News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Shwe Taung Group ရဲ့ CSR
Editorial
December 14, 2014
Article
Feature
Highlight
[caption id="attachment_9789" align="alignnone" width="720"]
Corporate Sustainable Team (CST)[/caption] ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ရွှေတောင်လုပ်ငန်းစု (Shwe Taung Group) ဟာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်အကြာ အခုအချိန်မှာတော့ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာလုပ်ငန်း၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းအပြင် ှ့သစစငညါ ဃနညအနမ နဲ့ ဟိုတယ်လုပ်ငန်း စတဲ့ အဓိကလုပ်ငန်းခြောက်ခုကို အကောင်အထည်ဖော်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ခြောက်ထောင်ကျော်နဲ့ လည်ပတ်လုပ်ကိုင်လျက်ရှိတဲ့ ရွှေတောင်လုပ်ငန်းစုရဲ့ လူမှုရေးတာဝန်ယူမှုဆိုင်ရာလှုပ်ရှားမှုတွေ (CSR Activities) အကြောင်းကို ရွှေတောင်လုပ်ငန်းစုရဲ့ Corporate Sustainable Team (CST) နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ [caption id="" align="alignnone" width="720"]
CSR အသိပညာပေးဟောပြောပွဲ[/caption]
CSR လှုပ်ရှားမှုတွေ လုပ်ဆောင်ဖြစ်ခဲ့ပုံ
CSR (Corporate Social Responsibility) ဆိုတာ သိပ်ပြီး မတွင်ကျယ်ခင် လုပ်ငန်းစတင်တည်ထောင်စဉ်ကတည်းက ရွှေတောင်လုပ်ငန်းစုရဲ့တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ဦးအိုက် ထွန်းရဲ့လမ်းညွှန်ချက်နဲ့အတူ စီမံကိန်းတစ်ခုပြုလုပ်တိုင်းမှာ အဲဒီစီမံကိန်းပတ်ဝန်းကျင်ရပ်ရွာဒေသက လူတွေကို အကျိုး ပြုမယ့်လုပ်ငန်းတွေကို အမြဲတမ်းတွဲလုပ်ဖြစ်ခဲ့ပါတယ်။ ရွှေ တောင်ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံတွေနဲ့ CSR လုပ်ငန်းတွေကို အလေး ထားလုပ်ဆောင်ဖို့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခြေခံစီးပွားရေးလုပ်ငန်းအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ဆေးရုံ၊ အခြေခံပညာရေးကျောင်း၊ မသန်စွမ်းပြုစုရေးကျောင်း၊ ရေ ပေးဝေရေးစနစ် စတာတွေကို အခွင့်အလမ်းရသမျှ ပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဃျှွ ဆိုတဲ့စကားလုံးက တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ကြတဲ့အတွက် ဃ့မေငအပ လုပ်ငန်းတွေ၊ လူထုအကျိုးပြုလုပ်ငန်း တွေကို CSR ဆိုတဲ့ခေါင်းစဉ်အောက်မှာ အားလုံးရဲ့အားထုတ် ပါဝင်မှုနဲ့အတူ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့ကိုက် ညီအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။ [caption id="" align="alignnone" width="720"]
