Architect'17 ASEAN Building Exposition တွင် SCG မှ Your iDeal Home by SCG Expericene theme ဖြင့် ဝင်ရောက်ပြသ

2017SCG9

2017SCG3

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ IMPACT Exhibition Center (Challenger Hall, Impact, Muang Thong Thani) မှာ ပြလုပ်လျက်ရှိတဲ့ ASEAN နိုင်ငံတစ်ဝန်း နိုင်ငံများမှ Building Technology, Machinery, Materials, Interior, Construction စတဲ့ industry ထဲက Leading လုပ်ငန်းစုအများအပြားပါဝင်တဲ့ Architect'17 ASEAN Building Exposition မှာ အာဆီယံထိပ်တန်းစီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ SCG ဝင်ရောက်ပြသခဲ့ပါတယ်။ SCG ဟာ Architect’17 ပြပွဲမှာ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ နည်းပညာအသစ်အဆန်းတွေကို ခင်းကျင်းပြသထားတာဖြစ်ပါတယ်။ Architect’17 ဟာ မေလ ၂ ရက်နေ့မှ ၇ ရက် အထိ ပြုလုပ်သွားမှာဖြစ်ပြီး ဝင်ရောက်ပြသသူပေါင်း ၈၅၀ ကျော်ရှိတယ်လို့ သိရှိရပါတယ်။ SCG ဟာ ယခုနှစ်ပွဲအတွက် အဓိက Concept အဖြစ် “Your iDeal Home by SCG Experience” ဆိုတဲ့ theme နဲ့ ပါဝင် ပြသခဲ့တာဖြစ်ပါတယ်။ အထူးပြသမှု တွေအနေနဲ့တော့ အကျိုးသက်ရောက်မှု အဆင့်အမျိုးမျိုးရရှိစေမယ့် အိမ်ဆောက်လုပ်ခြင်း “SCG Living Tech” ၊ Anon Pairot နှင့် ဒီဇိုင်းပူးတွဲတင်ဆက်တဲ့ “Fluctuation of Precision” 3D Cement Printing ၊ IDIN နဲ့ ပူးတွဲ ဒီဇိုင်းထုတ်လုပ်ထားတဲ့ SCG 3 Décor Screen System တို့ ပါဝင်ပါတယ်။

2017SCG2

2017SCG1

ပွဲမှာ ဝင်ရောက်ပြသထားတဲ့ နည်းပညာတွေနဲ့ပတ်သက်လို့ SCG Cement-Building Materials ရဲ့ Innovation and Technology Director Mr.SanitKessuwan က “ဒီနှစ်အတွက် အဓိက concept က “Your iDeal Home by SCG Experience” ဆိုတော့ ကျွန်တော်တို့က ပိုမိုကောင်းမွန်တဲ့လူနေမှုပုံစံ ရရှိစေမယ့် နည်းပညာကို အထူးပြသသွားမှာဖြစ်ပါတယ်။ Consumber တွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ သက်သာသက်သာနေထိုင်နိုင်ခြင်း၊ အတူတကွနေထိုင်နိုင်ခြင်း၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ခြင်းဆိုတဲ့ အရည်အသွေးသုံးခုနဲ့ ပိုကောင်းအောင်ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ နည်းပညာတိုင်းမှာ လုပ်ဆောင်ချက်အသီးသီးရှိပေမယ့် အားလုံးရဲ့တစ်ခုတည်းသော ရည်မှန်းချက်ကတော့ နေအိမ်မှာ နေထိုင်သူအချင်းချင်း ဘယ်လိုအပြန်အလှန်အကျိုးပြုမယ်၊ ဘယ်လိုပတ်ဝန်းကျင်ကို ဖန်တီးကြမယ်ဆိုတာတွေကို တိုးမြှင့်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် လေဝင်လေထွက်ကောင်းအောင် ဒီဇိုင်းဖန်တီးပေးထားမှုက နေထိုင်ရတာပိုပြီးသက်တောင့်သက်သာဖြစ်အောင် အပူချိန်ကို ထိန်းညှိပေးနိုင်တယ်။ စိုထိုင်းမှုကို နည်းစေတယ်၊ လေကောင်းစွာဝင်စေတယ်” လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။

