၂၇ ကြိမ်မြောက် SEA Games ဖွင့်ပွဲအခမ်းအနား

[gallery ids="6459,6460,6457,6468,6458,6469,6470,6467,6461,6462,6464,6465,6466,6456,6463"] နှစ်ပေါင်း ၄၄ နှစ်ကြာမှ တစ်ဖန်ပြန်လည်ကျင်းပခွင့်ရတဲ့ ၂၇ ကြိမ်မြောက် SEA Games ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါဖွင့်ပွဲကို ပရိသတ်နှစ်သောင်းခွဲခန့် တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရိုက်ကူးစီစဉ်တင်ဆက်မှုကိုလည်း နိုင်ငံတကာသို့ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ နာမည်ကျော်တေးသံရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု၊ ဖွင့်ပွဲကို ချီတက်လာတဲ့ နိုင်ငံအလိုက်အားကစားသမားငါးထောင်ကျော်ရဲ့ ပျော်ရွှင်ဖွယ်အပြုံးတွေ၊ ထင်မှတ်မထားတဲ့ ပြကွက်အလှတွေဟာ SEA Games ဖွင့်ပွဲကို ပိုမိုအသက်ဝင်လှပစေခဲ့ပါတယ်။ ၂၇ ကြိမ်မြောက်  SEA Games အားကစားပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုးပါဝင်ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်(ငွေဆောင်) တို့မှာ ဒီဇင်ဘာလ ၁ ရက်ကနေ ၂၂ ရက်အထိ ကျင်းပခဲ့ပါတယ်။