အောင်မြင်မှုရရှိဖို့အတွက် စည်းမျဉ်း ၇ ခု

 

စည်းမျဉ်းနံပါတ်တစ်- အောင်မြင်မှုကို ကိုယ့်ဘာသာပြဋ္ဌာန်းပါ


အောင်မြင်မှုရဲ့အဓိပ္ပာယ်ကို ကိုယ့်ဘာသာပြဋ္ဌာန်းရပါ မယ်။ (ကျင့်ဝတ်နဲ့ညီတယ်ဆိုရင်) ကိုယ်ဘာလုပ်ချင်တယ်၊ ဘယ်လိုလုပ်ချင်တယ်ဆိုတာက အရေးမကြီးပါဘူး။ အောင်မြင်မှုဆိုတာက ဘဝမှာ ကိုယ်ရရှိချင်တဲ့ရလဒ်ဖြစ် ပါတယ်။ ကိုယ်က သန်းဂဏန်းရှိတဲ့ လုပ်ငန်း၊ ကားတွေ ကို မလိုချင်ဘူးဆိုရင် ကိုယ်ပိုင်ချင်တာကိုပဲလုပ်ပါ။ တစ် စုံတရာကို ရရှိချင်ပြီဆိုရင်တော့ အဲဒါကိုရအောင်လုပ်ပါ။  အောင်မြင်မှုဆိုတာ ကိုယ်လုပ်ချင်တာတွေကို လုပ်ချင်တဲ့ အချိန်မှာ အတူတူလုပ်ချင်တဲ့သူနဲ့ လုပ်နိုင်တာဖြစ်ပါ တယ်။ ဒါကြောင့် အောင်မြင်မှုကို ကိုယ့်ဘာသာပြဋ္ဌာန်း ပါ။ မိသားစု၊ သူငယ်ချင်း စတဲ့ တခြားသူတွေပြောတာ တွေက အရေးမပါဘူးဆိုတာကို နားလည်ပါ။ 

 

စည်းမျဉ်းနံပါတ်နှစ်- ကြာရှည်တဲ့ အောင်မြင်မှုရဖို့ ကြာရှည်တဲ့အား  အင် (ကျန်းမာရေး)လိုပါတယ်


ကြီးမြတ်တဲ့ အရာတွေအားလုံးမှာ အားအင်လိုပါတယ်။ ကိုယ်က မနက်စောစောအိပ်ရာထဖို့၊ နာရီပေါင်းများစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် စဉ်းစား ချင့်ချိန်နိုင်ဖို့အတွက် အားအင်မရှိဘူးဆိုရင် အောင်မြင်နိုင် မှာမဟုတ်ပါဘူး။ အောင်မြင်မှုလမ်းကြောင်းပေါ်တက် နိုင်ဖို့ ပထမလုပ်ရမှာက အားအင်ကောင်းဖို့လိုပါတယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။ ရှစ်နာရီကျော်အောင်အိပ်ပါ။  သန့်ရှင်းပြီးကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားပါ။ 

 

စည်းမျဉ်းနံပါတ်သုံး- မိတ်ဆွေသူငယ်ချင်းတွေကို ကောင်းကောင်း ရွေးချယ်ပါ။


ရည်မှန်းချက်တွေနဲ့ အလုပ်လုပ်နေပြီး ပုံမှန်ရည်မှန်းချက် ကြီးကြီးမားမားတွေကို ရရှိနေသူတွေနဲ့ ကိုယ်ကမိတ်ဆွေ ဖြစ်နေတယ်ဆိုရင် ကိုယ်လည်း သူတို့ထဲကတစ်ယောက် ဖြစ်လာမှာပါ။ တကယ်လို့ ကိုယ်က အလုပ်ကျင့်ဝတ်၊ စိတ်အားထက်သန်မှု၊ ဒါမှမဟုတ် ရည် မှန်းချက်မရှိတဲ့ အရှုံးသမားတွေနဲ့ ပေါင်း သင်းမိနေရင်လည်း ကိုယ်က သူတို့လို ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် ဘာသာ ရွေးချယ်မှုလုပ်ပါ။ ဒါပေမဲ့ အသိ Óဏ်ရှိရှိရွေးချယ်ပါ။

 

စည်းမျဉ်းနံပါတ်လေး- သဘောထားကြီးတဲ့ စိတ်ထားရှိပါ


ပေးလာတဲ့အခြေအနေမှာ ကိုယ့်အနေနဲ့ ထားနိုင်တဲ့ စိတ် နေစိတ်ထားနှစ်မျိုးပဲဖြစ်ပါတယ်။ သဘောထားကြီးတာနဲ့ သဘောထားသေးသိမ်တာပါ။ ကိုယ်က သဘောထားကြီး တဲ့ စိတ်နေစိတ်ထားနဲ့ လုပ်ဆောင်မယ်ဆိုရင် ကိုယ့်အိပ် မက်တွေကို ရရှိနိုင်ဖို့အတွက် နည်းလမ်းတွေအများကြီး ရှိတာကို ယုံကြည်ပါတယ်။ ပြီးတော့ တခြားသူတွေ အ ခက်အခဲတွေလို့ မြင်တဲ့နေရာမှာ ကိုယ်က အခွင့်အ လမ်းတွေလို့ မြင်နိုင်မှာဖြစ်ပါတယ်။ 

