဆောင်မှုဟာ အမေရိကန်နိုင်ငံတွင်းလက်ရှိ TV လိုင်းတွေအနက် ထိပ်တန်း ၅ ခု စာရင်းဝင်နိုင်တယ်လို့ House က ပြောခဲ့ပါတယ်။

Ref : AP