နိုင်ငံခြားဘဏ်တွေ၊ ပြည်တွင်းဘဏ်တွေရဲ့ လက်ရှိအနေအထားနဲ့ ဗဟိုဘဏ်ရဲ့အခန်းကဏ္ဍ

article landscape wartermark final6 မြန်မာအစိုးရဟာ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံကို ဝင်ရောက်ရင်း နှီးမြှုပ်နှံလာတာကို ခွင့်ပြုခဲ့ရာမှာ Standard Chartered Bank ၊ Siam Commercial Bank ၊ ICBC Bank၊ Bangkok Bank ု ၊DBS Bank  နဲ့ United Overseas Bank  အပါအဝင် နိုင်ငံခြားဘဏ် ၃၅ ခုဟာ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးတွေ လာရောက်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။  အဲဒီဘဏ်တွေထဲက ဆယ် ခုခန့်ကို စိစစ်ရေးအဖွဲ့က Koland Berger  အကြံပေးကုမ္ပဏီရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အတူ စိစစ်ရွေးချယ်ပြီး ကန့်သတ်ချက်နဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို စက်တင်ဘာလအကုန်မှာ ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရှိရပါတယ်။  နိုင်ငံခြားလုပ်ငန်းတွေကို ချေးငွေထုတ်ချေးခြင်းအပါအဝင် ကန့် သတ်ဝန်ဆောင်မှုလုပ်ငန်းအချို့ကို လုပ်ကိုင်ခွင့်ပေးသွားမှာဖြစ်ပြီး နိုင်ငံခြား ဘဏ်တွေအနေနဲ့ ပြည်တွင်းကုမ္ပဏီတွေကို ငွေချေးချင်ရင်တော့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လိမ့်မယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံကြိုဆိုချင် တဲ့ ရည်ရွယ်ချက်ရှိသလို တစ်ဖက်မှာလည်း ပြည်တွင်းပု၈္ဂလိကဘဏ်တွေအနေနဲ့ ကြီးထွားဖို့အချိန် လိုအပ်သေးတဲ့အတွက်  အင်အားကြီးမားတဲ့ နိုင်ငံတကာကဘဏ်တွေကြောင့် ပြည်တွင်းဘဏ္ဍာရေး ကဏ္ဍ အပေါ် ဘယ်လိုအကျိုးဆက်တွေ သက်ရောက်လာနိုင်ဖွယ် ရှိတယ်ဆိုတဲ့အပေါ်မှာ ထင်မြင်သုံးသပ်မှုအမျိုးမျိုးရှိနေပါတယ်။ ဒါကြောင့် နိုင်ငံခြားဘဏ်တွေကို ဘဏ်လုပ်ငန်းလုပ် ကိုင်ခွင့်ပြု တာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ၊ ပြည်တွင်းဘဏ်တွေရဲ့အနေအထားနဲ့ နိုင်ငံခြားဘဏ်တွေကို ဘယ်လိုခွင့်ပြုသင့်တယ်ဆိုတဲ့အပေါ် မှာ ဘဏ်လုပ်ငန်းလုပ်ကိုင်နေသူတွေ၊ ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်း ကျင်ပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။     [caption id="attachment_12312" align="alignnone" width="370"]ဒေါက်တာစိန်မောင် ဒေါက်တာစိန်မောင်
ဥက္ကဋ္ဌ (ပထမပုဂ္ဂလိကဘဏ်)[/caption]

နိုင်ငံခြားဘဏ်တွေ ဝင်ရောက်လာတဲ့အပေါ် အမြင်

နိုင်ငံတကာကဘဏ်တွေ ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ၁။ နိုင်ငံတော်ဗဟိုဘဏ်ရဲ့အမြင်၊ ၂။ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေရဲ့အမြင်နဲ့ ၃။ နိုင်ငံခြားဘဏ်တွေရဲ့ တောင်း ဆိုချက်ဆိုတဲ့ perspective သုံးခုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Perspective  ချင်းမတူတဲ့အတွက် နိုင်ငံခြားဘဏ်တွေကလည်း သူ တို့လိုချင်တာကိုပြောမှာဖြစ်ပြီး နိုင်ငံတော်ပိုင်းကကြည့်မယ် ဆိုရင်လည်း ရည်ရွယ်ချက်နှစ်ခု(Conflicting Objectives)  ထိပ်တိုက်ဖြစ်နေပါတယ်။ တစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ဝင်လာစေချင်တဲ့ရည်ရွယ်ချက် (Objective)  နဲ့ နောက် တစ်ခုကဝင်လာရင် ဘယ်လိုထိန်းရမလဲဆိုတဲ့ ရည်ရွယ်ချက် (Objective)  ဆိုပြီး ရှိပါတယ်။ နိုင်ငံခြားဘဏ်တွေကို ဝင်လာစေချင်ပေမယ့် စည်း လွတ်ဝါးလွတ်လွှတ်ပေးလိုက်လို့ အကျိုးဆက်တွေ ပေါ်ပေါက်လာရင် ဘယ်သူကထိန်းနိုင်မလဲ၊ ဘယ်သူက တာဝန်ယူမလဲဆိုတာက အရေးကြီးပါတယ်။ သေသေချာချာ ချင့်ချိန်သင့်ပါတယ်။ ပြီးစလွယ်လုပ်လို့ မရပါဘူး။ တစ် ဖက်ကလည်း နိုင်ငံခြားဘဏ်တွေကို ဝင်လာခွင့်ပြုပြီး တစ် ဖက်မှာလည်း ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေကို မထိခိုက် ရအောင်၊ ဆိုးကျိုးတွေမဖြစ်ပေါ်အောင် ဗဟိုဘဏ်အနေနဲ့ ပိုင်ပိုင်နိုင်နိုင် ထိန်းကွပ်နိုင်တဲ့အနေအထားရှိဖို့လိုပါတယ်။ နိုင်ငံခြားဘဏ်တွေကတော့ စီးပွားရေးလာလုပ်တာဖြစ်တဲ့ အတွက် သူတို့အကျိုးအမြတ်ရှိမယ့်ဟာကို ဦးတည်ပြီး အ ကောင်းဆုံး တောင်းဆိုမှာပဲ။ ပြည်တွင်းဘဏ်တွေအနေနဲ့လည်း နိုင်ငံ ခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရတာက သိပ်မကြာသေး တဲ့အတွက် သင်ယူရင်းလုပ်ကိုင်လုပ်ကိုင်ရင်း သင်ယူနေရတဲ့ အနေအထားဖြစ်ပြီး အတွေ့အကြုံ နည်းနေပါသေးတယ်။ နိုင်ငံခြားဘဏ်တွေနဲ့နှိုင်းယှဉ်ရင် အရင်းအနှီးအပိုင်း (Capital) နည်းပညာပိုင်း (Banking Technology) ၊ ကျွမ်းကျင်မှုအပိုင်း  (Expertise) ဘယ်အပိုင်းကိုပဲကြည့်ကြည့် ပြည်တွင်းဘဏ် တွေအနေနဲ့ နိုင်ငံခြားဘဏ်တွေကို ဘယ်လိုမှမယှဉ်နိုင်ပါဘူး။ ဒါ့အပြင်Scale၊ Skill ရော Scope ပါဘယ်လိုမှမပြိုင်နိုင်ပါ ဘူး။ သူတို့က နှစ်ပေါင်းတစ်ရာကျော်မက ကာလရှည်ကြာ စွာတည်ထောင်လာခဲ့တဲ့ဘဏ်တွေဖြစ်တဲ့အတွက် လမ်းလျောက် တတ်ခါစကလေးနဲ့ လူကြီးအပြေးပြိုင်ရသလို ဖြစ်နေပါတယ်။ ဒါကတော့ ပြည်တွင်းဘဏ်တွေရဲ့အမြင် (Perspective) ဖြစ် ပါတယ်။ နိုင်ငံခြားဘဏ်တွေကတော့ ခုနကပြောသလို သူ တို့အတွက် အကောင်းဆုံးအကျိုးအမြတ် ဖြစ်ထွန်းမယ့်ဟာကို တောင်းဆိုကြမှာပဲ။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ဒီမတူညီ တဲ့အမြင် (Perspective) သုံးခုကိုညှိနှိုင်းပေးဖို့ လိုပါတယ်။ ဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဓမ္မဓိဋ္ဌာန် ကျကျ မှန်မှန်ကန်ကန်သုံးသပ်ရမှာဖြစ်ပါတယ်။  

နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပြုနိုင်တဲ့နည်းလမ်းတွေ

နိုင်ငံခြားဘဏ်တွေဝင်လာတာကို ခွင့်ပြုဖို့နဲ့ပတ်သက်ပြီး နည်းလမ်းသုံးခုရှိပါတယ်။ ၁။ ဖက်စပ်လုပ်ငန်း (Joint Venture) ၊ ၂။ နိုင်ငံခြားဘဏ်ရဲ့ လက်အောက်ခံလုပ်ငန်း (Subsidiary) နဲ့ ၃။ ဘဏ်ခွဲဖွင့်လှစ်ခြင်း (Full Branch) ဆိုတဲ့ ရွေးချယ်စရာနည်းလမ်းသုံးခုရှိပါတယ်။ အထက်မှာ ပြောခဲ့တဲ့   Perspective  သုံးခုကို Balance လုပ်ပြီး အဲဒီ နည်းလမ်း (Option)  သုံးခုရဲ့ အားသာချက်၊ အားနည်းချက် တွေက ဘာတွေလဲဆို တာကို စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။  Joint Venture (JV) ဆိုရင် ပြည်တွင်းဘဏ်တွေအတွက် ပိုအကျိုးရှိတယ်ဆိုတာကို နိုင်ငံခြားဘဏ်တချို့က ဝန်ခံပါ တယ်။ ပြည်တွင်းဘဏ်တွေအတွက် ကျွမ်းကျင်မှု (Skills)  တက်လာနိုင်ပြီး သူတို့ဆီက နည်းပညာတွေရလာမှာ ဖြစ်ပါ တယ်။ ဒီကိစ္စကို ဘဏ်များအသင်းမှာ အကျယ်တဝင့်ဆွေး နွေးကြတော့ အဲဒီ Option သုံးခုထဲမှာ ဘဏ်တွေကိုကိုယ် စားပြုတဲ့ ကျွန်တော်တို့ဘဏ်များအ သင်းရဲ့ ပထမဦးစားပေး က JV ဖြစ်ပြီး ဒုတိယဦးစားပေးက Subsidiary  ဖြစ်ပါတယ်။ Subsidiary ရဲ့သဘောတရားကတော့ နိုင်ငံခြားဘဏ်တစ်ခုက ဒီမှာ Subsidiary လာဖွင့်တယ်ဆိုရင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က သတ်မှတ်တဲ့စည်မျဉ်းစည်းကမ်းတွေကို လိုက်နာ ဖို့ လိုပါတယ်။ ၁။ အရင်းအနှီး (Capital) ဘယ်လောက် ယူလာရမယ်။ ၂။ ငွေလည်ပတ်မှုဆိုင်ရာ (Liquidity)  နဲ့ ပတ်သက်ပြီး စည်းကမ်းတွေကိုလိုက် နာရမယ်။ ၃။  Leverage   လို့ခေါ်တဲ့ ငွေချေးငှားမှုဆိုင်ရာအချက်အလက်တွေ  (Borrowing Requirement)  ကို လိုက်နာရမှာဖြစ်ပါတယ်။ Subsidiary ဆိုရင်တော့ ဗဟိုဘဏ်ရဲ့ ထိန်းကွပ်နိုင်စွမ်းရှို ထောင့်က ကြည့်မယ်ဆိုရင် ပိုပြီးထိန်းနိုင်သိမ်းနိုင်တဲ့အခြေအနေရှိပါတယ်။ Full Branch  ဆိုရင်တော့ စင်ကာပူကဘဏ် ဖြစ်စေ၊ ဂျပန်ကဘဏ်ဖြစ်စေ သူတို့ဘဏ်ရဲ့ Headquarters  ကနေ Branch လာဖွင့်တာဖြစ်တဲ့အတွက် Headquarters ကိုပဲ အစီရင်ခံရမှာ ဖြစ်ပါတယ်။ Subsidiary နဲ့ နှိုင်းယှဉ် ရင် စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းကွပ်တဲ့အပိုင်းမှာ သိပ်လိုက် နာဖို့မလိုပါဘူး။ သူတို့အတွက် ပိုပြီးလွတ်လွတ်လပ်လပ်လုပ် ကိုင်နိုင်တဲ့ အနေအ ထားပါ။ အဲဒါက Branch  ရဲ့အားသာချက် ဖြစ်ပါတယ်။ နိုင်ငံခြားဘဏ်တွေက အဲဒါကိုကြိုက်ပြီး သူ တို့ရှုထောင့်ကကြည့်ရင် သူတို့အတွက် မှန်နေတာပါပဲ။ ဒီတော့ နိုင်ငံတော်ဘက်က ထိန်းချုပ်ရမယ့်အပိုင်း၊ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ရမယ့်အပိုင်းမှာ ကိုယ်လိုချင် တဲ့အတိုင်း လုပ်လို့မရတော့ပါဘူး။ နိုင်ငံခြားဘဏ်တွေနဲ့ သက်ဆိုင်ရာအစိုးရတွေကတော့ ထုံးစံအတိုင်း ဗဟိုဘဏ်နဲ့ နိုင်ငံတော်အစိုးရပိုင်းကို အတင်းချဉ်းကပ်ပြီး နည်းမျိုးစုံနဲ့ Pressure တွေ ပေးနေတာကို တွေ့ရပါတယ်။ ယခင်တစ်ချိန် တုန်းက ဗဟိုဘဏ်က ချမှတ်ထားခဲ့တဲ့မူအဆင့်ဆင့်က ၁။ Representative Office    ဖွင့်ခွင့်ပြုခြင်း၊ ၂။ Joint Venture  လုပ်ကိုင်ခွင့်ပြုခြင်းနဲ့ ၃။ Subsidiary ၊ ဒါမှမဟုတ် Full Branch  ဖွင့်ခွင့်ပြုခြင်းဆိုတဲ့အဆင့်သုံးဆင့်နဲ့ လုပ်ခဲ့ပါတယ်။ အဲဒါက လက်တွေ့လည်းကျပါတယ်။ ဘဏ်အသင်း ရဲ့သဘော ထားကတော့ တတိယအဆင့်ဖြစ်တဲ့ Subsidiary ခွင့်ပြု မလားဆိုတာနဲ့ Full Branch့ ခွင့်ပြုမလားဆိုတာမှာတော့ Subsidiary ကိုဦးစားပေးသင့်ပါတယ်။ Full Branch ဆို ရင် ဗဟိုဘဏ်အနေနဲ့ Control သိပ်ရှိတော့မှာမဟုတ်ဘူး။ Subsidiary ၊ ဒါမှမဟုတ် Full Branch    ခွင့်ပြုမယ်ဆိုရင်  ဘယ်လိုထိန်းချုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး နည်းလမ်းတွေ ရေးဆွဲနေတယ်လို့တော့ ကြားပါတယ်။ နောက်ဆုံးသိတာက တော့ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးတွေကို ဖွင့်ခွင့်လိုင်စင် မေလ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး လျောက်လွှာခေါ် ခဲ့ပါတယ်။ တတိယသုံးလပတ် မကုန်မီ လိုင်စင်ထုတ်ပေး မယ်လို့ သိရပါတယ်။

