စက်တင်ဘာလထဲမှာတုန်းက Apple က သူ့ရဲ့ဖုန်းကို နားကြပ်ပေါက်မပါဘဲ ထုတ်လုပ်ခဲ့ပြီး Wireless Earpod ဖြစ်တဲ့ AirPods ကို ရောင်းချခဲ့ပါတယ်။ တကယ်တော့ ဒီ Product အသစ်ဟာ ဈေးကွက်နှစ်ခုကို ကိုယ်စားပြုပါတယ်။ တစ်ခုကတော့ Hearable လို့ခေါ်တဲ့ Smart Ear Devices တွေဖြစ်ပြီး နောက်တစ်ခုကတော့ Smart Speakers တွေ ဖြစ်ပါတယ်။ Amazon Product တစ်ခုဖြစ်တဲ့ Smart Speaker Echo ဟာဆိုရင် Voice နဲ့ Command ပေးတဲ့အတိုင်း လုပ်ပေးနိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ Smart Ear Device နဲ့ Smart Speaker နှစ်ခုစလုံးက လူတွေကို စက်တွေနဲ့ စကားသံနဲ့ ဆက်သွယ်နိုင်စေတဲ့ ပစ္စည်းတွေပါပဲ။
Wireless Headphone တွေက ရှိလာခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ Smartphone နဲ့ Headphone တွေကြားက Wireless Connection က မတည်ငြိမ်တာကြောင့် တစ်ခါတစ်ရံ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ Hearable တွေကတော့ ဒီလိုစိတ်အနှောင့်အယှက် မဖြစ်စေနိုင်တဲ့အပြင် Processor ၊ Microphone ၊ Sensor အပါအဝင် Accelerometer ၊ Heartrate Monitor ၊ GPS receiver တို့လို အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေပါ ပါတယ်လို့ဆိုပါတယ်။ ဒါကြောင့် သူတို့ဟာ လုပ်ဆောင်နိုင်စွမ်းမြင့်ပါတယ်။ Earbuds တွေက သီချင်းတွေကို သိမ်းဆည်းပေးနိုင်တယ်၊ အသုံးပြုသူရဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးနိုင်တယ်။ ဥပမာ ဒိုက်ထိုးနေတုန်း နံပါတ်စဉ်ရေပြီး ဘယ်နှခေါက်လုပ်ပြီးလဲဆိုတာကို မှတ်ပေးနိုင်တာမျိုး ဖြစ်ပါတယ်။ ခေါင်းညိတ်လိုက်တာလို လှုပ်ရှားမှုကိုလည်း သူက မှတ်သားနိုင်ပါတယ်။ ဆူညံသံဖယ်ထုတ်ပေးတာ၊ ပိုကျယ်ကျယ်ကြားချင်တဲ့ အသံကို ကျယ်ပေးတာလိုမျိုးတွေလည်း လုပ်ပေးနိုင်တာပါ။
Apple ရဲ့ Airpods တွေက Smart Earbuds အနေနဲ့ ကောင်းကောင်းအလုပ်လုပ်မှာ မှန်ပေမယ့် ဈေးကွက်ကတော့ သေးနေသေးပါတယ်။ ကျွမ်းကျင်သူတွေကတော့ ၂၀၂၀ ပြည့်နှစ်အထိ တစ်နှစ်ကို အရေအတွက် ကိုးသန်းလောက်ပဲ ရောင်းချရနိုင်ခြေရှိတယ်လို့ တွက်ပါတယ်။ ဒီဈေးကွက်ထဲမှာ သူက ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bragi က ထုတ်တဲ့ Headphone တွေကို လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဈေးကွက်တင်ခဲ့ပြီး အစုံတစ်သိန်းထက်မနည်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ Doppler Labs ကလည်း ဒီလိုပစ္စည်းမျိုး ထုတ်လုပ်သွားဖို့ ရှိပါတယ်။ Microsoft က လူတိုင်းရဲ့ စားပွဲပေါ်မှာ ကွန်ပျူတာတစ်လုံးစီရှိနေဖို့လုပ်တဲ့အချိန် Apple က လူတိုင်းရဲ့ အိတ်ကပ်ထဲ ဖုန်းတစ်လုံးစီထည့်ဖို့ လုပ်နေပါတယ်။ ဒီလိုပါပဲ Doppler Labs ကလည်း လူတိုင်းရဲ့နားထဲမှာ သူ့ Product တစ်ခုရှိနေဖို့ ရည်ရွယ်ထားတာပါ။ သူ့ Product ရဲ့ထူးခြားချက်က Layered Listening ဖြစ်ပါတယ်။ ဆိုလိုတာက ကြားရတဲ့ အသံထဲက မလိုချင်တဲ့ အသံကိုဖယ်ထုတ်ပြီးတော့ ကိုယ်လိုချင်တာကိုပဲ ထည့်ပေးနိုင်တာ ဖြစ်ပါတယ်။ Augmented Reality အတိုင်း ရနိုင်တဲ့အသံတွေဖြစ်ပါတယ်။ ဒီ Smart Earbuds