လူသားတို့၏ အပြစ်ခြောက်ပါးနှင့်အလွမ်းဇာတ်

article landscape wartermark final1

ဂေါ့ဒ်နှင့်အီကွေးရှင်း

Big Bang ဆိုသည်မှာ စကြဝဠာကြီးအား စတင်ပေါက်ဖွားပေးလိုက်သောပေါက်ကွဲမှု ကြီးကို ရည်ñွှန်းသည်။ စကြဝဠာ၏အစသည် ဘစ်ဘင်ဖြစ်သည်။ ဤတွင် ဤဘစ်ဘင်ကို ဂေါ့ဒ် က ဖန်ဆင်းပေးလိုက်ခြင်းလော။ သို့တည်းမဟုတ် ဤဘစ်ဘင်သည် ဂေါ့ဒ်အား ညီမျခြင်း (Equation) ထဲမှ ဖယ်ရှားပစ်ခြင်းလောဟူ၍ အငြင်းပွားကြသည်။ ဤသို့ အငြင်းပွားကြရင်း စကြဝဠာကြီး၊ သို့မဟုတ် သဘာဝကြီး သည် ယိုယွင်းပျက်စီးလာသည်။ ထိုအခါ၌ အငြင်းထပ်ပွားကြပြန်သည်။ သဘာ၀ ကြီးပျက်စီးယိုယွင်းမှုသည် စကြဝဠာကြီး နှစ်ပေါင်း ဘီလီယံနှင့် ချီရှိ၍ အီဗော်လူးရှင်းကို ဖြတ်သန်းခဲ့ရသဖြင့် ဇရာကြောင့် ဤသို့ဖြစ်လာခြင်းလော။ သို့တည်းမဟုတ် စကတည်းက လူသားတွေ မှားယွင်းခဲ့မှုကြောင့် သဘာ၀ ကြီးပျက်စီးလာရခြင်းပေလောဟူ၍ အငြင်းပွားသည်။ ယခုအခါ ပညာရှင်အားလုံးလိုလိုက နှစ်ခုစလုံးကြောင့် သဘာဝကြီးပျက်စီးရသည်ဟု သဘောတူညီကြသည်။ လူသားတွေကြောင့်ဟု ဆိုလျင် လူသားတွေ ဘာ မှားသနည်းဟု မေးစရာပေါ်လာသည်။ အမှားတွေ့လျင် ပြင်ဆင်လို့ကောရနိုင်ပါ၏လောဟု အဆက်မေးခွန်းမေးသည်။ ဤမေးခွန်းတို့သည်ပင်လျင် ၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ် ကိုဖွင့်ဆိုခိုင်းလိမ့်မည်ဟု အနက်အဓိပ္ပာယ်ကျမ်းကို ရေးသူ ဂျိမ်းမာတင်က ထုတ်ဖော်ပြသည်။ လူတွေကြောင့် သဘာ၀ ပျက်စီးလာရသည်ဟုဆိုလျင် လူတွေက တမင်တကာ မကောင်းသောကြံရွယ်ချက်နှင့် ဖျက်ဆီးတာလားဟု မေးရ ပြန်သည်။ ဂျိမ်းမာတင်အဆိုအရ လူသားတို့သည် မကောင်း သောစေတနာဖြင့် သဘာဝကို ဖျက်ဆီးကြသည် မဟုတ်ပေ။ မရည်ရွယ်ဘဲနှင့် အမှုမဲ့အမှတ်မဲ့ မတော်တဆ ဖျက်ဆီးမိကြ ခြင်းဖြစ်သည်။  