သတိပြုဖို့အချက်တွေ

ပြည်ပကဘဏ်ကြီးတွေရဲ့အရင်းအနှီးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရဲ့ တစ်နှစ်အမျိုးသားဝင်ငွေ (GDP) ရဲ့ အဆပေါင်းများစွာ ရှိပါတယ်။ ငွေကြေးခဝါချမှု (Money Laundering)၊ အတိုး နှုန်းတွေကိုကစားမှု၊ (Interest Rate rigging-Libor/Sibor/Euribor) စတာတွေကြောင့် အဲဒီဘဏ်ကြီးတွေဟာ ဒဏ် ရိုက်ခံနေရပါတယ်။ နိုင်ငံခြားဘဏ်တွေရဲ့ Capital က နည်းနည်းနော နောမဟုတ်ဘူး။ ဥပမာအနေနဲ့ Prudential ကုမ္ပဏီတစ်ခု တည်းကိုကြည့်မယ်ဆိုရင်တောင် သူ့ရဲ့ Market Capitalization  က မြန်မာနိုင်ငံ GDP ရဲ့သုံးဆလောက် ရှိပါတယ်။ တရုတ်ပြည်က ICBC ဘဏ်ကြီးဆိုရင် Market Capitalization  က အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံနဲ့  City Bank က အမေရိကန်ဒေါ်လာ ၂၀၄ ဘီလီယံ စီရှိ ကြပါတယ်။ အမေရိကန်နိုင်ငံက Goldman Sachs  ဘဏ်ရဲ့ အစုရှင်တွေပိုင်ဆိုင်တဲ့ Total Stocks Holder Equity  ဟာ  အမေရိကန်ဒေါ်လာ ၇၈.၄ ဘီလီယံ ရှိပါတယ်။ မြန်မာ နိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂလိကဘဏ်ဟာ အမေရိကန်ဒေါ်လာ သန်းနှစ်ရာခန့် ရှိပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အာရှ ဘဏ္ဍာရေးအကျပ်အတည်းနဲ့  အထူးသဖြင့် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း တွေကိုကြည့်မယ်ဆိုရင် ဘဏ်တွေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကစတာကိုတွေ့ ရမှာဖြစ်တယ်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အ တည်းရဲ့အကျိုးဆက်က အခုအချိန်ထိ ရှိနေဆဲဖြစ်တယ်။ ဗဟိုဘဏ်၊ ပြည်သူ့လွှတ်တော်ကော်မတီနဲ့ဘဏ္ဍာ ရေး၊ ငွေရေးကြေးရေးပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေမှာရော သမ္မတကြီးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံတဲ့ပွဲမှာပါ ကျွန် တော် အလေးထားပြောခဲ့တာကတော့ အာရှဘဏ္ဍာရေးအ ကျပ်အတည်း (Asian Financial Crisis)   နဲ့ ၂၀၀၈ ခုနှစ် မှာဖြစ်ခဲ့တဲ့ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့တဲ့ Financial Crisis  ကို ဥပမာအနေနဲ့ သင်ခန်းစာယူဖို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ဗဟို ဘဏ်မှာက နိုင်ငံခြားအရန် ငွေကြေးပမာဏ  (Foreign Reserve) က အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ လောက်ပဲရှိပြီး နိုင်ငံခြားဘဏ်တွေက ငွေကြေးဘီလီယံပေါင်း များစွာ ကိုင်တွယ်လည်ပတ်နေ တာဖြစ်တဲ့အတွက် ဗဟိုဘဏ် အနေနဲ့ ဒါကိုထိန်းနိုင်မလားဆိုပြီး ကျွန်တော် သတိပေးခဲ့ ပါတယ်။ သူတို့ရဲ့လုပ်နည်းလုပ်ဟန်တွေကို ထိန်းနိုင်မလား၊  မိမိနိုင်ငံအတွင်းမှာလည်း Corruption ကလည်းရှိနေတဲ့ အတွက်တစ်ခုခုဖြစ်ရင် အကျိုးဆက်တွေကို ဘယ်သူတာဝန် ယူမလဲဆိုတာကလည်း အရေးကြီးပါတယ်။ ထိန်းကွပ်နိုင် စွမ်းမရှိရင် ဖြစ်ပေါ်လာမယ့် ဘဏ္ဍာရေးအကျိုးဆက်တွေ (Financial Consequences)  ၊ စီးပွားရေးအကျိုးဆက် တွေ(Economic Consequences)  နဲ့ နိုင်ငံရေးအကျိုးဆက် တွေ (Political Consequences)  ကို ဘယ်သူကတာဝန် ယူမလဲ၊ ဘယ်သူ့မှာ တာဝန်ရှိမလဲ၊  အဲဒါက အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံခြားဘဏ်တွေကို ခွင့်ပြုမယ်ဆိုရင် တော့ ကိုယ့်ဘက်က ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကို ကြို တင်ပြီးပြည့်စုံအောင်စီစဉ်ထားရပါမယ်။ ဗဟိုဘဏ်ရဲ့ ကျွမ်း ကျင်မှုစွမ်းအား၊ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေရဲ့ ယှဉ်ပြိုင် နိုင်စွမ်းတွေ အသင့်ဖြစ်နေဖို့လိုပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ ကတော့ အခုမှစတင်ပြင်ဆင်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါ တယ်။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီး ရဲ့စွမ်းအား(Institutional Capacity)၊ လူ့အရင်းအ မြစ်များရဲ့ ကျွမ်းကျင်မှု(Human Resources Capacity) တွေဟာ အလွန်အားနည်းနေပါသေးတယ်။ ပြည်သူ့လွှတ် တော်မှာလည်း မြန်မာနိုင် ငံငွေရေးကြေးရေး ဥပဒေ၊ မြန်မာ နိုင်ငံကုမ္ပဏီဥပဒေတွေကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဥပဒေတွေတောင် ပီပီပြင်ပြင်မရှိသေးတဲ့အတွက် အချိန်က စောနေသေးတယ်လို့ ယူဆပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ငွေရေးကြေးရေးကဏ္ဍနဲ့ နိုင်ငံရဲ့စီးပွားရေးတို့ကို အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေကို သေသေချာချာစဉ်းစားပြီးမှ အချိန်ယူဆောင်ရွက်သင့် ပါတယ်။ မြန်မာနိုင်ငံရဲ့ငွေရေးကြေးရေးနဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ခြယ်လှယ်သွားမယ့် ပြည်ပဘဏ္ဍာအရင်း ရှင်စနစ် (Financial Capitalism)  ရဲ့ သဘောသဘာဝနဲ့ သမိုင်းက သင်ခန်းစာတွေ၊ အနိဌာရုံတွေကို အလေးအနက် ထားပြီးစဉ်းစား သင့်ပါကြောင်း အကြံပြုအတင်ပြအပ်ပါ တယ်။     [caption id="attachment_12308" align="alignnone" width="370"]ဒေါက်တာအောင်သူရ ဒေါက်တာအောင်သူရ
CEO (Thura Swiss Ltd)[/caption]

ပြည်တွင်းဘဏ်တွေရဲ့အနေအထား

ဥပမာအနေနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး (GDP) က မြန်မာ နိုင်ငံထက် ခုနစ်ဆလောက်ကြီးပြီး ထိုင်းနိုင်ငံက အကြီးဆုံး ဘဏ်တွေနဲ့ မြန်မာနိုင်ငံက အကြီးဆုံးဘဏ်တွေကို ယှဉ် ကြည့်လိုက်ရင် ခုနစ်ဆမက ကွာပါ တယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဘဏ် SCB (Siam Commercial Bank)  ဆိုရင် Market Capitalization  က အမေရိကန်ဒေါ်လာ ၄၀ ဘီလီ ယံလောက်ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့အကြီးဆုံး ဘဏ်က Market Capitalization  အမေရိကန်ဒေါ်လာ နှစ်ဘီလီယံလောက်ရှိသင့်ပါတယ်။ လောလောဆယ် မြန်မာ နိုင်ငံရဲ့ အကြီးဆုံးဘဏ်တွေက Capitalization အမေရိကန် ဒေါ်လာသန်းနှစ်ရာလောက်ရှိတယ်လို့ ပြောနေပါတယ်။ ဒါ ပေမဲ့ အဲဒါက Market Capitalization    တော့မဟုတ်ဘူး။   မြန်မာပြည်ရဲ့ စီးပွားရေးကို အထောက်အကူပေးနိုင်ဖို့အတွက် မြန်မာပြည်ရဲ့Banking Sector  က သေးလွန်းနေပါတယ်။ ပြည်တွင်းကဘဏ်တွေအနေနဲ့ ဒီထက်ပိုကြီးဖို့ လိုပါတယ်။  

နိုင်ငံခြားဘဏ်တွေဝင်လာရင်

နိုင်ငံခြားဘဏ်တွေဝင်လာမယ်ဆိုရင် သူတို့က Market Capitalization    ကြီးတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ချက်ချင်း အထောက်အကူပေးနိုင်မှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံခြားဘဏ်တွေကို လုံးဝဖွင့်ပေး လိုက်မယ်ဆိုရင် မြန်မာနိုင် ငံရဲ့စီးပွားရေးက ခဏလေးနဲ့ တိုးတက်သွားနိုင်ပါတယ်။ဒါ ပေမဲ့ Policy အရ စီးပွားရေးတစ်ခုတည်းကိုပဲ ကြည့်လို့မရ ပါဘူး။ Local Banking Sector က အရေးကြီးတဲ့ Sector  ဖြစ်ပြီး Policy အရလည်း Strategic Sector ဖြစ်တယ်။ နိုင်ငံခြားဘဏ်တွေကို လုံးဝဖွင့်ပေးလိုက်တယ်ဆိုရင် သူတို့ တွေကပဲ ကြီးစိုးသွားနိုင်ပြီး နောက်ဆုံးတစ်ခုခုဖြစ်ရင်  မြန် မာနိုင်ငံရဲ့အစိုးရအနေနဲ့ တစ်ခုခုလုပ်ချင်တယ် ဆိုရင် တောင် အဲဒီဘဏ်တွေကို မလွန်ဆန်နိုင်တဲ့သဘောမျိုး ဖြစ်သွားနိုင်ပါ တယ်။ အဲဒါကြောင့် စဉ်းစားရမှာက နိုင်ငံခြားဘဏ်တွေကို ပဲလုံးဝဖွင့်ပေးလိုက်ပြီး ပြည်တွင်းကဘဏ်တွေ မကြီးထွား လာဘူးဆိုရင်လည်း အဆင်မပြေပါဘူး။ အဲဒီနေရာမှာ Balance  ကို ရှာရမှာဖြစ်တယ်။ ပြည်တွင်းဘဏ်တွေအနေနဲ့ Protection ကိုပဲအားကိုးပြီး နိုင်ငံခြားဘဏ်တွေကို ဝင်ခွင့်မ ပေးစေချင်ဘူး၊ သူတို့ကလည်း ဘာမှမလုပ်ဘူးဆိုရင်တော့ ရှေရှည်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် Protection ပေးမယ်ဆိုရင်လည်း ပေးသင့်သ လောက်ပေးပြီး ပြည်တွင်းဘဏ်တွေဘက်ကလည်း တော်တော့် ကို ကြိုးစားရမှာပါ။  

