SCG Myanmar နဲ့ ပတ်သက်လို့ အနာဂတ်အစီအစဉ်

[caption id="attachment_24015" align="alignnone" width="370"]Mr Are Chavalitcheewingul
Vice President, Regional Business
SCG Cement Building Materials[/caption]

SCG ရဲ့ ဒေသတွင်းနှစ်စဉ်ကုန်ထုတ်လုပ်နိုင်စွမ်း . . .

ထိုင်းနိုင်ငံမှာဆိုရင်တော့ SCG ဟာ တစ်နှစ်ကို ဘိလပ်မြေတန်ချိန် ၂၃ သန်းထုတ်လုပ်ပါတယ်။ အခု ဒေသတွင်း ဘိလပ်မြေထုတ်လုပ်မှုကို တိုးမြှင့်လိုက်ပြီဖြစ်လို့ အင်ဒိုနီးရှားမှာဆိုရင် တစ်နှစ်ကို ဘိလိပ်မြေ တန်ချိန် ၁.၈ သန်းထုတ်လုပ်နိုင်ပါတယ်။ ကမ္ဘောဒီးယားမှာတော့ ဘိလပ်မြေစက်ရုံနှစ်ခုရှိပြီး တစ်နှစ်ကို စုစုပေါင်းတန်ချိန်နှစ်သန်း ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ သိတဲ့အတိုင်း ကျွန်တော်တို့စက်ရုံ ဆောက်လုပ်နေဆဲဖြစ်ကာ ၂၀၁၆ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာတော့ ပြီးစီးမယ်လို့ မျှော်မှန်းထားပြီး အဲဒီ စက်ရုံကနေလည်း တစ်နှစ်ကို ဘိလပ်မြေတန်ချိန် ၁.၈ သန်းလောက်ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာလည်း ဘိလပ်မြေစက်ရုံ တည်ဆောက်လျက်ရှိပြီး ၂၀၁၇ ခုနှစ်၊ နှစ်လယ်လောက် မှာပြီးစီးဖို့ မျှော်မှန်းထားပါတယ်။ သူကလည်း တစ်နှစ်ကို ဘိလပ်မြေတန်ချိန် ၁.၈ သန်း ထုတ်လုပ်ဖို့ လျာထားတာပါ။ ရင်းနှီးမြှုပ်နှံမှုအပိုင်းပြောရရင် အခုအချိန်မှာ အင်ဒိုနီးရှားမှာ အဓိကရင်းနှီးမြှုပ်နှံမှု လုပ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဗီယက်နမ်ပါ။ တတိယကတော့ မြန်မာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

HVA Product တွေကို ထိုင်းနိုင်ငံပြင်ပမှာ ရောင်းချသွားဖို့ အစီအစဉ် . . .

HVA Product တွေကို ထိုင်းနိုင်ငံမှာ အရင်ထုတ်လုပ်ဖြန့်ဖြူးပြီး ဈေးကွက်ရဲ့ တုံ့ပြန်မှုအခြေအနေကို အရင် စောင့်ကြည့်ရပါတယ်။ အဲဒီနောက်မှာမှ တိကျတဲ့နည်းပညာကို အတည်ပြုပြီး တခြားအာဆီယံနိုင်ငံတွေဆီ ဒီ HVA ပစ္စည်းတွေ Transfer လုပ်နိုင်မှာပါ။ အခုလက်ရှိအချိန်မှာ တချို့ HVA Product တွေဖြစ်တဲ့ Special Ready-Mixed ကွန်ကရစ်ကို အင်ဒိုနီးရှားနိုင်ငံကို တင်သွင်းရောင်းချနေပါပြီ။ HVA Product ဖြစ်တဲ့ Smartboard ကို မြန်မာနိုင်ငံမှာ ရောင်းချနေပြီးသားဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ဈေးကွက်အခြေအနေ . . .