မှားယွင်းစွာ နားလည်ခြင်း

ဤနေရာတွင် ဂျိမ်းမာတင်က လူသားတွေ ရှေးဟောင်း ဂန္ထဝင်အလွမ်းဇာတ်လမ်းတွေ (Greek Tragedies) ထဲ မျောပါနေပုံကို ထောက်ပြသည်။ ရှေးဟောင်းဇာတ်လမ်းပဲ ဖြစ်ဖြစ် ကာလပေါ်အလွမ်းဇာတ်လမ်းပဲဖြစ်ဖြစ် အလွမ်းဇာတ် လမ်းမှန်လျင် အစစ်အမှန်အကဲခတ်မှားခြင်းကို အခြေခံ သည်။  Miscalcuation Of Reality ဟု ဆိုသည်။ ဤ အစစ်အမှန်တွေကို အတွက်အချက်မှား၍ လွမ်းရဆွေးရ သည်။ ကြေကွဲရသည်။ ဂရိဇာတ်သဘင်တွင် သူရဲကောင်းဟီးရိုးကို စံမတူ အောင် အမွှမ်းတင်သည်။ ဘာကိုမဆို လုပ်ရဲကိုင်ရဲလုပ် နိုင်ကိုင်နိုင်သည်ဟု ပြသရာတွင် ဂေါ့ဒ်တို့၏သတိပေး စကားကိုပင် ဂရုမစိုက်လျစ်လျူရှုနိုင်လောက်အောင် မာန ကြီးသည်အထိ ဖြစ်ပေးရသည်။ လူသားတွေကလည်း ဤသို့ ဇာတ်လမ်းတွေထဲ မိန်းမောနေကြရာ မိမိတို့၌ ဘယ်လို အတွေးအခေါ်အမှားအယွင်းတွေ ရှိနေမှန်းပင် မသိနိုင်ကြတော့ပေ။ လူတို့၌ သဘာဝနှင့်ပတ်သက်ပြီး     နားလည်မှုအမှားအယွင်းခြောက်ပါးရှိသည်။ ဤသို့ နား လည်မှုမှားယွင်းမှုခြောက်ပါး (Six Kinds of Misconception)  ကြောင့် သဘာဝကြီးသည် ပျက်စီးလာရသည်။   ယင်းခြောက် ပါးမှာ ၁။       သဘာဝ၏ရင်းမြစ်အင်အားစုတို့သည် အကန့်အသတ် မရှိဟု မှားယွင်းစွာ ယုံကြည်သည်။ ၂။       သဘာဝသည် ညစ်ညမ်းမှု (Pollution) မှန်သမျ ကို စုပ်ယူသိမ်းဆည်းနိုင်သည်ဟု မှားယွင်းစွာ တွေး တောသည်။ ၃။       သဘာဝ၏မျိုးစိတ် (Species) တို့ကို အမှုမဲ့အမှတ် မဲ့ဖျက်ဆီးပစ်ကြသည်။ ၄။       လူတို့က မိမိကိုယ်ခန္ဓာတို့သည် မိမိတို့က ထုတ်လုပ် သောပစ္စည်းတို့၏ဘေးအန္တရာယ်မှ ကာကွယ်နိုင် သည်။ ခုခံကာကွယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြ သည်။ ၅။       သဘာဝက ပြုလုပ်သောအရာမှန်သမျကို တက္ကနိုလို ဂျီက အစားထိုးပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ၆။       လူတို့က လူ့အဖွဲ့အစည်းကို ခပ်လွယ်လွယ်နည်း တို့ဖြင့် စီမံခန့်ခွဲနိုင်သည်ဟု ထင်ကြသည်။ Can Manage Society in Simplistic Ways  ဟု တွင် သည်။ ဤခြောက်ပါးသောနားလည်မှုအလွဲအမှားတို့ ကြောင့် ရာသီဥတုတွေ ဖောက်ပြန်လာသည်။ သဘာဝကြီး ပျက်စီးလာသည်။  