အစိုးရရဲ့ ပံ့ပိုးမှု

အစိုးရဘက်ကလည်း ပြည်တွင်းဘဏ်တွေ ကြီးထွားလာ အောင်၊ ပိုပြီးအောင်မြင်လာအောင် ဘယ်လိုလုပ်ရမလဲဆို တာကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဘဏ်တွေကို Capitalization တိုးအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်း စားရမှာဖြစ်တယ်။ လက်ရှိအချိန်မှာ အဓိကအခက်အခဲက တော့ ဘဏ်တွေကို  ပိုင်ရှင်တစ်ယောက်ချင်းစီက ပိုင်ပြီး ပိုင်ရှင်တစ်ယောက်တည်းက ဘဏ်ရဲ့မတည်ငွေကို လိုအပ် သလောက် တိုးချဲ့ဖို့အင်အားမရှိပါဘူး။ ဥပမာ- ဘဏ်တစ် ခုက Capitalization  ကို လက်ရှိအမေရိကန်ဒေါ်လာသန်း တစ်ရာကနေ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိချဲ့မယ် ဆိုရင်၊ ပိုင်ရှင်က တစ်ဦး တည်းဖြစ်တယ်ဆိုရင် တိုးချဲ့ဖို့ အင်အားမရှိပါဘူး။ ဒါကြောင့် ပြည်တွင်းဘဏ်တွေအနေနဲ့ ရှေရှည်မှာအောင်မြင်ဖို့ဆိုရင် ဘဏ်တွေကို အများပိုင်ကုမ္ပဏီ တွေဖြစ်လာအောင် လုပ်ရမှာဖြစ်တယ်။ အများပိုင်ကုမ္ပဏီတွေ ဖြစ်လာရင် တစ်ဦးချင်းစီက ရှယ်ယာအများကြီးမပိုင်တော့ တဲ့အတွက် အဓိကအနေနဲ့ ဘဏ်အောင်မြင်ဖို့ ကြိုးစားရမှာ ဖြစ်တယ်။ ဘဏ်ပိုင်ရှင်အနေနဲ့လည်း လက်ရှိမှာ ဘဏ်ရဲ့ ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ရာကနေ ရေရှည်မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပိုင်ဆိုင်တော့မှာဖြစ်တယ်။ ဒါပေ မဲ့ ဒီ ၁၀ ရာခိုင်နှုန်းက ပိုပြီးတန်ဖိုးရှိနိုင်ပါတယ်။ လက်ရှိ ဘဏ်အသေးလေးရဲ့ ၉၀ ရာခိုင်နှုန်းကို လိုချင်လား၊ တအား အောင်မြင်တဲ့ဘဏ်အကြီးကြီးတစ်ခုရဲ့ ၁၀ ရာခိုင်နှုန်းကို လိုချင်လားဆိုတာကိုတွက်ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ အစိုးရအနေနဲ့ Protection ပေး တဲ့အခါမှာ အတိုင်းအတာတစ်ခုအထိ သတ်မှတ်ထားပြီး ဘယ်အချိန်အထိ Protection ပေးမယ်ဆိုတာကို ကန့်သတ် ထားဖို့ လိုပါတယ်။ အဲဒီအချိန်ပြီးတဲ့အထိ ပြည်တွင်းဘဏ် တွေက မလှုပ်လာဘူး၊ ဘာမှမဖြစ်လာဘူးဆိုရင် Protection မပေးတော့ဘူးဆိုတာမျိုး လုပ်နိုင်ပါတယ်။ လက်ရှိလုပ်နေ တာကတော့ မဆိုးပါဘူး။ Wholesale Banking ကို ဖွင့် ပေးမယ်လို့ ကြားထားပါတယ်။ Wholesale Banking  ဆို တာက ကြားမိသလောက်ကတော့ နိုင်ငံခြားဘဏ်တွေ ဝင် လာခွင့်ရပြီး Multinational Client  တွေကို ကိုင်ထားခွင့်ရ မယ်။ ဒါပေမဲ့ Retail Market  နဲ့ ပြည်တွင်းကုမ္ပဏီတွေက တော့ Client အဖြစ် ထားခွင့်မရဘူး။ Branch တစ်ခုဖွင့် ခွင့်ရမယ်။ အဲဒါက ပထမအဆင့်အနေနဲ့ မဆိုးဘူးလို့ ပြော နိုင်ပါတယ်။  

နိုင်ငံခြားဘဏ်တွေရဲ့အနေအထား

နိုင်ငံခြားဘဏ်တွေကလည်း သူတို့အတွက် ကိုက်လား၊ မ ကိုက်ဘူးလားဆိုတာကို စဉ်းစားကြမှာဖြစ်တယ်။ သူတို့အ တွက်မကိုက်နိုင်တဲ့ဟာကိုပဲ Propose လုပ်နေရင်လည်း မထူး ပါဘူး။ ဥပမာ- သူတို့အနေနဲ့ အမေရိကန်ဒေါ်လာ သန်း တစ်ရာ Capital ထည့်ထားပြီးတော့ သူတို့ကိုင်တဲ့ Client တွေ ဆီက ဝင်ငွေနည်းနည်းပဲရှိမယ်ဆိုရင် သူတို့အတွက်က ဘယ် လိုမှမကိုက်ဘူး။ ဒါကြောင့် သူတို့အတွက် စီးပွားရေးအရမ ကိုက်ဘူးဆိုရင် Capital Requirement  ကို လျော့ချပေးမ လားစသဖြင့် အစိုးရအနေနဲ့ စဉ်းစားရမှာဖြစ်ပါတယ်။ ပထမ ဆုံးအနေနဲ့ နိုင်ငံခြားဘဏ်တွေကို ဘယ်လိုလုပ်ကိုင်ခွင့်တွေ ပေးမလဲဆိုတာကို စဉ်းစားရ မှာဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ သူတို့တစ်နှစ်ကို ဝင်ငွေဘယ်လောက်ရနိုင်မလဲဆို တာကို တွက်ကြည့်ရမှာဖြစ်တယ်။ ပြီးတော့ ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံကိုဝင်လာတယ်ဆိုရငReturn on Investment (ROI)  ဘယ်လောက်မျော်လင့်သလဲဆိုတာကို ကြည့်ရမှာဖြစ် ပါတယ်။ တော်တော်များများကတော့ မြန်မာနိုင်ငံကိုဝင်လာရင် အနည်းဆုံး ၂၀ ရာခိုင်နှုန်း မျော်လင့်ကြပါတယ်။ ဒါကြောင့် ဝင်ငွေနဲ့ ROI ဘယ်လောက် မျော်မှန်းသလဲဆိုတာကိုတွက်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဘယ်လောက်ရှိသင့်တယ်၊ ဒါမှမဟုတ် Capital ဘယ်လောက် ရှိသင့်တယ်ဆိုတာကို သတ်မှတ်နိုင်ပါ တယ်။ နိုင်ငံခြားဘဏ်တွေက Joint Venture (JV)  ကို သိပ်စိတ်မဝင်စားဘူးလို့ ကြားထားပါတယ်။ JV စနစ်က ပြည်တွင်းဘဏ်တစ်ခုနဲ့ နိုင်ငံခြားဘဏ်ပူးပေါင်းပြီး JV ဘဏ်အသစ်တစ်ခုထောင်တယ်ဆိုရင် ပြည်တွင်းဘဏ်အနေ နဲ့ဘဏ်တစ်ခုကနေ နှစ်ခုဖြစ်သွား တဲ့အတွက် Conflict of Interest  ရှိနေတဲ့အတွက် သိပ်ပြီးတော့ အဆင်မပြေပါဘူးပြည်တွင်းဘဏ်အနေနဲ့ အဲဒီ ဲJV ဘဏ် အောင်မြင်ဖို့ထက် နည်းပညာကိုယူပြီး Transfer လုပ်ဖို့ပဲရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားဘဏ်တွေကို ဘယ်လိုဖွင့်ပေးသင့်သလဲဆိုတော့ ပြည်တွင်းဘဏ်တစ်ခုမှာ နိုင်ငံခြားဘဏ်တစ်ခုက ရင်းနှီး မြှုပ်နှံမယ်ဆိုရင် အမြင့်ဆုံးဘယ်လောက်ထိ ရင်းနှီးမြှုပ်နှံခွင့် ပေးမယ်ဆိုတာကိုသတ်မှတ်ရ မှာဖြစ်ပါတယ်။ ဥပမာ- တချို့ နိုင်ငံတွေမှာဆိုရင် နိုင်ငံခြားသားကို ၃၀ ရာခိုင်နှုန်းရင်းနှီး မြှုပ်နှံခွင့်ပေးတာမျိုး ရှိပါတယ်။ တခြားနိုင်ငံတွေမှာ Banking License  တွေကို ကန့်သတ်ထားတာမျိုးသိပ်မရှိပါဘူး။ Capital နဲ့ ဘဏ်လုပ်ငန်းအတွေ့အကြုံရှိတယ်ဆိုရင် ဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့်ရပါတယ်။

ပြည်တွင်းဘဏ်တွေ အားကောင်းလာဖို့

မြန်မာနိုင်ငံမှာက ဘဏ်တွေမှာတင်မဟုတ်ဘဲ ကုမ္ပဏီတွေ မှာ လွဲနေတာတစ်ခုကTop-down Approach  တအားများ နေတာပဲဖြစ်တယ်။Top-down Approach ဆိုတာက ကုမ္ပဏီပိုင်ရှင်၊ ဒါမှမဟုတ် Top Management က အကုန် လုံးကိုဆုံးဖြတ်ပါတယ်။ အကုန်လုံးကို ဆုံးဖြတ်တဲ့အတွက် တစ်ခါတလေကျရင် အိုင်ဒီယာအသစ်တွေကို အခွင့်အရေး မပေးတာမျိုးရှိပါတယ်။ Concept အသစ်တစ်ခုကိုမသိဘူး ဆိုရင် ဒါကိုမလုပ်တော့ဘူးဆိုတာမျိုးရှိပါတယ်။ အထူးသဖြင့် IT နဲ့ပတ်သက်တဲ့အပိုင်းမှာဆိုရင် အခက်အခဲ ရှိပါတယ်။ ဥပမာ - IT Department က develop  လုပ်ရမယ့်ဟာတွေ အများကြီးရှိနေတာကို သိနေပေမဲ့ Budget ကမရဘူး။ ဆုံး ဖြတ်ချက်ချတဲ့ Top Management  က IT အကြောင်း သိပ်နားမလည်ဘဲ အရင်တုန်းကလည်း အဆင်ပြေနေတာ ဖြစ်တဲ့အတွက် အခုကျမှ ဘာလို့ပြောင်းရမှာလဲဆိုတဲ့ အယူ အဆမျိုး ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းတွေမှာ နောက်အခက် အခဲတစ်ခုကတော့ Treasury ပိုင်းမှာ အခက်အခဲရှိပါတယ်။ လက်ရှိမှာက နှစ်ရှည် Loan တွေပေးတဲ့အတွေ့အကြုံက သိပ်မရှိပါဘူး။ Loan ပေးတယ်ဆိုရင် တစ်နှစ်ပဲပေးပြီး တချို့ကျတော့လည်း Informal အနေနဲ့ နှစ်နှစ်၊ သုံးနှစ်ပေး တာမျိုးရှိပါတယ်။ ဘဏ်တွေရဲ့အဓိကရည်ရွယ်ချက်က နိုင်ငံ ရဲ့စီးပွားရေးမှာ ပိုက်ဆံပိုနေတဲ့နေရာကနေပြီး လိုနေတဲ့နေရာ ကို Allocation လုပ်ပေးတာဖြစ်တယ်။ တခြားနိုင်ငံတွေမှာ တော့ ငွေချေးတယ်ဆိုရင် Mortgage တို့၊ ကုမ္ပဏီတွေ အ တွက် Credit  တို့ဆိုရင် ဆယ်နှစ်၊ ၁၅ နှစ်၊ အနှစ် ၂၀ ချေး တာမျိုးရှိပါတယ်။ အဲဒီလိုနှစ်ရှည်ချေးတယ်ဆိုရင် Liquidity Management က အင်မတန်အရေးကြီးပါတယ်။ ဘဏ်ကို အပ်ထားတဲ့ငွေကShort-term Deposit  ဖြစ်ပြီး အချိန်မရွေး ပြန်ထုတ်နိုင်ပါတယ်။ အများအားဖြင့် အပ်တဲ့အချိန်ကတိုပြီး ဘဏ်ကပြန်ပြီး ငွေပြန်ထုတ်ချေးပေးတဲ့ အချိန်ကကြာတဲ့အ တွက် အဲဒီကြားထဲမှာLiquidity Management  လုပ်ဖို့က အင်မတန်အရေးကြီးပါတယ်။ ဥပမာ- လူတွေက ပိုက်ဆံတွေ ထုတ်သွားလို့ ဘဏ်မှာပိုက်ဆံမရှိတော့ဘူးဆိုရင် ဘယ်လို လုပ်မလဲဆိုတာမျိုးဖြစ်တယ်။ ဒါကြောင့် Treasury ပိုင်းမှာ Model တွေကို Develop လုပ်ပြီး Analyze လုပ်တတ်တဲ့ သူလိုပါတယ်။ ပုံမှန်ဆိုရင် လူတစ်ယောက်က ပျမ်းမျအနေနဲ့ ငွေဘယ်လောက် ကြာကြာ အပ်သလဲ၊ အနုတ်အသိမ်း (Turnover) က ဘယ်လောက်မြန်သလဲ စတာတွေကို ကြည့်ပြီးတော့မှ ငွေကိုဘယ်လောက် ချေးသင့်တယ်၊ မချေးသင့်ဘူးဆိုတာ ကို ဆုံးဖြတ်ရပါတယ်။ ဥပမာ- အနှစ် ၂၀ Balance Sheet  ကို ကြည့် လိုက်မယ်ဆိုရင် ဘဏ်က လူတွေကို ငွေထုတ်ချေးတာက အနှစ် ၂၀ သက်တမ်းဖြစ်ပြီး လူတွေ ဘဏ်မှာငွေအပ်တာက အချိန်တိုပဲဖြစ်တဲ့အတွက် အတိုးနှုန်းတွေ ကွာသွားတဲ့အချိန်၊ ပြောင်းသွားတဲ့အချိန်မှာဆိုရင် Risk တွေရှိတဲ့အတွက် အဲဒီ Risk တွေကို တွက်တတ်ဖို့လိုပါတယ်။ နှစ်တိုအတိုးနှုန်း (Short-term Interest Rate)  နဲ့ နှစ်ရှည်အတိုးနှုန်း (long-term Interest Rate)  ဆိုပြီး ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ အတိုးနှုန်းက တစ်မျိုးနီးပါးလောက်ပဲရှိပါတယ်။ အများအား ဖြင့် ဈေးကွက်ကိုကြည့်လိုက်မယ်ဆိုရင် တစ်နှစ်Interest Rate ၊သုံးနှစ်Interest Rate နဲ့ ငါးနှစ်Interest Rate ဆို ပြီး ဈေးကွက်ပေါ်မူတည်ပြီး ပြောင်းနေပါတယ်။ ဥပမာ- တစ်နှစ် Interest Rate က တူနေပြီး ခုနစ်နှစ ်Interest Rate က ပိုမြင့်လာတယ်။ ဒါမှမဟုတ် ပိုနိမ့်သွားတယ်ဆိုရင် ကိုယ့်မှာရှိတဲ့ ူသညေ ဏသမအ်သူငသ  ရယ်၊ ကိုယ့်ဆီမှာအပ်ထားတဲ့ Deposit တွေကInterest Rate Risk ဆိုတာရှိတဲ့အတွက် အဲဒီမှာ ပိုက်ဆံအများကြီးမြတ်သွားနိုင်သလို ရှုံးသွားတာ မျိုးလည်းဖြစ်နိုင်ပါတယ်။ အဲဒါကို Manage မလုပ်တတ် ဘူးဆိုရင်မ လွယ်ပါဘူး။ Manage လုပ်တတ်ပြီးတော့မှ Risk ကိုယူတာက တစ်မျိုးဖြစ်ပြီး Rick ရှိမှန်းတောင်မသိဘဲ အဲဒီ Risk ကိုယူနေတာက တစ်မျိုးဖြစ်တယ်။ လက်ရှိဗဟိုဘဏ် က ငွေချေးတာကို တစ်နှစ်သက်တမ်းလို့ သတ်မှတ်ထားပါ တယ်။ ဒါပေမဲ့ ဗဟိုဘဏ်က တစ်နှစ်မဟုတ်တော့ဘဲ ဆယ် နှစ်သက်တမ်းသတ်မှတ်လိုက်တယ်ဆိုရင် ဘဏ်တွေက စတင် ချေးပြီးတာ့Interest Rate Risk   နဲ့ Liquidity Management  ကိုမပိုင်ဘူးဆိုရင် ခက်ခဲပါလိမ့်မယ်။ Interest Rate Risk က Trading   ပိုင်းမှာဆိုရင်သိသာပြီး အင်မတန်အန္တရာယ်များ ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် Risk ပိုင်းကိုပဲ အရောင်းအဝယ်လုပ်တာမျိုးရှိပါတယ်။ အဲဒါကို Hedging လုပ်တဲ့ Instrument တွေရှိပါတယ်။Interest Rate Swap (IRS)  ဆိုတဲ့ Instrument ကိုအသုံးပြုပြီး Risk တွေကို အရောင်းအဝယ်လုပ်လို့ ရပါတယ်။ ပြောခဲ့တဲ့အတိုင်း အဲဒီ Risk ကိုသိလို့ယူတာနဲ့  မသိဘဲယူတာက တအားကွာပါတယ်။  

မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့အနေအထားအပေါ် သုံးသပ်ချက်

မြန်မာနိုင်ငံရဲ့ စီးပွားရေးက Cash Economy  ဖြစ်တဲ့အတွက် ဗဟိုဘဏ်ရဲ့ထိရောက်မှုက သိပ်မများသေးပါဘူး။ တခြား နိုင်ငံတွေမှာဆိုရင် ဗဟိုဘဏ်က အဓိကအားဖြင့် Interest Rate နဲ့ အကုန်လုံးကို ထိန်းချုပ်လုပ်ကိုင်တာ ဖြစ်တယ်။ မြန်မာနိုင်ငံကတော့ Cash Economy  ပဲဖြစ်နေသေးတဲ့အတွက်Interest RAte  နဲ့ အားလုံးကို Control လုပ်လို့သိပ်မလွယ် သေးဘဲ စီးပွားရေးရဲ့တချို့အပိုင်းတွေကိုပဲ Control လုပ်နိုင် ပါသေးတယ်။ အများစုက Cash ကိုဘဏ်မှာမအပ်ဘဲ ကိုင် ထားတာ၊ ရွှေဝယ်ထားတာမျိုးရှိတဲ့အတွက်Interest Rate  နဲ့ Control လုပ်ဖို့က သိပ်ပြီးထိရောက်မှုမရှိပါဘူး။ ရေရှည် မှာတော့ ဘဏ်မှာငွေအပ်တဲ့ သူတွေ တဖြည်းဖြည်းများလာရငInterest Rate က Efficient tool  ဖြစ်လာမှာပါ။ အများ အားဖြင့် နိုင်ငံတွေတော်တော်များများမှာတော့ ဗဟိုဘဏ်ရဲ့ အဓိကတာဝန်က စီးပွားရေးတိုးတက်မှုကို ငွေကြေးဖောင်းပွမှု (Inflation) နဲ့ချိန်ရတာဖြစ်ပါတယ်။Interest Rate  မြင့် တယ်ဆိုရင် စီးပွားရေးကိုထိခိုက်ပေမဲ့ Inflation ကို ထိန်း ချုပ်နိုင်ပါတယ်။Inflation  နည်းနေတယ်လို့မြင်ရင် Interest Rate  ကို တဖြည်းဖြည်းနဲ့လျော့တယ်။ အဲဒီလျော့လိုက်တဲ့ အချိန်မှာ စီးပွားရေးက ပြန်ပြီးအဆင်ပြေလာတယ်။ ဆွစ်ဇာ လန်ဗဟိုဘဏ်မှာဆိုရင် ကျွမ်းကျင်တဲ့ Professor တွေစည်း ဝေးပြီး သုံးလတစ်ခါInterest Rate  ကို ဘယ်လိုပြောင်းသင့် တယ်ဆိုတာ ကို ဆွေးနွေးပြီးဆုံးဖြတ်ပါတယ်။ အဲဒီမှာဆိုရင်Research Department  မှာရှိတဲ့သူတွေ အကုန်လုံးကPh.D ဘွဲ့ရတွေပဲဖြစ်တယ်။ သူတို့က Model တွေငါးခု၊ ခြောက်ခု လောက် Develop လုပ်ထားပြီးInflation risk  က ဘယ် လောက်ရှိနေသလဲဆိုတာကို အမြဲစောင့်ကြည့်နေပါတယ်။ Inflation က တစ်နှစ်ကို ၂ ရာခိုင်နှုန်းထက်မကျော်ဖို့ ဗဟို ဘဏ်မှာတာဝန်ရှိပါတယ်။ ဘဏ်တွေကို အထောက်အကူ ပေးနိုင်ဖို့နဲ့ Market ကို Control လုပ်နိုင်ဖို့ဆိုရင် ဗဟို ဘဏ်ရဲ့ Capability အရေးကြီးပြီး Market ကို အချိန်မရွေး စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့လိုပါတယ်။  

ပြည်တွင်းဘဏ်တွေအားကောင်းလာဖို့အတွက် ဗဟိုဘဏ် ရဲ့  အခန်းကဏ္ဍ

စဉ်းစားရမှာကတော့ ပြည်တွင်းဘဏ်တွေကို ထိန်းကွပ်အုပ် ချုပ်ဖို့က ဗဟိုဘဏ်ရဲ့တာဝန်လားဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။  တချို့နိုင်ငံတွေမှာဆိုရင် ဘဏ်တွေကို ဗဟိုဘဏ်ကအုပ်ချုပ် တာမဟုတ်ပါဘူး။ ဆွစ်ဇာလန်မှာ ဆိုရင် ဘဏ်တွေကို အုပ် ချုပ်တဲ့အစိုးရဌာန (Regulation Agency) တစ်ခုရှိပါတယ်။ အဲဒီဌာနက ဘဏ်တွေကRegulation  လုပ်ရတာဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ Agency တွေ အများကြီးတည်ထောင် တာက သိပ်ပြီးအဓိပ္ပာယ်မရှိဘူးလို့ ထင်ပါတယ်။ တစ်နေရာ တည်းမှာပဲ ကျွမ်းကျင်သူတွေရှိတာ ပိုကောင်းပါတယ်။ ဗါနညခပ  နှစ်ခုရှိပြီး နှစ်ခုလုံးမှာ ကျွမ်းကျင်သူတွေမရှိဘူး ဆိုရင်မလွယ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ မှာတော့ ဘဏ် တွေကို ဗဟိုဘဏ်ကထိန်းချုပ်ကွပ်ကဲတာဟာ ပိုပြီးအဓိပ္ပာယ် ရှိတယ်လို့ယူဆပါတယ်။ ကျွန်တော့်အမြင်အရ ပြောရမယ် ဆိုရင် ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေကို Capitalization  တဖြည်းဖြည်း နဲ့မြှင့်တင်ခိုင်းဖို့လိုပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်က ဘဏ်တွေကို Capitalization တအားမြှင့်ခိုင်းတော့ လည်းFree Economy  မဟုတ်တော့ဘဲ ဖြစ်သွားနိုင်ပါတယ်။ ဘဏ်တွေအနေနဲ့ အဲဒီလောက် မကြီးချင် ဘူးဆိုရင်လည်း သူ တို့ကို တအားတွန်းအားမပေးသင့်ပါဘူး။ ဒါပေမဲ့ ဒီဘဏ် တွေကမလုပ်နိုင်ဘူးဆိုရင် တခြားဘဏ်အသစ်တွေ ပေါ်လာ ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ရဲ့စီးပွား ရေးတိုးတက် ဖို့အတွက် ပိုပြီးကြီးတဲ့ ဘဏ်တွေထွက်ပေါ်လာ ဖို့လိုအပ်တဲ့အတွက်ဖြစ်တယ်။       [caption id="attachment_12309" align="alignnone" width="370"]ပါမောက္ခဒေါက်တာအောင်ထွန်းသက် ပါမောက္ခဒေါက်တာအောင်ထွန်းသက်
နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး[/caption]

နိုင်ငံခြားဘဏ်တွေကိုလုပ်ကိုင်ခွင့်ပြုတဲ့အပေါ် သုံးသပ်ချက်

ဆရာသိသလောက်တော့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်အတွက် ဗဟိုဘဏ်ကိုလျောက်ထားတဲ့ နိုင်ငံခြားဘဏ်တွေက ၄၀ လောက်ရှိပါတယ်။ အကြမ်းဖျင်းနားလည်တာကတာ့ အဲဒီ အထဲကနေ အကုန်လုံးကို ခွင့်ပြုမှာမ ဟုတ်ဘဲ ဆန်ခါတင် ဆယ်ခုကိုခွင့်ပြုမယ်လို့ သိထားပါတယ်။ ဒါကတော့ အနေ အထားတစ်ခုပါ။ အဓိပ္ပာယ်ကတော့ ဗဟိုဘဏ်ရဲ့မူဝါဒအရ နိုင်ငံခြားဘဏ်တွေကို မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ပြုမယ်ဆို တဲ့ အနေ အထားဖြစ်သွားပြီ။ ဒါပေမဲ့ ခွင့်ပြုတယ်ဆိုတဲ့နေရာ မှာ ပြည်တွင်းဘဏ်တွေကလည်း နိုင်ငံခြားဘဏ်တွေကို အကန့်အသတ်နဲ့ ခွင့်ပြုသင့်တယ်ဆိုပြီး ပြောကြတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ပြည်တွင်း ဘဏ်တွေရဲ့ စိုးရိမ်စိတ်တွေကြောင့် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်တွေကိုRetail Banking ကိုလုပ်ခွင့်မပေးပါဘူး။ ဘဏ်လို့ပြောတဲ့ အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ဘဏ်တွေရဲ့အနေအထားက ရင့် ကျက်တဲ့အနေအ ထားမရှိသေးပါဘူး။ ဘဏ်လို့ပြောရင် ငွေ သွင်းတာ၊ အပ်ငွေလက်ခံတာနဲ့ ငွေချေးတယ်ဆိုတာလောက် ပဲရှိနေပါသေးတယ်။ အခုဆိုရင် ပုဂ္ဂလိကဘဏ်တွေက သူ့ ထက်ငါအပြိုင်အဆိုင်ဘဏ်ခွဲတွေ ဖွင့်နေကြပါတယ်။ ဗဟိုဘဏ်က နိုင်ငံခြားဘဏ်တွေကို ခွင့်ပြုတယ်ဆို တာက ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးအကြံပေးတာတို့၊ Project Financing  စတဲ့ တခြား ၤFinancial Service  တွေကို လုပ် ကိုင်ခွင့်ပြုလိမ့်မယ်လို့ နားလည်ထားပါ တယ်။ အဲဒီအတွက် ပြည်တွင်းဘဏ်တွေအနေနဲ့ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေနဲ့လည်း ဖြစ်နိုင်ရင် နိုင်ငံခြားဘဏ်တွေ သူ့ဘာသာသူဝင်လာတာ ထက်စာရင် ပြည်တွင်းဘဏ်တွေနဲ့ ချိတ်ဆက်ပေးဖို့ လိုပါ တယ်။ ပြည်တွင်းဘဏ်တွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုသာ မကဘဲ နည်းပညာရော စီမံခန့်ခွဲမှုနည်းလမ်းတွေကိုပါရမှာ ဖြစ်တယ်။ ၂၀ ကျော်ရှိတဲ့ပြည်တွင်းဘဏ်တွေရဲ့ ဘဏ်လုပ် ငန်းအတွေ့အကြုံက နောက်ဆုံးမှ လုပ်တဲ့ဘဏ်တွေဆိုရင် သုံးနှစ်၊ လေးနှစ်ပြည့်တော့မှာဖြစ်ပြီး တချို့ဘဏ်တွေဆိုရင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခဲ့တာ တော်တော်စောပါတယ်။ ဒါ ကြောင့် ပြည်တွင်းက အတွေ့အကြုံတွေနဲ့ ပြည်ပက အတွေ့ အကြုံတွေကို ပေါင်းစပ်လိုက်ရင်တော့ အလုပ်ဖြစ်မှာပါ။ အရေးကြီးတာက ပြည်သူတွေအနေနဲ့ဘဏ်နဲ့ထိတွေ့မှု အခု ထက်များဖို့လိုပါတယ်။ နောက်ဆုံးကိန်းဂဏန်းအရ ဘဏ် နဲ့ ထိတွေ့မှုရှိတဲ့လူဦးရေက သုံးသန်းလောက်ရှိတယ်လို့သိရ ပါတယ်။ အဲဒီတော့ လူဦးရေသန်း ၆၀ မှာ သုံးသန်းလောက် ပဲဆိုတာက ၅ ရာခိုင်နှုန်းလောက်ပဲရှိတာ ဖြစ်တယ်။ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုတဲ့ကိစ္စတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်တဲ့ အတွက် နိုင်ငံခြားဘဏ်တွေဝင်လာရင် Mobile Banking လိုဟာမျိုးကို သူတို့လုပ်ပေးနိုင်မယ်ဆိုရင် ကောင်းပါတယ်။ သူတို့မှာက နည်းပညာတွေ၊ ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံ တွေကအများကြီးပါပဲ။ ဥပမာအနေနဲ့ အိမ်နီးနားချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဘဏ်တွေရဲ့လှုပ်ရှားမှုပုံစံ၊ ဝန် ဆောင်မှုပုံစံ၊ စင်ကာပူမှာရှိတဲ့ ဘဏ်တွေရဲ့ဝန်ဆောင်မှုပုံစံ နဲ့ ပြည်တွင်းဘဏ်တွေရဲ့ဝန်ဆောင်မှုပုံစံတွေက မတူပါဘူး။ သူတို့ဆီကနေ အတုယူစရာတွေအများကြီးရှိပါတယ်။ နိုင်ငံ ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုရင် ဘဏ်စနစ်က အခုထက်ပိုပြီး ထိထိရောက်ရောက်ဖြစ်ဖို့ လိုပါတယ်။ ဒါ ကြောင့် နိုင်ငံခြားဘဏ်တွေကိုကြိုဆိုရမှာပါပဲ။ အဲဒီလို ကြို ဆိုတယ်ဆိုတဲ့နေရာမှာ ပြည်တွင်းဘဏ်တွေရဲ့ စိုးရိမ်ပူပန် တာကိုလည်း နားလည်ပါတယ်။ ဒါကလည်း လက်ခံရမယ့် ကိစ္စဖြစ်ပါတယ်။ ကိုယ့်မှာက အခြေခံအဆောက်အအုံတွေ မရှိသေးတဲ့အတွက် ပြိုင်ဆိုင်မှုတွေဝင်လာရင် ကိုယ့်အတွက် နစ်နာမယ်လို့ စိုးရိမ်တာက သဘာဝကျပါတယ်။ ဒါပေမဲ့ ပြည်တွင်းဘဏ်တွေအတွက် စဉ်းစားသလို ပြည်တွင်းမှာရှိတဲ့ စားသုံးသူတွေ၊ လုပ်ငန်းရှင်တွေအတွက်လည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပမာ- လူငယ်တစ်ယောက်က ကုမ္ပဏီထောင် ချင်တယ်ဆိုရင် ချေးငွေရဖို့ကခက်ပါတယ်။ ဘဏ်နဲ့ထိတွေ့ မှုအားနည်းတဲ့အတွက်ဖြစ်တယ်။ အဲဒါမျိုးတွေအတွက် နိုင်ငံ ခြားဘဏ်တွေဝင်လာရင် ပိုပြီးကောင်းလာမလားဆိုတာက စဉ်းစားစရာပါပဲ။ ပြီးတော့ သူတို့ဆီကနေ ရင့်ကျက်တဲ့ဘဏ် စနစ်တွေကို နမူနာယူလို့ရရင်လည်း အကျိုးရှိပါတယ်။  

