၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်က CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းမှ ကြီးမှူးစီစဉ်ခဲ့သည့် Self Branding Online/Offline ဟောပြောပွဲတွင် ဒေါ်တင်မိုးလွင် (Founder & CEO, Talents & Models Agency) ၊ ဦးသူရိန်ငြိမ်း (Managing Director, Nielsen MRRD) နှင့် ဦးထွန်းထွန်းနိုင် (Chairman , BlueOcean Operating Mangament) တို့မှ မန်နေဂျာများ၊ လုပ်ငန်းခွင်ဝင်စလူငယ်များနှင့် နောင်တစ်ချိန်တွင် ခေါင်းဆောင်နေရာယူလာနိုင်ရန် လျာထားခြင်းခံရသူများအနေဖြင့် လက်တွေ့ဘဝ၊ လုပ်ငန်းခွင်နှင့် အွန်လိုင်းတို့တွင် အောင်မြင်နိုင်မယ့် စိတ်နေစိတ်ထားနှင့် အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေးတည်ဆောက်ရာမှာ သိသင့်သိထိုက်သည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ဆွေးနွေးဟောပြောသွားသော အချက်များထဲက တချို့ကို ယခုလ အထူးဆောင်းပါးအဖြစ် ဆီလျော်အောင် ပြန်လည်ရေးသားဖော်ပြလိုက်ပါသည်။
အောင်မြင်သော စိတ်နေစိတ်ထားနှင့် အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေးတည်ဆောက်ခြင်း
Personality လို့ပြောလိုက်ရင် ဒါက ကိုယ်ရည်ကိုယ်သွေးကိုပြောတာပါ။ ကိုယ့်မှာရှိပြီးသား အရည်အသွေးပါပဲ။ လူတိုင်းမှာ အရည်အသွေးရှိပါတယ်။ မြှင့်တင်ဖို့ လိုအပ်နေတာရယ်၊ အရောင်တင်ဖို့ လိုအပ်နေတာရယ် ဒါပဲကွာပါတယ်။ ပုံမှန်အမြဲတမ်း ကိုယ့်ရဲ့အရည်အသွေးကို မြှင့်တင်နေတဲ့သူတွေက အမြဲတမ်း Upgrade ၊ Update လုပ်နေတဲ့သူတွေက အမြဲတမ်း Groom ဖြစ်နေတာပါပဲ။ ဒီနေရာမှာ Personality & Ability ဆိုပြီး ခေါင်းစဉ်နှစ်ခု ထပ်ခွဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ Personality တိုးတက်လာဖို့က အသက်အရွယ် အပိုင်းအခြားပေါ်မူတည်တဲ့ အတွေးအခေါ်၊ အပြုအမူတွေ၊ အကျင့်အကြံတွေနဲ့ ကိုယ်ထိန်းခဲ့တဲ့ကိစ္စရပ်ကို ဘယ်လောက်ထိ ဆက်ထိန်းဖို့လိုသလဲ၊ ဒါတွေကို ဘယ်လိုပြန်ထိန်းရသလဲဆိုတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် Personal Grooming လို့ပြောလိုက်ရင် ကျွန်မခံယူတာကတော့ အပြင်ပန်းအမြင်ဆိုတာထက် အလေ့အကျင့်တွေ၊ အမူအကျင့်တွေ၊ အတွေးအခေါ်တွေနဲ့ အကြံဉာဏ်ကောင်းတွေပါ ဝင်ပါတယ်။
Look & Style . . .
Personality မှာ အပြုအမူတွေ ပါပါတယ်။ ပြုံးပုံတွေပါပါတယ်။ စတိုင်လ်ရှိမှ စတားဖြစ်မယ်ဆိုတဲ့ စကားလုံးလေးကိုလည်း ထားခဲ့လို့မရပါဘူး။ စကားပြောတဲ့ စတိုင်လ်၊ ထိုင်တာ၊ ထတာ၊ လက်ဆွဲနှုတ်ဆက်တာ၊ သပ်သပ်ရပ်ရပ်ရှိတာ ဒါတွေအားလုံးက စတိုင်လ်လေးတွေဖြစ်ပါတယ်။
အတွေးအခေါ်ရှိတဲ့ ပုံစံလား၊ တက်ကြွတဲ့ပုံစံလား၊ ပညာရှင်ပုံစံလား၊ ဘယ်လိုပုံစံမျိုးလဲအစရှိတာတွေကို စတိုင်လ်လို့ပြောပါတယ်။ အဲဒါက Look နဲ့ နည်းနည်းတော့ဆက်နွှယ်ပါတယ်။ ဘာပုံပေါက်နေသလဲပေါ့။ လူတစ်ယောက်ကိုစတွေ့ရင် သူကကုမ္ပဏီက အကြီးအကဲတစ်ယောက်ဖြစ်မယ်ထင်တယ်။ ကုမ္ပဏီမှာ အရေးပါအရာရောက်တဲ့သူတစ်ယောက် ဖြစ်မယ်ထင်တယ်။ သူကတော့ကြည့်ရတာ ခပ်သွက်သွက်လေး၊ ဒါဆို Marketing Manager ဖြစ်မယ်ထင်တယ် စသဖြင့် ခန့်မှန်းတတ်ကြပါတယ်။
အခုလူမှုစီးပွားလောကထဲမှာ Look ကလည်း အလွန်စကားပြောပါတယ်။ Mark Zuckerberg ကလည်း သူ့စတိုင်လ်နဲ့သူပဲ။ Jack Ma ရဲ့ စကားပြောဆိုပုံတွေနဲ့ သူ့ရဲ့အတွေးအမြင်တွေကို ပေးတဲ့ပုံစံလည်း သူ့စတိုင်လ်တစ်ခုပဲ။ ဟိုးအရင်ကတည်းရှိခဲ့တဲ့သူတွေရဲ့ အတွေးအခေါ်နဲ့ အတွေးအမြင်၊ အဆိုအမိန့်တွေကို ကြည့်တဲ့အခါမှာ သူတို့ကလည်း သူတို့စတိုင်လ်နဲ့သူတို့၊ သူတို့ Look နဲ့ သူတို့ပါပဲ။ ဒါကြောင့် တစ်သမတ်တည်း ပုံသေသတ်မှတ်ထားတာမရှိပေမယ့် ခေတ်နဲ့ အချိန်အခါနဲ့ လိုက်ပြီးတော့ စတိုင်လ်လေးတွေ ပြောင်းဖို့လိုပါတယ်။
Dress . . .
၂၁ ရာစု ဖြစ်တဲ့အတွက်ကြောင့် ဝတ်စားဆင်ယင်မှုက ချန်လှပ်ထားလို့မရဘူး။ ကျွန်မကမော်ဒယ်လ်မို့လို့ အဝတ်အစားက အရေးကြီးတယ်လို့ ပြောတာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုတဲ့ ဆိုရိုးရှိပြီးဖြစ်ပါတယ်။ ဒီခရီးနဲ့ ဒီထီး၊ ဒီလမ်းနဲ့ ဒီပန်း၊ ဒီအရပ်နဲ့ ဒီဖိနပ်ဆိုတာ ကာရန်ညီရုံတင်မကဘဲနဲ့ ဖက်ရှင်အတွေးအခေါ်လေးတစ်ခုကိုပါ ရစေတာပါ။ ကမ္ဘာတစ်လွှား ကျော်ကြားပြီးထင်ရှားတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတွေ၊ ဘီလီယံနာအမျိုးသမီးတွေဆိုရင် တချို့ကလည်း သူတို့ရဲ့စတိုင်လ်တွေ၊ သူတို့ရဲ့ Dress တွေ သေသေချာချာလေးစဉ်းစားတယ်။ ဘယ်လိုစဉ်းစားထားလဲ။ လုံးဝအလုပ်မရှုပ်တဲ့စတိုင်လ်ပါ။
တီရှပ်အပေါ်က ကုတ်အင်္ကျီအပွဝတ်ထားလိုက်မယ်။ ဘောင်းဘီအပွကိုဝတ်ပြီး Lady Shoe ဒေါက်ချွန်မဟုတ်တဲ့ဟာ အမြဲစီးတဲ့၊ ဆံပင်အတိုပဲ အမြဲတမ်းညှပ်ထားတဲ့ ဥရောပစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ဆိုရင် ပုံမှန်တစ်နေ့ကို ၁၆ နာရီအထက် အလုပ်လုပ်တာဖြစ်တဲ့အတွက် အဝတ်အစားရွေးချယ်ဖို့ လုံးဝအချိန်မပေးနိုင်ဘူးလို့ ပြောထားတာ ကျွန်မဖတ်ဖူးပါတယ်။
Dress နဲ့ပတ်သက်လို့ရှိရင် ကျွန်မ ဖက်ရှင်သမားတစ်ယောက်အနေနဲ့ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ၂၁ ရာစု လူမှုဘ၀ Lifestyle ထဲမှာ ရှင်သန်တဲ့ စီးပွားရေးလောကထဲက လူတစ်ယောက်အနေနဲ့ပြောမယ်ဆိုရင် Dress ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကို၊ အလုပ်ခန့်မယ့်သူတွေကို အင်တာဗျူးမယ့် HR Manager တစ်ယောက်၊ ဒါမှမဟုတ် ကိုယ်က Marketing သွားမှာမို့လို့ ရိုးရိုးစက်ရုံကို သွားမှာလား၊ ကုမ္ပဏီအကြီးကိုသွားမှာလား၊ ကုမ္ပဏီအသေးကို သွားမှာလား၊ ကိုယ်နဲ့တွေ့ရမယ့်သူရဲ့ Position ၊ Rank တွေကြည့်ပြီး ဝတ်သွားဖို့ လိုပါတယ်။ အဓိကအားဖြင့် သက်သောင့်သက်သာဖြစ်ပြီး စမတ်ကျတဲ့၊ ကောင်းမွန်တဲ့ပုံရိပ်တစ်ခုကိုပေးနေတဲ့ Dress က အင်မတန်ကောင်းပါတယ်။
ကျွန်မတို့တွေ Dress တစ်ခုကို တက်လာတိုင်း၊ Income တစ်ခုထပ်တိုးလာတိုင်း၊ Salary တွေ ထပ်မြှင့်လာတိုင်း၊ လစာနဲ့ဝင်ငွေ Facility ထပ်မြှင့်လာတိုင်း ကျွန်မတို့ရဲ့ Look တွေကိုလည်းပဲ ပိုပြီးတော့ အမြင်ကောင်းအောင်၊ ကြည့်ကောင်းအောင်၊ ရုပ်ပြကောင်းအောင် လုပ်ဖို့လိုပါတယ်။
ကျွန်မဖက်ရှင်ကို စိတ်ဝင်စားရမယ်လို့ တအားမတိုက်တွန်းပါဘူး။ ကိုယ့်လုပ်ငန်းခွင်ပုံရိပ်အတွက် Dress ကလည်း အရေးပါတဲ့ ရာခိုင်နှုန်းအချို့အနေနဲ့ပတ်သက်နေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အဝတ်ဗီရိုကို ပြန်လည်ပြင်ဆင်ပါ။ ဘယ်အချိန်မှာ ဘာမှစဉ်းစားလို့မရရင် ဒါပဲယူဝတ်လိုက်မယ်ဆိုပြီး ဝတ်လို့ရမယ့်အဝတ်အစား ဆယ်စုံလောက်တော့ ပြင်ထားပါလို့ အကြံဉာဏ်ပေးချင်ပါတယ်။ ကိုယ့်ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ စဉ်းစားရမှာပါ။
Hygiene . . .