လိင်လမ်းချော်လမ်းလွဲမှုများ

လူတို့သည် သဘာဝ၏ခက်ခဲရှုပ်ထွေးမှု (Complexity of Nature) ကို ခပ်လွယ်လွယ် နားလည်သည်။ ယခု သူတို့ ထင်ထားတာထက် သဘာဝ၏ခက်ခဲရှုပ်ထွေးမှုက ပို၍ နက်ရှိုင်းဆန်းကြယ်ကြောင်း သိရှိလာကြသည်။ လူတို့သည် သဘာဝ၏ဆန်းကြယ်ရှုပ်ထွေးမှုကို နားမလည်သော်လည်း သဘာဝအတုတို့ကို ဖန်ဆင်းသည်။Artificial  Nauture  တို့ကို ဖန်တီးသည်။ သို့ဖြင့် လူလုပ်ဓာတုဗေဒအတုတို့ ကို ထုတ်လုပ်ကြသည်။ လူတို့၏ကိုယ်ခန္ဓာများအတွင်းသို့ လူလုပ်ဓာတုဗေဒပစ္စည်းအမျိုးမျိုးတို့ ရောက်ရှိကုန်သည်။ လူ့ခန္ဓာကိုယ်တွင် သူ့သဘာဝနှင့်သူ ဓာတုဗေဒ စနစ်ရှိသည်။ သဘာဝကိုယ်တွင်းဓာတုဗေဒဖွဲ့စည်းပုံတို့က အရည်အချင်းအချက်ပြပြီး သွေးလေလှုပ်ရှားလည်ပတ်နေ သည်။ ယခုလူလုပ်ဓာတုဗေဒပစ္စည်းတို့ ခန္ဓာကိုယ်များ အတွင်း ရောက်ရှိလာကြသဖြင့် မူလဓာတုဗေဒ၏လှုပ်ရှားမှု စနစ်သည် အနှောင့်အယှက်တို့နှင့် ကြုံတွေ့လာရတော့သည်။ မူလခန္ဓာကိုယ်တွင်း ဓာတုဗေဒစနစ်တို့ ရှုပ်ထွေးသွားသည်။ ဖရိုဖရဲဖြစ်ကုန်သည်။ သို့ဖြင့် ရောဂါအမျိုးမျိုးပေါ်သည့်အပြင် သဘာ၀ ဖြစ်စဉ်တို့လည်း ကမောက်ကမ ဖြစ်ကုန်သည်။ မိန်းမလျာ၊ ယောကျ်ားလျာတွေ ပေါ်လာခြင်းသည် လိင်ရှုပ်ထွေးမှု (Sexual Confusion) ကို ပြသည်။ ယခုလူတို့၌သာ လိင် ရှုပ်ထွေးမှု ပေါ်သည်မဟုတ်။ တိရစ္ဆာန်တို့၌လည်း ပေါ် လာသည်။ တိရစ္ဆန်မိန်းမလျာ၊ ယောကျ်ားလျာတွေ ပေါ် လာသည်။ ဖိုမနှစ်ခုစလုံးပါသော သတ္တဝါမျိုးတွေ ပေါ် လာသည်။ ဖိုမလိင်လမ်းလွဲမှုများဟု ဆိုသည်။ ဤဆန်း ကြယ်မှုတို့ဖြစ်ပေါ်ရခြင်းသည် အထက်တွင် ဖော်ပြခဲ့သော လူတို့၏ နားလည်မှုမှားယွင်းမှု ခြောက်ပါးမှ စတင်သည်ဟု ကျမ်းရှင်ကဆို သည်။ article portrait watermark final2