ပြည်တွင်းဘဏ်တွေရဲ့ လက်ရှိအနေထား

အရေအတွက် ၂၀ ကျော်ရှိတဲ့ ပြည်တွင်းဘဏ်တွေမှာလည်း အခက်အခဲတွေ အများကြီးရှိနေပါတယ်။ အတိုးနှုန်းအနေနဲ့ အပ်ငွေမှာ ၈ ရာခိုင်နှုန်း၊ ချေးငွေမှာ ၁၃ ရာခိုင်နှုန်းရှိပြီး အဲဒီအပ်ငွေနဲ့ ချေးငွေ ၈ ရာခိုင်နှုန်းနဲ့ ၁၃ ရာခိုင်နှုန်းကြား ၅ ရာခိုင်နှုန်းကို သူတို့ကစားနေရတာဖြစ်တယ်။ ယေဘုယျ အနေနဲ့ ၁၃ ရာခိုင်နှုန်းဆိုတဲ့ အတိုးနှုန်းပမာဏက သိပ်များ လွန်းတယ်လို့ ဝေဖန်ကြပါတယ်။ ဒါကလည်း စဉ်းစားစရာ ပါပဲ။ ဘာကြောင့်လဲဆိုတော့ စင်ကာပူတို့ ဂျပန်တို့မှာဆိုရင် ငွေချေးတဲ့အခါမှာ အတိုးနှုန်းက ၂ ရာခိုင်နှုန်းတောင် မပြည့် ဘူး။ အဲဒီလောက်အတိုးနှုန်း သက်သက်သာသာနဲ့ ချေးပြီး တော့ သူတို့ဆီက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံ ဈေးကွက်မှာဝင်ပြိုင်ရင် ကိုယ့်ဆီက ၁၃ ရာခိုင်နှုန်းနဲ့ငွေချေး ပြီးလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေက တွက်ခြေမကိုက် တော့ဘူး။ ဒါကြောင့် ချေးငွေအတိုးနှုန်းကို လျော့ဖို့ပြောကြ တယ်။ ဒါပေမဲ့ တစ်ခုသိ ရမှာကတော့ ချေးငွေအတိုးနှုန်း တင်မကဘူး အပ်ငွေအတိုးနှုန်းကိုလည်း လျော့ရမှာဖြစ်တယ်။ အပ်ငွေအတိုးနှုန်းကိုလျော့ပြန်ရင်လည်း ဘဏ်ထဲမှာအပ်ကြ တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အဓိက အရေးကြီးတာက ပြည်တွင်းစုဆောင်းမှုတွေ (Domestic Savings)  ဖြစ်တယ်။ ဆင်းရဲတာ၊ ချမ်းသာတာ ခဏထားလိုက်ဦး။ မြန်မာလူ့အဖွဲ့ အစည်းမှာ မိသားစုတွေမှာ ငွေပိုငွေလျံတွေရှိရင် ဘဏ်ထဲမှာ စုဆောင်းထားတဲ့အကျင့်က အခုထိကို မရှိသေးပါဘူး။ ဟိုတုန်းက အဘိုးအဘွားတွေ ပိုက်ဆံတွေကို ခေါင်းအုံး အောက်မှာ၊ ဘီစကစ်မုန့်ပုံးထဲမှာ ထည့်တာတာမျိုး အခု ထက်ထိလည်း ရှိသေးတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်း အရင်းကို ရှာလိုက်တော့ ဘဏ်စနစ်ကို စိတ်ချယုံကြည်မှု လိုအပ်နေတာကြောင့် ဖြစ်ပါတယ်။ ကိုယ့်ငွေကို သူစိမ်းဆီမှာ သွားအပ်တာဖြစ်တဲ့အတွက် ဒါကို မြို့သူမြို့သားတွေအနေ နဲ့ စဉ်းစားနိုင်ပေမဲ့ ကျေးလက်နေသူတွေက တော်ရုံတန်ရုံ မစဉ်းစားနိုင်ဘူးလေ။ ဒါကြောင့် ဘဏ်ဆိုတာဘာလဲ၊ ဘဏ် မှာ ငွေအပ်ထားရင် လုံခြုံစိတ်ချရတယ်ဆိုတာမျိုး Awareness ပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော Domestic Savings  များလာရင် တိုင်းပြည်ရဲ့ စီးပွားရေးတော်တော် တက်လာနိုင်ပါတယ်။ ဒါကနည်းတဲ့ ငွေတွေ မဟုတ်ဘူး။ ရှိတဲ့ငွေလေးကို အိမ်မှာမထားဘဲ ဘဏ်မှာထားရင် ဘဏ် စနစ်တင်မကဘဲ စီးပွားရေးအဆောက်အအုံကလည်း တော် တော်လေးကိုပြောင်းသွားနိုင်ပါတယ်။ အဲဒီအတွက်ကို စဉ်း စားစေချင်ပါတယ်။ နောက်တစ်ခုက နိုင်ငံခြားဘဏ်တွေဝင် လာလို့ သူတို့နဲ့အဆက်အသွယ်လုပ်ရရင်Online Banking  ပုံစံမျိုးလုပ်လာနိုင်ပါတယ်။ လူတွေအနေနဲ့ ဘဏ်စနစ်နဲ့ လွယ်လွယ်ကူကူထိတွေ့ခွင့်ရအောင် သူတို့က လုပ်ပေးနိုင် ပါတယ်။ ဘဏ်တွေကို ကြောက်စရာမလိုဘူး၊ အပ်ငွေကို အချိန်မရွေးအသွင်းအထုတ်လုပ်လို့တယ်၊ စိတ်ချရတယ် ဆိုတာကို လူတွေသိလာဖို့ လိုပါတယ်။ အဲဒါမျိုးဖြစ်လာ အောင် ဘဏ်စနစ်ပြုပြင်ပြောင်းလဲမှုတွေက ဒီနေရာမှာ အရေးပါလိမ့်မယ်။ ၂၀၁၅ ခုနှစ်မှာ Stock Exchange ပေါ်လာရင်အများပိုင်ကုမ္ပဏီတွေပေါ်လာပြီး လုပ်ငန်းတွေ ချဲ့ထွင်လာ တော့မယ်ဆိုရင် ဘဏ်စနစ်က အရေးကြီးပါတယ်။ ဒါကို အခုကတည်းက ပြင်စရာရှိတာပြင်ရမှာဖြစ်ပြီး ဗဟိုဘဏ်က လည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတဲ့အတွက် ငွေကြေး မူဝါဒ(Monetary Policy) ကိုရဲရဲဝံ့ဝံ့လုပ်ဖို့ လိုပါလိမ့်မယ်။ ဗဟိုဘဏ်က အတိုးနှုန်း (Interest Rate)  ကိုသတ်မှတ်တာ၊ ထိန်းတာ၊ ပြည်တွင်းမှာငွေကြေးလည်ပတ်စီးဆင်းမှု (Money Circulation) ကိုသတ်မှတ်တာ၊Inflation  ကို ထိန်းတာ စတာတွေကို လုပ်ရတာဖြစ်တဲ့ အတွက် ဗဟိုဘဏ်ရဲ့Role ကို အခုထက်ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်ရင်တော့ အခြေအနေကောင်းလာမယ်လို့ ယူဆပါတယ်။  

ဗဟိုဘဏ်ရဲ့Capacity

အခုအချိန်မှာ ဗဟိုဘဏ်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေ ပါတယ်။ Capacity အပိုင်းကိုပြောရရင်တော့ မြန်မာနိုင်ငံမှာ Generation Gap  ရှိသွားပြီဖြစ်တယ်ဆိုတာကို လက်ခံရ မှာပါ။ ဘဏ်ကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်တဲ့သူ တော်တော်ရှားပါတယ်။ အခုတာဝန်ပေးထားတဲ့လူတွေထဲမှာ အတွေ့အကြုံရှိတဲ့ အသက်ကြီးတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၉၇၀၊ ၁၉၈၀ နဲ့ ၁၉၉၀ က အတွေ့အကြုံနဲ့ ၂၀၁၄ ရဲ့အနေအထားကမတူတော့ဘူး။ တလောကပဲ အမေ ရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌပြောင်းလဲခန့်အပ်ခဲ့တာကို ကြည့်မယ် ဆိုရင် အဲဒီအမျိုးသမီးဟာ ဘဏ်နဲ့ပတ်သက်တဲ့စာအုပ်တွေ အများကြီးရေးခဲ့သူဖြစ်ပြီး တကယ့်ကို ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ သူ့အမျိုးသားကလည်း နိုဘယ်လ်ဆုရစီးပွားရေးပညာရှင်တစ်ဦးဖြစ်တယ်။ Capaciity ပိုင်းကပြောစရာကိုမလိုပါဘူး။ စီးပွားရေးကျွမ်းကျင်သူတွေ သုံးသပ်တာ ကတော့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးမှာ သမ္မတ အိုဘားမားထက် ဗဟိုဘဏ်ဥက္ကဋ္ဌက ပိုအရေးကြီးပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌက တစ်ခုခုဆိုရင် ဘယ်သူ့မျက်နှာကိုမှ ကြည့်စရာမလိုဘူး။ လုပ်သင့်တာကိုလုပ်ပိုင်ခွင့်ရှိ တယ်။ ဟို တုန်းကဆိုရင် သိပ်နာမည်ကြီးတာက အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ Alan Greenspan  ဖြစ်တယ်။ သူက ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် သက်တမ်းသုံးလေးခါတာဝန်ယူ ခဲ့သူဖြစ်တယ်။ သူတို့ ဆီမှာ ဗဟိုဘဏ် ဥက္ကဋ္ဌတွေက တကယ့်ကိုကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အစ္စရေးဗဟိုဘဏ်ဥက္ကဋ္ဌဆိုရင် အမေ ရိကန်လူမျိုးဖြစ်တယ်။ အဲဒီလိုပဲ အင်္ဂလန်ဗဟိုဘဏ်ဥက္ကဋ္ဌက ကနေဒါနိုင်ငံသား။ အဲဒီတော့ မြန်မာပြည်အနေနဲ့တော့ စဉ်း စားရခက်ပါလိမ့်မယ်။ နိုင်ငံခြားသားတစ်ယောက်ကို ကိုယ့် ဗဟိုဘဏ်မှာ ခန့်သင့် မခန့်သင့်ဆိုတာက စဉ်းစားရခက်မှာပါ။ စဉ်းစားဖို့ ပြောတာပါ။ သူတို့ဆီမှာတော့ Capacity ကို အခြေခံပြီးရွေးတာဖြစ်တယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့ကို ခဏထားလိုက်ဦး။ အတုယူစရာကောင်းတာက Monetary Authority of Singapore (MAS)  ဖြစ်ပါတယ်။ စင်ကာပူ ဗဟိုဘဏ်ပေါ့။ ဗဟိုဘဏ်လို့ပြောရင် ဥက္ကဋ္ဌအပြငBOD အဖွဲ့ဝင် ဒါရိုက်တာတွေရှိတယ်။ အဲဒီဒါရိုက်တာတွေဟာ စီး ပွားရေးနယ်ပယ်မှာ ဘဏ်နဲ့ပတ်သက်ပြီး စာတွေအများကြီး သင်၊ စာအုပ်တွေအများကြီးရေးသားတဲ့လူတွေ ဖြစ်ပါတယ်။ သီအိုရီတွေကို သူတို့ကထုတ်တာဖြစ်တယ်။ အခု MAS ကလည်း လီကွမ်ယူးတို့၊ ဂိုချောက်တောင်တို့ကနောက်ကွယ် ကနေ ကြီးကြပ်နေတဲ့သဘောမျိုးရှိတယ်။ သူတို့ဆီမှာက MAS က တော်တော့်ကိုအရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ လည်း အခုကစပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုတော့ တဖြည်းဖြည်းဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ပထမခြေလှမ်းက တော်တော်အရေးကြီးတဲ့ခြေလှမ်းပါ။ အဲ ဒါက ဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာ မဟုတ်တော့ဘဲ သီးခြားရပ်တည်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ တည်ထောင်လိုက်တာဖြစ်တယ်။ အဲဒါကြောင့် ဗဟိုဘဏ် အနေနဲ့ တကယ့်ကို ရဲရဲဝံ့ဝံ့နဲ့ လွတ်လွတ်လပ်လပ်လုပ်ဖို့လို လာလိမ့်မယ်။ လုပ်လိမ့်မယ်လို့လည်း မျော်လင့်ပါတယ်။  