လိုအပ်သူများအတွက် နှစ်ပတ်လည်အလှူဒါန[/caption] ရွှေတောင်ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်၊ မေလမှာUN Global Compact (UNGC) ရဲ့အဖွဲ့ဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ UNGC ဟာ လူ့အခွင့်အရေး၊ အလုပ် သမားအခွင့်အရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ကိစ္စရပ်တွေကို လိုက်နာမယ်လို့ ကတိပြုထားတဲ့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီ တွေကို လေ့လာစောင့်ကြည့်နေတဲ့အ ဖွဲ့အစည်းဖြစ်ပါတယ်။ ရွှေတောင်ကုမ္ပဏီ အနေနဲ့လည်း CSR လှုပ်ရှားမှုတွေကို UNGC က ချမှတ်ထားတဲ့အဲဒီမူဝါဒလေးရပ်ကို အဓိကထား ပြီးလုပ်ဆောင်နေပါတယ်။ ဃျှွ လှုပ်ရှားမှုတွေ၊ စံနှုန်းတန်ဖိုး ထားမှုတွေနဲ့ လုပ်ငန်းမူဝါဒတွေ (Corporate Principles) ပိုပြီးကောင်းမွန်တိုးတက်လာအောင် ရွှေတောင်အုပ်စုတစ်ခု လုံးအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဥပမာအနေနဲ့ ရွှေတောင်လုပ်ငန်းစုဟာ ကလေးသူငယ်အလုပ်သမားခန့်အပ် တာကိုဆန့်ကျင် တဲ့ကိစ္စမျိုး ဖြစ်ပါတယ်။ အခုအချိန်မှာ ရွှေ တောင်ကုမ္ပဏီအနေနဲ့ UNGC က ချမှတ်ထားတဲ့မူဘောင် အတိုင်း လိုက်နာဆောင်ရွက်နေပြီး Supplier တွအပါအဝင် Stakeholder အမျိုးမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ Contract တွမှာလည်း UNGC က ချမှတ်ထားတဲ့အချက်တွေကို ထည့်သွင်းရေးဆွဲလုပ်ဆောင်နေပါတယ်။ [caption id="attachment_9797" align="alignnone" width="720"]
အခြေခံပညာမှုလတန်းကျောင်းဆောက်လုပ်လှူဒါန်းခြင်း[/caption]
ရွှေတောင်ကုမ္ပဏီရဲ့ CSR အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ လက်ရှိ လုပ်ဆောင်နေတဲ့လှုပ်ရှားမှုအစီအစဉ်တွေ
အရင်တုန်းကတော့ CSR ဆိုတဲ့စကားအသုံးအနှုန်း မသုံး ခင်က Donation တွေ Charity တွလုပ်မယ်၊ ရွှေတောင် ကုမ္ပဏီက လုပ်ဆောင်တဲ့ စီမံကိန်းတိုင်းမှာ ပတ်ဝန်းကျင်က လူတွေ၊ ဆက်စပ်ပတ်သက်နေတဲ့ လူတွေရဲ့ အဆင့်အတန်းကို တိုးမြှင့်ပေးမယ်စတဲ့အချက်တွေက CSR ကိုအရင်က Define လုပ်တဲ့ပုံစံပါ။ အခုနောက်ပိုင်းမှာတော့ CSR ဆိုတာက ကုမ္ပဏီတစ်ခုအနေနဲ့ Responsible ရှိတယ်ဆိုတဲ့အချက် သာမကဘဲ Global Citizen အနေနဲ့ ကမ္ဘာမြေကြီးကိုရေရှည် တည်မြဲအောင် (Sustainable) ဆောင်ရွက်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ လူသားတွေရဲ့ အကျိုးစီးပွား အတွက်လို့ပြောရင် အဓိကက ဝန်ထမ်းတွေနဲ့ အစပြုရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ရွှေတောင်ကုမ္ပဏီမှာ ရှိတဲ့အမြဲတမ်းဝန်ထမ်းအားလုံးအတွက် အသက်အာမခံ (Life Insurance) ဝယ်ပေးထားပါတယ်။ ဝန်ထမ်းတွေအတွက် နည်းပညာပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း တွေကိုသင်ကြားပို့ချပေးလျက်ရှိပြီး ဝန်ထမ်းတွေနဲ့ ဝန်ထမ်း တွေရဲ့မိသားစုတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးတဲ့အစီ အစဉ်တွေရှိပါတယ်။ အပြင်က လူသားအားလုံးနဲ့ဆက်စပ်ပြီး ပြောရမယ်ဆိုရင် ဥပမာအနေနဲ့ ရွှေတောင်နဲ့လက် တွဲလုပ် ကိုင်နေတဲ့ ဃသညအမခေအသမ တွေ၊ ှကစစူငနမ တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ Product ထုတ်လုပ်မှုတွေ၊ လုပ်ငန်းတွေမှာ ကလေး သူငယ်အလုပ်သမားအသုံးမပြုဖို့ကို အသိပညာပေးပြီး ကြပ် ကြပ်မတ်မတ် ဆောင်ရွက်ဖို့ စီမံထားပါတယ်။ [caption id="attachment_9796" align="alignnone" width="720"]