ကျွန်မတို့အနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဘယ်လိုထိန်းရမယ်ဆိုတာ နေ့စဉ်မြင်တွေ့နေကျ ကြော်ငြာတွေကို ကြည့်ရင်းကပဲ သိနေပြီးသားဖြစ်နေကြပါပြီ။ ဒါကြောင့် သိပ်ပြောနေစရာမလိုတော့ပါဘူး။ ဒါပေမဲ့လည်း ကိုယ်တစ်နေ့ကို ရှစ်နာရီအလုပ်လုပ်မယ်ဆိုရင် ရှစ်နာရီလုံးလုံး Clean ဖြစ်နေအောင်၊ တကယ်ကို တစ်ကိုယ်ရေသန့်ရှင်းမှုရှိနေအောင် ထိန်းထားဖို့လိုတဲ့ အတွေးအမြင်လေးတစ်ခုရှိဖို့ လိုပါတယ်။ တကယ်လို့ ၁၁ နာရီလောက် အလုပ်လုပ်မယ်ဆိုရင် ခြောက်နာရီလောက်ကြာသွားရင် တစ်ခါဘယ်လိုပြန်ပြီး ကိုယ့်ကိုယ်ကိုယ် Clean လုပ်ရမလဲဆိုတာ သိဖို့လိုပါတယ်။ အခုခေတ်မှာ ရာသီဥတုကလည်း ဖောက်ပြန်တော့ အနံ့အသက်ကလေးတွေက ထွက်တတ်ပါတယ်။ တစ်ခါတလေကျရင် ကိုယ်ဝတ်ထားတဲ့ အင်္ကျီရဲ့အသားတွေကြောင့် ချွေးနံ့ထွက်တတ်တာရှိပါတယ်။ ဘယ်လိုပဲ ကျွန်မတို့ မွှေးကြိုင်လန်းဆန်းတာတွေသုံးသုံး အနံ့အသက်ကိုတော့ ငြင်းပယ်လို့မရပါဘူး။ ဒါပေမဲ့ ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုလေးပြန် Clean လုပ်မလဲစဉ်းစားရပါမယ်။
ကျွန်မတို့ရဲ့ ပိုက်ဆံအိတ်တွေထဲမှာ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ငုံဆေး၊ ဖြန်းဆေး၊ သွားကြားထိုးတံ၊ ပလုတ်ကျင်းဆေးရည်လေးတွေ ဒါတွေက ခံတွင်းနံ့နဲ့ ပတ်သက်လို့ ရှိနေသင့်ပါတယ်။ ချိုင်းချွေးနံ့နဲ့ပတ်သက်လို့ နွေရာသီမှာ ခဏခဏချွေးထွက်တတ်တယ်ဆိုရင် ချွေးပြန်တိတ်သွားရင်တောင်မှ အနံ့ကျန်ခဲ့တယ်ဆိုရင် Deod-orant ပုလင်းအသေးစားထည့်ထားတာမျိုး၊ ရေမွှေးပုလင်း၊ Lotion လေးတွေ ထည့်ထားပေါ့။
တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ပတ်သက်လို့တော့ အများကြီးမပြောချင်ပေမယ့် တကယ်လို့များ ကိုယ့်ဘတ်ဂျက်လေး နည်းနည်းပိုလာပြီဆိုရင်တော့ Fragrance, Body Spray တို့၊ ရေမွှေးလေးတွေ နည်းနည်းလေးစမ်းပြီးတော့ သုံးကြည့်ဖို့ အကြံဉာဏ်ပေးချင်ပါတယ်။
Manner . . .
Manner နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင် အရင်ဆုံး Pay Respect က စပြောချင်ပါတယ်။ ကျွန်မအနေနဲ့ ဟောပြောဖို့ ရောက်ရှိလာတာဆိုပေမယ့်လည်း ပရိသတ်ကို ကျွန်မ Respect အမြဲတမ်းပေးချင်ပါတယ်။ ပရိသတ်က လာနားထောင်လို့ ကျွန်မတို့က ပြောခွင့်ရတာဖြစ်ပါတယ်။ ဒါကြောင့် စင်ပေါ်တက်တဲ့အချိန်မှာ တစ်ကြိမ်၊ နှုတ်ဆက်ပြီးတော့ တစ်ကြိမ်၊ နှစ်ကြိမ် ကျွန်မခေါင်းလေးငုံ့ပါတယ်။ ခေါင်းငုံ့တာဟာ လက်မြှောက်အရှုံးပေးတာ၊ ဦးညွှတ်လိုက်တယ် ဒီလိုမျိုးတွက်တာမဟုတ်ပါဘူး။ ပရိသတ်ကိုကျတော့ ကျေးဇူးတင်တာပါ။ လူကြီးမင်းတွေကိုကျတော့ ကျွန်မဂါရဝပြုတာဖြစ်ပါတယ်။ ခေါင်းလေးငုံ့၊ လက်လေးနောက်ပစ်ပြီး ခါးလေးချိုးအရိုအသေပေးတာက အလွန်ကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးထဲက Manner တစ်ခုဖြစ်ပါတယ်။
ကျွန်မ Step လေးသုံးမျိုးနဲ့ ပြပေးပါမယ်။ Step One ကတော့ ခေါင်းနည်းနည်းညွှတ်လိုက်တာဖြစ်ပါတယ်။ Step Two ကတော့ သုံးဆယ်ဒီဂရီချိုးတာဖြစ်ပါတယ်။ Step Three ကတော့ လေးဆယ်ဒီဂရီလောက်ထိ ချိုးလိုက်တာ ဖြစ်ပါတယ်။ လက်အနေအထားကလည်း သုံးမျိုးနေလို့ ရပါတယ်။
Informing that you are here : ထိုင်တာ၊ ထတာ၊ တံခါးခေါက်တာကအစ စတိုင်လ်ရှိပါတယ်။ မတိုးမကျယ်၊ မနှေးမမြန် သုံးချက်ခေါက်တာဟာ အလွန်အဆင်ပြေတဲ့ တံခါးခေါက်တဲ့စတိုင်လ်ဖြစ်ပါတယ်။ တချို့တွေက ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း၊ လောနေပြာနေတဲ့အတိုင်း ခေါက်တတ်ပါတယ်။ (ကိုယ်ရောက်နေကြောင်း အသိပေးချင်တဲ့ကိုယ့်ရဲ့အထက်လူကြီး) အခန်းထဲမှာရှိနေတဲ့ လူကြီးတွေအနေနဲ့ နေရထိုင်ရတာ အဆင်မပြေဖြစ်တတ်တဲ့ တံခါးခေါက်သံမျိုးဖြစ်ပါတယ်။
Handshake : လုပ်ငန်းခွင်မှာ လက်ဆွဲနှုတ်ဆက်တာ ခင်မင်မှုနဲ့ မိတ်ဆွေတံတားခင်းတာဖြစ်တဲ့အတွက် အလွန်ကြည့်ကောင်းတဲ့ Manner ဖြစ်တဲ့အပြင် အလွန်ခံစားလို့ကောင်းတဲ့ Manner လည်းဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးဆိုရင် အမျိုးသားက လက်စပေးရတာ ဖြစ်ပါ တယ်။ များသောအားဖြင့် Lady First ဆိုလို့ အမျိုးသမီးက လက်စပေးရတယ်ထင်နေကြတာပါ။ ဒါပေမဲ့ အမျိုးသားက လက်စပေးရတာဖြစ်ပါတယ်။
Clapping : Talk Show တွေ၊ ဟောပြောပွဲတွေ၊ တခြားကိစ္စတွေ၊ Ceremony ပဲဖြစ်ဖြစ်၊ Celebration ပဲ ဖြစ်ဖြစ်၊ Event ပဲဖြစ်ဖြစ်၊ Wedding ပဲဖြစ်ဖြစ် ဒီလိုလူစုလူဝေးနဲ့ အခမ်းအနားလုပ်တယ်ဆို စင်ပေါ်မှာရှိတဲ့သူ တစ်ယောက်ယောက်က ဂုဏ်ပြုခံဖို့ တက်ရောက်လာတဲ့အခါ တီးပေးရတဲ့ လက်ခုပ်သံဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ Skill အရဆိုရင်တော့ လက်ခုပ်တီးတာ ကျယ်လည်းကျယ်ရမယ်။ အသံလည်းမြည်ရမယ်။
နောက်ပြီးတော့ ခြောက်ချက်နဲ့အထက် တီးရမှာဖြစ်ပါတယ်။ တီးနေတဲ့အချိန်မှာ မျက်နှာလေးတွေ ရယ်ပြုံးပြီးတော့ စိတ်ပါလက်ပါ၊ အားပါပါနဲ့ တီးရတာဖြစ်ပါတယ်။
Excuse Me : အချင်းချင်း စကားစမြည်ပြောဆိုနေရင်းနဲ့ နှာချေတဲ့အခါ သတိထားရမှာ ရှိပါတယ်။ ကျွန်မတို့ များသောအားဖြင့် Excuse Me ပြောမယ့်အစား Sorry ပဲ ပြောလိုက်တယ်။ ကျွန်မတို့ နှာချေတဲ့အခါ ပါးစပ်ကနေ အသံ၊ တံတွေးမှုန်တွေပါ ထွက်ပြီးတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို Annoy စေပါတယ်။ ဒါကြောင့် ကိုယ်က ကိုယ့်ဘေးဝန်းကျင်က လူကိုမထိခိုက်စေလိုတဲ့သဘော၊ တောင်းပန်တဲ့သဘောလေးနဲ့ Excuse Me လို့ ပြောရပါမယ်။
Phone : များသောအားဖြင့်တော့ ပွဲလမ်းသဘင်အခမ်းအနားတွေ ဖုန်းတွေကို Silent ၊ ဒါမှမဟုတ် Vibration Mode ပြောင်းထားပေးရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အာရုံနဲ့ ကိုယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူမှုပတ်ဝန်းကျင်ထဲမှာ တစ်ခါတလေ မေ့လျော့တာလည်း ရှိမှာပါ။ လူကြားထဲမှာ ဖုန်းလာပြီဆိုရင် ဖုန်းကိုရှာရတာ တစ်မျိုး၊ စကားပြောရတာတစ်မျိုးနဲ့ ပထမဆုံးပြောတာ တိုးတိုးလေးပြောတာ၊ ဒါပေမဲ့ ကိုယ်တိုင်သတိမထားမိလိုက်ဘဲ အသံအကျယ်ကြီးထွက်သွားလို့ ဘေးကလူတွေ ဝိုင်းကြည့်ခံရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် သတိထားရပါမယ်။
Buffet Etiquette : ကျွန်မတို့လုပ်ငန်းခွင်ထဲမှာ စားသောက်ပွဲတွေနဲ့ ကြုံလာပြီဆိုရင် များသောအားဖြင့်ကတော့ Menu ကို Set Menu ပေးထားရင် ပြဿနာမရှိပါဘူး။ အတူတူထိုင်ကြမယ်။ ပြီးတော့ တစ်ယောက်က အိုခေ၊ စားလိုက်ကြရအောင်လို့ပြောရင် အတူတူ စစားရုံပါပဲ။ ဒါပေမဲ့ ဘူဖေးဆိုရင်တော့ ကိုယ်တိုင်ယူစနစ်လို့ မဖြစ်မနေ တန်းစီရပါတယ်။ ဘူဖေးက ဟင်းလျာတွေ အများကြီးခင်းကျင်းထားတဲ့အတွက် စုံအောင်စားမယ်ဆိုရင်တော့ အတုံးအရေအတွက် နည်းနည်းလျှော့စားရမှာ ဖြစ်ပါတယ်။ စားတဲ့အခါမှာ ဇွန်း၊ ခရင်းသံမထွက်ရတာ အားလုံးသိပေမယ့် သာသာယာယာလေး လှီး၊ ညင်ညင်သာသာလေးယူ၊ ညင်ညင်သာသာလေး ပါးစပ်ထဲကို ထည့်ပြီးတော့၊ ပါးစပ်ပိတ်ပြီးတော့ ဝါးတာဟာ အမှန်ကန်ဆုံး ဖြစ်ပါတယ်။ တစ်ယောက်ယောက်က စကားပြောမယ်ဆိုရင်တောင် အရင်မျိုချ၊ ရေသောက်ပြီးတော့မှ တစ်ဖက်ကလူကို စကားပြောတာ ပိုကောင်းပါတယ်။ ဒါကတော့ မှန်ကန်တဲ့ ဘူဖေးစားနည်း ဖြစ်ပါတယ်။
Coffee : Coffee မွှေတယ်ဆိုရင် ကော်ဖီခွက်ကိုမပါ၊ ညာဘက်က ဇွန်းပါ။ အသံလေးမထွက်အောင်မွှေပါ။ မွှေနေရင်းနဲ့လည်း ဘေးကိုကြည့်ပြီးတော့ စကားစမြည်ပြောလို့ ရပါတယ်။ ကော်ဖီမွှေတော့လည်း 8 Twist အင်္ဂလိပ် ဂဏန်း ၈ ကလေးကို ရေထဲမှာပုံဆွဲပြီး မွှေပါတယ်။ အဲဒီလိုလေးစတိုင်လ်ကျ ကျမွှေရင်းနဲ့ ဘေးဘီကို စကားလှည့်ပြောလို့ရပါတယ်။ ဝတ်ထား၊ စားထားတာနဲ့၊ အပြုအမူ မှန်ကန်တာလေးတွေက အလွန်ပဲကြည့်လို့ကောင်းပါတယ်။
Smile : အပြုံးဆိုတာ ဘာသာစကားဖြစ်တဲ့အတွက် ပြုံးတတ်ဖို့လည်းလိုသလို ခဏခဏပြုံးပေးဖို့လည်း လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ကျွန်မတို့ရာထူးကြီးလာလေ၊ အလုပ်များလာလေ၊ Stress များလာလေ၊ မျက်နှာကြောတည်လာလေဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့အတွက်လည်း မကောင်းသလို ဘေးလူတွေအတွက်လည်း မကောင်းပါဘူး။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်ရော၊ ကိုယ့်ရဲ့ Clients ၊ Customers တွေအတွက်ရော၊ ကိုယ့်ရဲ့စီနီယာတွေ မြင်သွားရင်လည်း သူတို့ကအလုပ်ခိုင်းထားလို့ ဆောင့်အောင့်နေပြီဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီတော့ ကျွန်မတို့က ကြည်လင်တဲ့အသွင်သဏ္ဌာန်နဲ့ ပြုံးတဲ့ပုံရိပ်လေးကို မကြာမကြာ ဖန်တီးပေးဖို့လိုပါတယ်။ တကယ်ကို ပြည့်ပြည့်၀၀ Standard မီအောင် ပြုံးမယ်ဆိုရင်တော့ ပြုံးအလှပိုင်ရှင်တစ်ယောက်အနေနဲ့ ပြောပြပါရစေ။ ပါးစပ်က ပစောက်ပုံလေးဖြစ်ဖို့ လိုပါတယ်။ ပြီးတော့ သွားကခြောက်ချောင်းပေါ်ဖို့ လိုပါတယ်။ ခြောက်စက္ကန့်လောက်ပြုံးရမှာ ဖြစ်ပါတယ်။ ဒီလိုပုံစံလေးတွေက လူကြားထဲမှာ ထင်ရှားပြီး Outstanding ဖြစ်တဲ့ ပုံစံလေးတွေဖြစ်ပါတယ်။ ဒါမျိုးလေးတွေက ကုမ္ပဏီအတွက်လည်း ဂုဏ်သိက္ခာတက်စေတဲ့ Manner လေးတွေ ဖြစ်ပါတယ်။ ကုပ်ကုပ်၊ ကုပ်ကုပ်လေးသွား၊ လွတ်တဲ့နေရာလေး ဝင်ထိုင်တာမျိုးထက် စမတ်ကျကျလေးသွားပြီးတော့ Manner လေးက Flexible ဖြစ်တယ်။ နောက်ပြီးတော့ ပြုံးပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမောရှိတယ်ဆိုတော့ အင်မတန်ကောင်းပါတယ်။
Exchanging Visiting Card : Visiting Card တွေကို ပေးတဲ့အခါမှာ ယူတဲ့သူကလည်း လိုလိုလားလားယူတတ်ဖို့ လိုသလိုပေးတဲ့သူကလည်း တကယ်ကို နှစ်နှစ်ကာကာ ပေးဖို့လိုပါတယ်။ လက်နှစ်ဖက်နဲ့ပေးပါတယ်။ တစ်ပေခွဲ အကွာကနေပြီးတော့ သူ့ကတ်၊ ကိုယ့်ကတ်လဲလှယ်တဲ့အခါမှာ ကတ်လေးကိုယူ၊ ပြုံးပြုံးလေးနဲ့ကြည့်ပြီးတော့မှ အထာကျတဲ့နေရာမှာ သိမ်းရမှာဖြစ်ပါတယ်။
သိမ်းနည်းလေးကိုလည်း တစ်ဆက်တည်း Tip လေးပေးလိုက်ပါရစေ။ အမျိုးသားတွေက ခန္ဓာကိုယ်အပေါ်ပိုင်းမှာ သိမ်းလို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းမှာ သိမ်းလို့မရပါဘူး။ မရဘူးဆိုပေမယ့် ပြစ်မှုတော့မမြောက်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ Manner အနေနဲ့ဆိုရင် ခန္ဓာကိုယ်အပေါ်ပိုင်းလေးကပိုပြီး စတိုင်ကျပါတယ်။ အမျိုး သမီးတွေအနေနဲ့ကတော့ ခန္ဓာကိုယ်ပေါ်မှာ လုံးဝမသိမ်းတာကောင်းပါတယ်။ ဘယ်လောက်ပဲ အိတ်တွေအများကြီးပါတဲ့ အင်္ကျီဝတ်ထားစေကာမူ ကျွန်မတို့ခန္ဓာကိုယ်ပေါ်မှာ သိမ်းတာမကောင်းပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကို လိုက်ရှာနေရတာကိုက နည်းနည်းလေးတစ်မျိုးဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေကတော့ ကိုယ့်ရဲ့ Wallet ၊ ဒါမှမဟုတ် ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်ရဲ့ ဇစ်ဖွင့်လိုက်ပြီးတော့ အထာကျတဲ့နေရာ၊ သေချာတဲ့နေရာလေးမှာ သိမ်းတာကောင်းပါတယ်။
Activity . . .
