![article landscape wartermark fina9l](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-fina9l.png)
![article landscape wartermark final3](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final318.png)
CSR လှုပ်ရှားမှုတွေ လုပ်ဆောင်ဖြစ်ခဲ့ပုံ
CSR (Corporate Social Responsibility) ဆိုတာ သိပ်ပြီး မတွင်ကျယ်ခင် လုပ်ငန်းစတင်တည်ထောင်စဉ်ကတည်းက ရွှေတောင်လုပ်ငန်းစုရဲ့တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ဦးအိုက် ထွန်းရဲ့လမ်းညွှန်ချက်နဲ့အတူ စီမံကိန်းတစ်ခုပြုလုပ်တိုင်းမှာ အဲဒီစီမံကိန်းပတ်ဝန်းကျင်ရပ်ရွာဒေသက လူတွေကို အကျိုး ပြုမယ့်လုပ်ငန်းတွေကို အမြဲတမ်းတွဲလုပ်ဖြစ်ခဲ့ပါတယ်။ ရွှေ တောင်ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံတွေနဲ့ CSR လုပ်ငန်းတွေကို အလေး ထားလုပ်ဆောင်ဖို့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခြေခံစီးပွားရေးလုပ်ငန်းအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ဆေးရုံ၊ အခြေခံပညာရေးကျောင်း၊ မသန်စွမ်းပြုစုရေးကျောင်း၊ ရေ ပေးဝေရေးစနစ် စတာတွေကို အခွင့်အလမ်းရသမျှ ပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဃျှွ ဆိုတဲ့စကားလုံးက တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ကြတဲ့အတွက် ဃ့မေငအပ လုပ်ငန်းတွေ၊ လူထုအကျိုးပြုလုပ်ငန်း တွေကို CSR ဆိုတဲ့ခေါင်းစဉ်အောက်မှာ အားလုံးရဲ့အားထုတ် ပါဝင်မှုနဲ့အတူ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့ကိုက် ညီအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။ [caption id="" align="alignnone" width="720"]![article landscape wartermark final4](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final413.png)
![article landscape wartermark final7](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final77.png)
ရွှေတောင်ကုမ္ပဏီရဲ့ CSR အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ လက်ရှိ လုပ်ဆောင်နေတဲ့လှုပ်ရှားမှုအစီအစဉ်တွေ
အရင်တုန်းကတော့ CSR ဆိုတဲ့စကားအသုံးအနှုန်း မသုံး ခင်က Donation တွေ Charity တွလုပ်မယ်၊ ရွှေတောင် ကုမ္ပဏီက လုပ်ဆောင်တဲ့ စီမံကိန်းတိုင်းမှာ ပတ်ဝန်းကျင်က လူတွေ၊ ဆက်စပ်ပတ်သက်နေတဲ့ လူတွေရဲ့ အဆင့်အတန်းကို တိုးမြှင့်ပေးမယ်စတဲ့အချက်တွေက CSR ကိုအရင်က Define လုပ်တဲ့ပုံစံပါ။ အခုနောက်ပိုင်းမှာတော့ CSR ဆိုတာက ကုမ္ပဏီတစ်ခုအနေနဲ့ Responsible ရှိတယ်ဆိုတဲ့အချက် သာမကဘဲ Global Citizen အနေနဲ့ ကမ္ဘာမြေကြီးကိုရေရှည် တည်မြဲအောင် (Sustainable) ဆောင်ရွက်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ လူသားတွေရဲ့ အကျိုးစီးပွား အတွက်လို့ပြောရင် အဓိကက ဝန်ထမ်းတွေနဲ့ အစပြုရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ရွှေတောင်ကုမ္ပဏီမှာ ရှိတဲ့အမြဲတမ်းဝန်ထမ်းအားလုံးအတွက် အသက်အာမခံ (Life Insurance) ဝယ်ပေးထားပါတယ်။ ဝန်ထမ်းတွေအတွက် နည်းပညာပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း တွေကိုသင်ကြားပို့ချပေးလျက်ရှိပြီး ဝန်ထမ်းတွေနဲ့ ဝန်ထမ်း တွေရဲ့မိသားစုတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးတဲ့အစီ အစဉ်တွေရှိပါတယ်။ အပြင်က လူသားအားလုံးနဲ့ဆက်စပ်ပြီး ပြောရမယ်ဆိုရင် ဥပမာအနေနဲ့ ရွှေတောင်နဲ့လက် တွဲလုပ် ကိုင်နေတဲ့ ဃသညအမခေအသမ တွေ၊ ှကစစူငနမ တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ Product ထုတ်လုပ်မှုတွေ၊ လုပ်ငန်းတွေမှာ ကလေး သူငယ်အလုပ်သမားအသုံးမပြုဖို့ကို အသိပညာပေးပြီး ကြပ် ကြပ်မတ်မတ် ဆောင်ရွက်ဖို့ စီမံထားပါတယ်။ [caption id="attachment_9796" align="alignnone" width="720"]![article landscape wartermark final6](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final67.png)