ပြုပြင်ပြောင်းလဲမှုနဲ့ အခွင့်အလမ်း

Change  လို့ ပြောတဲ့အခါမှာ ယေဘုယျအားဖြင့် နှစ်ဖက်ရှိပါ တယ်။ တစ်ဖက်က အခွင့်အလမ်း၊ အခွင့်အရေးတွေရှိသလို တစ်ဖက်မှာ စိန်ခေါ်မှုတွေရှိနေတယ်။ နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံကို ဝင်လာတဲ့အခါမှာ ရှိလာမယ့်အခွင့်အရေးတွေ ကိုရယူနိုင်အောင် အခုတည်းကပြင်ဆင်ထားဖို့ လိုပါတယ်။ ပေါ်ပေါက်လာနိုင်တဲ့ စိန်ခေါ်မှုတွေ အခုကတည်းကပြင်ဆင် ပြီး ရင်ဆိုင်နိုင်အောင် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီတော့ ပုဂ္ဂလိကဘဏ်တွေရော၊ ဗဟိုဘဏ်ရော၊ ဝန်ကြီး ဌာနတွေက လူတွေအားလုံး ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြ ဖို့လိုပါတယ်။ ဆရာတို့နိုင်ငံမှာ ဘဏ်ပညာနဲ့ပတ်သက်လို့ ဆရာဝီလျံပေါလ်ဆိုတာ တစ်ယောက်ပဲရှိတယ်။ သူက Harvest တက္ကသိုလ်ကနေ ဘွဲ့ရလာတာဖြစ်တယ်။ သူက လည်း မရှိတော့ဘူး။ အရင်က ဝါဏိစ္စဗေဒမှာ Banking Fiinance and Insurance (BFI) အထူးပြုဘာသာရပ်တစ်ခု ကိုသင်တန်းတစ်ခု ပေးခဲ့တယ်။ အဓိပ္ပာယ်က B.Com ရ တယ်။ ဒါပေမဲ့ အထူးပြုတာက BFI ပေါ့။ နောက်ပိုင်းမှာ အဲဒါမရှိတော့ဘဲ အခုမှ Master in Banking and Finance (MBF) ဆိုတာကို ပြန်ပြီးလုပ်တယ်။ အခုအချိန်မှာ ဘဏ် ပညာနဲ့ပတ်သက် ပြီး တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတဲ့တက္က သိုလ်တွေနဲ့ချိတ်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ Banking Education  နဲ့ပတ်သက်ပြီး အခုတည်းကမွေးထားမှ နောက် အနှစ် ၂၀ လောက်ကျရင် တကယ့်ကို ထူးချွန်တဲ့ Banker တွေပေါ်ပေါက်လာလိမ့်မယ်။ ဝမ်းသာစရာတစ်ခုက နိုင်ငံ ခြားမှာပညာသင်ပြီး ပြန်လာတဲ့လူတွေရှိနေကြပြီ။ စင်ကာ ပူ၊ အမေရိကား စတဲ့နိုင်ငံတွေမှာ ပညာသွားသင်ပြီး ပြန် လာတဲ့ လူငယ်တွေ၊ လူလတ်တွေ ဘဏ်လုပ်ငန်းတွေမှာ ဝင်လုပ်နေကြပြီဖြစ်တယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ဘဏ်စနစ် အတွက် ကောင်းမွန်တဲ့အလားအလာတစ်ခုပါပဲ။     [caption id="attachment_12311" align="alignnone" width="370"]people portrait water mark final4 ဦးစိုးဝင်း
Managing Director
Myanmar Vigour Co Ltd[/caption]

နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပြုသင့်တဲ့ပုံစံ

မြန်မာနိုင်ငံမှာ လောလောဆယ် နိုင်ငံခြားကိုယ်စားလှယ်ရုံး ခွဲ ၃၅ ခု လောက်ရှိပါတယ်။ ဒီကိုယ်စားလှယ်ရုံးခွဲတွေ အားလုံးကို ဗဟိုဘဏ်က Banking License  ချထားပေး ပြီး ကုမ္ပဏီမှတ်ပုံတင်ရုံးမှာလည်း ဥပဒေနှင့်အညီဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ဘဏ်ခွဲလိုင်စင်ရရှိထားပေမဲ့ အခုအချိန်အထိ ဘဏ်ကိုယ်စားလှယ်ရုံးခွဲအဆင့်သာ လုပ်ကိုင်ခွင့်ရပါတယ်။Regulatory Bodies တွေအနေနဲ့လည်း နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံမှာဖွင့်ပေးဖို့ စဉ်းစားရာမှာ နိုင်ငံသားဘဏ်တွေ လည်းမထခိုက်အောင်၊ နိုင်ငံခြားဘဏ်တွေလည်း ဖွင့်ခွင့်ရ အောင်စဉ်းစားရတာ လွယ်လှမယ်မထင်ပါဘူး။ နိုင်ငံခြား ဘဏ်တွေကို မြန်မာနိုင်ငံမှာ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ကိုင် ခွင့်ပြုသင့်တယ်ဆိုတာကို စဉ်းစားရာမှာ Regulator တွေ ရဲ့အမြင်၊ နိုင်ငံသားဘဏ်တွေရဲ့အမြင်၊ စီးပွားရေးလုပ်ငန်း ရှင်တွေရဲ့အမြင်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့အမြင်တွေ နဲ့ဘက်စုံအောင် စဉ်းစားကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ အာဆီယံအဖွဲ့ဝင်ဖြစ်လို့ အာဆီယံနိုင်ငံအချင်းချင်းပေးရမယ့်အခွင့်အရေးတွေ ဘယ်လိုရှိတယ်ဆိုတာလည်း ထည့် သွင်းစဉ်းစားသင့်ပါတယ်။  

နိုင်ငံခြားဘဏ်တွေကို မြန်မာနိုင်ငံမှာ လုပ်ကိုင် ခွင့်ပြုရင်

၁။       ဖက်စပ်ဘဏ်လုပ်ငန်း (JV Banking) ၂။       နိုင်ငံသားဘဏ်တွေမှာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ Equity Share ဝယ်ယူခွင့်၊ ၃။       မြန်မာနိုင်ငံဘဏ်တွေအားလုံးကို ဘဏ်ကြီး သုံးလေး ဘဏ်ဖြစ်အောင်ပေါင်းပြီးမှ နိုင်ငံခြားဘဏ်တွေကို လုပ် ကိုင်ခွင့် ၄။       လက်ရှိကိုယ်စားလှယ်ရုံးခွဲတွေအနက် သင့်လျော်ရာ ဘဏ်တချို့ကို နိုင်ငံတကာ စံနှုန်းတွေနဲ့ရွေးချယ်ပြီး အကန့်အသတ်တွေနဲ့ ဖွင့်လှစ်ခွင့် စသဖြင့် အကြမ်း ဖျင်းလေးမျိုး စဉ်းစားလို့ရပါတယ်။ Equity Injection ဆိုတဲ့ နိုင်ငံသားဘဏ်တွေမှာ ပြည်ပရင်းနှီးမြှုပ်နံှသူတွေက Equity Share  ဝယ်ယူခွင့်ပြု တဲ့နည်းကတော့ ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ခွင့်ပြုလို့ မရသေးဘူးလို့ လေ့လာသိရှိရပါတယ်။ တချို့ကတော့ ဒီနည်းကို ဗီယက်နမ်နိုင်ငံမှာ ဂျပန်ဘဏ်တွေကို ၂၀ ရာ ခိုင်နှုန်းအထိ ဝယ်ခွင့်ပေးတယ်လို့ ပြောကြတယ်။ နိုင်ငံသားဘဏ်တွေအားလုံးကို စင်ကာပူနိုင်ငံမှာ လုပ်သလို ဘဏ်ကြီးသုံးလေးဘဏ်ဖြစ်အောင် ပေါင်းပြီးမှ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပြုဖို့ကတော့ နိုင်ငံသား ဘဏ်တွေလက်ခံဖို့ မလွယ်ဘူးထင်ပါတယ်။ ဒါကြောင့် ဒီအချက်လေးချက်အနက် ဖက်စပ်လုပ် ငန်း(JV Banking) နဲ့ သင့်လျော်တဲ့ဘဏ်လုပ်ငန်းတချို့ ကိုရွေးပြီး အကန့်အသတ်တွေနဲ့ ဖွင့်လှစ်ခြင်း (Selective Foreign Bank)  နှစ်မျိုးသာ အဓိကစဉ်းစား ဖို့ကျန်ပါတယ်။  

ဖက်စပ်ဘဏ်လုပ်ငန်း

၁။       နိုင်ငံသားပိုင်ဘဏ်တွေအကြား ရေပန်းအစားဆုံးစနစ် က ဖက်စပ်ဘဏ် (JV Bank)  ထူထောင်ဖို့ ဖြစ်ပါ တယ်။ ဒီလိုထူထောင်ရင် လက်ရှိနိုင်ငံသားဘဏ် ၂၅ ခုထက် ဘဏ်အရေအတွက် တိုးလာမှာဖြစ် ပါတယ်။ အဓိကစဉ်းစားရမယ့်အချက်တွေကတော့ ရှယ်ယာထည့် ဝင်မှုအချိုး (ှ့မေန ဃစေငအေူ ျွအေငသ) ဖြစ်ပါတယ်။ နိုင်ငံသားပိုင်ဘဏ်တွေအနေနဲ့ ရှယ်ယာအများစု (Share Capital Ratio) ရအောင် အနည်းဆုံး ၅၁ ရာခိုင်နှုန်း လိုချင်လိမ့်မယ်။ ဒါပေမဲ့ နိုင်ငံခြားဘဏ်ကြီးတွေက သူတို့ (Controlling Share) မရရင် JV Banking  လုပ်ချင်ပါ့မလား။ ၂။       သူတို့ဆီက ဃအေေူပျအ ပုံစံနဲ့အရင်းအနှီးတွေ၊ အတွေ့ အကြုံ (Expertise)  တွေယူလာခဲ့ပေမယ့် နိုင်ငံခြား ဘဏ်တွေက တိုးမြှင့်ထည့်ဝင်မယ့် မတည်ရင်းနှီးငွေကို နိုင်ငံသားဘဏ်တွေက တန်းတူရည်တူလိုက်နိုင်မလား။ ၃။       ဒီလိုဆိုရင် မြန်မာနိုင်ငံသားဘဏ်တွေနဲ့အတူ Partner အဖြစ် မြန်မာနိုင်ငံအစိုးရက တစ်နည်းနည်းနဲ့ ဝင်နိုင် မလားဆိုတာအထိ စဉ်းစားသင့်ပါတယ်။ ၄။       ဒီ JV Bank  တွေကို ဘယ်အတိုင်းအတာ၊ ဘယ်နည်း ဥပဒေနဲ့ လုပ်ကိုင်စေမလဲဆိုတာကို မမေ့သင့်ပါဘူး။ The Financial Institution of Myanmar law ကို လည်း လိုက်လျောညီထွေရှိအောင် ပြင်ဆင်သင့်ရင် ပြင် ရပါလိမ့်မယ်။  

နိုင်ငံခြားဘဏ်တွေကို ရွေးချယ်ပြီး ဖွင့်လှစ်ခွင့်ပေးခြင်း

နောက်ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်မှုတစ်ခုက သင့်လျော်တဲ့ နိုင်ငံခြားဘဏ်တချို့ကို ရွေးချယ်ပြီး ဖွင့်လှစ်ခွင့်ပေးခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် နိုင်ငံခြား ဘဏ်ကိုယ်စားလှယ်ရုံးခွဲ ၃၅ ခုရှိပါတယ်။ နောက်ထပ် ပိုလာနိုင်ပါတယ်။ တချို့ဘဏ်တွေဆိုရင် မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်ထားတာ ၁၉၉၅ ခုနှစ်ဝန်းကျင်လောက်ကဆိုတော့ အနှစ် ၂၀ ပြည့်တော့မယ်။ တချို့ဘဏ်ကြီးတွေဆိုရင် မကြာခင်ကမှ သဲကြီးမဲကြီး လာဖွင့်တာတွေ ရှိပါတယ်။ ဒီ ဘဏ်တွေအားလုံးထဲက ဘဏ်တချို့ကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးမှာလဲဆိုတာ စဉ်းစားသင့်ပါတယ်။Regulator အတွက် ဒီကိစ္စမှာ နိုင်ငံခြားဘဏ်တွေဘက်ကရော၊ နိုင်ငံသားဘဏ် တွေဘက်ကပါ ကျေနပ်နိုင်တဲ့နည်းလမ်းကို ခက်ခက်ခဲခဲရှာ ဖို့ လိုပါလိမ့်မယ်။ ဒီလို ရွေးချယ်ရာမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ရွေးချယ်ဖို့လိုပါမယ်။ နောက်တစ်ချက်က သူတို့ကိုမတည် အရင်းအနှီး Capital အများကြီးမြှင့်ပြီး ယူလာစေမှာလား။ ဒီလိုယူလာတဲ့ငွေတွေကို ဘယ်လိုစည်းမျဉ်းစည်း ကမ်းတွေ နဲ့ငွေချေခွင့်ပေးမှာလဲ။ လက်လီဘဏ်လုပ်ငန်းလုပ်ခွင့်မပေး ဘဲ လက်ကားဘဏ်လုပ်ငန်းကိုသာ ဘယ်အတိုင်းအတာထိ လုပ်ခွင့်ပေးမလဲ။ ရရှိတဲ့အကျိုးအမြတ်တွေကို ဘယ်လိုထုတ် ယူခွင့်ပေးမလဲ စတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားသင့် တယ်လို့ ထင်ပါတယ်။  

ပြည်တွင်းဘဏ်တွေရဲ့  လက်ရှိအနေအထားအပေါ်  သုံးသပ် ချက်

ဗဟိုဘဏ်မှအပ နိုင်ငံပိုင်ဆိုလို့MFTB၊ MICB၊ နဲ့ MEB တို့ရှိပါတယ်။ (စိုက်ပျိုးရေးဘဏ်ကို ထည့်မထားပါ။) အ ကြမ်းအားဖြင့် MEB က ပြည်တွင်းဘဏ်လုပ်ငန်း Domestic Banking ကို အလေးထားပြီး လုပ်ကိုင်သလို၊MFTB ကလည်း နိုင်ငံခြားဘဏ်လုပ်ငန်းကို အလေး ထားပြီး လုပ်ကိုင်နေကြပါတယ်။ ဒီဘဏ်တွေအပြင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဖွင့်ခွင့်ပြုလိုက်တဲ့နိုင်ငံသားပိုင် အခုချိန်ထိ ၂၄ ဘဏ်ရှိပါ တယ်။ အစပိုင်းကတော့ ဒီဘဏ်တွေအားလုံး မြန်မာငွေနဲ့ Domestic Banking  ကိုလုပ်ကိုင်ကြပေမဲ့ တချို့ဘဏ်တွေ ကို မကြာသေးခင်က ဗဟိုဘဏ်က နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် Authorized Dealers Lincense  တွေကို ခွင့် ပြုလိုက်ပါတယ်။  