 

စည်းမျဉ်းနံပါတ်ငါး- ကိုယ့်မှာရှိပြီးသား အရာတွေအတွက် ကျေးဇူးတင်ပါ


ယုံချင်မှယုံမှာဖြစ်ပေမယ့် ဘဝ က အံ့ဩစရာကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က မွေးခဲ့တယ်ဆိုရင် ကိုယ်တွေမှာ ယုံ ကြည်စိတ်ချရတဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ ရမှာမဟုတ်ဘူး။ ကိုယ့်ရဲ့လူမှုဘဝအနေအ ထားတွေ တိုးတက်မှုအတွက် အခွင့်အရေးနည်းလိမ့်မယ်။ ပြီးတော့ အလုပ်နဲ့ အိမ်ထောင်ဘက်ရွေးချယ်ရာမှာလည်း ရွေးချယ်စရာမရှိသလောက်ဖြစ်ပါလိမ့်မယ်။ ၂၀၁၈ ခုနှစ် က အခွင့်အလမ်းများတဲ့ နှစ်ဖြစ်ပါတယ်။ ကိုယ့်အတွက် ဘယ်လောက်ပဲခက်ခဲပါစေ၊ ကျေးဇူးတင်ရမယ့်အရာတွေ ကိုယ့်မှာရှိပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်း ကျေးဇူး တင်ပါ။ ကိုယ့်မှာရှိတဲ့ အံ့ဩဖွယ်ကောင်းတဲ့ အရာတွေကို စောင့်ကြည့်ပါ။ 

စည်းမျဉ်းနံပါတ်ခြောက်- လက်ရှိအချိန်ကို ပျော်ရွှင်ပါ


ရည်မှန်းချက်ကြီးသူတွေတော်တော်များများက အနာဂတ် ကို ဦးစားပေးတတ်ကြပါတယ်။ သူတို့က သူတို့လိုချင်တဲ့ အရာတွေနဲ့ အဲဒါတွေကို ဘယ်လိုရအောင်လုပ်မလဲစဉ်းစား ရင်းနဲ့ သူတို့အချိန်အများစုကို ကုန်ဆုံးကြပါတယ်။ ဒါက ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်က အတိတ်မှာ၊ သို့မ ဟုတ် အနာဂတ်မှာပဲနေနေရင် ကိုယ်က လက်ရှိအချိန်မှာ အသက်မရှိနေသလိုပါပဲ။ လက်ရှိအချိန်ကို ပြည့်ပြည့်ဝ၀ နေထိုင်နိုင်ဖို့ လက်ရှိအချိန်ကိုလည်း ပွေ့ပိုက်ရပါမယ်။ အနာဂတ်အတွက် အစီအစဉ်တွေရှိပါ၊ ကိုယ့်ရဲ့အတိတ်က နေ သင်ခန်းစာယူပါ၊ ဒါပေမဲ့ လက်ရှိအချိန်မှာ နေထိုင်ပါ။ ကိုယ်က လက်ရှိအချိန်မှာ ပိုပြီးအာရုံစိုက်နေလေလေ၊ ဘဝကို ပိုပြီးပျော်ရွှင်လေလေဖြစ်ပြီးတော့ အခွင့်အလမ်း တွေကလည်း ကိုယ့်လမ်းကြောင်းပေါ် ရောက်လာလေလေ ဖြစ်ပါတယ်။ 


  
စည်းမျဉ်းနံပါတ်ခုနစ်- လက်တွေ့လုပ်ဆောင်ပါ


လက်တွေ့မလုပ်ဆောင်ရင် ဘာမှမဖြစ်လာပါဘူး။ ကိုယ် က စာအုပ်တွေဖတ်၊ မေးခွန်းတွေမေး၊ ဆွေးနွေးပွဲတွေတက် နေပေမယ့် ကိုယ်လေ့လာသင်ယူထားတဲ့အရာတွေပေါ် မှာ လက်တွေ့မလုပ်ဆောင်ရင် အလကားပါပဲ။ အောင်မြင်မှုရဲ့ နောက်ဆုံးစည်းမျဉ်းက လက်တွေ့လုပ်ဆောင်ဖို့လိုပါတယ်။ လက်တွေ့လုပ်ဆောင်ခြင်းကသာ ကိုယ့်အိပ်မက် ဘဝကို ရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ 
 

မောင်သာ