ရေတွင်းတူးဖော်လှူဒါန်းခြင်း[/caption] ကမ္ဘာမြေကြီးအတွက်ကျတော့ အဓိကအားဖြင့် သယံဇာတအရင်းအမြစ်တွေ (Resources) ရှားပါးလာပြီဖြစ် တဲ့အတွက် အဲဒီသယံဇာတအရင်းအမြစ်တွေကို ဘယ်လို ရေရှည်စဉ်ဆက်မပြတ်တည်မြဲအောင် Renewable Energy တွေ ကို ဘယ်လိုဖော်ထုတ်အသုံးချမလဲဆိုတာကို စဉ်းစားပါ တယ်။ အခုဆိုရင် Procurement Policy တွေ ချမှတ်ဖို့ ဆောင်ရွက်နေပါတယ်။ ဥပမာ- စွမ်းအင်ချွေတာမှုဖြစ်စေ မယ့် ပစ္စည်းတွေကို အသုံးပြုရေးဖြစ်ပါတယ်။ အိမ်ခြံမြေကဏ္ဍ မှာ ရွှေတောင်လုပ်ငန်းစုအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့စီမံ ကိန်းတွေနဲ့ ဆက်လက်အကောင်အထည်ဖော်မယ့် စီမံကိန်း တွေဖြစ်တဲ့ Crystal Tower နဲ့ Junction City တို့မှာသဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနဲ့ လူထုပတ်ဝန်းကျင် အကျိုးကို အဓိကဦးတည်နေတဲ့အချက်တွေဖြစ်တဲ့ စွမ်းအင် ကဏ္ဍထိန်းသိမ်းစောင့်ရှောက် မှု၊ ပြန်လည်အသုံးပြုနိုင်မှုနဲ့ သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်မဖြစ်စေတဲ့နည်းစနစ် တွေကို အသုံးပြုပြီး အကောင်အထည်ဖော်သွားမှာဖြစ်ပါ တယ်။ - နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်စွမ်းအင်အသုံးပြုခြင်း နှင့် ရေပူဖြန့်ဝေခြင်းစနစ် အသုံးပြုခြင်း၊ - စွန့်ပစ်ရေဆိုးများအား စနစ်တကျသန့်စင်၍ စွန့်ပစ်သော နည်းစနစ်များအသုံးပြုခြင်း၊ - အညစ်အကြေးများ၊ အမှိုက်များအား ခွဲခြား၍ စနစ်တကျ စွန့်ပစ်သောစနစ်များ အသုံးပြုခြင်း၊ - မိုးရေများအားစုဆောင်းအသုံးပြုခြင်းနှင့် အကျိုးရှိစွာ ပြန် လည်အသုံးချခြင်း၊ - စွမ်းအင်ချွေတာမှုအတွက် ကောင်းမွန်သော အဆင့်မြင့် ူနီ နည်းပညာများ၊ - စွမ်းအင်လေလွင့်မှုထိန်းချုပ်ရန်အတွက် ကောင်းမွန်သော နည်းပညာများ၊ - လုပ်ငန်းစွမ်းဆောင်ရည်တိုးမြင့်စေရန် အနှောင့်အယှက် ကင်းသောစွမ်းအင်ထောက်ပံ့မှုစနစ် (Power Supply) ၊ - အလေအလွင့်နှင့် စွမ်းဆောင်ရည်နိမ့်ကျမှုကို လျှော့ချရန် လုပ်ငန်းလည်ပတ်မှုများနှင့် နည်းစနစ်များကို ပိုမိုကောင်း မွန်တင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက်IBS (Intelli- gent Building System) နည်း စနစ်များ စတဲ့နည်းစနစ် တွေကိုအသုံးပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ [caption id="attachment_9798" align="alignnone" width="720"]
ဆေးရုံဆောက်လုပ်လှူဒါန်းခြင်း[/caption] လက်လီစီးပွားရေး စီမံခန့်ခွဲမှုလုပ်ငန်း (Retail Business Management) တွေဖြစ်တဲ့Junction Centre တွေ မှာလည်း နှစ်စဉ်နှစ်တိုင်း နှစ်ပတ်လည်အနေနဲ့ CSR Program တွေမှာ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ရည် ရွယ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ (United Nations) က ချမှတ် ထားတဲ့ ထောင်စုနှစ်ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ရာမှာ အမြင်အာရုံ၊ အကြားအာရုံချို့တဲ့သူတွေ၊ မသန် စွမ်းသူတွေ၊ ကူးစက်ရောဂါခံစားနေရသူတွေ၊ မိဘမဲ့ကလေး သူငယ်တွေနဲ့ ပညာရေးအတွက် အမှန်တကယ် အကူအညီ အထောက်အပံ့ လိုအပ်သူတွေအတွက် စဉ်ဆက်မပြတ်ကူညီ ထောက်ပံ့ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Shopping Complex တစ်ခုဖြစ်တဲ့Junction Square မှာ လူ့အခွင့်အရေးနဲ့ပတ် သက်တဲ့ CSR လှုပ်ရှားမှုအစီအစဉ်တွေအဖြစ် မသန်စွမ်းသူ တွေနဲ့ သက်ကြီးရွယ်အိုတွေအသုံးပြုနိုင်ဖို့အတွက် ဘီးတပ် ကုလားထိုင်တွေ အခမဲ့ငှားရမ်းအသုံးပြုနိုင်ဖို့ စနစ်တကျပံ့ပိုး ဆောင်ရွက်ပေးထားပါတယ်။ [caption id="attachment_9790" align="alignnone" width="720"]
