Samsung က ၁၁၀" အရွယ် Ultra-HD TV ကို ဒေါ်လာ ၁၅၀,၀၀၀ နှင့် ရောင်းချ

South Korea Samsung New TV ဆိုးလ် ၊ တောင်ကိုးရီးယား (AP) - Samsung က သူ့ရဲ့ ၁၁၀"  TV ဟာ သာမန် HD TV တွေရဲ့ Resolution ထက် လေးဆရှိမှာဖြစ်ပြီး တန်ဖိုးကတော့ ဒေါ်လာ တစ်သောင်းခွဲနဲ့ တောင်ကိုးရီးယားမှာ ရောင်းချမယ်လို့ သိရပါတယ်။ တနင်္လာနေ့မှာပြုလုပ်ခဲ့တဲ့ Samsung ရဲ့ TV အကြီးစား မိတ်ဆက်ကြေငြာမှုက ကမ္ဘာ့ TV ထုတ်လုပ်သူတွေအနေနဲ့ Ultra-HD TV ဈေးကွက်ထဲ ဝင်လာကြပြီဆိုတာကို ပြသနေပါတယ်။ ပြီးတော့ OLED နည်းပညာသုံး TV အကြီးစားတွေရဲ့ထုတ်လုပ်မှုက အကုန်အကျ အလွန်များပါတယ်။ Samsung နဲ့ သူ့ရဲ့ပြိုင်ဘက် LG Electronics တို့ဟာ ကမ္ဘာ့ ထိပ်တန်း TV ထုတ်လုပ်သူတွေဖြစ်ပြီး TV တွေရဲ့အနာဂတ်ဟာ OLED ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောခဲ့ကြပါတယ်။ OLED မျက်နှာပြင်တွေဟာ အလွန့်အလွန်ပါးလွှာပြီး ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာနဲ့ ပြသပေးနိုင်တဲ့အပြင် အရောင်ပြည့်ဝမှုလည်း ရှိပါတယ်။ ဒါပေမဲ့ Samsung နဲ့ LG တို့ဟာ OLED TV တွေကို LCD TV တွေရဲ့နေရာမှာ အစားထိုးသုံးစွဲတဲ့အထိဖြစ်လာအောင် မလုပ်နိုင်သေးပါဘူး။ သူတို့ဟာ ပိုကြီးမားပြီး ပိုဈေးသက်သာတဲ့ OLED TV တွေကို အများအပြားထုတ်လုပ်နိုင်အောင် ရုန်းကန်ကြိုးစားနေကြဆဲပဲရှိပါသေးတယ်။ ဒီအချိန်မှာပဲ ဂျပန်နိုင်ငံက မီဒီယာတွေက Sony နဲ့ Panasonic တို့ဟာ သူတို့ရဲ့ OLED partnership ကို ရပ်ဆိုင်းဖြစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရေးသားခဲ့ကြပါတယ်။ Ultra-HD TV တွေဝယ်လိုအားတက်လာဖို့ဆိုရင် ဈေးနှုန်းက OLED TV တွေထက် မြန်မြန်ကျလာဖို့လိုအပ်ပါတယ်။  သူတို့မှာပြသဖို့ content တွေမရှိသေးတာကိုတော့ ခဏဖယ်ထားဖို့လိုမှာပါ။ ဒီလို ဝယ်လိုအားတက်လာဖို့အားထားစရာကတော့ တောင်ကိုးရီးယား TV ထုတ်လုပ်သူတွေရဲ့ အဓိက ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံက TV ထုတ်လုပ်သူတွေကလည်း Ultra-HD TV ဈေးကွက်ဖြစ်ပေါ်လာဖို့ အလေးထားနေပါတယ်။ NPD DisplaySearch ရဲ့ ပြောဆိုမှုအရတော့ Ultra-HD ရောင်းချနှုန်းဟာ ၂၀၁၃ ခုနှစ်မှာ ၁.၃ သန်းရှိခဲ့ပြီး နောက်လာမယ့် ၂၀၁၇ ခုနှစ်မှာဆိုရင်တော့ ၂၃ သန်းရှိလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီထဲက တင်ပို့ရောင်းချမှု တစ်ဝက်လောက်က တရုတ်ကုမ္ပဏီတွေယူထားနိုင်တယ်လို့လည်း NPD က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံက TV ထုတ်လုပ်သူတွေက ပိုသေးငယ်ပြီး ဈေးနှုန်းသက်သာတဲ့ Ultra-HD TV တွေရဲ့ ရောင်းအား တိုးလာအောင် ရည်ရွယ်ထားတဲ့အချိန်မှာ Samsung ရဲ့ နည်းဗျူဟာကတော့ ပိုကြီးမားတဲ့ မျက်နှာပြင်နဲ့ ဈေးနှုန်းကြီးမြင့်တဲ့ဘက်ကို သွားတာပဲဖြစ်ပါတယ်။ အခု Samsung က ထုတ်လုပ်လိုက်တဲ့ ၁၁၀" အရွယ် Ultra-HD TV ဟာ ၂.၆x1.8 မီတာ အတိုင်းအတာရှိပြီး တရုတ်နိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသတွေနဲ့ ဥရောပတို့မှာ ရရှိနိုင်နေပါတယ်။ တောင်ကိုးရီးယားမှာ ရောင်းချတဲ့ ဈေးနှုန်းက ဝမ် သန်း တစ်ရာခြောက်ဆယ် (ဒေါ်လာ တစ်သိန်းငါးသောင်းနှစ်ထောင်) ဖြစ်ပြီး တခြားနိုင်ငံတွေမှာတော့ ဈေးနှုန်းကွာခြားပါတယ်။ Samsung ကတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ TV အမှာ ၁၀ ခုလက်ခံထားရတယ်လို့ ပြောထားပါတယ်။ Samsung ရဲ့ အရင်တစ်ခေါက် ထုတ်လုပ်ခဲ့တဲ့ TV က ထောင့်ဖြတ် ၈၅" လက်မအရွယ်ဖြစ်ပါတယ်။ Ultra-HD TV တွေကို 4K TV တွေလို့လည်း ခေါ်ကြပါတယ်။ သူတို့ဟာ သာမန် HD TV တွေရဲ့ Resolution ထက် ၄ ဆ ရှိတာကြောင့်ဖြစ်ပါတယ်။