အခြေခံလူတန်းစားတွေရဲ့ ဘဝကိုအဆင့်မြှင့်တင်ပေးလိုတဲ့ ရွှေပြည်မန္တလာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း

shwe pyi madalar ရည်ရွယ်ချက်ကောင်းများထားရှိပြီး မန္တလေးမြို့က အခြေခံလူတန်းစား မိဘပြည်သူတွေကို ဝန်ဆောင်မှုပေးနေတဲ့ ရွှေပြည်မန္တလာ အသေးစားငွေချေးလုပ်ငန်းက ဒါရိုက်တာ၊Microfinance Association(မန္တလေးတိုင်း)ရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုသန့်ဇင်ဦးနဲ့ မေးမြန်းဖြစ်ခဲ့ပုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။   လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် ရွှေပြည်မန္တလာကုမ္ပဏီလီမိတက်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လမှာ လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ငန်း အမျိုးအစားကတော့ အသေးစားငွေချေးလုပ်ငန်း (Microfinance Services)  ပါ။ အခြေခံလူတန်းစားတွေရဲ့ ပညာရေး၊ ကျန်းမာ ရေးနဲ့ စီးပွားရေးကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။Microfinance  အတွက် အစိုးရက လောလောဆယ် ဥပဒေ အရသတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေထဲကမှ လော လောဆယ် ကျွန်တော်တို့အနေနဲ့ အသေးစားချေးငွေထုတ်ပေးတာနဲ့ ငွေအပ်လက်ခံပေးတာကို အဓိကလုပ်ကိုင်နေပါတယ်။   လုပ်ငန်းလုပ်ကိုင်တဲ့နေရာ ကျွန်တော်ယူထားတဲ့လိုင်စင်ကတော့ မန္တလေးတိုင်းထဲက ၂၈ မြို့နယ်အကျုံးဝင်ပြီး လောလောဆယ်မန္တလေးမှာရှိတဲ့ ပုသိမ် ကြီး၊ ချမ်းအေးသာဇံ၊ အောင်မြေသာဇ၊ံ မဟာအောင်မြေ၊ ချမ်းမြသာစည် စတဲ့ ငါးမြို့နယ်မှာ လုပ်ကိုင်နေပါတယ်။ နောက်ပိုင်းမှာရုံးခွဲတွေ လုပ်သွားဖို့တော့ ရှိပါတယ်။   ကုမ္ပဏီနာမည်ပေးဖြစ်ခဲ့ပုံ မန္တလာဆိုတာ ညီညာပြန့်ပြူးခြင်းလို့ အဓိပ္ပာယ်ရတဲ့အတွက် ကုမ္ပဏီရယ်၊ ဝန်ထမ်းတွေရယ်၊ Client  တွေရယ် ညီညီညွတ်ညွတ်နဲ့သွားရင် ရွှေပြည်ဆိုတဲ့ Client တစ်ခုကို ရောက်မယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အသေးစား ချေးငွေလုပ်ငန်းက အကျိုးအမြတ်ရတာတစ်ခုတည်းအတွက် မဟုတ်ဘဲ Client  တွေရဲ့အကျိုးစီးပွားကို မြှင့်တင်ပေးခြင်း ဖြင့် ွှWin-Win Situationသဘောမျိုး လုပ်ကိုင်တာဖြစ်ပါ တယ်။   