Data Centres တွေက အိမ်ခြံမြေအခွင့်အလမ်းအသစ်တွေ ဖန်တီး

နိုင်ငံတကာမှာ နည်းပညာကြောင့် အလုပ်အကိုင်တစ်ချို့ပျောက်ကွယ်သွားသလို အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာခြင်းမျိုးလည်းရှိပါတယ်။ ဒီလတော့ နည်းပညာကြောင့် အိမ်ခြံမြေဈေးကွက်မှာ ဘယ်လိုအခွင့်အလမ်းတွေ ပေါ်ပေါက်လာသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Sept2017IT1

Data တွေကို သိမ်းဆည်းထားဖို့အတွက် မြန်ဆန်တဲ့ တိုးတက်မှုနဲ့ အဆုံးမရှိတဲ့ လိုအပ်ချက်တွေကြောင့် Data Centres တွေက အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုအတွက် ကျော်ကြားလာတဲ့ ကဏ္ဍတစ်ခုဖြစ်လာခြင်းကို ကွန်ပျူတာပရိုဂရမ်မာတွေက သိရှိကြပါတယ်။

သာမန်ပစ္စည်းတွေကို စွမ်းဆောင်နိုင်အောင်ပြုလုပ်ပေးတဲ့ အင်တာနက်နဲ့ ချိတ်ဆက်နိုင်တဲ့ ကိရိယာတန်ဆာပလာတွေရဲ့ ကွန်ရက် (Internet of Things-IoT)၊ အချက်အလက်နဲ့ အက်ပလီကေးရှင်းတွေကိုပို့ပေးနိုင်ပြီး အင်တာနက်လို အသုံးပြုနိုင်တဲ့ Cloud Computing ၊ အဖွဲ့အစည်းတစ်ခုရဲ့အပြင်က အချက်အလက်အရင်းအမြစ်တွေကို ရှာဖွေခြင်း (IT Outsourcing) နဲ့ အင်တာနက် ချိတ်ဆက်ခြင်းတွေအပေါ် လူကြိုက်များလာမှုကြောင့် ကဏ္ဍအားလုံးမှာ လိုအပ်ချက်တွေ ပေါ်လာပါတယ်။

လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ Data Centres တွေကို ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အများအားဖြင့် လုပ်ဆောင်နေသလို ပိုင်ရှင်တစ်ဦးတစ်ယောက်အတွက် Data Centres တွေကို သီးသန့်ဆောက်လုပ်ခဲ့တာလည်းရှိပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေးနဲ့ အစိုးရဝန်ဆောင်မှုပေးတဲ့ကဏ္ဍတွေနဲ့ ကုမ္ပဏီတွေက Data Centres တွေကို အများအားဖြင့် တိုက်အတွင်းစီမံ၊ လုပ်ဆောင်ကြပါတယ်။

Sept2017IT2

လက်ရှိမှာ True IDC ၊ CAT Telecom ၊ NTT Communications (Thailand) နဲ့ TCC Technology တို့လို ဝန်ဆောင်မှုပေးတဲ့ Data Centres တွေက ထိုင်းဈေးကွက်မှာ အရေအတွက်အားဖြင့် အကန့်အသတ်ရှိပါတယ်။ ချီကာဂိုအခြေစိုက် ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးနဲ့ အဓိကအိမ်ခြံမြေကဏ္ဍအတွက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ Jones Lang Lasalle (JLL) ရဲ့ ညွှန်ကြားရေးမှူး Dexter Norville က ''Data Centres တည်ဆောက်ချင်သူတွေအတွက် ထိုင်းနိုင်ငံနဲ့ အခြားအာဆီယံနိုင်ငံတွေမှာ ကြုံတွေ့ရမယ့်အဟန့်အတားက Data Centres ကို ထိန်းသိမ်းကာကွယ်ပေးနိုင်တဲ့ အဆောက်အအုံတည်ဆောက်ဖို့အတွက် သင့်တော်တဲ့ မြေနေရာရှိကောင်းရှိနိုင်ပေမယ့် နည်းပညာပိုင်းမှာ လိုအပ်ချက်ရှိတယ်'' လို့ ပြောကြားခဲ့ပါတယ်။

''တစ်ဖက်မှာလည်း သူတို့လိုချင်တဲ့မြေနေရာကို မရရှိ၊ မပိုင်ဆိုင်တဲ့ နည်းပညာကုမ္ပဏီတွေ အများကြီးရှိတယ်'' လို့လည်း သူက ထပ်ဖြည့်ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ Data Centres နေရာအပေါ် အကြံဉာဏ်တောင်းနေတဲ့ ဒေသတွင်း ပရိုဂရမ်မာတွေနဲ့ ဒီဈေးကွက်ထဲမှာရှိတဲ့ Data Centres တည်ထောင်သူတွေနဲ့ ပူးတွဲလုပ်ငန်းတွေက စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့ JLL ရဲ့ လေ့လာမှုအရ သိရပါတယ်။