ပြည်တွင်းနိုင်ငံသားဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ကို စဉ်းစားမယ်ဆိုရင်

၁။       မတည်ရင်းနှီးငွေကြေးအင်အားနဲ့ အကျိုးအမြတ် ရရှိ နှုန်းထား (Return to Investment)။ ၂။       ဘဏ်လုပ်ငန်းတတ်ကျွမ်းနားလည်မှု (Expertise in Banking)။ ၃။       ခေတ်မှီ IT နည်းပညာ၊ ကွန်ပျူတာ၊ ဘဏ်လုပ်ငန်း သုံးစက်ကိရိယာတွေသုံးနိုင်တဲ့အခြေအနေ။ ၄။       ဗဟိုဘဏ်ရဲ့ ထိန်းကြောင်းကွပ်ကဲမှု။ ၅။       နိုင်ငံတကာနဲ့ ဆက်နွှယ်တဲ့အကြောင်းအရာတွေကိုလည်း အကြမ်းဖျင်းထည့်သွင်းစဉ်းစားနိုင်ပါတယ်။  
၁။  မတည်ရင်းနှီးငွေ
ငွေကြေးအင်အားဆိုရင် ပြည်ပဘဏ်တွေနဲ့စာရင် များစွာ နည်းနေကြောင်းတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ သူ့အတိုင်း အတာနဲ့သူ နိုင်ငံသားဘဏ်တွေအနေနဲ့ နှစ်စဉ်နှစ်တိုင်း မြတ်ကြပါတယ်။ ရှုံးတဲ့ဘဏ် မရှိပါဘူး။  
၂။  ဘဏ်လုပ်ငန်းတတ်ကျွမ်းနားလည်မှု
ဘဏ်လုပ်ငန်းက ကျယ်ပြန့်တော့ ကျွမ်းကျင်ဖို့ အချိန်ပေး ရပါတယ်။ အထူးသဖြင့် စီးပွားရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ အသုံးအနှုန်းတွေ ပါဝင်နေတဲ့အပြင် အင်္ဂလိပ်ဘာသာရပ်ကို အသုံးများတဲ့အတွက် ဒီနေ့ မြန်မာနိုင်ငံ မှာ ဘဏ်လုပ်ငန်း တတ်ကျွမ်းနားလည်မှု အားနည်းနေပါတယ်။ နှစ်ပေါင်း ၃၀၊ ၄၀ နိုင်ငံတကာနဲ့ အဆက်ဖြတ်ခံထားရပြီး ဘာသာရပ် ဆိုင်ရာပညာရပ်တွေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရမယ့် နိုင်ငံ ခြားဘာသာရပ်၊ အထူးသဖြင့် အင်္ဂလိပ်ဘာသာရပ်ကို လူငယ် တွေမသင်ခဲ့ကြရရှာတော့ အခုလို နိုင်ငံတကာဘဏ်လုပ်ငန်း ကို နဖူးတွေ့၊ ဒူးတွေ့လုပ်လာကြတဲ့အခါ လူငယ်တွေအဖို့ အားငယ်စရာဖြစ်လာပါတယ်။ ပြီးတော့လည်း မြန်မာနိုင် ငံမှာဘဏ်နဲ့ထိတွေ့သူ လူဦးရေအနည်းငယ်သာရှိပြီး နိုင်ငံ သားဘဏ်တွေကိုလည်း လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်လောက် ကစပြီး ပျိုးထောင်လာပေမဲ့ မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းဟာ တိုးတက်မှုနှုန်း နှေးကွေးတာကိုတွေ့ရပါတယ်။ တစ်ဖက်က လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံတကာငွေလွှဲပြောင်း မှုမှာ ခက်ခဲတာတွေ ရှိနေပါတယ်။  
၃။  ဗဟိုဘဏ်ရဲ့ ထိန်းကျောင်းကွပ်ကဲမှု
တစ်ဖက်ကလည်းRegulatory Body ဖြစ်တဲ့ ဗဟိုဘဏ် ရဲ့ထိန်းကျောင်းကွပ်ကဲမှုက ပြည်တွင်းဘဏ်တွေအပေါ် သြ ဇာညောင်းဖို့လိုပါတယ်။ညွှန်ကြားချက်တွေထုတ်ပြီး ဒီညွှန် ကြားချက်အတိုင်း လိုက်နာမှုရှိမရှိစစ်ဆေးမှု(Follow Up)   နဲ့ စည်းကမ်းနဲ့အပြစ်ဒဏ်( Disciplines and Penalty)  မရှိရင် ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်ကို ဘဏ်တွေက လိုက်နာမှုအား နည်းနိုင်ပါတယ်။ ဥပမာတစ်ခုပြောရရင် အတိုးနှုန်း (Interest Rate Structure)  ကို ဗဟိုဘဏ်က ပြဋ္ဌာန်းထားပေမဲ့ ဘဏ် တွေက တိတိကျကျမလိုက်နာကြတော့ နိုင်ငံသားဘဏ်တွေ အဖို့လည်း လုပ်နည်းကိုင်နည်း ညီñွတ်မှုမရှိတော့ဘူး။ ဗဟို ဘဏ်က ချမှတ်ထားတဲ့စည်းကမ်း၊ ဥပဒေတွေကို အပြည့်အဝမ လိုက်နာနိုင်ကြတော့ဘူး။ ဒီလို မလိုက်နာနိုင်တာတွေကို ဗဟိုဘဏ်က ထိထိရောက်ရောက် ကြပ်မတ်ကွပ်ကဲမှု မပြု နိုင်သေးဘူး။ ဒါဟာ ဥပမာတစ်ခုပဲပြောတာ။ ဒါကြောင့် ချုပ်လိုက်မယ်ဆိုရင် ဗဟိုဘဏ်အပါအဝင် နိုင်ငံပိုင်ဘဏ်တွေ၊ နိုင်ငံသားပိုင်ဘဏ်တွေအားလုံးရဲ့ စည်းကမ်းကြပ်မတ်၊ လိုက် နာမှုအရည်အသွေးရော၊ အရည်အချင်းကိုပါ အားမရသေး ဘူးလို့ ပြောချင်ပါတယ်။ အထူးသဖြင့် အစိုးရပိုင်ဘဏ်တွေမှာရှိတဲ့ဝန် ထမ်းအားလုံးရဲ့စိတ်ဓာတ် (Mindset)  ကိုပြောင်းလဲမြှင့်တင် ဖို့လိုလိမ့်မယ်။ သူတို့စိတ်ထဲမှာရှိတဲ့ နိုင်ငံတော်ကနိုင်ငံ သားတွေကိုပေးတဲ့ ဘဏ်လုပ်ငန်းနဲ့ပတ်သက် တဲ့Dispensing the State Banking Services  ဆိုတဲ့ဝန်ဆောင်မှုကို တို့ကလွဲပြီး 'ဘယ်သူမှမပေးနိုင်ဘူး' ဆိုတဲ့ အတွေးအခေါ်မျိုးကိုပြောင်းသင့်ပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကို ဝိုင်းဝန်း ဆောင်ရွက်ရာမှာ အစိုးရဘဏ်ဝန်ထမ်းတွေဟာ မိမိက ပြည်သူကို ဘယ်လောက်ကူညီနိုင်မလဲဆိုတဲ့ လုပ်ဆောင် ချက် Performance  ကို ပြစေချင်ပါတယ်။  

ပြည်တွင်းဘဏ်တွေ အားကောင်းလာအောင်

အထူးသဖြင့် ဘဏ်တွေရဲ့ ရင်းနှီးငွေအင်အား (Capital Strength)  တိုးမြှင့်ဖို့ လိုပါတယ်။ ဘဏ်ဝန်ထမ်းတွေရဲ့ စွမ်းရည်မြှင့်တင်ခြင်း (Capacity Building of Banking Sector Human Resources) လုပ်ဖို့ လိုပါတယ်။ Capacity Building  ဆိုတဲ့နေရာမှာ ဘွဲ့တွေ၊ ဒီဂရီတွေ၊ ဒီပလိုမာတွေ အများကြီးရဖို့ထက် ဘဏ်လုပ်ငန်းကိုကျွမ်းကျင်ဖို့ အရေး ကြီးပါတယ်။ စိတ်ရှိတိုင်းပြောရရင် နိုင်ငံသားဘဏ်တွေမှာ အထူးသဖြင့် ဥရောပနိုင်ငံက ဘဏ်လုပ်ငန်းပညာရှင်တွေကို အဖွဲ့(Team)  အလိုက် Government to Government  အကူအညီနဲ့ ရေရှည်ငှားရမ်းအသုံးပြုစေလိုပါတယ်။ ဘဏ် ဝန်ထမ်းတွေကလည်း သူတို့နဲ့တန်းတူရည်တူ လုပ်ပြီး လုပ် ငန်းတွေကို သင်ကြားလေ့လာနိုင်ပါတယ်။ နောက်တစ်ချက် ထပ်ပြောရရင် သင့်လျော်တဲ့ဘဏ်ဝန်ထမ်းတွေကို ခံဝန်ကတိ ယူပြီး ပြည်ပနိုင်ငံတွေမှာ ဥပမာ- ဗြိတိန်၊ ဂျာမနီ၊ အမေ ရိကန်၊ ဂျပန်၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ အနည်းဆုံးတစ် နှစ် ရေရှည်မြှုပ်နှံထားပြီး သင်ကြားပေးသင့်ပါတယ်။ နောက်တစ်ချက်က ဘဏ်တွေမှာ လက်နဲ့ စာရင်းရေးသွင်းတဲ့ (Manual)   စနစ်က ကွန်ပျူတာတွေနဲ့ စာရင်းရေးသွင်းတဲ့ စနစ် (Electronic Banking)  ကို ဆောလျင်စွာ ပြောင်း သင့်ပါတယ်။ ပြောင်းလဲပြောင်းနေကြပါပြီ။ ဒီနေရာမှာ လျပ်စစ်ဓာတ်အားမှန်ဖို့နဲ့ ဆက်သွယ်ရေးစနစ်ကောင်းမွန်ဖို့ တော့ လိုတာပေါ့လေ။  

နိုင်ငံခြားဘဏ်တွေကိုခွင့်ပြုတဲ့အခါ သတိထားရမယ့်အချက် တွေ၊ ြ ဖစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေ

အခြေခံက စပြောရမယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးတိုးတက် ဖို့ ရင်းနှီးမြှုပ်နှံမှုတွေအောင်မြင်လာဖို့ နိုင်ငံခြားဘဏ်တွေကို အနှေးနဲ့အမြန် မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ပေးရမှာဖြစ်ပါ တယ်။ ဒီလိုခွင့်ပြုရာမှာ မြန်မာနိုင်ငံ သားဘဏ်တွေကို တိုက်ခိုက်နစ်နာမှုမရှိစေဖို့ အထူးဂရုပြုဖို့လည်း လိုမယ်။ 'ရှဉ့်လည်းလျောက်သာ၊ ပျားလည်းစွဲသာ' ဆိုတဲ့ထုံးကို နှလုံး မူပြီး သင့်တင့်မျတအောင် Regulator တွေစဉ်းစားပေး ဖို့လိုပါလိမ့်မယ်။ JV Bank  ခွင့်ပြုမှာလား၊ ဒါမှမဟုတ် နိုင်ငံသားဘဏ်တွေ သဘောမတွေ့တဲ့ Selective Foreign Bank  တွေကို မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ပေးမှာလား။ ဒီနည်းလမ်းကိုလိုက်မယ် ဆိုရင် နိုင်ငံခြားဘဏ် တွေရဲ့လုပ်ကိုင်မှုကို အကန့်အသတ်အများကြီးထားဖို့ လိုပါ လိမ့်မယ်။ အရေးကြီးတဲ့အချက်တွေကတော့ အရင်းအနှီး ကြီးကြီးမားမားယူလာဖို့ပါပဲ။ သူတို့ယူလာတဲ့ အရင်းအနှီး ကို မြန်မာနိုင်ငံ သားဘဏ်တွေ၊ နိုင်ငံတော်ဘဏ်တွေမှာ ပေါက် ဈေးနဲ့ပဲ ကျပ်ငွေကိုဝယ်စေသင့်ပါတယ်။ သူတို့ငွေချေး တာကိုလည်း ကန့်သတ်ထားရပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပဲ မြန်မာငွေနဲ့ငွေချေးစေဖို့ ကန့်သတ်ထားပြီး အတိုးနှုန်းကိုလည်း ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့အတိုင်း ဖြစ်စေရပါမယ်။ အပ်ငွေလက်မခံစေသင့်ပါဘူး။ အခုတင်ပြလိုက်တဲ့ အချက်တွေကို ကြည့်ရင်Regulatory Authority  ဖြစ်တဲ့ မြန်မာနိုင်ငံဗဟိုဘဏ်အနေ နဲ့ လုပ်ငန်းစီမံချက်တွေအများကြီးချပြီး လုပ်ရပါလိမ့်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတွေ မထီ မဲ့မြင်ပြုနေတဲ့ Foreign Exchange Management Law ကိုထိထိရောက် ရောက် လိုက်နာကြရလိမ့်မယ်။ ဒါတွေကို အကောင်အထည် ဖော်ဖို့Regulatory Authority မှာ Capacity အပြည့် ရှိရပါမယ်။ ဒီအခါမှာRegulatory Authority အနေနဲ့ မြေစမ်းခရမ်းပျိုးသလို စမ်းတဝါးဝါးလုပ်လို့တော့ မရတော့ ပါဘူး။ တိကျလေးနက်ထိရောက်တဲ့ညွှွှန်ကြားချက်တွေကို နိုင်ငံသားဘဏ်တွေသာမက၊ နိုင်ငံခြားသား ဘဏ်တွေကိုပါ ပေးရတော့မယ်။ ထုတ်လိုက်တဲ့ညွှန်ကြားချက်ကို ခဏခဏ ပြန်ပြင်နေရင် အာဏာသက်ရောက်မှုလည်း ရှိမှာမဟုတ်ဘဲ ထိန်းသိမ်းရခက်လာပါလိမ့်မယ်။  