ကျွန်မတို့ရဲ့ လုပ်ငန်းပတ်ဝန်းကျင်ထဲမှာ Leading Role ကိုရောက်နေတဲ့၊ ရောက်ဖို့အလားအလာရှိတဲ့သူတွေရဲ့ Activity တွေကို နောက်ထပ်စီနီယာ၊ နောက်ထပ်ဂျူနီယာတွေက စောင့်ကြည့်နေကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Activity လေးတွေကိုလည်း ယနေ့ခေတ်မှာ နည်းနည်းလေးပိုပြီးတော့ ပြန်သုံးသပ်ဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားရှိတာမျိုးလေး၊ ပေါင်းသင်းဆက်ဆံမှုရှိတာလေးတွေ၊ Day Out ၊ Night Out ၊ Vacation ထွက် တာလေးတွေကအစ Social Activity လေးတွေ၊ Networking မှာ တွေ့ဆုံကြတာလေးတွေ Charity ၊ Social Responsibility လုပ်တာလေးတွေ၊ Facebook မှာ တာဝန်သိတဲ့၊ တာဝန်ရှိတဲ့၊ မှန်ကန်တဲ့ အရေးအသားလေးတွေ ရေးသားပြီးတော့ ကူညီအားပေးတာမျိုးလေးတွေကအစပေါ့။ Activity ဆိုတာက ကျွန်မတို့ကိုယ်တိုင်လည်း သတိထားတဲ့ကဏ္ဍလေးဖြစ်ပါတယ်။
Impression . . .
လူသားတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းပတ်ဝန်းကျင်ထဲက ဦးဆောင်နေတဲ့သူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေထဲက မိတ်ဆွေသူငယ်ချင်းကောင်းတစ်ယောက်ပဲဖြစ်ဖြစ်၊ ကျွန်မတို့မှာ Impression လိုပါတယ်။ အဲဒီ Impression တွေထဲမှာမှ အားလုံးလည်းသိကြပြီး ကျွန်မတို့အမြဲတမ်းပြောနေတဲ့ Impression ကတော့ First Impression ဖြစ်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေ သွားတာပဲဖြစ်စေ၊ အစည်းအဝေးပွဲတွေ တက်တာပဲဖြစ်စေ၊ အခုလိုအခမ်းအနားတွေ တက်တာပဲဖြစ်စေ၊ ကိုယ့်ရဲ့ Impression ကို တည်ဆောက်ရပါတယ်။ အဲဒီတော့ First Impression ကလည်း ကျွန်မတို့အတွက် အင်မတန်အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့လောကမှာတော့ First Impression လို့ပြောရင် ၁၅ စက္ကန့်ပဲ အချိန်ရပါတယ်။
တကယ့်တကယ်တော့ ဒီလောက်နဲ့ ဘဝတစ်ဘဝလုံးကို သုံးသပ်လို့မရတာတော့ မှန်ပါတယ်။ တချို့က မျက်နှာထားတည်ပြီးတော့ တကယ်စကားပြောကြည့်တဲ့အခါမှာ တစ်သက်လုံးမေ့မရအောင် သတိရနေတဲ့သူမျိုးတွေ ရှိပါတယ်။ တချို့ကတော့ အင်မတန်ချိုချိုသာသာရှိပေမယ့် သူ့ရဲ့အပြုအမူတစ်ချက်က တစ်သက်လုံး မှတ်မိနေရလောက်အောင်ဖြစ်ကျန်ခဲ့တာမျိုးလည်းရှိတတ်ပါတယ်။ ဒါကြောင့် တစ်သက်လုံးစာကို ၁၅ စက္ကန့်နဲ့တွက်လို့မရပေမယ့် အခုလက်ရှိအခြေအနေအတွင်းမှာတော့ ဘယ်သူ့ကို Pick လုပ်မလဲ၊ ဘယ်သူ့ကို ရွေးချယ်မလဲ၊ ဘယ်သူ့ကို Approach လုပ်မလဲဆိုတာကို ၁၅ စက္ကန့်နဲ့ ကျွန်မတို့က သတ်မှတ်ရပါတယ်။ ဒါကြောင့်မို့လို့ Impression နဲ့ ပတ်သက်လို့ရှိရင် တခြားသူတစ်ယောက်က ကိုယ့်ကိုအထင်အမြင်သေးတာမျိုး မဖြစ်ရအောင် ကိုယ့်အပြုအမူ၊ အပြောအဆို၊ ဝတ်စားဆင်ယင်မှုစသဖြင့် အစစအရာရာ ဂရုစိုက်ရပါတယ်။
Social Media Impression . . .
Public Figure ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ့်ရဲ့အသိုင်းအဝိုင်းက ကိုယ့်ကို Impression တစ်ခုနဲ့ Respect ရှိနေတာကို ကြိုးစားစေချင်ပါတယ်။
Impression နဲ့ပတ်သက်လို့ပြောရင် အမြင်အားဖြင့်ရော၊ ပေါင်းသင်းဆက်ဆံမှုအားဖြင့်ရော၊ Impression ရှိတဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါပေမဲ့ Facebook ပေါ်က အရေးအသားတွေကိုကြည့်လိုက်ရင် Impression တွေ နည်းနည်းသွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းညွှန်းတဲ့၊ ကိုယ့်ကိုယ်ကိုယ် လူတွေအလွန်သနားသွားစေမယ့်၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်၊ ပုံဖော်တဲ့ အရေးအသားမျိုးတွေထက် ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးတော့မှ ကိုယ့်ရဲ့လုပ်ငန်းခွင်ပေါ်မှာ ကိုယ်ကြိုးစားနေတဲ့ပုံစံကို ကိုယ့်ရဲ့အလုပ်ရှင်ရော၊ လုပ်ဖော်ကိုင်ဖက်တွေပါ Impression ဖြစ်စေမယ့် အရေးအသားမျိုးဆို ပိုကောင်းမယ်လို့ ထင်ပါတယ်။ Personality နဲ့ Ability နှစ်ခု ပေါင်းလိုက်တဲ့အခါမှာ ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ ကိုယ်တွင်းစွမ်းရည်တွေ ပေါင်းလိုက်တဲ့အခါမှာ အကောင်းဆုံးအနေအထား၊ အမှတ်အမြင့်ဆုံးအနေအထား၊ အလားအလာအမြင့်ဆုံးအနေအထားတွေမှာရှိရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Ability . . .
Personality တွေတအားကောင်းပါတယ်ဆိုတဲ့လူတစ်ယောက်ဟာ ကိုယ်တွင်းစွမ်းရည်ဆိုတဲ့ Ability တွေလည်း ရှိဖို့လိုအပ်ပါတယ်။ တော်တော်များများကတော့ Ability ရှိကြပါတယ်။ စွမ်းဆောင်ရည်ထဲမှာမှ Quality အရည်အသွေးပြည့်မီမှုနဲ့ Qualify ဖြစ်တာနဲ့ Smart ပါးနပ်လိမ္မာမှုနဲ့ Power ကိုယ့်ရဲ့ စွမ်းအားကြီးမားမှုတို့ ပါဝင်ပါတယ်။ Manager တွေ တော်တော်များများ Qualify ဖြစ်ပါတယ်။
ကျွန်မရဲ့ကုမ္ပဏီက Manager လည်း Qualify ဖြစ်ပါတယ်။ သက်တမ်းလည်းကြာပြီ။ ဒါပေမဲ့ အများစုကို ကြည့်လိုက်တဲ့အခါမှာ ကျွန်မရဲ့တပည့်လူငယ်တွေထဲက တချို့က Smart ဖြစ်တာတော့ နည်းနည်းလေး လိုပါသေးတယ်။ နည်းနည်းလေးဒီထပ်ပိုပြီး ပါးနပ်လိမ္မာမယ်ဆိုရင် သူတို့ကို ကျွန်မတို့စောင့်ကြည့်နေရတဲ့အခါမှာ အချိန်တိုင်းက အမှတ်တွေ တိုးစရာဖြစ်သွားနိုင်ပါတယ်။
Power . . .
ဘယ်လောက်ပဲ အလုပ်တွေများများ၊ ကုမ္ပဏီရဲ့တာဝန်တွေ ဘယ်လောက်ပဲကြီးမားတဲ့အနေအထားနေပြီးတော့ ဖြစ်နေစေကာမူ ကိုယ့်ကိုယ်ကိုယ်ထပ်သွေးနေဖို့၊ Power လေးတင်ဖို့ အကြံဉာဏ်ပေးချင်ပါတယ်။ အဲဒါကတော့ အလုပ်တစ်ဖက်နဲ့ နောက်ထပ် Learning တွေ၊ Study တွေ ထပ်လုပ်တာဖြစ်ပါတယ်။ ဘွဲ့လွန်၊ Certificate တွေ၊ လက်မှတ်ရတာတွေ တစ်ခုခုပေါ့။ ရက်တို၊ ရက်ရှည်၊ နှစ်ရှည် သင်တန်း၊ ဘွဲ့တွေထပ်ယူဖို့ အကြံဉာဏ်ပေးချင်ပါတယ်။ ဒါတွေက ကျွန်မတို့ကို စာဖတ်ခြင်း၊ လေ့လာခြင်းနဲ့ အသိပညာ၊ အတတ်ပညာကို ထပ်မံသင်ကြားခြင်းဟာ Power တွေ အများကြီးဖြစ်စေပါတယ်။
Power ရှိဖို့လိုသလို စိတ်ကျန်းမာဖို့လည်း လိုပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကိုလည်း ကြံ့ခိုင်အောင်လေ့ကျင့်ရတယ်။ အစာအာဟာရ၊ ဆေးဝါးဓာတ်စာ သင့်တင့်မျှတအောင်လည်းစားပြီး Relaxation ဆိုတဲ့ နားနေမှုတွေလည်း လုပ်ရတယ်။ ကျွန်မတို့ရဲ့ဦးနှောက်ကို ကြည်သွားအောင် စာဖတ်ခြင်း၊ ခရီးထွက်ခြင်း၊ အားကစားလုပ်ခြင်း၊ ငယ်ရွယ်သူတွေနဲ့ စကားပြောခြင်း၊ အရွယ်တူတွေနဲ့ စကားပြောခြင်း၊ ကြီးသောသူတွေနဲ့ အနီးကပ်ပညာယူခြင်း၊ ဆည်းပူးခြင်းတွေကို ဆက်တိုက်လုပ်ဆောင်ပြီး Power တွေ တည်ဆောက်ရမှာဖြစ်ပါတယ်။
[caption id="attachment_30991" align="alignnone" width="370"]Managing Director
Nielsen MMRD[/caption]
အလုပ်ခွင်တွင် အောင်မြင်သော ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူများ
Personal Road Map . . .
