ရှေ့တွင်မြင်တွေ့နေရသည်ကို ကြိုစဉ်းစားခြင်း
Walking the Battlefield Before the Battle (စစ်ပွဲမစခင် စစ်ကွင်းကို အရောက်သွား၍ လျောက်ကြည့်ခြင်း)
ရှေ့ကိုကြို၍ မှန်းဆတွေးခေါ်ထားခြင်းသည် ရှေ့တွင် တွေ့ကြုံနိုင်သည်များကိုခုခံနိုင်သော ပြင်ဆင်ခွင့်ရခြင်းပင် ဖြစ်သည်။ ဤသို့အားဖြင့် အပြန်အလှန်ဆွေးနွေးခြင်းအ ပြင် ဗျူဟာခြားနားမှုကို နှိုင်းယှဉ်စဉ်းစား၍ အနာဂတ်အ တွက် လုပ်ငန်းစီမံချက်များကို နှိုင်းဆစစ်ဆေးနိုင်သည်။ သို့ဖြစ်၍ မတူထူးခြားစွာစဉ်းစားနိုင်ပြီး ယခင်ကန့်သတ် ချက်များမပါသည့် တိုးတက်သောဗျူဟာများ ချမှတ်နိုင် သည်။ မသေချာမှုများရှိနိုင်သော အန္တရာယ်တို့ကို ရှောင် နိုင်သောအမြင်အတွေးကို ပေးနိုင်သည်။ ရှုပ်ထွေးမှုများကို ကိုင်တွယ်နိုင်ပြီး အနာဂတ်နှင့် လက်တွေ့အခြေအနေကို ထိန်းချုပ်နိုင်သည်။
ခြုံငုံအမြင်
Scenario (ရှေ့ကိုမြင်တွေ့နေမှု) သည် ရှေ့တွင်ကြုံတွေ့ ရမည့်အနာဂတ်နှင့် ဖြစ်နိုင်ခြေများ၊ အလားအလာများကို သိစေနိုင်ပြီး အထောက်အကူဖြစ်နိုင်သည်။ တုံ့ပြန်နိုင်မှု အမျိုးမျိုး၏အခြေအနေကို ကြို၍သိပြီး ရှောင်သင့်က ရှောင်နိုင်မည်။ ရည်ရွယ်ချက်မှာ အနာဂတ်ကို အတိအကျ သိရန်မဟုတ်ဘဲ ဖြစ်နိုင်ခြေများကို မဖြစ်ခင်သိရန်ဖြစ် သည်။
Scenario Thinking အကျိုးပြုနိုင်မှုများမှာ ...
- အမြင်သစ်များ ဖော်ထုတ်ပေးပြီး လုပ်ငန်းအဖွဲ့အစည်း နှင့်ပတ်သက်သော ဟာကွက်များ ထုတ်ဖော်အသိပေး သည်။
- လက်ခံထားသော ယူဆချက်များကို သုံးသပ်စိန်ခေါ် နိုင်ပြီး ''စီးပွားရေးဆိုတာ ဒီလိုပါပဲ'' ဆိုသော ယူဆ ချက်မျိုးကို ပယ်နိုင်သည်။
- လက်ရှိအခြေအနေကို နားလည်ပြီး ဖြစ်နိုင်ခြေအလား အလာကိုလည်း သိနိုင်သည်။
- နောင်တွင်ဖြစ်ပေါ်မည့် ပြင်ပအကြောင်းများကိုပါ သိ နိုင်သည်။
- အခြားသူများက သတင်းနှင့် အကြံဉာဏ်များဝေမျရန် အားပေးနိုင်သည်။
- ဖြစ်ရပ်များကို တုံ့ပြန်ရာတွင် အဆင်ပြေစေသည်။
- စိတ်သဘောထားပြောင်းနိုင်ပြီး သေချာမှုကို လက်ခံ နိုင်သည်။
- ဦးတည်မှုနှင့် ရည်ရွယ်ချက်ပါ တိုးတက်နိုင်သည်။
ဗျူဟာကျကျ စကားပြောဆိုနိုင်ခြင်းအားဖြင့် လက် ရှိအခြေအနေကို သုံးသပ်သည့်ဖြစ်စဉ်ဖြစ်ပြီး အမြင် သစ်များ ဖော်ထုတ်ဆန်းစစ်ခြင်း၊ အလားအလာများ ဖော် ထုတ်စိစစ်ပြီးနောက် ရွေးချယ်ခြင်း၊ ပြုပြင်ခြင်းနှင့် ရွေး ချယ်ထားသည်ကို အကောင်အထည်ဖော်ခြင်းတို့ ဖြစ် သည်။ ရွေးချယ်ထားသော မြင်ကွင်းတွင် ...
