၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးပြီး Social Media Marketing seminar ကို ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ Chatrium Hotel Royal Lake မှာ ကျင်းပခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြောင်းလဲလာသော Marketing Trend များနှင့် အညီ Social Media Marketing ကို မိမိတို့၏ Marketing Strategy များတွင် မည်သို့မည်ပုံ ထည့်သွင်းသင့်သည်ကို သိရှိစေရန်နှင့် လူငယ်များ၊ လုပ်ငန်းစတင်တည်ထောင်လိုသူများ၊ Manager များအနေနှင့် Social Media Marketing အကြောင်း ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်ကာ ယခု Seminar ကို စီစဉ်ရခြင်းဖြစ်ပါတယ်။
Seminar ကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဒေါက်တာသာထွန်းဦးမှ အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားဖွင့်လှစ်ပေးခဲ့ပါတယ်။
ပွဲမှာ Information Matrix (7 Days News) မှ CEO ဦးသောင်းစုငြိမ်းမှ Social Media Impact ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူမှုစီးပွားအသိုက်အဝန်းအပေါ် Social Media များရဲ့ ရိုက်ခတ်မှုနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ သတိပြုဖွယ်များကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
TODAY Group of Companies မှ Executive Director ဦးစောရန်နိုင်မှ Social Media & Advertising ခေါင်းစဉ်ဖြင့် လူအများအပေါ် လူမှုကွန်ရက်များ၏ လွှမ်းမိုးမှုကြောင့် ပြောင်းလဲလာခဲ့သော ကြော်ငြာလုပ်ငန်း နယ်ပယ်မှ သိမှတ်ဖွယ်၊ ဆင်ခြင်ဖွယ် အခက်များကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
City Mart Holding Co Ltd မှ Marketing & Communications Consultant Ms Eileen Lui မှ Social Media Marketing Dos & Don’t's (Crisis Management) ခေါင်းစဉ်ဖြင့် လတ်တလော အတွေ့များလာသော လူမှုကွန်ရက်များပေါ်က အငြင်းပွားမှုများ၊ အထင်အမြင်လွဲမှားမှုများနှင့် လုပ်ငန်းများမှ ထိုသို့သော ကိစ္စရပ်များအပေါ်တွင် ပြန်လည်တုန့်ပြန်မှုများကြောင့် ဖြစ်လာနိုင်သည်များ ဆောင်ရန်၊ ရှောင်ရန်အချက်များ စုံစုံလင်လင်ဖြင့် ဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။
Groupbuyy ရဲ့ CEO ဒေါ်ဝတ်ရည်ချမ်းမှ Case Study (Groupbuyy, AnyReview) ခေါင်းစဉ်ဖြင့် လက်ရှိလုပ်ကိုင်နေသည့် Website များကို စတင်တည်ထောင်ရာတွင်၊ Manage လုပ်ရာတွင် ကြုံတွေ့ခဲ့ရသည်များ၊ ယနေ့လက်ရှိအချိန်အထိ ကိုယ်တိုင်ကျင့်သုံးကာ လူမှုကွန်ရက်တွင် မိမိ၏ Brand ကို ထိုးဖောက်နေသည့်အတွေ့အကြုံများကို ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ဒီဟောပြောပွဲကို လုပ်ငန်းအသီးသီးမှ Marketing Communication, Digital Marketing လုပ်ကိုင်နေကြသည့် Mid Manager များ၊ ပြင်ပ Marketing နယ်ပယ်မှ စိတ်ပါဝင်စားသူများ၊ ကျောင်းသူကျောင်းသားများ၊ ကိုယ်ပိုင်လုပ်ငန်းကို အွန်လိုင်းတွင် ထိုးဖောက်ဈေးကွက်ချဲ့ထွင်ချင်ကြသည့် entrepreneur များအပြင် Top Level Executive အချို့ပါ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
Social Media Marketing Seminar ကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းနှင့်အတူ City Express ၊ CB Bank ၊ Enervon-C ၊ UPG နှင့် YKKO တို့မှ Sponsor များဖြင့် ပူးပေါင်းပံ့ပိုးပေးခဲ့ပါတယ်။