မသန်စွမ်းသူများအတွက် Junction Square တွင် Wheelchair ဝန်ဆောင်မှုထားရှိပေးခြင်း[/caption]
CSR ဌာနနဲ့ အသုံးစရိတ်
UN Global Compact ရဲ့ မူဝါဒဆယ်ချက်နဲ့ ထောင်စုနှစ်ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာရည်မှန်းချက်တွေကို အခြေခံပြီး ရွှေ တောင်လုပ်ငန်းစုအနေနဲ့ CSR လုပ်ငန်းတွေဆောင်ရွက်ဖို့ အတွက်Corporate Sustainable Team (CST) ကိုဖွဲ့စည်း ထားပါတယ်။ ရွှေတောင်ကုမ္ပဏီအုပ်စုအတွင်းမှာလည်း ကုမ္ပဏီတစ်ခုစီအလိုက် CSR လုပ်ငန်းတွေဆောင်ရွက်ဖို့ အတွက် CSR & UN Global Working Group ကိုဖွဲ့စည်း ထားပါတယ်။ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းတိုင်းမှာCSR Working Group တစ်ခုစီရှိသလို CSR ဘဏ္ဍာရေးသုံးငွေ စာရင်းတစ်ခုစီရှိပါတယ်။ လုပ်ငန်းအုပ်စုအလိုက်ကွဲပြားခြား နားတဲ့ ဃျှွ လုပ်ဆောင်မှုတွေကို သတင်းပေးပို့ တာနဲ့ ညှိ နှိုင်းချိတ်ဆက်ဆောင်ရွက်တာတွေကို CSR အဖွဲ့က တာဝန် ယူဆောင်ရွက်နေပါတယ်။ ဝန်ထမ်းတွေရဲ့တီထွင်ဦးဆောင် နိုင်တဲ့စွမ်းအားကို ဝိုင်းဝန်းကူညီပေးရမယ်ဆိုတဲ့အချက်ကို ခံ ယူကျင့်သုံးနေတဲ့ အတွက် ရွှေတောင် လုပ်ငန်းစုအောက် မှာရှိတဲ့ ကုမ္ပဏီ တွေက အဆိုပြု တင်ပြလာတဲ့ CSR အစီအစဉ်တွေနဲ့ ဆက်စပ်တဲ့ဘဏ္ဍာ ရေးအထောက်အပံ့ တွေကို CSR အဖွဲ့ က စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ပါ တယ်။ ရွှေတောင်ကုမ္ပဏီ ရဲ့လုပ်ငန်းတွေကို စတင်တည်ထောင်တဲ့အချိန်ကစပြီး လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ဆောင်မှုတွေအတွက် အမေရိကန် ဒေါ်လာ ၁၇.၀၈ သန်း အသုံးပြုခဲ့ပြီးပြီဖြစ်ပါတယ်။ [caption id="attachment_9791" align="alignnone" width="720"]
နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခြင်း[/caption]
၂၀၁၄ ခုနှစ်အတွက် CSR အစီအစဉ်တွေ
၂၀၁၄ ခုနှစ်မှာ အဓိကကဏ္ဍသုံးခုဖြစ်တဲ့ ပညာရေး၊ ကျန်း မာရေးနဲ့ ရွှေတောင်ရဲ့ အဓိကလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ လမ်း၊ တံတား၊ ကျေးရွာလျှပ်စစ်မီးရရှိရေး စတဲ့ အခြေခံအ ဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေအပြင် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေကိုလည်း အလေး ထားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ [caption id="attachment_9800" align="alignnone" width="720"]
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးခြင်း[/caption] [caption id="attachment_9801" align="alignnone" width="720"]
CSR နှင့် Global Compact အသိပညာပေးသင်တန်း[/caption] [caption id="attachment_9795" align="alignnone" width="720"]
မသန်စွမ်းသူများအတွက် အလှူဒါနအစီအစဉ်[/caption] [caption id="attachment_9799" align="alignnone" width="720"]
ဝန်ထမ်းများ၏ နှစ်ပတ်လည်အပျော်ခရီးစဉ်[/caption]
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း