၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းမှကြီးမှူးပြီး Social Media Marketing Seminar ကို ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ Chatrium Hotel Royal Lake မှာ ကျင်းပခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြောင်းလဲလာသော Marketing ကို မိမိတို့၏ Marketing Strategy များတွင် မည်သို့မည်ပုံထည့်သွင်းသည်ကို သိရှိစေရန်နှင့် လူငယ်များ၊ လုပ်ငန်းစတင်တည်ထောင်လိုသူများ၊ Manager များအနေနှင့် Social Media Marketing အကြောင်းပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်ကာ ယခု Seminar ကို စီစဉ်ရခြင်းဖြစ်ပါတယ်။ Seminar ကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဒေါက်တာသာထွန်းဦးမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြား ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဟောပြောပွဲမှာ Information Matrix Co Ltd (7 Days News) မှ CEO ဦးသောင်းစုငြိမ်းမှ Social Media Impact ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူမှုစီးပွားအသိုက်အဝန်းအပေါ် Social Media များရဲ့ ရိုက်ခတ်မှုနဲ့ လုံခြုံရေးပိုင်ဆိုင်ရာသတိပြုဖွယ်များကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
TODAY Group of Companies မှ Executive Director ဦးစောရန်နိုင်မှ Social Media & Advertising ခေါင်းစဉ်ဖြင့် လူအများအပေါ် လူမှုကွန်ရက်များ၏ လွှမ်းမိုးမှုကြောင့် ပြောင်းလဲလာခဲ့သော ကြော်ငြာလုပ်ငန်းနယ်ပယ်မှ သိမှတ်ဖွယ်၊ ဆင်ခြင်ဖွယ်အချက်များကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
City Mart Holding Co Ltd မှ Marketing & Communications Consultant Ms Eileen Lui မှ Social Media Marketing Dos & Don'ts (Crisis Management) ခေါင်းစဉ်ဖြင့် လတ်တလောအတွေ့များလာသော လူမှုကွန်ရက်များပေါ်က အငြင်းပွားမှုများ၊ အထင်အမြင် လွဲမှားမှုများနှင့် လုပ်ငန်းများမှ ထိုသို့သော ကိစ္စရပ်များအပေါ်တွင် ပြန်လည်တုန့်ပြန်မှုများကြောင့် ဖြစ်လာနိုင်သည်များ ဆောင်ရန်၊ ရှောင်ရန်အချက်များ စုံစုံလင်လင်ဖြင့် ဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။
Groupbuuy ရဲ့ CEO ဒေါ်ဝတ်ရည်ချမ်းမှ Case Study (Groupbuuy ၊ AnyReview) ခေါင်းစဉ်ဖြင့် လက်ရှိလုပ်ကိုင်နေသည့် Website များကို စတင်တည်ထောင်ရာတွင်၊ Manage လုပ်ရာတွင် ကြုံတွေ့ခဲ့ရသည်များ၊ ယနေ့လက်ရှိအချိန်အထိကိုယ်တိုင်ကျင့်သုံးကာ လူမှုကွန်ရက်တွင် မိမိ၏ Brand ကို ထိုးဖောက်နေသည့် အတွေ့အကြုံများကို ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ဒီဟောပြောပွဲကို