စားသောက်ဆိုင်တစ်ဆိုင်မှာ ပိုးဟပ်တစ်ကောင်က ဘယ်နေရာကနေမှန်းမသိ ရုတ်တရက် ပျံလာပြီး အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာလာနားပါတယ်။ ဒါနဲ့ အဲဒီ အမျိုးသမီးက ကြောက်လန့်တကြား ထအော်ပါလေရော။
သူမက ထိတ်ထိတ်ပျာျပျာ မျက်နှာ၊ တုန်တုန်ရီရီအသံနဲ့အော်ရင်း ခုန်ပေါက်ကာ သူမကိုယ်ပေါ်က အဲဒီပိုးဟပ်ကို လက်နှစ်ဖက်နဲ့ ခါချပါတယ်။
သူမရဲ့တုန့်ပြန်မှုက အလွယ်တကူကူးစက်ပြီး သူမအဖွဲ့ထဲက တခြားလူတွေကလည်း ကြောက်လန့်ကုန်ပါတယ်။ နောက်ဆုံးမှာ သူမက ပိုးဟပ်ကို ကိုယ်ပေါ်ကနေ ခါချလိုက်နိုင်ပေမယ့် အဲဒီပိုးဟပ်က သူတို့အုပ်စုထဲက တခြားအမျိုးသမီးတစ်ယောက်ပေါ်ကျသွားပြန်ပါတယ်။
ဒါနဲ့ အဲဒီအမျိုးသမီးက ဒီပိုးဟပ်ဇာတ်လမ်းကို ထပ်စပြန်ပါတယ်။
အဲဒီအချိန်မှာ စားသောက်ဆိုင်က စားပွဲထိုးလေးက သူတို့အုပ်စုအနားကို အပြေးကူဖို့သွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပိုးဟပ်က စားပွဲထိုးလေးပေါ်ကို ရောက်သွားပါပြီ။
စားပွဲထိုးလေးက ငြိမ်ငြိမ်လေးရပ်ပြီး ဟန်ပြင်ထားကာ သူ့အင်္ကျ ီပေါ်က ပိုးဟပ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ပါတယ်။ စိတ်ချရပြီဆိုတော့မှ အဲဒီပိုးဟပ်ကို လက်နဲ့အသေအချာကိုင်ကာ စားသောက်ဆိုင်ရဲ့ အပြင်ဘက်ကို လွှင့်ပစ်လိုက်ပါတော့တယ်။
အဲဒီအဖြစ်အပျက်တစ်ခုလုံး ကော်ဖီသောက်ရင်း ထိုင်ကြည့်နေမိတဲ့ ကျွန်တော့်ခေါင်းထဲမှာ အတွေးစအနည်းငယ်ရောက်လာပြီး စတွေးမိပါတော့တယ် ... သူတို့အားလုံးရဲ့ ပြုမှုလူပ်ရှားမှုတွေရဲ့အကြောင်းရင်းခံက ပိုးဟပ်လားဆိုတာကိုပါ။
ဟုတ်တယ်ဆိုရင်တောင် စားပွဲထိုးလေးက ဘာကြောင့် စိတ်အနှောက်အယှက်မဖြစ်တာပါလဲ။ သူက ဒါကို တစ်စက်ကလေးမှ ပရမ်းပတာမဖြစ်ဘဲ ကောင်းကောင်းကြီး ကိုင်တွယ်နိုင်လိုက်ပါတယ်။
ဒါဆိုရင် ပိုးဟပ်ကြောင့်မဟုတ်ပါဘူး ... ပိုးဟပ်နှောက်ယှက်တာကို မခံနိုင်တဲ့လူတွေကြောင့်ပါ ... ဒါကသာလျှင် အဲဒီအမျိုးသမီးတွေကို စိတ်အနှောက်အယှက်ဖြစ်စေတာပါ။
ကျွန်တော် သိလာရတာက ကျွန်တော့်အဖေ၊ ကျွန်တော့်သူဌေးနဲ့ ကျွန်တော့်မိန်းမတို့ အော်ငေါက်တာက ကျွန်တော့ကို စိတ်အနှောက်အယှက်ပေးတာမဟုတ်ဘဲ၊ သူတို့အော်ငေါက်တာခြင်းကြောင့်ဖြစ်တဲ့ အနှောက်အယှက်ကို မကိုင်တွယ်နိုင်ခြင်းကသာလျှင ်ကျွန်တော့်ကို စိတ်အနှောက်အယှက်ပေးတာဖြစ်ပါတယ်။
လမ်းမပေါ်မှာ ကားလမ်းတွေပိတ်နေတာကို ကျွန်တော့်ကို စိတ်အနှောက်အယှက်ပေးတာမဟုတ်ဘဲ အဲဒီလိုကားလမ်းပိတ်တာကြောင့်ဖြစ်တဲ့ စိတ်ရှုပ်မှုဒဏ်ကို ကျွန်တော်မကိုင်တွယ်နိုင်ခြင်းကသာလျှင် ကျွန်တော့်ကို စိတ်အနှောက်အယှက်ပေးတာဖြစ်ပါတယ်။
ပြဿနာထက်၊ အဲဒီပြဿနာကို ကျွန်တော်ဘယ်လိုတုန့်ပြန်တယ်ဆိုတာကသာလျှင် ကျွန်တော့်ဘဝကို အနှောက်အယှက်ဖြစ်စေတာဖြစ်ပါတယ်။
ဒီပိုးဟပ်ဇာတ်လမ်းကရတဲ့ သင်ခန်းစာတွေကတော့ ... ဘဝမှာ react မလုပ်သင့်ဘူး၊ respond ပဲလုပ်သင့်တယ်ဆိုတာကို နားလည်ခဲ့တယ်၊ ဒီဇာတ်လမ်းထဲမှာပါသလိုဆိုရင် စားသောက်ဆိုင်ထဲက အမျိုးသမီးတွေကတော့ react လုပ်ခဲ့တာဖြစ်ပြီး၊ စားပွဲထိုးလေးကတော့ respond လုပ်ခဲ့တာပါ။
Reactions တွေကတော့ သဘာဝအလျောက်ဖြစ်ပေါ်လာတာဖြစ်ပြီး respond တွေကတော့ အမြဲလိုလို သေချာတွေးတောပြီးမှ ပြုလုပ်တာဖြစ်ပါတယ်။
ဒါက ဘဝကိုနားလည်ဖို့ လှပတဲ့ နည်းလမ်းလေးတစ်ခုပါပဲ။
လူတစ်ယောက်ပျော်နေတယ်ဆိုတာက သူ့ဘဝမှာ အရာအားလုံးမှန်ကန်နေလို့မဟုတ်ပါဘူး။
သူ့ဘဝရဲ့အရာအားလုံးနဲ့ပတ်သက်တဲ့သဘောထားက မှန်ကန်နေတဲ့အတွက်သာ သူပျော်ရွှင်ရတာဖြစ်ပါတယ်။
Ref : A beautiful Speech by Sandur Pichai