S & P foodservice distribution

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်း . . .

အမှတ် ၁၅(မြေညီထပ်)၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ ၀၁ - ၅၂၅၇၃၅၊ ၀၁ - ၅၂၄၈၉၅ တို့ဖြစ်ပြီး www.spfoodservice.com.mm မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ ရည်ရွယ်ချက် . . .

၂၀၁၆ ခုနှစ်၊ မတ်လ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ S & P က မြန်မာနိုင်ငံရဲ့စားသောက်ကုန်နဲ့ အဖျော်ယမကာဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကဏ္ဍတွေမှာ စားသောက်ဖွယ်ရာတွေကို နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ဒါပြင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အရည်အသွေးမြင့်မားပြီး နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ရရှိနိုင်တဲ့ ပစ္စည်းအမျိုးအစားတွေက . . .

S & P မှာ ပစ္စည်းအမျိုးအစားပေါင်း ငါးထောင်ကျော်ရှိပြီး မီးဖိုချောင်သုံးပစ္စည်း အမျိုးအစားသုံးရာကျော် ရှိပါတယ်။ အဓိကရောင်းချတဲ့ ပစ္စည်းအမျိုးအစား သုံးမျိုးခွဲခြားထားပါတယ်။ အဲဒါတွေကတော့ နေအိမ်ဧည့်ခန်းတွေမှာ အသုံးပြုတဲ့ ပန်းကန်၊ ခွက်ယောက်၊ ဇွန်း၊ ခက်ရင်း ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုးနဲ့ အစားအသောက်တွေပြင်ဆင်ရာမှာ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်နိုင်တဲ့ပစ္စည်းအမျိုးမျိုးတို့ ဖြစ်ပါတယ်။

ထူးခြားချက် . . .

S & P ရဲ့ ထူးခြားချက်ကတော့ နိုင်ငံတကာမှာရှိတဲ့ အရည်အသွေးပြည့်မီတဲ့ အိမ်သုံး၊ ဟိုတယ်သုံး ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိနိုင်တာဖြစ်ပါတယ်။

ဈေးနှုန်းပိုင်း . . .

ပြည်တွင်းဈေးကွက်အတွင်း လက်လီလက်ကားဝယ်ယူ အသုံးပြုသူတွေကို သင့်တင့်မှန်ကန်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။