လူငယ်တွေ၊ လူငယ်မန်နေဂျာတွေကို ပြောချင်တာက ကျွန်တော်တို့အလုပ်လုပ်လာတဲ့ သက်တမ်းလေးကို ပြန်စောင်းငဲ့ပြီးတော့ ကြည့်တာလည်းကောင်းတယ်။ ကျွန်တော်တို့က အလုပ်တစ်ခုလုပ်တယ်။ အထူးသဖြင့် အောင်မြင်တဲ့သူ ဖြစ်ချင်တဲ့အခါမှာ စူးစူးစိုက်စိုက်နဲ့ လုပ်လိုက်တာဟာ ကိုယ့်ရဲ့အသက်အရွယ်၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့အလုပ်ခွင်၊ ဒါတွေအားလုံးကို ကျွန်တော်တို့မေ့ပစ်လိုက်တယ်။ ကျွန်တော်တို့က လူသားတွေဖြစ်တယ်။ ကမ္ဘာမှာ လူသားရဲ့သက်တမ်းက ဘယ်လောက်ရှိသလဲ။ နောက်တစ်ခါ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ သက်တမ်းကဘယ်လောက်ရှိသလဲ။ ပြန်တွေးကြည့်ရအောင်။ ဘာကြောင့် ကျွန်တော်ပြန်တွေးစေချင်လဲဆိုရင် မသေဆေးစားထားသလိုမျိုး၊ နေ့စဉ်မိုးလင်းတဲ့အချိန်ကနေစပြီးတော့ မိုးချုပ်အိမ်ပြန်ရောက်တဲ့အချိန်အထိ အလုပ်၊ အလုပ်၊ အလုပ်၊ အောင်မြင်ရေး၊ အောင်မြင်ရေး၊ အောင်မြင်ရေးဆိုပြီး အော်နေတယ်ဆိုရင် ကိုယ့်မှာ Miss ဖြစ်သွားတာတွေ အများကြီးရှိလာမယ်။ နောင်တတွေ အများကြီးရှိလာမယ်။
မြန်မာကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့မြန်မာတွေရဲ့ သက်တမ်းက Statistically WHO ကနေထုတ်ထားတဲ့ လေ့လာချက်အရ ယောကျ်ားလေးက ၆၅ နှစ်လောက် ရှိမယ်၊ မိန်းကလေးက ၆၈-၆၉ လောက်ရှိမယ်ဆို မိန်းမတွေက ပိုပြီးတော့အသက်ရှည်တာပေါ့။ ကျွန်တော် အဓိကပြောချင်တဲ့ Message က ဘာလဲဆိုတော့ ကိုယ်အသက်ဘယ်လောက်အထိ အသက်ရှည်နိုင်မလဲ။ အလုပ်လုပ်တာလုပ်ပါ။ လုပ်စရာရှိတာတွေ အများကြီးလုပ်လို့ရတယ်။ သို့သော် ကိုယ့်ရဲ့သက်တမ်းက ဘယ်လောက်ရှိလဲ။ အဲဒီသက်တမ်းပေါ်မှာ ကိုယ်ဘာလုပ်ချင်သလဲဆိုတာလေး ကို ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်။ Road Map လေးတစ်ခု၊ အလုပ်မှာမှ တိုင်းပြည်မှာမှ မဟုတ်ပါဘူး။ Personal Road Map လေးတစ်ခုရှိဖို့ လိုပါတယ်။
ကျွန်တော်တို့ နေ့စဉ်အလုပ်နဲ့ပတ်သက်လို့၊ Personal ၊ Family ကိုယ်အောင်မြင်ချင်တဲ့အတွက် လုပ်ရတဲ့အလုပ်တွေ၊ Interest တွေက အများကြီးပါပဲ။ အဲဒါတွေထဲမှာမှ ကိုယ်ကဘာလုပ်ချင်တာလဲ။ ဘယ်အသက်အရွယ်၊ ဘယ်အချိန်မှာ ဘာဖြစ်ချင်တာလဲ။ လက်ရှိကိုယ့်အသက်အရွယ်က ဘာတွေဖြစ်ခဲ့ပြီးပြီလဲ၊ ဘာဖြစ်ချင်သလဲ။ အဲဒီဖြစ်ချင်တာကို အချိန်ဘယ်လောက်ယူမလဲ။ လလား၊ နှစ်လား။ ဒီလိုပိုင်းခြားပြီးတော့ ကျွန်တော်တို့သွားမယ်ဆိုရင်၊ Road Map လေးတစ်ခုဆွဲမယ်ဆိုရင် ကိုယ့်အတွက် ကိုယ်လိုချင်တဲ့အရာတစ်ခုချင်းကို ဆွဲယူသွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ Balance လေးတစ်ခုကို ရစေချင်ပါတယ်။
Investment & Return . . .
အလုပ်အကိုင်နဲ့ပတ်သက်ရင် ကျွန်တော်တို့က လူတစ်ယောက်ချင်းပဲ အလုပ်သမားအနေနဲ့လုပ်လုပ်၊ အလုပ်ရှင်အနေနဲ့ပဲလုပ်လုပ်၊ အချက်သုံးချက်ပေါ်မှာ အခြေခံပါတယ်။ တစ်က အချိန်ပါ။ ကျွန်တော်တို့ ကိုယ်လုပ်တဲ့အလုပ်အကိုင်၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် အချိန်ပေးရတယ်။ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေကတော့ ငွေရင်းနှီးမြှုပ်နှံမှု၊ လူရင်းနှီးမြှုပ်နှံမှုဆိုတာတွေပါ။ အဲဒါတွေထဲကနေ အခြေခံအားဖြင့် အနည်းဆုံးအချက်နှစ်ချက်ကတော့ ကျွန်တော်တို့ရင်းနှီးမြှုပ်နှံကြရတယ်။ တစ်က ကိုယ့်ရဲ့လုပ်အား၊ ကိုယ့်ရဲ့ ဉာဏအားပေါ်မှာ အခြေခံတဲ့သူ၊ ဒါမှမဟုတ် အချိန်။ တချို့က ငွေကို Invest လုပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့လို တိုင်းပြည်မျိုးဆိုရင် အချိန်၊ ငွေ၊ လူသုံးမျိုးကို လုပ်ငန်းရှင်အများစုက Invest လုပ်ကြရတာကို သတိထားမိတယ်။
ဉာဏအားတွေထဲမှာပဲ ကလေးတွေအနေနဲ့က ကျောင်းတက်တယ်။ ဘွဲ့တစ်ခုရတယ်။ ပြီးရင် ဘာလုပ်မလဲဆိုတာ တစ်ကပြန်စပြီး စဉ်းစားတယ်။ ပြီးရင် အလုပ်ခွင်ထဲကို ဝင်တယ်။ သင်တန်းတွေ တက်တယ်။ ဒီလိုပဲ သံသရာလည်လာတာမျိုးရှိတတ်ပါတယ်။
Private Sector ထဲမှာ အလုပ်ခွင်ဝင်ပြီဆိုရင် ဘာသာစကားနဲ့ပတ်သက်လို့ အခြေခံဘယ်လောက်အထိရှိသလဲ။ Digital ခေတ်ကို တဖြည်းဖြည်းရောက်လာတာနဲ့အမျှ Computer အခြေခံဘယ်လောက်သိထား၊ တတ်ထားသလဲ။ ကိုယ်လုပ်မယ့်အလုပ်နဲ့ပတ်သက်တဲ့ အခြေခံကျွမ်းကျင်မှု ဘယ်လောက်ရှိသလဲ။ ဒီအချက်သုံးချက်ပေါ်မှာ အခြေခံပြီးတော့ ရာထူး၊ လုပ်ခလစာတွေဖြစ်လာတာ ကျွန်တော်တို့သတိထားမိတယ်။
လူငယ်တွေအားလုံးက တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ဝင်ငွေကောင်းချင်တယ်။ အားလုံးက တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ အလုပ်တွေပိုပြီးကောင်းချင်တယ်။ ရာထူးတွေပိုပြီး တက်ချင်တယ်။ အဲဒီအချိန်တိုင်းမှာ ကျွန်တော်တို့ပြောဖြစ်တဲ့၊ မေးဖြစ်တဲ့ စကားတစ်ခွန်း ရှိတာက လက်ရှိဘာလုပ်နေလဲ၊ အရင်နှစ်ကလုပ်ခဲ့တာနဲ့ ဘာကွာသလဲ။ အရင်နှစ်ကလုပ်ခဲ့တာနဲ့ ဘာမှမကွာဘူး။ လုပ်နေတဲ့အလုပ်က အတူတူပဲဆိုရင် ဘယ်နေရာက တိုးတက်လာလာမှာလဲ။ ဘယ်နေရာကတိုးတက်လာသလဲဆိုတာကို စဉ်းစားနိုင်မှ ကျွန်တော်တို့ကို အလုပ်အပ်နေတဲ့သူတွေ၊ ဒါမှမဟုတ် ကျွန်တော်တို့ကို အလုပ်ခန့်ထားတဲ့သူတွေ၊ ကျွန်တော်တို့ကိုအလုပ်ပေးနေတဲ့သူတွေက ဒီလူတွေကို ဘယ်လောက်ပိုပေးမလဲဆိုတာ စဉ်းစားကြမှာပါ။
လူတော်တော်များများဟာ ကိုယ်တတ်ကျွမ်းတဲ့ အခြေခံတစ်ခုတည်းမှာပဲ မူတည်ပြီးတော့ ပိုပြီးတော့ ကျွမ်းကျင်အောင် ဘယ်လောက်လုပ်နိုင်လုပ်နိုင်၊ တစ်နေရာမှာ ဂိတ်ဆုံးတာရှိပါတယ်။ အထူးသဖြင့် လုပ်အားကိုအခြေခံတဲ့ အလုပ်တွေမှာဖြစ်ပါတယ်။ ကာယလုပ်အားကို အခြေခံတဲ့သူအများစုက ဂိတ်ဆုံးတာမြန်ပါတယ်။ ကွန်ပျူတာ စာစီစာရိုက်လုပ်တယ်။ ပထမတစ်နှစ်လုပ်လိုက်တယ်။ ဥပမာ-Word Per Minute နှစ်ဆယ်လောက်ပဲရတယ်။ နောက်တစ်နှစ်ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင်၊ တစ်မိနစ်ကို လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ်ထက် ပိုမကျော်သွားပါဘူး။ ဒီထက်ပိုပြီးတော့ဝင်ငွေကောင်းချင်တယ်။ ဒီထက်ပိုပြီးတိုးတက်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တာဝန်ယူနိုင်ရမယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ရဲ့ Team ကိုလည်း တာဝန်ရှိတဲ့သူ၊ တာဝန်ခံတဲ့သူဖြစ်မှ ကိုယ့်ရဲ့ဝင်ငွေ၊ လုပ်အားခတိုးလာမယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ဉာဏအားကို အခြေခံတဲ့အလုပ်တွေ ပိုပြီးပါလာတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ကျွမ်းကျင်ရုံတစ်ခုတည်း မဟုတ်တော့ဘဲနဲ့ စီမံခန့်ခွဲရေးနဲ့ ပတ်သက်တဲ့အလုပ်တွေ၊ ငွေရေးကြေးရေး စီမံခန့်ခွဲတဲ့အလုပ်တွေ၊ ဈေးကွက်ဆိုင်ရာ စီမံခန့်ခွဲတဲ့ အရောင်းပဲဖြစ်ဖြစ်၊ Marketing ပဲဖြစ်ဖြစ်၊ Brand နဲ့ပဲဖြစ်ဖြစ်၊ Distribution နဲ့ပဲဖြစ်ဖြစ်၊ ဒါတွေကို ပါဝင်ပတ်သက်ရတဲ့ကိစ္စတွေ၊ နည်းပညာပိုင်းဆိုင်ရာ သိနားလည်ဖို့ လိုအပ်တဲ့ကိစ္စတွေ အများကြီးရှိလာပါတယ်။ နောက်ဒီထက်တိုးတက်ဖို့ဆိုရင်တော့ ကိုယ့်ကျွမ်းကျင်မှုအပြင်ကို Stress ကို ခံနိုင်ဖို့လိုလာတယ်။ Stress ဒဏ်ခံနိုင်မှ Power တက်ပါမယ်။
Continuous Learning . . .