လုပ်ငန်းဆောင်ရွက်ပုံ ချေးငွေထုတ်ပေးတဲ့အခါမှာ ကျွန်တော်တို့က အပေါင်ပစ္စည်း ယူလို့ မရဘူး။ သတ်မှတ်ထားတဲ့အချိန်မှာ ပြန်ဆပ်ရမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ထားပါတယ်။ အသင်းဝင်အဖြစ် လက်ခံ လိုက်ပြီဆိုရင် ကျွန်တော်တို့က သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ချေးငွေကို တိုးမြှင့်ထုတ်သွားပေးတာမျိုး လုပ်ပါတယ်။ ဘဏ်တွေနဲ့မတူဘဲ ကျွန်တော်တို့က ရပ် ကွက်တွေထဲ ဆင်းပြီး သူတို့Mindset  တွေ ပြောင်းသွား အောင်လုပ်ရပါတယ်။ ငွေထုတ်ချေးတဲ့အခါ အပေါင်ပစ္စည်းကို မယူဘဲနဲ့ သူတို့ပြန်ဆပ်ချင်စိတ် ရှိလာအောင် လုပ်ရပါတယ်။ သူတို့ရဲ့သစ္စာရှိမှုနဲ့ စိတ်အားထက်သန်မှုကလည်း ကျွန်တော် တို့ထင်မှတ်ထားတာထက် ပိုတာကို တွေ့ရတော့ တော်တော် အားတက်မိသလို ပိုပြီးတော့လည်း ကူညီချင်စိတ် ဖြစ်ပေါ် လာပါတယ်။   ငွေချေးရန် သတ်မှတ်ချက် ဘယ်လိုလူတွေကို ချေးပေးသလဲဆိုတော့ အမှန်တကယ် အလုပ်လုပ်နေတဲ့၊ ဥပမာ- တစ်ပိုင်တစ်နိုင်ဈေးရောင်းနေတဲ့ သူတွေ၊ သာမန်လက်လုပ်လက်စားတွေကို အဓိကငွေချေးပေး ပါတယ်။ ကျွန်တော်တို့ငွေမချေးခင်မှာ သူတို့ဘာတွေလုပ် မလဲဆိုတဲ့ ရည်ရွယ်ချက်တွေကို မေးပါတယ်။ အစိုးရ သတ်မှတ်ထားတဲ့  လျောက်လွှာပုံစံအတိုင်းပဲ ကျွန်တော်တို့က လက်ခံပါတယ်။ အသက်အရွယ်အနေနဲ့ ၁၈ နှစ်နဲ့ ၆၀ ကြားကို ငွေထုတ်ချေးပါတယ်။ ငွေချေးတဲ့သူက သူ့ရဲ့လုပ် ရည်ကိုင်ရည်ကြောင့် မဟုတ်ဘဲ အရင်းအနှီးလိုအပ်ချက်ကြောင့် ဒီအလုပ်ကို လုပ်လိုက်ရင် မြတ်မယ်ဆိုတာကို သိပေမဲ့ အပြင်ကနေ အတိုးနဲ့ချေးပြီး လုပ်မယ်ဆိုရင် မကိုက်နိုင်ပါဘူး။ ကျွန်တော်တို့က နှစ်ကျပ်ခွဲအတိုးနဲ့ ငွေချေးပေးပြီး တစ်ပတ် ချင်းစီ မသိမသာဆပ်သွားရင် ငွေကကျေသွားမှာဖြစ်ပါ တယ်။   ဝန်ဆောင်မှုပေးပုံ အပြင်မှာငွေချေးမယ်ဆိုရင် တစ်ရာမှာ ၂၀ တိုးပေးရပြီး ကျွန်တော်တို့မှာတော့ နှစ်ကျပ်ခွဲအတိုးပဲ ရှိပါတယ်။ ငွေတစ် ခါ ထုတ်ချေးရင် ကျွန်တော်တို့က ၅ ရာခိုင်နှုန်း ပြန်စု ပေးသေးတယ်။ အဲဒီလိုစုပေးထားတဲ့ ၅ ရာခိုင်နှုန်းကို သူတို့အတွက် ဘဏ်စာအုပ်လုပ်ပေးပြီး အတိုးပေးပါတယ်။ ဒါပေမဲ့ ဒီငွေကို သူတို့ထုတ်လို့မရဘူး။ ဒီလို ၅ ရာခိုင်နှုန်းစီ စုသွားရင်းနဲ့ တစ်ချိန်မှာ ဥပမာ- ကျန်းမာရေးအတွက်ပဲ ဆိုပါတော့၊ အရေးပေါ်လိုအပ်လာရင် ကျွန်တော်တို့က တစ်ဝက်ဖြစ်ဖြစ် ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်ဖြစ်နေသမျကာလပတ်လုံး သူတို့အနေနဲ့ ဒီငွေတွေကိုထုတ်လို့မရဘဲ စုထားရမှာဖြစ်တယ်။ အကယ်၍ ကျွန်တော်တို့ဆီမှာ ပိုက်ဆံတစ်သိန်း စချေးတယ် ဆိုရင် ကျွန်တော်တို့နဲ့ တစ်နှစ်လောက် ဆက်ဆံလုပ်ကိုင်တဲ့ အခါမှာ တစ်နှစ်ကို နှစ်ကြိမ်နဲ့ ခြောက်နှစ်ကို ၁၂ ကြိမ် ဆက် သွယ်ဆောင်ရွက်ရမယ်။ အဲဒီလို ဆက်သွယ်ဆောင်ရွက်တဲ့ အခါမှာ ခြောက်နှစ်ပြည့်လို့ ကျွန်တော်တို့အဖွဲ့ကနေ ထွက်သွား တော့မယ်ဆိုရင် ၅ ရာခိုင်နှုန်းစီ ဖယ်ထားခဲ့တာက အတိုးနဲ့ အရင်းပေါင်းရင် တစ်သိန်းလောက် ဖြစ်သွားမယ်။ အဲဒီလိုမျိုးရည် ရွယ်ချက်နဲ့ ကျွန်တော်တို့က စုထားပေးပါတယ်။ ချေးငွေ အမျိုးအစားအသစ်တွေနဲ့ နောက်ထပ်ဝန်ဆောင်မှုအသစ်တွေ ကိုလည်း ထပ်မံတိုးချဲ့ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။   အပ်ငွေလက်ခံခြင်းနဲ့ ချေးငွေထုတ်ချေးခြင်း ကျွန်တော်တို့မှာ စိတ်ကြိုက်စုဆောင်းငွေနဲ့ မဖြစ်မနေ စု ဆောင်းငွေဆိုပြီး နှစ်မျိုးရှိပါတယ်။ ခုနကပြောခဲ့တဲ့ ၅ ရာ ခိုင်နှုန်းက မဖြစ်မနေ စုဆောင်းငွေဖြစ်ပါတယ်။ တစ်သိန်း အထိက စိတ်ကြိုက်စုဆောင်းလို့ရပါတယ်။ တစ်ပတ်နဲ့ တစ် ပတ် ငွေသွားကောက်တိုင်းမှာ တစ်ထောင်ဖြစ်ဖြစ်၊ နှစ် ထောင်ဖြစ်ဖြစ် စုသွားလို့ရပါတယ်။ ငွေအပ်လက်ခံတာတို့ ငွေပြန်ဆပ်တဲ့အခါတို့မှာ အသင်းဝင်တွေရှိတဲ့ ရပ်ကွက်တွေထဲကို ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေက သွားရပါတယ်။ ငွေပြန်ဆပ်တဲ့ကာလက တစ်ပတ်ကို ၄,၆၀၀ ကျပ်နဲ့ ၂၅ ပတ် ပြန်ဆပ်ရပါတယ်။ ဥပမာ- ပိုက်ဆံတစ်သိန်းကို ချေးတယ်ဆိုရင် တစ်ပတ်ကို ၄,၆၀၀ ကျပ်ပြန်ဆပ်တဲ့အခါ ခြောက်လအတွင်းမှာ အတိုး ရော အရင်းပါကျေသွားပြီး ချန်ထားတဲ့ ၅ ရာခိုင်နှုန်းက စုဆောင်းငွေအဖြစ် ကျန်ခဲ့ပါတယ်။   ကိုယ့်ဘက်က ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပုံ အစိုးရက ဥပဒေနဲ့အကာအကွယ်ပေးထားပါတယ်။ လူငါး ယောက်ကို ငွေထုတ်ချေးတဲ့အခါမှာ အဲဒီလူတွေဟာ ရပ် ကွက်ထဲမှာ အမှန်တကယ်နေထိုင်တဲ့သူတွေဖြစ်ရမှာဖြစ်ပြီး တစ်ယောက်က မဆပ်ရင် ကျန်တဲ့သူတွေက ဝိုင်းဆပ်ပေးရပါ တယ်။ ဥပဒေအရ ငွေချေးတဲ့အခါ ငါးယောက်နဲ့ အထက် ချေးရပါတယ်။ ငွေချေးတာကိုတော့ လောလောဆယ် တစ် သိန်းကနေ ငါးသိန်းအထိ တိုးပြီးချေးပေးသွားဖို့ရှိပါတယ်။   ဝန်ထမ်းအရေအတွက် ကျွန်တော်တို့အလုပ်က Social Businessဖြစ်တဲ့အတွက် ဝန်ထမ်းရွေးတဲ့အခါမှာ လူမှုရေးအသိစိတ် ရှိတဲ့သူတွေကို ရွေးရပါတယ်။ ဝန်ထမ်း ၂၁ ယောက်ရှိပါတယ်။ ကျွန်တော် တို့လုပ်ငန်းက ဝန်ဆောင်မှုပေးနေတဲ့ အိမ်ထောင်စုပေါင်း ငါးထောင်ရှိပါတယ်။ လုပ်ငန်းအောင်မြင်မှုအတွက် ဝန်ထမ်း တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အများကြီးလိုအပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အတွက်ရော Client တွေအတွက်ပါ Ethics  က အင်မတန်အရေးပါပါတယ်။ Clientတွေဘက်က ကြည့်ရင်လည်း သူတို့က ငါတို့ကို ဒီလိုလုပ်ပေးတဲ့အတွက် ငါတို့လည်း ပြန်အကျိုးပြုရမယ်ဆိုတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ Win-Win  စိတ်ဓာတ်က အရေးကြီးပါတယ်။   ကြုံတွေ့ရတဲ့အခက်အခဲ အခက်အခဲကတော့ အများကြီးမရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က စနစ်တကျလက်ခံပြီး ကျွန်တော် တို့ရဲ့ စည်းမျဉ်းတွေအရ Teamwork  နဲ့သွားတာ ဖြစ်တဲ့ အတွက် ဥပမာ- လူငါးယောက်ကို ငွေချေးတယ်ဆိုရင် Teamwork  ရှိအောင်လုပ်ပေးထားတဲ့အတွက် ခုနကပြောခဲ့တဲ့ ပြဿနာမျိုးတွေကို ရှောင်ရှားနိုင်ပါတယ်။ Teamwork  မရှိတဲ့လူတွေကို ကျွန်တော်တို့ လက်မခံပါဘူး။   လုပ်ငန်းရပ်တည်မှုခိုင်မာအောင် ဆောင်ရွက်ပုံ ကျွန်တော်တို့မှာ ရေရှည် ှStrategy  ရှိပါတယ်။ ကျွန်တော်တို့ ရဲ့ Client တွေကို ကျွန်တော်တို့ ရည်ရွယ်ချက်ဖြစ်တဲ့ ပညာရေး၊ လူမှုရေးနဲ့စီးပွားရေးကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။  Client တွေရဲ့စီးပွားရေးကို မြှင့်တင်ပေးတဲ့အနေနဲ့  ပြည် တွင်းပြည်ပ နည်းပညာတွေ ဖြန့်ဖြူးပေးတာမျိုးနဲ့ သူတို့ရဲ့ လုပ်ငန်းပေါ် မူတည်ပြီး အဆက်အသွယ်ချိတ်ဆက်ပေးတာမျိုး လုပ်ပေးပါတယ်။ နိုင်ငံခြားငွေချေးလုပ်ငန်းတွေဝင်လာရင် Local အကြောင်းကို Local  ကလူတွေပဲသိတဲ့အတွက်   နိုင်ငံခြားလုပ်ငန်းတွေက နည်းပညာတွေ ပါလာကောင်း ပါ လာနိုင်ပေမဲ့ ကျွန်တာ်တို့ လုပ်ငန်းလုပ်တဲ့ ှStrategy နဲ့ သူ တို့နဲ့ တူမှာမဟုတ်ဘူး။ နောက်ပြီး