ဘုံပိုင်တို့၏ကြေကွဲဖွယ်ဇာတ်လမ်း

ဂရိအလွမ်းဇာတ်လမ်းများ ပေါ်သလို Common ခေါ် အားလုံးပိုင်ဘုံပိုင်အရာတို့သည်လည်း ကြေ ကွဲဖွယ်ဇာတ်လမ်းတို့နှင့် တွေ့လာသည်။Trag- edies of Common ဟု ခေါ်သည်။ ရွာတိုင်းတွင် နွားစားကျက်တွေ ရှိသည်။ ဤနွားစားကျက် တို့သည် ရွာ၏ဘုံပိုင်ဖြစ်သည်။ အလားတူမျိုးပင် ပင်လယ်သမုဒ္ဒရာ၊ အာကာသ၊ ငါး၊ လေထု စ သည်တို့သည်လည်း ကမ္ဘာသူကမ္ဘာသားအားလုံး၏ဘုံပိုင်ပစ္စည်းများဖြစ်ကြသည်။ မမြင်ရသော ဘုံပိုင်တို့လည်း ရှိသည်။ အိုဇုန်းအလွှာနှင့် မြေ အောက်ဘက် ရေအရင်းအမြစ်တို့ဖြစ်သည်။ သဘာဝကပေးသောဘုံပိုင်များရှိသလို လူတို့ဖန်တီးထား သော ဘုံပိုင်တို့လည်း ရှိလာသည်။ ယင်းတို့မှာ မော်တော် ကားလမ်း၊ ရေဒီယိုလှိုင်း၊ အင်တာနက်နှင့် ဂြိုဟ်တုပတ် လမ်းကြောင်းတို့ဖြစ်ကြသည်။ ကျေးရွာဟောင်းတို့တွင်ရှိသော ဘုံပိုင်တို့ကို စည်း မျဉ်းဖြင့် ကွပ်ကဲပြီး Regulated လုပ်သလို အထက်တွင် ဖော်ပြသော ဘုံပိုင်ရင်းမြစ်အင်အားစုတို့လည်း စည်းမျဉ်း တို့ဖြင့် ကွပ်ကဲသင့်သည်။ သို့ရာတွင် ကျေးရွာပိုင်ဘုံပစ္စည်း တို့အပေါ် ကွပ်ကဲနည်းတို့နှင့်တော့ မတူနိုင်ပေ။ မကြာသေး မီကအထိ ဤကမ္ဘာပထဝီမြေကြီး၏ဘုံပိုင်ပစ္စည်းတို့ကို အမှတ်မထင်သိထားခဲ့သည်။ ဤဘုံပိုင်ရင်းမြစ်အင်အားစု တို့သည် အလွန်ကျယ်ပြန့်၍ သုံးမကုန်နိုင်အောင်ဖြစ်သည် ဟု ယူဆခဲ့ကြသည်။ လူတို့ နေ့စဉ်ရှူနေသောလေထု၊ သစ်တောနှင့် သမုဒ္ဒရာတို့သည် အလွန်ကျယ်ပြန့်လှပေရာ သုံးမကုန်အောင် ကျယ်ပြန့်သည်ဟု ထင်မှတ်စရာဖြစ်နေသည်။ သို့သော် ယခုတက္ကနိုလိုဂျီအသစ်တွေ ပေါ်လာသည်။ ဤတက္ကနိုလို ဂျီအသစ်တို့ဖြင့် သုံးမကုန်ဟု ထင်ရသော ဘုံပိုင်တို့ကို လူ သားတို့က အလဟဿဖြုန်းပစ်လာကြသည်။ လူဦးရေက လည်း တိုး၊ စည်ပင်ဝပြောမှုကလည်း တိုး၊ အမြတ်ရလို မှုတို့ကလည်း တိုးပွားလာသောအခါ ဖျက်ဆီးပစ်နိုင်သော အင်အားကလည်း တိုးပွားလာတော့သည်။ ယခင်ကဆိုလျင် ဘုံပိုင်ပစ္စည်းတို့၏အလွမ်း ဇာတ်လမ်းဆိုလျင် ကျေးလက်ဘုံပိုင်ပစ္စည်းအလွမ်းဇာတ် လမ်းအဖြစ်သာ နားလည်ခဲ့ရသည်။ ယခုဤအဆင့်ကျော် ပြီး ဂြိုဟ်ကမ္ဘာမြေကြီး၏ ဘုံပိုင်ပစ္စည်းတို့၏လွမ်းခန်းဖြစ် လာသည်။ ကမ္ဘာဂြိုဟ်၏ဘုံပိုင်ပစ္စည်းတို့ ကြေကွဲရပြီ။ ဤဂြိုဟ်ကမ္ဘာ၏ဘုံပိုင်ပစ္စည်းတို့အရေးသည် ဂလိုဘယ်အရေး (Global Issue) ဖြစ်နေပြီ။ ဤဘုံပိုင်ပစ္စည်းထဲမှ အရေးကြီး ဆုံးဘုံပိုင်ပစ္စည်းသည် သမုဒ္ဒရာတို့ ဖြစ်ကြသည်။ ဂြိုဟ် တုမှနေ၍ ဤဂြိုဟ်ကမ္ဘာကြီးကို ငုံ့ကြည့်လျင် ကမ္ဘာမြေ ကြီး၏ ၇၀ ရာခိုင်နှုန်းသည် ရေတွေဖြစ်နေကြောင်း တွေ့မြင်ရသည်။ သမုဒ္ဒရာတို့ထဲ ခရီးဆန့်ကြည့်ပါ။ လူတို့ က သမုဒ္ဒရာထဲမှ ငါးအားလုံးတို့၏ ၉၀ ရာခိုင်နှုန်းကို ဖျက်ဆီးထားကြောင်း တွေ့ရမည်။ ဤသည်ပင်လျင် ကမ္ဘာ့ဘုံပိုင်ပစ္စည်းတို့၏ ကြေ ကွဲဖွယ်ဇာတ်လမ်းဖြစ်တော့သည်။ Targedy of Common  ဟု ခေါ်သည်။

 မောင်စူးစမ်း

          Ref : The Meaning of 21st Century by James Martin