လုပ်ငန်းအသီးသီးမှ Marketing Communication ၊ Digital Marketing လုပ်ကိုင်နေကြသည့် Mid Manager များ၊ ပြင်ပ Marketing နယ်ပယ်မှ စိတ်ပါဝင်စားသူများ၊ ကျောင်းသူကျောင်းသားများ၊ ကိုယ်ပိုင်လုပ်ငန်းကို အွန်လိုင်းတွင် ထိုးဖောက်ဈေးကွက်ချဲ့ထွင်ချင်ကြသည့် Entrepreneur များအပြင် Top Level Executive အချို့ပါ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
Social Media Marketing Seminar ကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းနှင့်အတူ City Exspress ၊ CB Bank ၊ Enervon-C ၊ UPG နှင့် YKKO တို့မှ Sponsor များဖြင့် ပူးပေါင်းပံ့ပိုးပေးခဲ့ပါတယ်။
ဦးကိုကို
Managing Director
Hashbuy Myanmar
အကျိုးကျေးဇူးကတော့ ဦးသောင်းစုငြိမ်းတို့ပြောသွားတဲ့ Social Media Impact ၊ အဲဒါကတော့ တော်တော်အသုံးဝင်တယ်။ Social Media ပေါ်မှာ ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုက ဘာကိုသွားပြီး Impact ဖြစ်မလဲဆိုတာလေး ရှင်းပြသွားတယ်။ ပိုပြီးတော့ နားလည်သွားတာပေါ့။ ပြီးတော့ Crisis Management ဆိုတာကို အရင်တုန်းကလုံးဝမသိဘူး။ အခုအခြေခံအားဖြင့် သိသွားတာပေါ့။ ကျွန်တော်လုပ်တာကလည်း အဓိကက Social Media ၊ Facebook မှာ ဈေးရောင်းနေတဲ့သူတွေကို Service ပေးနေတာဖြစ်တဲ့အတွက်၊ ကျွန်တော်နဲ့ အရမ်းကိုက်ညီတဲ့အတွက် တက်ရောက်ဖြစ်တာပါ။
မနန်းတင်မိုးသူ
Founder & Chairman
Lady Grace Diamond Land Co Ltd
ကျွန်မတို့ကုမ္ပဏီက အဓိက Social Media ကို သုံးပြီးတော့ Jewellery ကို ရောင်းတာပါ။ Social Media ကို Tool တစ်ခုအနေနဲ့သုံးပြီးတော့ Marketing ကို စဖောက်တယ်။ အဲဒီတော့ ကျွန်မအတွက် Social Media နဲ့ဆိုင်တဲ့ Knowledge က အများကြီးလိုတယ်။ ဒီပွဲကနေ Updated Knowledge တွေအများကြီးရပါတယ်။ ကိုယ်မသိလိုက်တာတွေလည်း သိရတယ်၊ ကျွန်မတို့လည်း လေ့လာနေဆဲဖြစ်တဲ့အတွက်ကြောင့် ဘာတွေကို Prevent လုပ်သင့်တယ်၊ Dos & Don'ts ကို ကျွန်မတို့သိလိုက်ပါတယ်။
မမြတ်ဖြိုးပွင့်
Production Development
Living Sound Entertainment (LSE) Int’l
ဒီပွဲကိုတက်ပြီးတဲ့အခါမှာ Social Media ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ တကယ်ကိုသိသင့်သလောက် သိခဲ့ရပါတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေ။ ပြီးတော့ ကိုယ့်ရဲ့ Post တစ်ခု၊ Share ၊ Comment တစ်ခုဟာ ဘယ်လောက်ထိရောက်တယ်ဆိုတာ သိလာရပါတယ်။ မလုပ်သင့်တဲ့အရာတွေ၊ Fake News တွေဆိုရင်မယုံဖို့ အစရှိတာတွေ တော်တော်များများသိရပါတယ်။ Social Media Marketing ပိုင်းမှာ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကိုလည်း သိခဲ့ရပါတယ်။