ကိုယ့်နေရာတစ်ခုကိုယူ ထားနိုင်မယ်ဆိုရင် သူတို့ကို တိုက်မှာလား၊ ပေါင်းမှာလား ဆိုတဲ့အခါမှာ ကိုယ်သာ Strong  ဖြစ်နေရင် ပေါင်းဖို့များ ပါတယ်။   လုပ်ငန်းရဲ့အနာဂတ်အလားအလာ ဒီလုပ်ငန်းက ကောင်းမွန်တဲ့လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံမှာ Microfinance  လုပ်ငန်းမျိုး လိုအပ်နေတဲ့အတွက်  Microfinance စစ်စစ်ကို လုပ်မယ်ဆိုရင် နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ပညာရေးအဆင့်အတန်းတွေကို မြှင့် တင်ပေးနိုင်တဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် နိုင်ငံရဲ့တိုးတက်မှု အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့လိုလုပ်ငန်းမျိုးတွေအတွက် ကမ္ဘာ့ဘဏ်က တွက်ချက်ထားတာ ဒေါ်လာ တစ် ဘီလီယံလောက် လိုအပ်ပါတယ်။ အဲဒါက တစ်နိုင်ငံလုံးအ တိုင်းအတာအရ သုံးပုံတစ်ပုံလောက်ပဲ လက်ရှိ Coverဖြစ် ပါတယ်။ ဈေးကွက်ကတော့ရှိပေမဲ့ Microfinance ရဲ့ ရည် ရွယ်ချက်အတိုင်းလုပ်တာနဲ့ မလုပ်တာ ကွာခြားမှုတွေရှိနေ ပါတယ်။ နိုင်ငံတကာမှာဆိုရင်တော့ ဘင်္ဂလားဒေရှ့်ကGra- meenဘဏ်ကတော့ Microfinance ရဲ့ပြယုဂ်တစ်ခုပါပဲ။   လုပ်ငန်းစတည်ထောင်ချင်တဲ့လူငယ်တွေအတွက် အကြံပြုချက် ဒီလိုလုပ်ငန်းမျိုး လုပ်ကိုင်မယ်ဆိုရင် စီးပွားရေးဘာသာရပ်ကို အရင်ဆုံး ကြိုးစား သင်စေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ အရင်ကာလလို အခွင့်ထူးခံစီးပွားရှာလို့ မရတော့ပါဘူး။ အခွင့်အရေး ညီမျတဲ့ပြိုင်ဆိုင်မှုခေတ် ရောက်လာပါပြီ။ ဒီလိုခေတ်မျိုးမှာ မဟာဗျူဟာမြောက် စဉ်းစားနိုင်မှ၊ ဒါဟာလည်း စီးပွားရေး ဘာသာရပ်တွေ တတ်မြောက်ထားမှ ဖြစ်ပါမယ်။ နိုင်ငံ တကာက ဝင်လာလို့ ကိုယ့်လုပ်ငန်းနဲ့ ပြိုင်ဘက်ဖြစ်ပြီ ဆိုရင် သူတို့လိုမျိုးပဲ တတ်သိနေမှ၊ သူတို့ထက် ပိုကောင်း အောင် တွေးနိုင်ပြီး ကောင်းမွန်စွာပြိုင်ဆိုင်နိုင်ပါလိမ့်မယ်။      ဒါကြောင့် ပညာရေးကို ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။   ဆက်သွယ်ရန်လိပ်စာ ရွှေပြည်မန္တလာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းရဲ့ လိပ်စာကတော့ အမှတ်(၁၆)၊ ၂၆လမ်း၊  ၆၂ နှင့် ၆၃ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့