Salon May

salonmay1

ဆိုင်တည်နေရာ

အမှတ်- ၃၆၊ မာလာမြိုင် ၅ လမ်း (ပါရမီစိန်ဂေဟာအနီး) လှိုင်မြို့နယ်၊ ရန်ကုန်ဖြစ်ပြီး ဖုန်းနံပါတ် ၀၉ ၉၇၆၂ ၈၃၁၈၇ နဲ့ ၀၉ ၇၉၆၂၅၇၇၁၅ ကို ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်

ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီကနေ ည ၇ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး တနင်္ဂနွေကိုတော့ နေ့လယ် ၁ နာရီ ကနေ ည ၇ နာရီထိ ဖွင့်လှစ်ထားပါတယ်။

စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ ရည်ရွယ်ချက်

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလုပ်ငန်းကို ဝါသနာပါတဲ့အတွက် ဘန်ကောက်မှာ ကျောင်းတက်ခဲ့ပြီး ကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့ အားလုံးကို လှပအောင်ဖန်တီးပေးပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးချင်လို့ပါ။

salonmay2

ဝန်ဆောင်မှု

အမျိုးသမီးတွေရော၊ အမျိုးသားတွေကိုပါ ဝန်ဆောင်မှု ပေးပါတယ်။ ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဆံပင်ပေါင်း၊ ဆံပင်ဖြောင့်တာ ကောက်တာ၊ ဆံပင်ဆေးဆိုးတာနဲ့ Hair Treatment စတဲ့ ဆံပင်နဲ့ပတ်သက်တဲ့ အပိုင်းတွေကို ဝန်ဆောင်မှုပေးတဲ့အပြင် Make Up နဲ့ Facial Treatment တွေပါ ပြုလုပ်နိုင်ပါတယ်။ ထိုင်းနဲ့ ပြင်သစ်က အလှကုန်ပစ္စည်းတွေကိုပဲ အသုံးပြုပါတယ်။

ဈေးနှုန်းအပိုင်း

ပြုလုပ်တဲ့အမျိုးအစားနဲ့ အသုံးပြုတဲ့ ပစ္စည်းပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိရာ အနိမ့်ဆုံးနှစ်ထောင်ကနေ သုံးသောင်းကျပ်ဝန်းကျင်ထိ ရှိပါတယ်။

အများဆုံးလာရောက်ကြသူတွေ

အနီးအနားကလူတွေနဲ့ အနုပညာပိုင်းကဆိုရင် မော်ဒယ် နန်းခေးမား၊ ခင်နန်းထိုက်၊ မြတ်နိုးဝေတို့ လာပါတယ်။

salonmay3

Promotion ၊ Discount 

သြင်္ကန်လို အခါကြီးရက်ကြီးတွေမှာဆို ၁၀ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ၁၅ ရာခိုင်နှုန်း လျော့ပေးပါတယ်။

အနာဂတ်အစီအစဉ်

Body Massage ၊ Foot Massage တို့လို Spa ပိုင်းဆိုင်ရာတွေနဲ့ Nail Art တွေကို ဝန်ဆောင်မှု ထပ်ပေးသွားဖို့ ရှိပါတယ်။