''ကုမ္ပဏီများစွာရဲ့ စီမံခန့်ခွဲပြီးသား အချက်အလက်တွေပေးနိုင်တဲ့ ပြင်ပ Data Centres တွေနဲ့ ချိတ်ဆက်တာက ဈေးကွက်ရှယ်ယာကို တခြားတစ်နေရာကို ရွှေ့နိုင်ဖို့ ပရိုဂရမ်မာတွေအတွက် ရွေးချယ်စရာ ဖြစ်သင့်ကြောင်း'' Mr.Norville က ပြောကြားခဲ့ပါတယ်။ ဒီလို Data Centres မျိုးတွေက အခြေခံအားဖြင့် One-Stop ဆိုင်တစ်ခုကို ဖွင့်ထားပေးပါတယ်။ အဲဒီဆိုင်ကတစ်ဆင့် ကုမ္ပဏီတွေက Data Centres မှ ကွန်ပျူတာပရိုဂရမ်တွေနဲ့ အခြားကိရိယာတွေကို ငှားရမ်းပေးသလို နည်းပညာစီမံခန့်ခွဲမှုနဲ့ စနစ်ရဲ့လည်ပတ်ပုံတွေကိုလည်း ဝန်ဆောင်မှုပေးပါတယ်။

နောက်တစ်မျိုးက Data Centres တွေကို ပူးတွဲနေရာချထားမှုပါ။ ဆိုလိုတာက နေရာတစ်နေရာကို ငှားရမ်းထားပြီး လိုအပ်တဲ့ချိတ်ဆက်မှုတွေနဲ့ အခြေခံအဆောက်အအုံတွေ အားလုံးက ကိုယ်ပိုင်ဖြစ်ပါတယ်။ နေရာငှားသူက အသုံးပြုသူဖြစ်ရင် သူတို့ရဲ့ ကိုယ်ပိုင်ကွန်ပျူတာပရိုဂရမ်တွေနဲ့ ကွန်ရက်စနစ်တွေကိုဝယ်ရပြီး အဲဒီအချက်အလက်တွေကို စီမံကွပ်ကဲဖို့ ကိုယ်ပိုင်ဝန်ထမ်းရှိရမှာ ဖြစ်ပါတယ်။

''Data Centres တွေ တိုးတက်ဖို့ စိတ်ဝင်စားမှုတိုးစေတဲ့ အဓိကတွန်းအားက အိမ်ခြံမြေတိုးတက်မှုတွေနဲ့ အလားတူပဲ အခြေခံအားဖြင့် တူညီပါတယ်။ တစ်စင်ကို ထိုင်းဘတ်သုံးသောင်းမှ ခြောက်သောင်းအထိ ငှားခတွေရှိပြီး ဘဏ္ဍာရေးနဲ့လည်း ဆိုင်ပါတယ်'' လို့ သူကပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ အာရှပစိဖိတ်ဒေသရဲ့ Data Centre ဈေးကွက်က အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ တန်ဖိုးရှိပါတယ်။ ဈေးကွက်အရွယ်အစားကို တစ်နှစ်မှာ ၂၇ ရာခိုင်နှုန်းအထိ တိုးတက်ဖို့နဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင် အားလုံးပေါင်းအရွယ်အစားနဲ့ ဥရောပဈေးကွက်ကို ကျော်သွားဖို့ မျှော်မှန်းထားကြောင်း JLL အရ သိရပါတယ်။ ဒါက ဒီဈေးကွက်ရှိတဲ့နေရာမှာ အိမ်ခြံမြေနေရာ လိုအပ်ချက်ကို တိုးစေမှာဖြစ်ပါတယ်။

Sept2017IT3

ထိုင်းနိုင်ငံက ကုမ္ပဏီတွေကို စိတ်ဝင်စားလာတဲ့အကြောင်းက အခုလက်ရှိဦးဆောင်နေတဲ့ စင်ကာပူနဲ့ ဟောင်ကောင်မြို့တို့မှာရှိတဲ့ Data Centre ဈေးကွက်နှစ်ခုက အနာဂတ်အတွက် မြေနေရာပြတ်လပ်မှုကို များစွာကြုံတွေ့နေရပါတယ်။ ဒါက ထိုင်းနိုင်ငံကို အခရာကျတဲ့ဈေးကွက်အဖြစ် စိတ်ဝင်စားမှုကို တိုးစေပါတယ်။

''များပြားလာနေတဲ့ ဒေသတွင်းလိုအပ်ချက်နဲ့ အခြားနာမည်ရရှိပြီးသား ဒေသတွင်းဈေးကွက်တွေရဲ့ အလားအလာနဲ့အတူ ဒါကထိုင်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေအတွက် အိမ်ခြံမြေအခွင့်အလမ်းကို ဖြစ်စေပါတယ်'' လို့ Mr. Norville က ပြောကြားခဲ့ပါတယ်။

Ref : Bangkok Post