ဒေါက်တာသက်သက်နိုင်
Enervon-C
Brand Manager
ဒီလို လူတော်တော်များများအတွက် တကယ့်ကိုအကျိုးရှိတဲ့ပွဲမျိုးတွေမှာ အမတို့ Enervon-C အနေနဲ့ ပါဝင်ချင်တဲ့အတွက်ကြောင့်မို့လို့ ပါဝင်ဖြစ်တာပါ။
ကျွန်မတို့ရဲ့ကမ္ဘာက နေ့စဉ်ပြောင်းလဲနေပါတယ်။ အခုဆိုရင် အကုန်လုံးက အွန်လိုင်းပေါ်မှာ ရောက်နေတယ်။ Digital အပိုင်းကို ရောက်နေကြပြီ။ အဲတော့ ပြောင်းလဲနေတာတွေကို အမီလိုက်ဖို့ ကိုယ့်ရဲ့ Brand တွေ၊ ကိုယ့်ရဲ့စီးပွားရေး Business ပိုင်းဆိုင်ရာအတွက်ကို အမီလိုက်ဖို့အတွက်ကို လိုအပ်နေပါတယ်။ ဒီပွဲမှာဆို လူငယ်တွေ တော်တော်များများလည်း တွေ့ရပါတယ်။ Speaker တွေပြောသွားတဲ့ Topics တွေ အကုန်လုံးကလည်း အရမ်းကိုကောင်းပါတယ်။ Crisis Management ကလည်း တကယ်ကိုလိုအပ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဖြစ်ပျက်လာတာတွေကလည်း တချို့ဆို ကိုယ်ဘယ်လိုတုံ့ပြန်ရမလည်းဆိုတာ သိထားမှ၊ ဘယ်လိုကိုင်တွယ်ရမလည်းဆိုတာ သိထားမှ ကိုယ့်ရဲ့ Business တွေ၊ ကိုယ့်ရဲ့ Brand တွေ အတွက်ကို တကယ်ကို အကျိုးရှိနိုင်မှာဖြစ်ပါတယ်။
ဒေါ်အေးမြတ်မော်
Director
Marketisng & Business Development
YKKO
CEO Magazine က လုပ်တဲ့ပွဲတွေက Market မှာလိုနေတဲ့ဟာတွေကို ပညာပေးပုံစံနဲ့ ပြောတာများပါတယ်။ အဲလိုပွဲတွေကို YKKO အနေနဲ့ အမြဲလိုလိုကူညီပါဝင်လေ့ရှိပါတယ်။ ဒီတစ်ခေါက်လည်း Digital Marketing နဲ့ သက်ဆိုင်တယ်ဆိုတော့ အခုခေတ်မှာ Marketing Tran ဘက်ကိုပြောင်းနေတာကြောင့်ရယ်၊ CEO Magazine က လုပ်တဲ့ပွဲလည်းဖြစ်တယ် ပြီးတော့ Market မှာလိုနေတဲ့ ပညာပေးတစ်ခုလည်းဆိုတော့ Sponsor ပေးဖြစ်တာပါ။
ပွဲမှာပြောသွားတဲ့ Speaker တွေကလည်း Digital Marketing အကြောင်းကို ကောင်းကောင်းနားလည်ပြီးတော့ Industry ကို ကောင်းကောင်းနားလည်တဲ့သူတွေဖြစ်တယ်၊ သူတို့ပေးသွားတဲ့ ပညာတွေကလည်း အရမ်းအသုံးဝင်ပါတယ်။ ဥပမာ- ဦးသောင်းစုငြိမ်းပြောသွားတဲ့ထဲမှာ ကိုယ့်ရဲ့ Internet User တွေထဲမှာ ဘယ်နှစ်ယောက်ရှိသွားပြီ ဘယ် Social Network ကတော့ ဘယ်လောက် MAU ပေါ့၊ Maximun Access User ဘယ်ဟာကတော့ တဖြည်းဖြည်းနဲ့ Up Trend ဖြစ်လာတယ်၊ အခုလောလောဆယ်မှာ Facebook က အသုံးအများဆုံးဖြစ်ပေမယ့် နောက်ကိုယ်တကယ် Target လုပ်ချင်တဲ့ Generation က ဘယ်လို Social Media မျိုးကို ပိုပြီးတော့ သုံးနေတာလဲ။ အဲဒါမျိုးတွေသိပြီးတော့ ကိုယ့်ရဲ့ Target Market က ဘာသုံးလဲဆိုတာကိုသိရင် သူတို့သိတဲ့ Social Network ကို Target လုပ်ပြီးတော့ Digital Marketing တွေ ပိုလုပ်နိုင်မယ်ဆိုရင် ကိုယ့်လုပ်ငန်းအတွက် အကျိုးသက်ရောက်မယ်ဆိုတာတွေကအစ သိလိုက်ရပါတယ်။ နောက် Ms Eileen Lui ပြောသွားတဲ့ Crisis Management ဆိုရင်လည်း လုပ်ငန်းတိုင်းမှာအသုံးဝင်တဲ့ အရေးပါတဲ့အရာတစ်ခုပါပဲ။ အဲဒါကြောင့် အကုန်လုံးအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။
