Social Distancing ကို အားပေးဖို့အတွက် နာမည်ကြီးအမှတ်တံဆိပ်ငါးခုဟာသူတို့ရဲ့ အမှတ်တံဆိပ်လိုဂိုတွေမှာ အကွာအဝေးခွဲခြားမှုတွေလုပ်ခဲ့ပြီးလူစုလူဝေးကိုရှောင်ကြဖို့၊ ခပ်ခွာခွာနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။
Covid-19 ကပ်ရောဂါဖြစ်ပွားနေချိန်မှာ Social Distancing ဟာ
အလွန်အရေးပါကြောင်း ဆေးပညာရှင်တွေက သတိပေးနေတဲ့အချိန်မှာဈေးကွက်အခိုင်အမာ ရရှိထားပြီး လူသိများတဲ့ အမှတ်တံဆိပ်တွေဟာလည်းအခုလိုမျိုး လူထုကို အသိပညာပေးတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

McDonald’s
McDonald’s ဟာ သူ့ရဲ့ M ပုံစံ ရွှေရောင် အကွေးနှစ်ခုကိုခွဲခြားလိုက်ခြင်းဖြင့် Social Distancing ရဲ့ အရေးပါပုံကို
ပြသခဲ့ပါတယ်။

Audi
Audi ဟာ လိုဂိုမှာ ပါဝင်တဲ့ ကွင်းလေးခုကို ခွဲခြားပြတဲ့Video Clip တစ်ခုကို Twitter မှာ တင်ခဲ့ပြီးအိမ်မှာနေဖို့၊ ကျန်းမာအောင်နေဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ကူညီကြဖို့တိုက်တွန်းခဲ့ပါတယ်။

Volkswagen
Volkswagen ကတော့ လိုဂိုမှာ ထပ်ထားတဲ့ V နဲ့ W ကိုနေရာရွှေ့လိုက်ပြီး Social Distancing လုပ်တဲ့အတွက်
ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။

Coca Cola
Coca Cola ဟာလည်း Staying apart is the best way to stay united ဆိုတဲ့message နဲ့အတူ Coca Cola စာလုံးတွေ ခွဲခြားထားတဲ့ billboard တွေ တပ်ဆင်ခဲ့ပါတယ်။

Chiquita
နိုင်ငံတကာကို ငှက်ပျောသီးတင်ပို့နေတဲ့ Chiquita ဟာလည်းအသီးဗန်းကြီးနဲ့ ဈေးရောင်းထွက်မယ့် Miss Chiquita ရဲ့ ပုံကို Logo ကနေ ဖြုတ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ Miss Chiquita ဟာ အိမ်မှာပဲနေလို့ပါတဲ့။