တွေကိုတော့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလထဲမှာ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုအမြော်အမြင်ရှိရှိ Product တွေက Apple ရဲ့ Siri နဲ့ Microsoft ရဲ့ Cortana တို့လို Intelligent Digital Assistant တွေနဲ့ တွဲဖက်ကောင်းတွေဖြစ်လာနိုင်ပါတယ်။ အခုလောလာဆယ်မှာ ဒီ Software တွေ က User တွေ အသံနဲ့အမိန့်ပေးတာကို လိုက်လုပ်ပေးနေပါတယ်။ နောက်ပိုင်းမှာ User တွေက Smart Ear Buds တွေကတင် မဟုတ်ဘဲ Smart Speaker တွေကနေ တစ်ဆင့်ပါ အဲဒီလို Digital Assistant တွေကို အမိန့်ပေး ခိုင်းစေလာနိုင်ပါလိမ့်မယ်။ ဥပမာ - Amazon Echo ဖြစ်ပါတယ်။ ဒီ Product ဟာ ဒီနှစ်အတွင်း သုံးသန်း ရောင်းချရဖို့ မျှော်မှန်းထားပြီး ၂၀၁၇ ခုနှစ် အတွင်းမှာတော့ ဆယ်သန်းရောင်းချရလိမ့်မယ်လို့ မျှော်မှန်းထားတာပါ။
ဘာကြောင့် Digital Assistant Trend က ဒီလောက်မြန်မြန် ပျံ့နှံ့ရတာလဲဆိုတဲ့အထဲမှာ Amazon က သူ့ရဲ့ Digital Assistant ဖြစ်တဲ့ Alexa ကို Platform တစ်ခုအဖြစ် ပြောင်းပေးလိုက်တာကြောင့် တခြား Developer တွေအနေနဲ့ Service တွေထပ်ပေါင်းပြီး Skill တွေ ထပ်တီထွင်နိုင်ပါတယ်။ အခုဆိုရင် Alexa မှာ Skill ပေါင်း သုံးထောင်ကျော်လောက် ရှိနေပါပြီ။ Echo ကို Alexa နဲ့တွဲသုံးပြီး အိမ်တွေမှာသုံးတာကြောင့် အဆင်ပြေမှု တော်တော်များများဖြစ်လာမယ်လို့လည်း မျှော်မှန်းထားကြပါတယ်။
ဒီ Smart Speaker နဲ့ Hearable ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှုတွေ တော်တော်များလာပါပြီ။ အောက်တိုဘာလ၊ ၄ ရက်တုန်းက Google က Product အသစ်တွေ ထုတ်ပြတုန်းကလည်း Echo နဲ့ လုပ်ဆောင်ချက်ချင်းတူမယ့် Google Home ကို မိတ်ဆက်ခဲ့ပါသေးတယ်။ Apple ကလည်း နောက်နှစ်အတွင်း Smart Speakers လို Device မျိုးထုတ်ဖို့လုပ်နေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိနေတာပါ။ ပြီးတော့ တရုတ်က Baidu နဲ့ ကိုရီးယားရဲ့ Samsung တို့ကလည်း နောက်နှစ်အတွင်း Smart Speaker တွေထုတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ American Chip Designer Qualcomm ကလည်း ဒီလို Product တွေ အလွယ်တကူလုပ်နိုင်ဖို့ Circuit Board ကို တီထွင်ပြီးပြီလို့ သိရပါတယ်။ Hardware ဆိုတာက Commodity သက်သက်ပဲဖြစ်တာကြောင့် Voice Services ကို အကောင်းဆုံးလုပ်နိုင်တဲ့သူက ဈေးကွက်မှာအနိုင်ရမှာ ဖြစ်ပါတယ်။ ဒါက Data ကို ဘယ်လောက် Access လုပ်နိုင်သလဲဆိုတဲ့ အပေါ်လည်း မူတည်ပါတယ်။ ဥပမာ - Google မှာဆိုရင်တော့ သူက အသုံးပြုသူတွေ ဘယ်လိုမေးခွန်းတွေ မေးတတ်တယ်၊ ဘာတွေကို ရှာတတ်တယ်ဆိုတဲ့ Data တွေ ရှိပြီးဖြစ်တာကြောင့် Digital Assistant ကို ဘာသာစကားအမျိုးမျိုးမှာ ပိုကောင်းကောင်း အလုပ်လုပ်နိုင်စေပါလိမ့်မယ်။
Speech Recognition က ပိုပြီးမှန်ကန်လာတာနဲ့အမျှ လူတွေအားလုံးကလည်း အဲဒါကို အချိန်ပြည့်နီးပါး သုံးလာကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေမှာလည်း အားနည်းချက်ရှိပါတယ်။ အသံတုနဲ့ပဲဖြစ်ဖြစ်၊ Software နဲ့ပဲဖြစ်ဖြစ် ဒီပစ္စည်းတွေကို Hack လုပ်ခံရတာနဲ့အမျှ ကိုယ့်အချက်အလက်တွေလည်း အားလုံးပါသွားနိုင်ခြေ ရှိနေပါတယ်။