Sony ကတိုကျိုရုံးချုပ်မြေနေရာတွေကို ရောင်းမယ်

  article landscape wartermark final3 တစ်ချိန်ကအင်အာကြီးဖြစ်ခဲ့ပြီး ပြိုင်ဘက်တွေကြောင့် အခုအချိန်မှာ ရုန်း ကန်နေရတဲ့ Sony ဟာအနှစ်ခြောက် ဆယ်လောက်ရုံးချုပ်အဖြစ် ရုံးစိုက်ခဲ့တဲ့ တိုကျိုရုံးချုပ်မြေနေရာကို ရောင်းချ တော့မယ်လို့သိရပါတယ်။ ဂျပန်ယန်း ၁၆.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၇ သန်း) နဲ့ ှSumitomo Reality and Development  ကို ရောင်းချသွားမှာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးပြီးနောက်တစ်နှစ် ၁၉၄၆ ခုနှစ်မှာ Sony ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Walkman နဲ့ နာမည်ကြီး တီဗီတွေထုတ်လုပ်ပြီး ကမ္ဘာ့အင်အား ကြီးကုမ္ပဏီတစ်ခု ဖြစ်လာခဲ့တာပါ။ ရောင်းချမယ့်မြေနေရာတွေထဲမှာ Sony ရဲ့ တစ်ခေတ်ဆန်းစေတဲ့ ထုတ် ကုန်တွေကို  ထိန်းသိမ်းထားတဲ့ပြတိုက် တစ်ခုအပါအဝင် အခြားမြေနေရာ အနည်းငယ်တော့ ကျန်ရှီဦးမှာ ဖြစ်ပါ တယ်။ Sony ဟာ လေးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့တာကို ပြန်ကာမိဖို့အတွက် မနှစ်က မန်ဟက်တန်မှာရှိတဲ့ အမေ ရိကန် ရုံးချုပ်ကိုလည်း အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံနဲ့ ရောင်းချခဲ့ပါ တယ်။  Sony အပါအဝင် ပြည်တွင်း ပြိုင်ဖက်တွေဖြစ်တဲ့ Sharp နဲ့ Panasonic  တို့ဟာ ပြီးခဲ့တဲ့နှစ်တွေက ပြည်ပဈေးကွက်တွေမှာ ယင်းတို့ရဲ့ လူသုံးကုန် အီလက်ထရွန်နစ်ပစ္စည်း လုပ်ငန်းမှာ  အရှုံးပေါ်ခဲ့ပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်နေရပါ တယ်။      Ref: AFP