ဒေါ်ဥမ္မာအေး
Deputy General Manager
Head of Integrated Marketing Department CB Bank
CB Bank ကနေ Bussiness လုပ်တဲ့အခါမှာ Profit တစ်ခုထဲကိုအဓိကမထားဘဲ CSR တစ်ခုအနေနဲ့ Program တွေ ဆွဲထားတာရှိပါတယ်။ လုပ်ငန်းအများစုက Digital Trend ကိုလည်း ပြောင်းနေပြီ။ ပြောင်းနေတဲ့အချိန်မှာ တစ်ချို့တွေက သိတာတွေလည်းရှိတယ်။ မသိတာတွေလည်း ရှိသေးတယ်။ ဒီလိုပွဲမျိုးကို လုပ်ပေးခြင်းအားဖြင့် Digital Marketing ကို လုပ်လာမယ့် ဝန်ထမ်းတွေလည်းရှိတယ်၊ Business Owner တွေ အပါအဝင် အားလုံးအကျိုးကျေးဇူးရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲလေးတွေ ကျင်းပတယ်။ အဲဒီမှာ CB Bank အနေနဲ့ တစ်တပ်တစ်အားအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ဒီပွဲက တက်ရောက်လာတဲ့သူတွေအတွက် အများကြီးအကျိုးကျေးဇူးရှိပါတယ်။ ဒီခေတ်မှာက Social Media ကို ပြောင်းလာကြတယ်။ ပြောင်းလာတဲ့အပေါ်မှာ ဘယ်လိုဆက်ပြီး လျှောက်လှမ်းသင့်တယ်၊ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာလေးတွေကို အဓိကထားပြောသွားတာတွေ့ရပါတယ်။ ဘာတွေလုပ်သင့်တယ်၊ ဘာတွေမလုပ်သင့်ဘူး၊ ဆောင်ရန်၊ ရှောင်ရန် စတာတွေအားလုံးကို ပြောပြသွားတာဖြစ်တဲ့အတွက် ကျွန်မတို့ ဗဟုသုတရခဲ့ပါတယ်။ နောက်တစ်ခုက Social Media မှာရှိတဲ့ Impact တွေပါ။ ဘယ်လိုမျိုး Negative Impact ရှိတယ်၊ Positive Impact တွေရှိမယ် အဲဒီဟာတွေကို ဘယ်လို Adjust လုပ်ပြီး သုံးသွားမလဲဆိုတာပါ သိရခဲ့ပါတယ်။ နောက်တစ်ခုက Crisis ဖြစ်လာပြီဆိုရင် ကိုယ်ဘယ်လိုတုန့်ပြန်မလဲ၊ အကောင်းဆုံးစဉ်းစားတာကတော့ ကိုယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားတာပါ။ စသဖြင့် အကြောင်းအရာတွေ ပြောသွားတဲ့အခါကျတော့ ပရိသတ်တွေအနေနဲ့ အများကြီးအကျိုးရှိတယ်လို့ ပြောချင်ပါတယ်။
Ma Redrose
Account Executive/ Lifestyle Blogger
Mango Marketing
ဒီပွဲကနေ Social Media ကို လူတွေဘယ်လိုအသုံးပြုနေလဲဆိုတာရယ်၊ လူတွေရဲ့ Usage က ဘယ်ပေါ်မှာ Focus ပိုများတယ်ဆိုတာရယ်၊ Focus များတဲ့ Attention ပေါ်မူတည်ပြီး Business Perspective ကနေ ကိုယ့်ရဲ့ Marketing ကို ဘယ်လိုလုပ်လို့ ရနိုင်တယ်ဆိုတာရယ်၊ Marketing သမားတွေအနေနဲ့ Dos & Don'ts တွေ၊ Social Media က ကိုယ့်ရဲ့ Marketing Area ကို ဘယ်လောက် Spread လုပ်နိုင်တယ်ဆိုတာရယ်၊ Marketer အနေနဲ့ရော Customer အနေနဲ့ရော နှစ်ဦးနှစ်ဖက်လုံးရဲ့ Dos & Don'ts တော်တော်များများကို သင်ယူလိုက်ရပါတယ်။