ကျွန်တော်တို့အမြဲတမ်း အကြံပြုတာက ၈၀-၂၀ နည်းကိုပါ။ ကိုယ်လုပ်နေတဲ့၊ ကျွမ်းကျင်တဲ့အလုပ်ကို ရာခိုင်နှုန်း ၈၀ လောက်လုပ်လို့ ရပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ သူများတွေဘာလုပ်နေသလဲ၊ တခြားကိုယ်ကျွမ်းကျင်ဖို့ ဘာလိုသလဲဆိုတာကိုစဉ်းစားရတာပါ။ ဒါကို စဖြည့်ဖို့လိုပါတယ်။ ကိုယ်ကျွမ်းကျင်ဖို့ လိုအပ်တာတွေကို တဖြည်းဖြည်းနဲ့ ပိုဖြည့်လာနိုင်တာနဲ့အမျှ ကိုယ်လုပ်နိုင်တာရဲ့ အပြင်ဘက်ကိုများများ ရောက်လာတယ်။ ကျွမ်းကျင်မှုတွေ များလာတယ်ဆိုရင် လုပ်ငန်းခွင်မှာလည်း တိုးတက်လာနိုင်ပါတယ်။ အလုပ်တစ်ခု လုပ်နေတဲ့အခါ အချိန်၊ လုပ်အား၊ ငွေအား စတဲ့သုံးမျိုးထဲမှာ ကိုယ့် Investment က ဘယ်နေရာမှာရှိသလဲ သိထားရပါမယ်။ မသိဘူး၊ ကိုယ်ဝင်ငွေတိုးဖို့ အခက်အခဲရှိလာတဲ့ သဘောပါ။
လူငယ်တွေ တိုးတက်ဖို့လို့ပြောတိုင်း သင်ယူဖို့ချည်းသက်သက်မဟုတ်ပါဘူး။ ဘယ်လိုသင်ယူမလဲဆိုတာ နောက် Issue တစ်ခုရှိပါတယ်။ လူငယ်တော်တော်များများက သင်တန်းတက်ကြတယ်။ ကျွန်တော်တို့ရုံးမှာဆိုလဲ လူငယ်ဆယ်ယောက်ရှိရင် ရှစ်ယောက်လောက်က သင်တန်းတက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်အမြဲတမ်းမေးဖြစ်တဲ့ စကားတစ်ခုက ကိုယ်တက်လိုက်တဲ့ သင်တန်း၊ ကိုယ်တက်မယ်လို့ စဉ်းစားလိုက်တဲ့ သင်တန်း၊ ဒါမှမဟုတ် အတွေ့အကြုံတစ်ခုဟာ ကိုယ့်ရဲ့ လက်ရှိလုပ်ငန်းကို အထောက်အကူပြုစေချင်တာလား။ ဒါမှမဟုတ် နောင်သွားမယ့် Career ကို အထောက်အကူဖြစ်စေချင်တာလား။ အဲဒီနှစ်ခုထဲက တစ်ခုခုမဟုတ်ဘူးဆိုရင် ဒီသင်တန်းဟာ အပျော်ဖြစ်သွားပြီ။ အပျော်ဖြစ်သွားပြီဆိုရင် ဝင်ငွေဖန်တီးဖို့ တော်တော်ခက်သွားပြီ။ အဲဒီတော့ အပျော်လုပ်လို့ မရတာမဟုတ်ဘူး။ ဒါပေမဲ့ အဆုံးတစ်နေ့မှာ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြုပ်နှံပြီးတော့ အချိန်၊ ကာယအင်အား၊ ဉာဏအင်အားနဲ့ အလုပ်လုပ်တော့မယ်ဆိုရင်၊ ဝင်ငွေအရင်းအမြစ်ကို တိုးချဲ့ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့အချိန်၊ သင်တန်းတွေပေါ်မှာ အာရုံစိုက်မှုတွေဟာ ဝင်ငွေကို ဖန်တီးနိုင်တဲ့၊ တိုးမြှင့်နိုင်တဲ့ သင်တန်းမျိုး၊ အတွေးအခေါ်မျိုးဖြစ်ဖို့ လိုပါတယ်။
သင်တန်းအကြောင်းပြောမယ်ဆိုရင် အများကြီးပါပဲ။ လူငယ်တိုင်းလိုလို သင်တန်းတစ်ခု မဟုတ်တစ်ခု၊ ကိုယ်တိုင်လိုချင်လို့ပဲဖြစ်ဖြစ်၊ ရုံးကတာဝန်ပေးလို့ပဲဖြစ်ဖြစ်၊ ဘဝမှာလိုအပ်တယ်လို့ ယူဆလို့ပဲဖြစ်ဖြစ် သင်တန်းတွေ အများကြီးတက်နေကြတာ သတိထားမိပါတယ်။ ဒီမှာကျွန်တော်ပြောချင်တာက ဘာလဲဆိုရင် ကျွန်တော်တို့ရဲ့ လူ့သက်တမ်း ၇၅ နှစ်ရှိတယ်ဆိုပါစို့။ လူငယ်တွေရဲ့ Average သက်တမ်းဟာ အစိတ်လောက်ရှိပြီဆိုပါစို့။ ကျွန်တော်တို့ဟာ လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံကို ကုန်ခဲ့ပြီဆိုတာကို လက်ခံဖို့လိုတယ်။ Acknowledge လုပ်ဖို့လိုပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကိုယ်က ဘယ်ဟာကို ဦးစားပေးမလဲ။ ဦးစားပေးရမယ့်အရာတွေကို ကျွန်တော်တို့ ဆွဲထုတ်တတ်ရမယ်။ အဲဒီထဲကမှ ကိုယ်သင်ယူတတ်မြောက်ရမယ့်ဟာတွေကို ရွေးချယ်သင်ယူဖို့လိုတယ်။ အားလုံးကို Aggressively လိုက်ပြီး လေ့လာတာ မကောင်းဘူး မဟုတ်ဘူး။ ကောင်းကောင်း ကောင်းပါလိမ့်မယ်။ ဒါပေမယ့် Priority မရှိဘူးဆိုလို့ရှိရင် ကိုယ့်အတွက် ရေရှည်နဲ့ရေတိုမှာ အကျိုးရဖို့ မြန်ဆန်မှု၊ နှေးကွေးမှုမှာကျတော့ စကားပြောလာနိုင်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးတက်စေဖို့ . . .
ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့၊ အပြုအမူကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်...
Positive Thinker ဖြစ်ဖို့လိုတယ်။
Clear Goal ရှိသင့်တယ်။ ကိုယ့်ရည်မှန်းချက်က ဘာလဲ ကိုယ်ကဘယ်ကိုသွားနေတာလဲဆိုတာ သိဖို့လိုတယ်။
Risk ယူသင့်တယ်။ ဘယ်လို Risk မျိုးလဲ၊ Calculated Risk ဖြစ်ရပါမယ်။ စွန့်စားရမယ်ဆိုပြီး မျက်စိမှိတ်စွန့်စားနေမယ်ဆိုရင် အကျိုးအပြစ်ကင်းမှာ မဟုတ်ပါဘူး။
Learn From Others - ကိုယ်တစ်ယောက်တည်း သိလို့မရပါဘူး။ ကိုယ်သိတာနဲ့မတူတဲ့ တခြားရှုထောင့်တွေလည်းရှိနိုင်ပါတယ်။
Real Relationship- တခါတလေကျရင် စာတွေအများကြီး သင်တာမကောင်းဘူးလို့ပြောရတာက စာထဲမှာပြောထားတဲ့ အချက်အလက်တွေအတိုင်းလိုက်ပြီး လုပ်ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာကျတော့ စိတ်ထဲက မပါဘူး။ စိတ်ထဲကပါတဲ့ Relationship မျိုး၊ စိတ်ထဲကပါတဲ့ အလုပ်မျိုးကို ကျွန်တော်တို့လုပ်နိုင်ဖို့လိုတယ်။
အချိန်ကိုလည်း Effectively ၊ Efficiently Manage လုပ်နိုင်ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ လူ့သက်တမ်းဟာ ဘယ်လောက်ရှိသလဲ၊ အဲဒီလူ့သက်တမ်းထဲမှာ ကျွန်တော်တို့က ဘယ်အချိန်မှာဘာ လုပ်ချင်လဲ၊ မိသားစုအတွက် ဘယ်လိုအချိန်ပေးမလဲ၊ ကိုယ်အောင်မြင်တိုးတက်ဖို့ ဘယ်လိုအချိန်ပေးမလဲ အစရှိတာတွေကို စဉ်းစားဖို့လိုပါတယ်။
ကိုယ်ရည်ကိုယ်သွေး၊ အပြုအမူတွေနဲ့ ပတ်သက်လို့ စဉ်းစားတဲ့အချိန်မှာ ကျွန်တော်တို့ကုမ္ပဏီမှာ လက်ရှိ Value တစ်ခုအနေနဲ့ ကျင့်သုံးနေတဲ့တာလေးတွေကိုလည်း Share လုပ်ချင်ပါတယ်။
Open : ပထမဦးဆုံးက ဘာလဲဆိုတော့ Open ပါ။ Open လို့ပြောတဲ့အချိန်မှာ အဓိကက Openminded - စိတ်ကို ဖွင့်ထားနိုင်မှ ပွင့်ပွင့်လင်းလင်းရှိတဲ့ စိတ်ဓာတ်မျိုးရှိနိုင်မှာ။ ကိုယ်က သူများတွေ ပွင့်ပွင့်လင်းလင်း ဆက်ဆံတာကို လိုချင်တယ်။ ကိုယ်ကတော့ မပွင့်လင်းဘူးဆိုရင်ဖြစ်မလားဆိုတဲ့အချက်ကို ပြန်ပြီးတော့ တွေးစေချင်ပါတယ်။ ပထမဦးဆုံး ဘာကြောင့်စိတ်ကို ဖွင့်ထားဖို့၊ Openminded ဖြစ်ဖို့ လိုသလဲဆိုရင် အဲဒီလိုတံခါးဖွင့်ထားမှ သူများရဲ့အမြင်၊ သူများရဲ့ Idea တွေကိုလဲ ကိုယ်က လက်ခံနိုင်မယ်။ စိတ်တံခါးဖွင့်ထားပါလို့ ပြောတဲ့အချိန်မှာ ကိုယ့်ဘက်က ပွင့်လင်းတာ၊ ဖော်ရွေတာတစ်ခုတည်းမဟုတ်ဘူး။ တကယ့်ကိုယ့်စိတ်ထဲမှာလည်း သူများရဲ့အတွေး၊ သူများရဲ့အမြင်တွေကို လက်ခံနိုင်တဲ့ စိတ်တံခါးကို ဖွင့်ထားဖို့လိုတယ်။
Connected : နောက်တစ်ခုဘာလဲဆိုရင် Integrated (Connected) လုပ်ငန်းခွင်ထဲ အလုပ်လုပ်တဲ့အချိန်မှာ အပြန်အလှန် ပူးပေါင်းဖို့၊ ချိတ်ဆက်ပြီးတော့ လုပ်ဖို့လိုတယ်။ အဲဒီလိုလုပ်မှသာ အချင်းချင်း အပြန်အလှန်ကူညီပံ့ပိုးလို့ရမယ်။ ဒါ့အပြင် ဒီအလုပ်လုပ်လိုက်တဲ့ ကိုယ့်ရဲ့ Objective က ဘာလဲ။ Risks တွေက ဘာတွေရှိနိုင်လဲ။ တစ်ကိုယ်ရေထားတဲ့ Value တွေ၊ Team နဲ့ထားရမယ့် Value တွေ၊ Organization နဲ့ ထားရမယ့် Value တွေက ဘာတွေလဲဆိုတာကို ကျွန်တော်တို့ Share လုပ်နိုင်မယ်။ အချင်းချင်းဌာနအတွင်းမှာ၊ Organization အတွင်းမှာ၊ နိုင်ငံအတွင်းမှာ ပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်မှသာ ကိုယ်တစ်ယောက်တည်း လုပ်နိုင်တာထက် ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေရနိုင်မှာဖြစ်ပါတယ်။
Useful : အသုံးဝင်ဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းအတွက် အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်ဖို့လိုတယ်။ အလားတူပဲ အလုပ်ပတ်ဝန်းကျင်မှာ အလုပ်ခွင်ထဲမှာရှိတဲ့လူတွေအတွက် အသုံးဝင်တဲ့သူ ဖြစ်ဖို့လိုတယ်။ Organization အတွက် အသုံးဝင်ဖို့လိုတယ်။ Community အတွက် အသုံးဝင်သူတစ်ယောက်ဖြစ်ဖို့ လိုတယ်။
Personal : နောက်ဆုံးတစ်ချက်ကတော့ Personal လို့ ကျွန်တော်တို့တွေးပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး စဉ်းစားဖို့ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ အပြောင်းအလဲကို အမြဲတမ်းလိုချင်ကြတယ်။ ပြောင်းလဲချိန်တန်ပြီလို့လည်း အမြဲတမ်းပြောတယ်။ ကျွန်တော်အမြဲတမ်းပြန်ပြောဖြစ်တဲ့ စကားလေးတစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ပြောင်းလဲဖို့ လိုချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း ပြောင်းလဲဖို့လိုတယ်။ သူများတွေပြောင်းတာ ထိုင်စောင့်နေလို့မရဘူး။ ကိုယ်ကမပြောင်းဘဲနဲ့ ပတ်ဝန်းကျင်ကြီးက ပြောင်းမသွားနိုင်ဘူး။ ကျွန်တော်တို့ လခတိုးချင်တယ်။ အလုပ်ပိုမလုပ်ချင်ဘူး။ တာဝန်ပိုများလာလို့ရှိရင် ကိုယ်ပဲပင်ပန်းမှာဆိုတဲ့ အတွေးကရှိတယ်။ အဲဒီအတွေးရှိနေသရွေ့ ဘယ်တော့မှ Organization က ဝင်ငွေမတိုးသလို တစ်ဦးတစ်ယောက်ချင်းစီမှာလည်း ဝင်ငွေတိုးမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ဗဟိုပြုပြီးတော့ စဉ်းစားတွေးတောကြည့်ကြရအောင်ပါ။ ကိုယ်ကိုယ်တိုင်က တာဝန်ရှိတဲ့သူ၊ တာဝန်ယူနိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ ပြီးတော့ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေအစား လိုအပ်တာတွေကို အခြေခံပြီးစဉ်းစားဖို့။
ကျွန်တော်တို့က ပုံမှန်အားဖြင့် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေ၊ အပြုအမူတွေအားလုံးကောင်းဖို့ ကြိုးစားတဲ့အချိန်မှာ အချက်အလက်တွေ အများကြီးရှိနေမယ်။ အဲဒီထဲမှာမှ စိတ်တံခါးကို ပွင့်ပွင့်လင်းလင်း ဖွင့်ထားမယ်။ အခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်းလက်ခံမယ်။ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ရတာကို ဝန်မလေးဘူး။ ကိုယ်ကိုယ်တိုင်က လူတွေအတွက် အသုံးကျတဲ့သူဖြစ်မှ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကိုအသုံးကျတဲ့သူတစ်ယောက်အဖြစ် လက်ခံမယ်။ အသုံးကျတဲ့သူတွေနဲ့ ကိုယ်နဲ့အတူတူ အလုပ်လုပ်လို့ရမယ်။ အလားတူပဲ ကိုယ်ကိုယ်တိုင်က တာဝန်ယူ၊ တာဝန်ခံနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ လိုတယ်။
Team Player ကောင်းတစ်ယောက်ဖြစ်ဖို့ . . .