![article landscape wartermark final8](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final85.png)
![article landscape wartermark final1](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final130.png)
CSR ဌာနနဲ့ အသုံးစရိတ်
UN Global Compact ရဲ့ မူဝါဒဆယ်ချက်နဲ့ ထောင်စုနှစ်ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာရည်မှန်းချက်တွေကို အခြေခံပြီး ရွှေ တောင်လုပ်ငန်းစုအနေနဲ့ CSR လုပ်ငန်းတွေဆောင်ရွက်ဖို့ အတွက်Corporate Sustainable Team (CST) ကိုဖွဲ့စည်း ထားပါတယ်။ ရွှေတောင်ကုမ္ပဏီအုပ်စုအတွင်းမှာလည်း ကုမ္ပဏီတစ်ခုစီအလိုက် CSR လုပ်ငန်းတွေဆောင်ရွက်ဖို့ အတွက် CSR & UN Global Working Group ကိုဖွဲ့စည်း ထားပါတယ်။ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းတိုင်းမှာCSR Working Group တစ်ခုစီရှိသလို CSR ဘဏ္ဍာရေးသုံးငွေ စာရင်းတစ်ခုစီရှိပါတယ်။ လုပ်ငန်းအုပ်စုအလိုက်ကွဲပြားခြား နားတဲ့ ဃျှွ လုပ်ဆောင်မှုတွေကို သတင်းပေးပို့ တာနဲ့ ညှိ နှိုင်းချိတ်ဆက်ဆောင်ရွက်တာတွေကို CSR အဖွဲ့က တာဝန် ယူဆောင်ရွက်နေပါတယ်။ ဝန်ထမ်းတွေရဲ့တီထွင်ဦးဆောင် နိုင်တဲ့စွမ်းအားကို ဝိုင်းဝန်းကူညီပေးရမယ်ဆိုတဲ့အချက်ကို ခံ ယူကျင့်သုံးနေတဲ့ အတွက် ရွှေတောင် လုပ်ငန်းစုအောက် မှာရှိတဲ့ ကုမ္ပဏီ တွေက အဆိုပြု တင်ပြလာတဲ့ CSR အစီအစဉ်တွေနဲ့ ဆက်စပ်တဲ့ဘဏ္ဍာ ရေးအထောက်အပံ့ တွေကို CSR အဖွဲ့ က စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ပါ တယ်။ ရွှေတောင်ကုမ္ပဏီ ရဲ့လုပ်ငန်းတွေကို စတင်တည်ထောင်တဲ့အချိန်ကစပြီး လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ဆောင်မှုတွေအတွက် အမေရိကန် ဒေါ်လာ ၁၇.၀၈ သန်း အသုံးပြုခဲ့ပြီးပြီဖြစ်ပါတယ်။ [caption id="attachment_9791" align="alignnone" width="720"]![article landscape wartermark final2](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final227.png)
၂၀၁၄ ခုနှစ်အတွက် CSR အစီအစဉ်တွေ
၂၀၁၄ ခုနှစ်မှာ အဓိကကဏ္ဍသုံးခုဖြစ်တဲ့ ပညာရေး၊ ကျန်း မာရေးနဲ့ ရွှေတောင်ရဲ့ အဓိကလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ လမ်း၊ တံတား၊ ကျေးရွာလျှပ်စစ်မီးရရှိရေး စတဲ့ အခြေခံအ ဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေအပြင် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေကိုလည်း အလေး ထားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ [caption id="attachment_9800" align="alignnone" width="720"]![article landscape wartermark final11](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final1111.png)
![article landscape wartermark final12](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final1210.png)
![article landscape wartermark final5](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final512.png)
![article landscape wartermark final10](http://www.ceo-myanmar.com/wp-content/uploads/2014/04/article-landscape-wartermark-final101.png)