Smart Worker တစ်ယောက်ဖြစ်ဖို့

SmartWorker1

Smart Worker တစ်ယောက်ဖြစ်လာဖို့က အလုပ်ကိုချည်းပဲ ကြိုးစားပမ်းစားလုပ်နေဖို့၊ အားကုန်စိုက်ထည့်ပြီးပဲ လုပ်ရတာမျိုးမဟုတ်ဘဲ လုပ်ငန်းဆောင်တာတွေကို စမတ်ကျကျနဲ့ စီမံခန့်ခွဲနိုင်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် Smart Worker ချည်းမဟုတ်ဘဲ Productiive နဲ့ Efficient Worker တစ်ယောက်ဖြစ်လာဖို့ အောက်မှာဖော်ပြထားတဲ့အချက်တွေက အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။

၁။ တိကျတဲ့ ရည်မှန်းချက်တစ်ခုထားရှိပါ . . .

ရှင်းလင်းပြီး တိကျတဲ့ရည်မှန်းချက်ထားရှိတာက သင့်ရဲ့အောင်မြင်မှုဆီ မြန်မြန်ဆန်ဆန်နဲ့ အရောက်သွားနိုင်မှာပါ။ သင်ဟာ အောင်မြင်မှုတစ်ခုတည့်ဆီ အာရုံစိုက်လေ သင့်ရဲ့ရည်မှန်းချက်ဆီ မြန်မြန်ရောက်လေဆိုတာကို မမေ့သင့်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ များလေလေ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါးလေလေ ဖြစ်ပါတယ်။ ကိုယ်ဦးစားပေးရမှာတွေအတွက် အချိန်သတ်မှတ်ပေးထားတာက အကြောင်းမဲ့အချိန်ကုန်တာမျိုးတွေကို တားဆီးပေးမှာပါ။ ဒီလိုကိုယ့်ရဲ့ Target တွေနဲ့ ဦးစားပေးရမှာတွေကို သတ်သတ်မှတ်မှတ် ထားတတ်တာကလည်း သင့်ကို Smart Worker တစ်ယောက်ဖြစ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

၂။ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို မကြာခဏ စိစစ်ပေးပါ . . .

အမြဲတမ်းသမားရိုးကျ ပုံစံအတိုင်းချည်း မသွားချင်ဘဲ ကိုယ့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ Schedule တွေနဲ့ လုပ်ဆောင်မှုတွေအတွက် မကြာခဏဆိုသလို သေချာပြန်လည်စိစစ်ဖို့ လိုပါတယ်။ ဒီလိုလုပ်ဆောင်တာက ကိုယ့်မှာရှိတဲ့ အရည်အချင်းကောင်းတွေ ထွက်လာမှာဖြစ်သလို ကိုယ်ရှေ့ဆက်လုပ်ရမယ့်နည်းလမ်းတွေကို ဆုံးဖြတ်ရာမှာ သေချာစိစစ်ပြီးသား ဖြစ်စေမှာပါ။

၃။ ကိုယ့်ရဲ့အားသာချက်တွေ ပိုများလာစေဖိုွှ ကိုယ်မကျွမ်းကျင်တဲ့နေရာတွေမှာ လုပ်ကိုင်ပါ . . .

ကိုယ်ကျွမ်းကျင်တဲ့နေရာမှာပဲ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ချပြသင့်ပေမယ့် ကိုယ်မကျွမ်းကျင်တဲ့အရာတွေကို လုပ်ဆောင်ကြည့်ဖို့လည်း မမေ့သင့်ပါဘူး။ ကိုယ်မကျွမ်းကျင်တာတွေကို လုပ်ကိုင်တာဟာ ကိုယ်ကိုယ်တိုင် မသိတဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ ပေါ်ထွက်လာစေပြီး သင့်ရဲ့အောင်မြင်မှုအတွက် အင်မတန်ကို အရေးပါတယ်လို့ ဆိုချင်ပါတယ်။

SmartWorker3

၄။ အားလပ်ရက်အပန်းဖြေခရီးထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အလေ့အကျင့်မျိုး လုပ်ဆောင်ပါ . . .

အနားယူအပန်းဖြေမှုမရှိဘဲ အလုပ်ချည်းပဲ လုပ်နေတဲ့သူဟာ စိတ်ကူးအကြံဉာဏ်သစ်တွေ ထွက်လာဖို့ ရာခိုင်နှုန်း တော်တော်နည်းပါတယ်။ ဒါကြောင့် အလုပ်ကနေ နားရက်ယူပြီး၊ ဒါမှမဟုတ် ပိတ်ရက်တွေမှာ အပန်းဖြေခရီးတွေ ထွက်သင့်ပါတယ်။ ဒီလို ကိုယ့်ရဲ့လုပ်ဆောင်နေကျအရာတွေကနေ ခေတ္တအနားယူလိုက်တာဟာ သင့်ကို လန်းဆန်းတက်ကြွလာစေမှာ အမှန်ပါပဲ။ အလုပ်ကိုပဲ ခေါင်းထဲထည့်ပြီး လုပ်ကိုင်နေတာကောင်းပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့သင့်ပါဘူး။ ကိုယ့်အတွက် အပန်းပြေစေဖို့ ကုန်ကျမှုတွေကို Waste ဖြစ်တယ်လို့ မတွေးပါနဲ့။

၅။ အချိန်မဆွဲပါနဲ့ . . .

အချိန်ဆွဲတယ်ဆိုတာ လူပျင်းတွေရဲ့ အလုပ်ပါ။ အလုပ်ကို အချိန်ဆွဲလုပ်လေ သင့်အတွက် ဝန်ပိုပိစေလေ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကို စောစောစီးစီးချပြီး လုပ်ကိုင်မယ်ဆိုရင် သင့်အတွက် အခက်အခဲဆုံး လုပ်ငန်းဖြစ်ပါစေ၊ လွယ်ကူတဲ့လုပ်ငန်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်  အချိန်မဆွဲဘဲ လုပ်ဆောင်မယ်ဆိုရင် ကိုယ့်ရဲ့ Deadline တွေကို ကောင်းမွန်စွာကိုင်တွယ်နိုင်မယ့် Smart Worker တစ်ယောက်ဖြစ်မှာ မလွဲဧကန်ပဲ။ ကိုယ်လုပ်ရတဲ့အလုပ်ကို ဘာကြောင့်လုပ်နေရသလဲဆိုတာ ထဲထဲဝင်ဝင်သိမှ ကိုယ်ရွေးလုပ်ရမယ့်အလုပ်ကို စဉ်းစားပြီး လုပ်မယ်ဆိုရင် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတစ်ယောက် အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို Commitment ဘယ်လောက်ရှိလဲဆိုတာနဲ့ တိုင်းတာလို့ရပါတယ်။

SmartWorker2

၆။ အလုပ်လုပ်ချင်စဖွယ်ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ . . .

ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်ကို အလုပ်လုပ်ချင်စဖွယ် သန့်ရှင်းသပ်ရပ်အောင် ဖန်တီးထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကိုယ့်အတွက် စိတ်ညစ်ညူးပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

မို့မို့လတ်မောင်