Organizational Development နဲ့ ပတ်သက်လို့၊ Behavior နဲ့ပတ်သက်လို့ သင်တဲ့အထဲမှာ Team Player တစ်ယောက် ဖြစ်ဖို့ဆိုရင် Humble ဖြစ်ရမယ်။ Hungry ဖြစ်ရမယ်။ လိုချင်စိတ်၊ လုပ်ချင်စိတ်၊ ပြင်းပြတဲ့စိတ်ရှိဖို့လိုတယ်။ Smart ဖြစ်ဖို့လိုတယ်။ Smart ဖြစ်ဖို့ဆိုတဲ့ အချိန်မှာ Intellectually ပါးရည်နပ်ရည်ရှိမယ်။ လူတွေဘာကို လိုအပ်သလဲ၊ ကိုယ်က ဘာလိုချင်တာလဲဆိုတာတွေကို ပြန်တွေးတဲ့သူဖြစ်ဖို့လိုတယ်။
ဒီအချက်သုံးချက်စလုံးထဲက တစ်ခုခုပြည့်စုံရင် ရလား။ Smart ဖြစ်ရင် မကောင်းဘူးလား။ Smart ဖြစ်ရင် ကောင်းပေမယ့် Team Player ဖြစ်ချင်မှဖြစ်လိမ့်မယ်။ Hungry လည်းဖြစ်တယ်၊ ကိုယ်က အတတ်ပညာအတွက်ပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ဘာကိုပဲဖြစ်ဖြစ် Organization ထဲမှာ လိုချင်စိတ်၊ လုပ်ချင်စိတ်ပြင်းပြတယ်။ Smart လည်းဖြစ်တယ်။ ဒါပေမဲ့ Humble မဖြစ်ဘူးဆိုရင် အလုပ်ခွင်ထဲမှာ သူကဘယ်လောက်ပဲ ရှေ့ကိုရောက်ချင်ရောက်ချင်၊ Humble မဖြစ်ဘူး။ Sincere မဖြစ်ဘူးဆိုရင် အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ Team Player ကောင်းဖြစ်ဖို့ဆိုတာက အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတယ်။ ဒါပေမဲ့ Confidence ပျောက်မသွားတဲ့ နှိမ့်ချမှုမျိုးနဲ့ နေလို့ရမပါဘူး။ Hungry ဖြစ်တယ်။ ကိုယ်ဘာလိုအပ်သလဲ၊ ကိုယ့် Team ဘာတွေလိုအပ်သလဲ။ အဓိကပြောချင်တာကတော့ Team Player ဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် Center ထားလို့မရဘူး။ ကောင်းအောင်ကြိုးစားတဲ့အချိန်မှာတော့ ကိုယ်ကကိုယ့်ကိုယ်ကိုယ် Center ထားပြီးတော့ ကိုယ်ဒါ လိုချင်တယ်။ ကိုယ်ကိုယ်တိုင်လိုက်ပြီး ပြုပြင်ပြောင်းလဲမယ်။ Team ထဲကို ရောက်သွားပြီဆိုရင်တော့ အများက ဘာလိုအပ်သလဲဆိုတာကိုလည်း အဓိကထားပြီးတော့ ကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။
Never Stop Learning . . .
အခုချိန်ထိ ကျွန်တော်တို့ အသက်အရွယ်အထိ လေ့လာသင်ယူဖို့လိုတယ်။ အခုချိန်အထိ ကြီးတဲ့သူဆီက၊ ငယ်တဲ့သူဆီက ကျွန်တော်တို့ သင်ယူနေဆဲပဲ။ စာတွေအများကြီးဖတ်နေတုန်းပဲ။ အလုပ်ခွင်ထဲမှာ အောင်မြင်တဲ့သူ၊ ပျော်ရွှင်တဲ့သူဖြစ်ဖို့က ကိုယ်ကသာ အဓိကဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ ကိုယ့်ရဲ့တွက်ချက်မှုတွေကို မပြောင်းဘူးဆိုရင်တော့ ဘာမှပြောင်းလဲလာမှာ မဟုတ်ပါဘူး။ Plan လေးရှိပါ။ Road Map လေးတစ်ခုရှိဖို့ လိုအပ်ပါတယ်။ ကိုယ်ဘယ်အချိန်မှာ ဘာလုပ်ချင်သလဲ။ ကိုယ်ကိုယ်တိုင်က ဘာဖြစ်ချင်သလဲ။ ဖြစ်ချင်တဲ့နေရာမှာ ကိုယ်ကိုယ်တိုင်နေကြည့်၊ ကိုယ်လိုချင်တာကို ရနိုင်မရနိုင် ပြန်စဉ်းစားပြီး လုပ်မှသာ အောင်မြင်တဲ့သူဖြစ်မယ်။ ဒီလိုနေရင် အောင်မြင်မှန်း ကျွန်တော်တို့သိတယ်။ တကယ်တမ်းက ကျွန်တော်တို့ပြောင်းလဲဖို့လိုတာက ကိုယ့်ရဲ့အပြုအမူ၊ အနေအထိုင်။ ဒါတွေကိုသိရုံနဲ့ ကျွန်တော်တို့ ပြောင်းလဲမသွားဘူး။ တိုးတက်မသွားဘူး။ တကယ်ပြောင်းလဲမှ တိုးတက်မယ်ဆိုတာကို သိဖို့လိုပါတယ်။
မိမိပုံရိပ်ကို အွန်လိုင်းတွင်မြှင့်တင်ခြင်း
We are brand . . .
လူတော်တော်များများက ထွန်းထွန်းနိုင်လို့ပြောရင် နာမည်လို့ပဲ ထင်ထားကြပါတယ်။ ထွန်းထွန်းနိုင်ဆိုတာ နာမည်တစ်ခုနဲ့စာရင် Brand တစ်ခုဖြစ်ပါတယ်။ တော်တော်များများ ထင်ထားတာက Brand ဆိုတာ Logo ။ ကိုကာကိုလာဆိုတာ အနီကြီးပါရမယ်။ မြန်မာဘီယာဆိုတာ အစိမ်းကြီးပါရမယ်ဆိုပြီး Logo တွေကို Brand လို့ ထင်ပါတယ်။
Brand is not logo. Brand ဆိုတာ What people think of you. ကိုယ့်ကိုလူတွေက ဘယ်လိုထင်တာလဲဆိုတာ Brand ဖြစ်ပါတယ်။ အခုလူနှစ်ရာလောက်ရှိတဲ့အရှေ့မှာ ကျွန်တော်ရပ်နေတယ်။ အဲဒီလူတွေက ကျွန်တော့်ကို ဘယ်လိုထင်လဲဆိုတာက ကျွန်တော့်ရဲ့ Brand ဖြစ်ပါတယ်။ ထွန်းထွန်းနိုင်ဆိုတာကို ဘယ်လိုထင်ချင်တယ်၊ ဘယ်လိုမြင်ချင်တယ်၊ ဘယ်လိုမြင်နေကြတယ်ဆိုတာက ကျွန်တော့်ရဲ့ Personal Brand တစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ လူသားတွေ အကုန်လုံးက Brand တွေ ဖြစ်ပါတယ်။ ကိုယ်ပိုင် Brand ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ Google ထဲမှာ ကိုယ့်နာမည်ကို ရိုက်ထည့်လိုက်ပါ။ If you don’t show up in the Google, you don’t exist. အင်တာနက်ခေတ်ကြီးထဲမှာ ကိုယ့်နာမည်ကို Google ထဲမှာ ရိုက်ရှာကြည့်လို့မပေါ်ရင် ကိုယ်မတည်ရှိနေဘူးလို့ သတ်မှတ်ကြပါတယ်။ Google ထဲမှာ မရိုက်ရသေးတဲ့သူတွေ ရိုက်ရှာကြည့်ပါ။
လူတော်တော်များများက တစ်ယောက်ယောက်နဲ့တွေ့မယ်၊ ကုမ္ပဏီတစ်ခုကိုသွားမယ်ဆိုရင် အမြဲတမ်း အင်တာနက်ပေါ်မှာရှာကြပါတယ်။ ၃၈ ရာခိုင်နှုန်းသော Decision Maker တွေက လူတစ်ယောက်နဲ့ အလုပ်လုပ်တော့မယ်၊ စကားပြောတော့မယ်၊ Meeting လုပ်တော့မယ်ဆိုရင် ဒီလူဟာ ဘယ်သူလဲဆိုတာကို အမြဲတမ်းရှာကြတယ်။ Google မှာ ၊ LinkedIn မှာ ၊ Facebook မှာ ရှာကြပါတယ်။ မြန်မာပြည်အတွက်ဆိုရင်တော့ Facebook မှာ ရှာတာပိုများပါလိမ့်မယ်။ အခုအချိန်မှာ Website ဆိုရင် ခေတ်နည်းနည်းလေးအောက်နေပါပြီ။ တချို့လူတွေက ကိုယ့် Domain နဲ့ Webpage တွေ ရှိကြတယ်။ Webpage ခေတ်မရှိတဲ့အခါကျတော့ Facebook Page ၊ Twitter Page ၊ LinkedIn Page တော်တော်များများ ရှိကြပါတယ်။
Brand are born of experience . . .
Brand က ဘယ်ကဖြစ်လာတာလဲဆိုတော့ Experience က ဖြစ်လာတာပါ။ အနှစ်နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်၊ လေးဆယ်ကျော်မှာ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေ၊ ကိုယ်ကျင်လည်ခဲ့တဲ့ဘဝတွေကနေပြီးတော့ ကိုယ့်ရဲ့ Personal Brand တစ်ခုကို တည်ဆောက်လာတာဖြစ်ပါတယ်။ နောက်တစ်ခုက Reflected Reputation - ကိုယ့်ရဲ့ Brand က ကိုယ့်ရဲ့ Reputation နဲ့ အမြဲတမ်းသက်ဆိုင်ပါတယ်။ ဒီလူကမကောင်းဘူးဆိုရင် ဒါလည်းသူ့ရဲ့ Brand ပါပဲ။ ကောင်းတဲ့ Brand ရှိသလို မကောင်းတဲ့ Brand လည်း ရှိပါတယ်။ ကိုယ်က Brand တစ်ခုကို တည်ဆောက်မယ်ဆိုရင် ဘယ်လို Brand အနေနဲ့ သွားသွားမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။
Collection of Perceptions . . .
