တစ်ခါက အလွန်တောင့်တင်းခိုင်မာ ခဲ့တဲ့ Sony ကုမ္ပဏီဟာ PC ထုတ်လုပ်ရေးလုပ်ငန်းကို စွန့်လွှတ်လိုက်တဲ့ အတွက် အရှုံး ပေါ်မှုတွေဟာ တင်ထားတာ ထက် ပိုများ လာနိုင်တယ် လို့ သိရပါတယ်။ အခုလည်း ကုမ္ပဏီကို ခဲရာခဲ ဆစ်ပြန်လည်ပြင်ဆင် ဖွဲ့စည်းနေရတာဖြစ်ပါတယ်။ မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာ နှစ်အတွင်း ဒေါ်လာ ၁.၂၇ ဘီလီယံ အထိအရှုံးပေါ်နိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာ့PC ကွန်ပျူတာ ဈေးကွက်မှာ နေရာကျဉ်းကျဉ်းသာ ရှိတဲ့ Sony ကုမ္ပဏီဟာ အဲဒီ PC လုပ်ငန်းကို ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ကို ရောင်းချလိုက်ပြီး စမတ်ဖုန်းနဲ့ တက်ဘလက်ဖုန်းတွေကို အာရုံစိုက် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။
Ref: AFP