ဈေးကွက်အခြေအနေကလည်း ကောင်းပါတယ်။ ဘိလပ်မြေရောင်းအားကို ပထမလေးလပတ်မှာ မြန်မာနိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်း ရောင်းအားတက်လာပါတယ်။ ဒါကအာဆီယံနိုင်ငံတွေထဲမှာ အများဆုံးရောင်းအားပါ။ ဒုတိယသုံးလပတ်မှာ ၁၉ ရာခိုင်နှုန်းနဲ့ တတိယသုံးလပတ်မှာတော့ အနည်းငယ်လျော့ကျသွားပါတယ်။ ရေကြီးတာတွေရော၊ မိုးတွင်းဖြစ်တာကြောင့်ရော ဖြစ်ပါတယ်။ အားလုံးခြုံကြည့်လိုက်ရင်တော့ ရောင်းအားတက်လာတာဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲမှာ အမြင့်ဆုံးတိုးတက်မှုဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံကို ကျွန်တော်တို့တင်ပို့နေတဲ့ Smartboard တွေဆိုရင်လည်း နှစ်စဉ်နှစ်တိုင်း ၁၀ ရာခိုင်နှုန်းလောက် တိုးတက်လာနေတာဖြစ်ပါတယ်။

မော်လမြိုင်က ဘိလပ်မြေစက်ရုံတည်ဆောက်ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံက တင်သွင်းနေတာကို ရပ်လိုက်ဖို့ အစီအစဉ်ရှိ၊ မရှိ . . .

အခုလက်ရှိ ကျွန်တော်တို့နှစ်စဉ် မြန်မာနိုင်ငံကို တင်ပို့နေတဲ့ ဘိလပ်မြေက တန်ချိန်ပေါင်း ၂.၅ သန်း လောက်ရှိပါတယ်။ မော်လမြိုင်က စက်ရုံတစ်နှစ်ကို တန်ချိန် ၁.၈ သန်းပဲထုတ်လုပ်နိုင်မှာ ဖြစ်တာကြောင့် ဆက်ပြီးတင်နေရဖို့ ရှိပါတယ်။

ထိုင်းနိုင်ငံနဲ့ အာဆီယံဒေသတွင်းက စက်ရုံတွေရဲ့ Standard . . .

အာဆီယံဒေသတွင်းမှာရှိတဲ့ ဘိလပ်မြေစက်ရုံတိုင်းက Standard အတူတူပဲဖြစ်ပါတယ်။ Quality Standard ကို အတူတူပဲဖြစ်အောင် လုပ်ပါတယ်။ တချို့ကုန်ကြမ်းအရည်အသွေး ပိုကောင်းတဲ့နိုင်ငံကတောင် ထိုင်းနိုင်ငံက ဘိလပ်မြေထက် ပိုကောင်းနိုင်ခြေရှိပါတယ်။ ကျွန်တော်တို့က စီးပွားရေးတစ်ခုတည်းတင်မဟုတ်ဘဲ လူမှုအသိုက်အဝန်းနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ အလေးထားပြီး လုပ်ငန်းလုပ်ကိုင်သွားဖို့က ကျွန်တော်တို့ရဲ့ Commitment ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ကျွန်တော်တို့က Quality တင်မက သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပါတယ်။ အခုမော်လမြိုင်က စက်ရုံတည်ဆောက်တဲ့နေရာမှာလည်း နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုထားတာဖြစ်ပါတယ်။ တတ်နိုင်သလောက် စွမ်းအင်ချွေတာနိုင်ဖို့ လုပ်လေ့ရှိပြီး ဘိလပ်မြေအခြောက်ခံတဲ့နေရာမှာ အသုံးပြုတဲ့နည်းလမ်းကလည်း နောက်ဆုံးပေါ်နည်းပညာဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က Dry Process of the Cement လို့ခေါ်ပြီးတော့ ဒါကလည်း ကျွန်တော်တို့မှာရှိတဲ့ အကောင်းဆုံးနည်းပညာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးတော့ သတ္တုတူးဖော်ရာမှာလည်း Semi- Open Cut Mining နည်းပညာကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဘိလပ်မြေစက်ရုံက ပြည်တွင်းဝန်ထမ်းအင်အား . . .

လက်ရှိ စက်ရုံတည်ဆောက်ဆဲကာလမှာ ပြည်တွင်းလုပ်သား ၂ç၅၀၀ ကျော်လောက် ခန့်ထားနိုင်ပါတယ်။ ဒါက စုစုပေါင်းဝန်ထမ်းအင်အားရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။ စက်ရုံတည်ဆောက်ပြီးစီးလို့ လုပ်ငန်းစတင်လုပ်နေပြီဆိုရင်တော့ ပြည်တွင်းဝန်ထမ်း လေးရာကျော်လောက်ခန့်ထားနိုင်မှာပါ။

ဖြူလဲ့မွန်