၁၅ စက္ကန့်နဲ့ စက္ကန့်သုံးဆယ်ကြားထဲမှာ လူတွေကိုဆုံးဖြတ်တယ်။ ဥပမာ- ကျွန်တော်စင်ပေါ်တက်တာနဲ့ ၁၅ စက္ကန့်အတွင်းမှာ ဘယ်လိုလူလဲဆိုတာကို စိတ်ထဲမှာ စဉ်းစားကြပါလိမ့်မယ်။ ကျွန်တော့်ကို မြင်ဖူးတဲ့လူ ရှိတယ်၊ မမြင်ဖူးတဲ့လူ ရှိတယ်။ ၁၅ စက္ကန့်အတွင်းမှာ Perceptions ဆိုတော့ အဲဒီ Perceptions အကုန်လုံးကို စုထားလိုက်ရင် Brand ဖြစ်လာပါတယ်။ ကျွန်တော် Marketing သမားတစ်ယောက်ဖြစ်ပါတယ်။ Brand သမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် Brand ဆိုရင် မပါမဖြစ်တာက Consumer ဖြစ်ပါတယ်။ Who are the consumers၊ ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ဟောပြောပွဲကို လာနားထောင်တဲ့သူတွေက ကျွန်တော်တို့ရဲ့ Consumers စားသုံးသူတွေ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ Consumers တွေ၊ Consumers တွေက ကျွန်တော့်ကိုထင်တဲ့ Perception က Brand ဖြစ်ပါတယ်။
Personal Branding . . .
လူတော်တော်များများက Personal Branding ဆိုရင် Celebrity တွေနဲ့ပဲ သက်ဆိုင်တယ်ထင်ကြတယ်။ တကယ်တော့ ကျွန်တော်တို့က Celebrity တွေလိုမျိုး ကျွန်တော်တို့ရဲ့ Brand ကို အသုံးချနိုင်ပါတယ်။ ကျွန်တော်တို့က သူတို့လို သရုပ်မဆောင်ဘူး၊ သီချင်းမဆိုဘူး၊ သူတို့လို Entertainment မှာ မတော်ဘူးဆိုပေမယ့် သူတို့လောက်နီးနီး ကျွန်တော်တို့ရဲ့ Brand က တန်ဖိုးရှိပါတယ်။ ကျွန်တော်တို့ရဲ့ Brand ကို သူတို့လောက်နီးနီး တည်ဆောက်နိုင်ပါတယ်။ အင်တာနက်မှာ Brand ပေါက်လာတဲ့သူတွေ တော်တော်များများ ရှိကြပါတယ်။
Personal Branding လုပ်ဖို့အတွက် Perception ၊ Attitude ၊ Behavior စတာတွေလိုပါတယ်။ သူများတွေရဲ့ Perception မှာတော့ ဒီလူကအလွန်ကောင်းတယ်။ တကယ်တမ်းအလုပ်ခွင်မှာ အဲဒီလူနဲ့ပေါင်းကြည့်တဲ့အခါမှာ သူကတော့ Attitude မကောင်းဘူး၊ သူကတော့ Behavior မကောင်းဘူးဆိုတာမျိုး တွေ့လာရတတ်ပါတယ်။ တကယ်တမ်းက အဲဒီသုံးခုစလုံးကောင်းမှ တကယ့်စစ်မှန်တဲ့ Brand တစ်ခုဖြစ်လာနိုင်မှာဖြစ်ပါတယ်။
3M . . .
နောက်တစ်ခုကတော့ 3M ဖြစ်ပါတယ်။ အဲဒီ ပထမ M ကတော့ Brand တစ်ခုတည်ဆောက်ဖို့အတွက် Message တစ်ခု ဖြစ်ပါတယ်။ ကိုယ်ကဘယ် Message ကို ပေးမှာလဲ။ ဘယ် Media ကို သုံးမှာလဲ။ Media ဆိုတာ သတင်းစာ၊ စာနယ်ဇင်းတွေကို ပြောတာမဟုတ်ပါဘူး။ Internet Media ကို သုံးမှာလား၊ Print Media ကို သုံးမှာလား၊ Social Media ကို သုံးမှာလား အစရှိသဖြင့်ပေါ့။ နောက်တစ်ခုက Market ၊ ဈေးကွက်လို့ ပြောလို့ရောင်းစားမယ်လို့မထင်ပါနဲ့။ ကိုယ့်ရဲ့ စားသုံးသူတွေ ဘယ်ဈေးကွက်လဲ။ ကျွန်တော်က ဆွေးနွေးဟောပြောနေတဲ့အချိန်မှာဆိုရင်တော့ ကျွန်တော့်ရဲ့ Market က ပွဲကိုလာတက်တဲ့ ပရိသတ်တွေပါ။ အဲဒီ M သုံးလုံးကိုဂရုစိုက်မှ ကိုယ်လိုချင်တဲ့ Personal Brand တစ်ခုရဲ့ Result ကောင်း ထွက်လာမှာဖြစ်ပါတယ်။
Reputation . . .
ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ Virgin Airline CEO Richard Branson ရဲ့ စကားတစ်ခွန်းကတော့ Your brand name is as good as your reputation ဖြစ်ပါတယ်။ သူ့ကုမ္ပဏီက တခြားကုမ္ပဏီတွေရဲ့ ကြော်ငြာစရိတ်နဲ့ယှဉ်ရင် သူ့ရဲ့ကြော်ငြာကုန်ကျစရိတ်က တအားနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူကိုယ်တိုင်က သူ့ကုမ္ပဏီရဲ့ကြော်ငြာ၊ Brand ဖြစ်ပါတယ်။ Personal Brand နဲ့ Company Brand နဲ့ အတူတူပဲဖြစ်တယ်။ ဒါကြောင့် သူပြောသလိုပဲ Reputation က အရေးကြီးပါတယ်။
Brand တစ်ခုတည်ဆောက်ရာမှာ ခုနစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ကိုယ့်ကိုလူတွေက ဘယ်လိုထင်နေကြတာလဲ။ ကိုယ့်ရဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ မိဘဆွေမျိုး၊ ရည်းစား၊ ကိုယ့်ကိုမကျေနပ်တဲ့လူ၊ ကလေးတွေကအစ အကုန်လုံးကိုမေးကြည့်ပါ။ အခုချိန်မှာ ကိုယ့်ကိုသူတို့တွေ ဘယ်လိုထင်ကြတာလဲဆိုတာကို ချရေးပါ။
Think about your future. နောင်ငါးနှစ်မှာ ကိုယ့်ကိုယ့်ကို ဘယ်လိုမြင်ချင်တာလဲ၊ နောင်ဆယ်နှစ်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ချင်တာလဲ၊ စသဖြင့် Life ရဲ့ Road Map အရ ဘယ်နှနှစ်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ချင်သလဲဆိုတာပါ ချရေးပါ။
နံပါတ်သုံးအချက်ကတော့ နံပါတ်တစ်နဲ့ နှစ်နဲ့ကြားထဲမှာ ဘယ်လိုတွေကွာနေလဲ။ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်ဖြစ်နေတာနဲ့ကြားထဲမှာ ဘာတွေကွာနေတာလဲ။ အဲဒီ Gap ကို ချရေးပါ။
နံပါတ်လေးကတော့ ကွာနေတဲ့အရာတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ Action Plan ပါ။ အဲဒီကွာနေတဲ့ Gap ကို ဖြည့်နိုင်ဖို့ ကောင်းကောင်းမွန်မွန် ဝတ်စားရမယ်၊ သင်တန်းတွေတက်ရမယ်၊ အချိန်ကို အကျိုးရှိအောင် လုပ်ရမယ် စသဖြင့် Action Items တွေကို ချရေးရမှာဖြစ်ပါတယ်။
နံပါတ်ငါးကတော့ Identify where and how will you project your brand ။ တော်တော်များများက Business ပဲလုပ်လုပ်၊ Personal ပဲလုပ်လုပ်၊ Action ထဲမှာ၊ Plan ထဲမှာ ရပ်သွားတယ်။ ဥပမာ ဝိတ်ချမယ်၊ ဘယ်လိုစားမယ်၊ တစ်ရက်ကို Gym ဘယ်နှနာရီဆော့မယ်ဆိုပြီး လုပ်ထားတယ်။ ဒါပေမဲ့ နှစ်ရက်လောက်သွားပြီး မသွားတော့ဘူးဆိုပြီး ထားလိုက်တတ်ကြပါတယ်။ အဲဒါကြောင့် Action Plan လုပ်ပြီးသွားရင်လည်း ကိုယ်က ကိုယ့်ရဲ့ Action ကို တိတိကျကျဖြစ်အောင်လိုက်လုပ်နိုင်ရပါမယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ Project ဘယ်မှာရှိနေလဲ၊ ဘယ်လိုတွေလုပ်နေသလဲဆိုတာ အရေးကြီးပါတယ်။
နံပါတ်ခြောက်ကတော့ ဘယ်အချက်တွေက ကိုယ့် Brand Image ကို ထိခိုက်နိုင်သလဲဆိုတာ သိရပါမယ်။ ရှောင်နိုင်ရပါမယ်။ လူတွေဖြစ်တော့ တစ်ခါတလေ မှားတတ်တာရှိပါတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ကာရာအိုကေသွားတာရှိမယ်၊ အရက်သောက်တာရှိမယ်။ ဒါတွေကို အွန်လိုင်းမှာတင်တာတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်ကဘာမှမဟုတ်တဲ့ အချိန်မှာတော့ ပြဿနာမရှိပေမယ့် ကိုယ်ကတစ်စုံတစ်ယောက် ဖြစ်လာပြီဆိုရင်တော့ You are someone ဖြစ်လာပြီဆိုရင်တော့ အဲဒါတွေကို ရှောင်ရတော့မယ်။ သွားရင်တောင်မှ အဲဒါတွေကို Public ထဲ တင်လို့မသင့်တော့ပါဘူး။
နောက်ဆုံးတစ်ခုကတော့ ကိုယ်လုပ်ပြီးသွားတဲ့အရာတွေကို ပြန်ပြီးလေ့လာသုံးသပ်ဖို့ လိုပါတယ်။ ကိုယ်လုပ်ခဲ့တာတွေ၊ လုပ်နေတာတွေက မှန်နေလား၊ မှားနေလား ပြန်သုံးသပ်ပြီး ကိုယ့်ရဲ့ Right Track မှာ ရှိနေသေးရဲ့လားဆိုတာကို ပြန်ကြည့်ရပါမယ်။
Managing your brand . . .
ကိုယ့်ရဲ့ Personal Communication ဆိုတာ ကိုယ့်ရဲ့အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ ကိုယ့်ရဲ့ပတ်ဝန်းကျင် Behavior မနက်မိုးလင်းကတည်းကနေပြီးတော့ မိုးချုပ်တဲ့ အိပ်တဲ့အထိ၊ အခုခေတ်မှာဆိုရင် အင်တာနက်ပေါ်မှာ Like လုပ်တာ၊ Comment ရေးတာတွေ အကုန်လုံး ပါဝင်ပါတယ်။ ဖုန်းပြောတာ၊ Message ပို့တာ၊ Email ပို့တာတွေက Communication and Position တွေ ဖြစ်ပါတယ်။ Positions တွေဆိုတာက ရာထူးရာခံမဟုတ်ပါဘူး။ ကိုယ့်ရဲ့ Brand Position ကို ပြောတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Brand Position အရ ကိုယ်ဘယ်မှာနေချင်တာလဲ၊ လူတွေကိုယ့်ကို ဘယ်လိုထင်စေချင်တာလဲ။ အဲဒီ Position နဲ့ သင့်တော်တဲ့ Communication မျိုး၊ သင့်တော်တဲ့အနေအထိုင်၊ အပြုအမူမျိုး ကျွန်တော်တို့မှာရှိဖို့လိုပါတယ်။
3E . . .
ကိုယ်ကိုယ်တိုင် Brand တစ်ခုတည်ဆောက်တဲ့အခါမှာ Emotion, Expectation, Experienc အစရှိတဲ့ 3E ကို ဘယ်လိုပေးမလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ အဲဒါတွေအကုန်လုံးရဲ့အဖြေက Brand Ownership ပါ။ ကိုယ့်ကိုယ်ကိုယ် Brand တစ်ခုဖြစ်အောင် ကျွန်တော်တို့က တည်ဆောက်နိုင်ပါတယ်။
Emotion : ကိုယ့်ရဲ့ Brand တစ်ခုကို တည်ဆောက်တဲ့အခါမှာ လူတွေကို Emotion အရ ဘယ်လိုခံစားစေချင်တာလဲ။ လွမ်းတာကို လိုချင်တာလား။ ဆွေးတာကို လိုချင်တာလား။ အထင်ကြီးတာကို လိုချင်တာလား။ အားကိုးတာကို လိုချင်တာလား။ ပညာရှိတာကို လိုချင်တာလား။ စသဖြင့် ဘယ်လိုခံစားချက်မျိုးကို Brand အနေနဲ့ ပေးချင်ပါသလဲ။ ဆိုတာ စဉ်းစားရပါမယ်။
Expectation : လူတွေက ကိုယ့်ဆီက ဘာမျှော်လင့်တာလဲ။ သူတို့မျှော်လင့်တာတွေ ကျွန်တော်တို့က ချရေးရမှာဖြစ်ပါတယ်။
Experience : ကိုယ်ကဘယ်လို Experience တွေ Share လုပ်ပေးနိုင်မလဲဆိုတာကို လူတွေကမျှော်လင့်ကြပါတယ်။
Social Media တွင် မိမိပုံရိပ်တည်ဆောက်ခြင်း . . .