- အဆင့်တိုင်းမှလူများ ပါဝင်မည်။
- ဆက်စပ်မှုရှိပြီး တန်ဖိုးထားနိုင်ရမည်။
- လက်ရှိဘက်လိုက်မှုများ ပယ်ရမည်။
- ဝေဖန်ဆန်းစစ်ထားသော လက်ရှိပကတိ (လက်ရှိအ ခြေအနေအမှန်) ကို အခြေစိုက်ထားရမည်။
Initial Planning (ကနဦး ပြင်ဆင်ခြင်း)
အဖွဲ့တစ်ခုအသစ်ဖွဲ့၍ လုပ်ငန်းစရန်လိုသည်။ ထိုအဖွဲ့ ဝင်များသည် ဖြစ်နိုင်လျင် ပြင်ပမှစဉ်းစားပြီး ပွင့်လင်းစွာ ပြောရဲသူများဖြစ်သင့်သည်။ ယင်းတို့အနေဖြင့် ...
- ရင်ဆိုင်ရမည့် လုပ်ငန်းနှင့်ပတ်သက်၍ သိသင့်ပြီး မသိသေးသည်များကို သိခြင်း။
- လုပ်ငန်းကြာမည့်အချိန်ကို သဘောတူခြင်း။
- ကြိုတင်စဉ်းစားကြမည့် အဖွဲ့ဝင်များကို တွေ့ဆုံဆွေး နွေးပြီး တစ်ဦးချင်းမေးမြန်းရမည့် အလုပ်ရုံဆွေးနွေး ပွဲ၌ ရှေ့တွင်ဖြစ်နိုင်ခြေနှင့် ဖြစ်ကြောင်းများ ဆွေးနွေး သိရှိရန်။
- မေးမြန်းရရှိသောအဖြေများကို နှိုင်းယှဉ်၍ အစီရင်ခံ စာဖြင့် အဓိကကျသော အကြောင်းအရာများ၊ စဉ်းစား စရာ မသေချာသည်များကို မှတ်သားရမည်။ ဤမှတ် တမ်းမှာ ပထမအလုပ်ရုံဆွေးနွေးပွဲ၏ အစီအစဉ်ဖြစ် သည်။
Developing the Scenario (မြင်ကွင်းဖြစ်စဉ်များ ဆွေးနွေးဆောင်ရွက်ခြင်း)
ရည်ရွယ်ချက်မှာ ရှေ့တွင်ဖြစ်လာမည့်အကြောင်းအရာ များကို နားလည်ရန်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲများ တွင် ထွက်ပေါ်လာသော ဖြစ်ရပ်ဖြစ်စဉ်များကို သုံးသပ်၍ ဆန်းစစ်ရန်ဖြစ်သည်။ ပါဝင်သူများအနေဖြင့် ...
- အခြေအနေတစ်ရပ်ကို အကျိုးသက်ရောက်လာနိုင် သော အကြောင်းများကို ဖော်ထုတ်နိုင်ခြင်း။
- ဆန့်ကျင်ဘက်ဖြစ်ရပ်များ ရှိနိုင်သည်ကိုသိပြီး အင် အားများပါရှိနိုင်ခြင်း။
- ယင်းအားများ မည်သို့ဆက်စပ်နေသည်ကို သိရှိခြင်း။
- အင်အားတစ်ရပ်စီအနေဖြင့် အကျိုးသက်ရောက်မှု အ နည်းအများနှင့် ဖြစ်နိုင်ခြေအနည်းအများကို ဆုံးဖြတ် ရမည်။
- ဖြစ်ပေါ်လာခြင်း၏ အကြောင်းတရားသမိုင်းများနှင့် ဆက်စပ်နေသော အသေးစိတ်ဖြစ်ရပ်များသိနိုင်ခြင်း။
Analyzing and using the Scenarios (ဝေဖန်သုံးသပ်၍ တွေးဆမြင်ကွင်းကို အသုံးချခြင်း)
Analyzing and using the Scenarios အဖွဲ့အစည်း ပြင်ပမှသူများပါဝင်နေပြီး အရေးပါသော အဆင့်များတွင် ထိုသူများ၏ တုံ့ပြန်မှုကိုသိရှိ၍ အလေးထားရန်လိုအပ် သည်။ ထို့နောက် လုပ်ငန်းစီမံချက်ရေးဆွဲရမည်။ ယင်း စီမံချက်မှာ ရှေ့ကြိုမြင်ကွင်းမှစ၍ လက်တွေ့အထိ အ နောက် ပြန်စဉ်းစားကာ စတင်ပြောင်းလဲမှုအခြေအနေကို သိရှိရမည်။ သို့မှသာ လိုအပ်သောပြုပြင်မှုကို လျင်မြန်သွက်လက်စွာလိုအပ်သော၊ မှန်ကန်သော ဗျူဟာလမ်းစဉ်ကို ချမှတ်နိုင်မည်ဖြစ်သည်။
ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)