2017SCG8

2017SCG4

“ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍမှာ 3D ပုံနှိပ်နဲ့အတူဆန်းသစ်ထားတဲ့ ဘိလပ်မြေကိုအဓိကပစ္စည်းအဖြစ်ထားပြီး ဗိသုကာလက်ရာတည်ဆောက်ပုံကို ပြသတာ SCG က ပထမဆုံးပါပဲ။ ၂၀၁၅ ခုနှစ်ပြပွဲမှာ Helix and Corolla ကိုစတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၆ မှာတော့ Y-Box ပြခန်းအဖြစ် 21st C. Cave ကို ပြသခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရင်ပြသဖူးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကနေစပြီး နေ့စဉ်နေထိုင်မှုဘဝကို အနီးစပ်ဆုံးကိုယ်စားပြုတဲ့ ပရိဘောဂနဲ့ ဥယျာဉ်ပန်းမန် မွမ်းမံအလှဆင်တဲ့ အပြောင်မြောက်ဆုံးလက်ရာ masterpiece တွေ အထိတိုင်အောင် 3D ဆန်းသစ်ပုံနှိပ်ထားတာတွေကို အစဉ်လိုက်ပြသထားမှာ ဖြစ်ပါတယ်။ ဒါအပြင် အရိပ်ရစေပြီး အိမ်တွင်းကို အပူဝင်ရောက်မှုကို လျော့ကျစေတဲ့ 3Decor Screen System နဲ့ နေအိမ်ကိုလှပလက်ရာမြောက်စေတဲ့ အံ့မခန်း 3D patterns တွေကိုလည်း ပြသထားပါတယ်။ အချိန်အများစုကို ဗိသုကာပညာရှင် JiravejHongsakul နဲ့ ပူးပေါင်းပြီးတင်ဆက်ထားပါတယ်။” လို့ Mr.SanitKessuawan က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

2017SCG7 2017SCG5

ပြပွဲမှာ SCG EXPERIENCE နဲ့ SCG HOME SOLUTION တို့မှ ကျွမ်းကျင်ပညာရှင်များက ဒီဇိုင်းပိုင်း၊ ခန့်မှန်းကုန်ကျစရိတ်ပိုင်းတို့အတွက် ဧည့်သည်တွေကို အခမဲ့တိုင်ပင် ဆွေးနွေးပေးသွားမှာဖြစ်ကြောင်း၊ SCG ပြခန်းမှာ Customer တွေရဲ့ နေအိမ်အတွက်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ GEOLUXE ၊ COTTO Italia & Grande collection ၊ Tiger Brand ၊ SCG BUILDING TECH ၊ SCG Eldercare Solution ၊ SCG Green Building Solution ၊ WINDSOR နဲ့ Shinkolite တို့လည်း ပါဝင်ပြသထားကြောင်း သိရပါတယ်။

2017SCG6 2017SCG10

SCG ဟာ မြန်မာနိုင်ငံအတွင်းမှာ ဘိလပ်မြေစက်ရုံတည်ဆောက်ထားသလို၊ ဈေးကွက်အခိုင်အမာရထားပြီးတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ SCG ဘိလပ်မြေ၊ SCG အင်္ဂတေဘိလပ်မြေ၊ SCG အမိုးပြား၊ SCG ဘုတ်ပြား၊ သစ်သားအစားထိုး SCG Smartwood နဲ့ SCG အပူကာပစ္စည်းစသဖြင့် ရရှိနိုင်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံနှင့် အာဆီယံနိုင်ငံများတလွှား ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းကဏ္ဍမှာ ကျွမ်းကျင်သူဖြစ်တဲ့ SCG အနေနဲ့ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ အထူးအလေးထားကြောင်းလည်း လေ့လာသိရှိရပါတယ်။ ပြပွဲနဲ့ပတ်သက်ပြီးပိုမိုသိရှိလိုပါက http://www.scgbuildingmaterials/th/ASA2017 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။