လူတော်တော်များများ Facebook Profile တွေရှိသလို ကိုယ်ပိုင် Page တွေလည်း ရှိတတ်ကြပါတယ်။ ကျွန်တော့် Facebook ဆိုရင် Friend ပေါင်းသုံးထောင်ကျော်၊ လေးထောင်နီးပါးရှိပါတယ်။ ငါးထောင်ပြည့်ရင် Add လုပ်လို့မရတော့ဘူး။ ကျွန်တော့်ကို Friend Request လာလုပ်တဲ့သူက တစ်ထောင်ကျော်ရှိနေပါပြီ။ အဲဒီထဲမှာတချို့ Profile ဆိုရင် ပုံမပါဘူး။ ဒီမှာပြောချင်တာက ကိုယ့်ရဲ့ Personal Brand ကို တည်ဆောက်ပါတယ်ဆိုမှ Facebook Profile Picture ကိုယ့်ပုံကို ဘာလို့မတင်ရဲရတာလဲ။ Profile Picture မမှန်တဲ့သူတွေကို ကျွန်တော် Add မလုပ်ပါဘူး။
တကယ်တော့ ကျွန်တော်တို့ရဲ့ Profile Picture ကိုကြည့်ပြီးတော့ ကျွန်တော်တို့ ဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်ပါမယ်။ ကျွန်တော့်ရဲ့ Profile Picture အရဆိုရင် ကျွန်တော်က ပျော်တတ်တဲ့၊ Open ဖြစ်တဲ့ လူမျိုးဖြစ်ပါတယ်။ ကျွန်တော့်မှာ Personal Page ကိုယ့်ရဲ့မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး Post တွေတင်တယ်။ တစ်လတစ်ခါ၊ သုံးလတစ်ခါလောက် Profile Picture ပြောင်းတယ်။ ဟိတ်ဟန်မရှိတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော်နေလို့ရတယ်။
ကျွန်တော့် Professional Page ရှိပါသေးတယ်။ အဲဒီ Page မှာက ကျွန်တော့်ရဲ့ Business ပုံပဲတင်တယ်။ အဲဒီမှာ ကျွန်တော့ကို စီးပွားရေးအကြောင်းပြောမယ့်လူတွေ၊ Entrepreneur နဲ့ပတ်သက်ပြီး မေးမယ့်လူတွေ စသဖြင့် အလုပ်ကိစ္စနဲ့ပတ်သက်လို့ Facebook ကနေ လာမေးတဲ့သူတွေတော်တော်များများအတွက် ကျွန်တော့်ရဲ့ Page ကတော့ ကျွန်တော့်ရဲ့ ခံ့ခံ့ညားညား Professional ဆန်တဲ့ပုံနဲ့ထားထားပါတယ်။
အင်တာနက်ပေါ်မှာ ကိုယ်ဘာလုပ်လုပ် ကိုယ့်ရဲ့ခြေလှမ်း၊ ကိုယ့်ရဲ့ပုံရိပ်က ကျန်ခဲ့တယ်။ အရင်တုန်းက စကားပြောပြီးရင် ကိုယ်မပြောခဲ့ပါဘူးလို့ ငြင်းလို့ရပါတယ်။ ဒါပေမဲ့ အင်တာနက်ခေတ်မှာ အဲဒီလိုမရတော့ဘူး။ ကိုယ်ပြောထားသမျှ၊ ကိုယ်တင်ထားသမျှ အဲဒါတွေအကုန်လုံး ကို Screenshot ဖမ်းထားလို့ရတယ်။ အဲဒါတွေ အကုန်လုံးကို ပြန်ရှာလို့ရတယ်။ ဒီတော့ ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ Social Media တစ်ခုမှာ တင်မယ်ဆိုတိုင်း၊ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ ဒါက တကယ်တင်သင့်တာလား၊ တကယ်လုပ်သင့်တာလား၊ တကယ်လုပ်မှာလား။ ဒါကိုတင်လိုက်ရင် ကိုယ့်ရဲ့ Personal Brand ကို ဘယ်လိုထိခိုက်နိုင်လဲစဉ်းစားရပါမယ်။ မသိခင်အချိန်တုန်းကတော့ ကိုယ်ကြိုက်တာတင်လို့ရတယ်။ ဒါပေမဲ့ အခုအချိန်ကစပြီး အင်တာနက်ပေါ်မှာ Post လုပ်တိုင်းမှာ ကိုယ့် Personal Brand ကို ဘာတွေထိခိုက်မလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။
တစ်ခါတလေကျရင် ဖြစ်တတ်တဲ့ ဥပမာလေးတစ်ခု ပြောပြချင်ပါတယ်။ ကျွန်တော်တို့ Myanmar Young Entrepreneurs Association က စီစဉ်တဲ့ ပွဲလေးတစ်ခုပြီးတော့ Dinner လုပ်ဖြစ်ပါတယ်။ ကျွန်တော် အဲဒီညစာစားပွဲကအပြန် ည ၁၁ နာရီလောက် အိမ်ပြန်ရောက်တော့ ကိုယ်က တင်ချင်ဇောနဲ့တင်လိုက်တယ်။ ကျွန်တော်တို့မိုဘိုင်းလ်ဖုန်းတွေမှာ Auto Spelling Check တွေပါတယ်။ ကျွန်တော်တင်ချင်တာက Alumni ၊ ဒါပေမယ့် ကျွန်တော့်ကို Auto Spelling ပေါ်ပေးတာက Aluminium ဖြစ်နေတယ်။ ကျွန်တော်လည်း သတိမထားမိဘဲ Aluminium ဆိုပြီး တင်လိုက်တယ်။ ကျွန်တော်ရေးချင်တာက 'ဝမ်းသာပါတယ်.. Alumni တွေနဲ့တွေ့ရတာ'၊ အခုက 'Aluminium တွေနဲ့ တွေ့ရတာဝမ်းသာပါတယ်' ဆိုပြီးဖြစ်သွားပါတယ်။ အဲဒီမှာ ကျွန်တော့်ကိုမိတ်ဆွေတစ်ယောက်က Message ပို့လာပြီး Aluminium လို့ ရေးထားတယ်၊ ပြင်လိုက်ပါဦးဆိုပြီး သတိပေးလာပါတယ်။ ဒီမှာ ကျွန်တော်တွေ့ရတာက ကိုယ်ရေးလိုက်တာကို ကြည့်ပေးနိုင်မယ့်၊ ကိုယ့်ကိုဝေဖန်ပေးနိုင်မယ့်လူလိုတယ်ဆိုတာကိုပါ။
တချို့သူဌေးတွေ၊ Celebrity တွေက တခြားလူကို Personal Page ကို ကိုင်ခိုင်းတယ်။ ကျွန်တော်ကတော့ အဲဒီလိုမလုပ်စေချင်ပါဘူး။ အဲဒါမျိုးကို ဘာဖြစ်လို့မလုပ်စေချင်သလဲဆိုရင် ကိုယ့်အကြောင်းကို ကိုယ်အသိဆုံး၊ ကိုယ့်အကြောင်းကို ကိုယ်နားအလည်ဆုံး၊ ကိုယ့်အကြောင်း နားမလည်တဲ့လူတစ်ယောက်ကို ကိုယ့်ရဲ့ Page ကိုမကိုင်ပါစေနဲ့။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရဲ့ Brand က ကိုယ်တိုင်တည်ဆောက်ထားရတာ။ ကိုယ်ပေးချင်တဲ့ Message ကို သူမသိနိုင်ပါဘူး။ တကယ်လို့ သူက မဟုတ်တာ တစ်ခုခုရေးလိုက်တာနဲ့ ကိုယ်ရဲ့ Brand ကို ထိခိုက်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ Brand ကို သူတစ်ပါးလက်ထဲမှာ အကျမခံပါနဲ့။ တကယ်လို့ ကိုယ်လုပ်ခိုင်းမယ့်သူက Professional Organization ရှိတယ်။ သင်တန်းတွေ တက်ထားတယ်ဆိုရင်တော့ စနစ်တကျသင်ထားတာရှိတယ်ဆိုရင်တော့ ပေးလုပ်လို့ရပါတယ်။ အဓိကက ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ Brand Manager ဖြစ်ဖို့လိုပါတယ်။
Facebook နဲ့ Social Media တွေမှာ ဘယ်တော့မှ ကိုယ်နဲ့အတူတူ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ၊ မန်နေဂျာတွေနဲ့ ကိုယ့်အလုပ်အကြောင်းကို အပြစ်မရေးပါနဲ့။ အဲဒါက ကိုယ့် Attitude ပဲ။ ကိုယ့်ကို Follower တွေက ဝိုင်းပြီးတော့ ဘယ်လောက်ပဲ Comment တွေ ပေးနေပါစေ၊ ထောက်ခံနေပါစေ မလုပ်သင့်တဲ့အလုပ်ဖြစ်ပါတယ်။ အလုပ်၊ အထက်လူကြီးတွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ မကောင်းမပြောပါနဲ့။ တကယ်လို့ ကိုယ်မလုပ်နိုင်ရင် အလုပ်မှာ ပွင့်ပွင့်လင်းလင်း ပြောသင့်တာပြောပြ၊ ထွက်မယ်ဆိုလည်း ထွက်နိုင်ပါတယ်။
အလုပ်အကြောင်းချည်းပဲလည်း Facebook ပေါ်မှာ မတင်ပါနဲ့၊ ပျင်းစရာကောင်းပါလိမ့်မယ်။ တစ်ခါတလေကျရင် လူတွေက ကိုယ့်အကြောင်းပဲကိုယ်တင်နေကြတယ်။ ကိုယ်တင်တဲ့ Post တွေ က Mix ဖြစ်ရပါမယ်။ ကိုယ့်ရဲ့ Personal Life အကြောင်းတွေကိုလည်း တင်သလို အလုပ်ကအကြောင်းကိုလည်း ကျွန်တော်တို့ရွေးပြီးတော့ တင်ရမှာဖြစ်ပါတယ်။ Controversial ဖြစ်နိုင်တဲ့၊ ပြဿနာတက်နိုင်တဲ့ အရေးအသားမျိုး၊ အသုံးအနှုန်းမျိုး ရှောင်ပါ။ မတင်ပါနဲ့။ တကယ်လို့ အဲဒီ Information ကို ကိုယ်က မှန်မှန်ကန်ကန်သိ နေရတယ်ဆိုရင်တော့ တစ်မျိုးပါ။ ကိုယ်မသိဘဲနဲ့ ကိုယ့်အရေးအသားကြောင့် အရေးအခင်းကြီးဖြစ်သွားနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲသွားနိုင်တယ်။ ဒီလိုမျိုး အများအကျိုးမရှိမယ့်အရေးသားမျိုးတွေ မရေးမိပါစေနဲ့။
Facebook Account Hack လုပ်ခံရတယ်ဆိုပြီး ပြောကြတာတွေရှိပါတယ်။ ကိုယ့် Privacy ကို ကိုယ်တိုင်ထိန်းသိမ်းရပါမယ်။ ကိုယ်နဲ့မဆိုင်တဲ့ Post တွေနဲ့ပတ်သက်ပြီး သူများ Tag လုပ်တာ မခံပါနဲ့။ ကိုယ့်ရဲ့ Brand ကို ကိုယ့်ဘာသာကိုယ် Manage လုပ်ပါ။ ကျွန်တော့်ဆိုရင်လည်း ကျွန်တော့်ကို အလွယ်တကူ Tag လုပ်လို့မရအောင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူတိုင်းက လာပြီး Tag လုပ်နေမှာစိုးလို့ပါ။ Review လုပ်ပြီး ကိုယ်ကြိုက်တဲ့ Post မှ ကျွန်တော့်ရဲ့ Facebook မှာတင်ပါတယ်။
ကျွန်တော်တို့ ဒီခေတ်ကြီးမှာ Information တွေ အများကြီးရှိပါတယ်။ ဒါကိုလူတွေက Information တွေ အများကြီးရှိရင် Knowledge ရှိပြီလို့ထင်ကြပါတယ်။ တကယ်တော့ ဒါက Knowledge မဟုတ်ပါဘူး။ Experience နဲ့ Information နဲ့ပေါင်းတဲ့အခါကျမှ Knowledge ဖြစ်လာမှာပါ။
ကျွန်တော်တို့ ဗဟုသုတအဖြစ် သိထားတာတွေနဲ့ ကိုယ်တိုင်တွေ့ကြုံထားတဲ့ Experience တွေနဲ့ ပေါင်းပြီး ကိုယ့်ရဲ့ Online က Brand ကိုလည်း အပြင်က Brand နည်းတူ ပညာရှိရှိကိုင်တွယ်ဖို့ပြောချင်ပါတယ်။
အယ်ဒီတာအဖွဲ့