နိုင်ငံခြားသားဘဏ်တွေကို ခွင့်ပြုလိုက်ပြီး မထိန်းနိုင်ရင် Financial Crisis ဖြစ်နိုင်တဲ့အလားအလာ

ဒီမေးခွန်းကို ျွနါကူအေသမ တွေကဖြေသင့်ပါတယ်။ ကိုယ့် တိုင်းပြည်မှာ  Financial Crisis or Banking Crisis  မဖြစ် စေချင်ပါဘူး။Risk Management စကားနဲ့ပြောရရင် Regulator အားလုံးက ဒီ Crisis ဆိုတဲ့ Risk Factor  ကို ကြိုတင်ပိတ်ထားကြမှာပဲ။ အထူးသဖြင့် Financial Crisis  ဖြစ်မှာလားဆိုတာထက် နိုင်ငံသားဘဏ်တွေကို လွှမ်းမိုးသွားမှာလားဆိုတာ အရေးကြီးပါတယ်။ နိုင်ငံသား ဘဏ်တွေကလည်း ဒါကိုပဲစိတ်ပူနေပုံရတယ်။ ဒီတော့ နိုင်ငံသားဘဏ်တွေရဲ့ မိခင်ကြီးဖြစ်တဲ့ ဗဟိုဘဏ်ကြီးက သားသမီးဖြစ်တဲ့ နိုင်ငံသားဘဏ်တွေကို ပြင်ပကဘဏ်တွေ ကိုခေါ်လာရင် ဘယ်ပုံဘယ်နည်းနဲ့ ကာကွယ်စောင့်ရှောက် ပေးမှာလဲဆိုတာ စိတ်ဝင်စားစရာပဲ။ ပြည်ပရင်းနှီးမြှုပ်နှံသူ တွေကလည်း မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့် မပြုရင် ဖြစ်တဲ့နည်းနဲ့ ဝင်လာနိုင်တယ်ဆိုတာကိုလည်း လျော့မတွက်စေချင်ပါဘူး။  

ဗဟိုဘဏ်ရဲ့လက်ရှိအနေအထားနဲ့  Capacity အပေါ်သုံး သပ်ချက်

Capacity ဆိုရာမှာ Capacity ပိုင်းဆိုင်ရာ Regulator တွေ ရဲ့ Capacity နဲ့အကောင်အထည်ဖော်ရတဲ့ဒုတိယ၊ တတိယ အဆင့်အရာထမ်းတွေရဲ့ Capacity ကွာဟမှု မရှိစေချင်ပါ ဘူး။ Capacity Gap  ကွာဟမှုများ လာရင် Policy Maker  က ချမှတ်လိုက်တဲ့ ညွှန်ကြားချက်ကို အောက်က အကောင် အထည်ဖော်တဲ့လူတွေ သဘောမပေါက်ရင် အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ စီးပွားရေးတက္ကသိုလ်မှာ သင်ခဲ့ တဲ့ပါမောက္ခ Hisks  ရဲ့ Social Framework နဲ့ crowther ရဲ့ Money and Banking  စတဲ့စာအုပ်ဟောင်းတွေကို ရည် ညွှန်းပြောရပါမယ်။ မြန်မာ့စီးပွားရေးမှာ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ဗဟိုဘဏ် ဥပဒေမှာ ဗဟိုဘဏ်ရဲ့ဆောင်ရွက်ရမှာတွေကို အသေးစိတ် ပြောထားပြီးဖြစ်လို့ အကြမ်းပဲပြောပါရစေ။ ဗဟိုဘဏ်ရဲ့ အရေးကြီးတဲ့တာဝန်တွေထဲက အရေးအကြီးဆုံးတွေက ငွေ ကြေးဖောင်းပွမှုနှုန်းကိုထိန်းဖို့နဲ့ နိုင်ငံခြားငွေတွေကို ကြီး ကြပ်ဖို့ပါပဲ။ ဗဟိုဘဏ်က အောင်အောင်မြင်မြင်နဲ့ ဆောင် ရွက်ခဲ့တာတွေအများကြီးပါ။ ဥပမာပြောရရင် နိုင်ငံခြားငွေလဲ နှုန်းကို Managed Floating စနစ်နဲ့ တည်ငြိမ်အောင်ထိန်း ထားနိုင်တာပဲ။ တင်းကျပ်တဲ့ နိုင်ငံခြားငွေကြေးကြီးကြပ်ရေးဥပဒေကိုလည်း တတ်နိုင်သလောက် ဖြေလျော့ပေးခဲ့တယ်။ ယခင်နှစ်ပေါင်းများစွာက စီမံဘဏ္ဍာဝန်ကြီးဌာနအောက်ရောက်သွားတဲ့ဗဟိုဘဏ်ကိုလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ လွတ်လပ်စွာရပ်တည်နိုင်ခဲ့တယ်။ ဆက်လက် ပြီးတော့ ဗဟိုဘဏ်အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ငွေကြေး မူဝါဒနဲ့   မိမိရဲ့ဘဏ္ဍာရေးမူဝါဒတွေကို ညှိဖို့လိုပါလိမ့်မယ်။ ဒါပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အရိပ်အောက်က ကင်း လွတ်ပြီး Regulatory Authority  ဖြစ်လာတဲ့ ဗဟိုဘဏ် ဟာ ရှေ့အနာဂတ်မှာ တိုင်းပြည်ရဲ့စီးပွားရေးတိုးတက်အောင် အရည်အချင်း ပြည့်ပြည့်၀၀နဲ့ ဘယ်လိုဆောင်ရွက်မလဲဆို တာ စိတ်ဝင်စားသူတွေက စောင့်ကြည့်နေကြပါတယ်။     [caption id="attachment_12310" align="alignnone" width="370"]ဦးသန်းလွင် ဦးသန်းလွင်
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ(ငြိမ်း)[/caption]

နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပြုသင့်တဲ့ပုံစံ

နိုင်ငံခြားဘဏ်တွေကို လက်ခံဖို့အတွက် နိုင်ငံခြားဘဏ်တွေ ကို ဘယ်လိုလက်သင့်ခံရမလဲဆိုတဲ့မူချမှတ်နိုင်ဖို့ ကော်မတီ ဖွဲ့စည်းထားပြီးပြီ။ လုပ်ကိုင်ခွင့်ပြုဖို့ပုံစံကတော့ လေးမျိုးရှိ ပါတယ်။ တော်တော်လေး ထင်ထင်ရှားရှားလုပ်တာကတော့Joint venture  ပါ။ ဒါက မြန်မာနိုင်ငံမှာရှိတဲ့ဘဏ်နဲ့ နိုင်ငံ ခြားကလာတဲ့ဘဏ်တို့ ပူးပေါင်းပြီး သီးခြားဘဏ်တစ်ခု တည်ထောင်တာပါ။ နောက်ပုံစံတစ်မျိုးကတော့ နိုင်ငံခြား ဘဏ်ကနေ ဒီမှာရှယ်ယာလာဝင်တဲ့Strategic Partnership  ပုံစံပေါ့။ နောက်တစ်နည်းကတော့ နိုင်ငံခြားဘဏ်က ဒီမှာ သူ့ရဲ့ Branch လာဖွင့်တာပေါ့။ နောက်ဆုံးတစ်ခုကတော့ဘဏ်ခွဲတော့လာဖွင့်မယ်။ ဒါပေမဲ့ ဒီက ဥပဒေအောက်မှာ လာဖွင့်တာမျိုးပေါ့။ Subsidiary လို့ ခေါ်ပါတယ်။  

Full Branch  ပေးဖွင့်လို့ရှိရင် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေ

Full Branch ပေးဖွင့်လို့ရှိရင် သိပ်မထိန်းနိုင်တာမျိုးဖြစ်နိုင် ပါတယ်။ ဗဟိုဘဏ်အနေနဲ့ ထိန်းချုပ်ရတာ ခက်တယ်။ တကယ်လို့ Subsidiary နဲ့ ဒီတိုင်းပြည်မှာ ဒီတိုင်းပြည်ရဲ့ ဥပဒေနဲ့လာဖွင့်တာဆိုရင် ချုပ်ကိုင်ရတာ လွယ်တယ်။Full Branch  ထက်စာရင်တော့ Subsidiary က ကိုယ့်နိုင်ငံအ တွက်ပိုကောင်းပါတယ်။ နိုင်ငံခြားဘဏ်တွေအနေနဲ့ကတောFull Branch  လိုချင်မှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဘဏ်ခွဲ (Full Branch)   ကို သူတို့စိတ်ကြိုက်စီမံခန့်ခွဲလို့ရတာကိုး။  

ပြည်တွင်းဘဏ်လုပ်ငန်းတွေရဲ့ လက်ရှိအနေအထားအပေါ် သုံးသပ်ချက်...

အခုဆိုရင် နည်းနည်းလည်း ပွင့်လင်းလာတယ်။ ဗဟိုဘဏ် ကလည်း သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်သွားတယ်။ ဒါကြောင့်မို့ လုပ်ပိုင်ခွင့်တွေလည်းတိုးလာတယ်။ အဲဒီတိုးလာ တဲ့အတိုင်း ဗဟိုဘဏ်က ပုဂ္ဂလိကပိုင်ဘဏ်တွေ လက်ရှိအခြေ အနေအရ ဘဏ်ခွဲတွေဖွင့်ဖို့လွယ်ကူလာတယ်။ အရင်တုန်းက ဆိုရင်တော့ ဘဏ်ခွဲတွေဖွင့်ရင် ခွင့်ပြုချက်လိုတယ်။ အချိန် ကြာတယ်။ အခုဆိုရင် အဆင်ပြေသလို ဖွင့်ချင်သလောက်ဖွင့် ဆိုပြီး ခွင့်ပြုချက်ပေးလိုက်တယ်။ ဒါကြောင့် ပုဂ္ဂလိကဘဏ် ခွဲတွေက အရေအတွက်အားဖြင့် တိုးပွားလာပါတယ်။  

ပြည်တွင်းဘဏ်တွေအားကောင်းလာဖို့

ဒီအတွက်နည်းလမ်းတွေရှိပြီးသားပါ။ အခုခါမှာ စိန်ခေါ်မှု တွေအနေနဲ့ ပြည်တွင်းဘဏ်တွေက နှစ်ပေါင်းငါးဆယ် လောက် နောက်ကျနေပါတယ်။ နံပါတ်တစ်အရေးကြီးဆုံးက တော့ ကျွမ်းကျင်တဲ့ဘဏ်လုပ်ငန်း ပညာရှင်နဲ့ ဘဏ်လုပ်ငန်း နည်းပညာတွေ လိုအပ်တယ်။ ပြည်ပက နှစ်ပေါင်းငါးဆယ် စာလောက် တိုးတက်ပြီးဖြစ်တဲ့ဘဏ်လုပ်ငန်းပညာရပ်တွေ ကိုမမီတော့ဘူး။ ဒီကျွမ်းကျင်မှုရော၊ နည်းပညာတွေပါရဖို့ ဆိုရင် အချိန်ယူရဦးမယ်။ ကိုယ့်မှာရှိတဲ့ ဘဏ်ဝန်ထမ်းတွေ ကိုလေ့ကျင့်သင်ကြားပေးရမယ်။ ပြည်ပမှာ ပညာသွားသင် ခိုင်းရမယ်။ အကောင်းဆုံးနည်းကတော့ နိုင်ငံခြားဘဏ်တွေ နဲ့ ပူးပေါင်းလုပ်ကိုင်တာပါ။ ဒီလိုပူးပေါင်း လုပ်ကိုင်တဲ့အခါ မှာနည်းပညာရမယ်။ ဝန်ထမ်းတွေဘဏ်လုပ်ငန်းမှာ ကျွမ်း ကျင်လာမယ်။ ပြီးတော့ သူတို့ဆီကငွေပင်ငွေရင်း (Capital) ရမယ်။ ပြည်တွင်းဘဏ်လုပ်ငန်းတွေက ကျပ်တစ်ဘီလီယံ ငွေပင်ငွေရင်းထည့် ထားတယ်ဆိုရင် တစ်ဘီလီယံဆိုတာက အမေရိကန်ဒေါ်လာနဲ့ဆိုရင် တစ်သန်းပဲရှိပါတယ်။ ကျပ် တစ်ရာဘီလီယံရှိတဲ့ ဘဏ်တစ်ခုရဲ့ မတည်ငွေဟာ အမေ ရိကန်ဒေါ်လာနဲ့ဆိုရင် သန်းပေါင်းတစ်ရာပဲရှိတယ်။ ဒီတစ် ရာဘီလီယံငွေရင်းရှိတဲ့ဘဏ်တောင် မြန်မာနိုင်ငံမှာ များများ စားစား မရှိလှဘူး။ နိုင်ငံခြားဘဏ်တွေက သာမန်အဆင့် ဆိုရင်တောင် ဒေါ်လာသန်းပေါင်း ငါးရာတို့၊ တစ်ထောင် တို့ရှိပါတယ်။ ဘဏ်ကြီးတွေဆိုရင် ဒေါ်လာသန်းပေါင်း သုံးထောင်၊ ငါးထောင်၊ တစ်သောင်း စသဖြင့် ရှိကြတယ်။ သူတို့ရဲ့ဘဏ်လုပ်ငန်းက ဒီလောက်ထိကြီးထွားနေပါတယ်။ ဒီအချိန်မှာ ပြည်တွင်းဘဏ်လုပ်ငန်းက တစ်ခုချင်းအလိုက် ဒေါ်လာ သန်းတစ်ရာလောက်ပဲ ငွေရင်းရှိပါတယ်။ ဒါကြောင့် ပြည်တွင်းဘဏ်တွေအနေနဲ့ ပြည်ပဘဏ်တွေ ပူးပေါင်းဆောင် ရွက်မှအဆင်ပြေမှာပါ။ မဟုတ်ရင်တော့ ခုနက ငွေပင်ငွေ ရင်းကြောင့်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေကျွမ်း ကျင်အောင်ပျိုး ထောင်ရတာပဲဖြစ်ဖြစ်၊ နည်းပညာအရဖြစ်ဖြစ် အားနည်းနေ ဦးမယ်။ အရေးတကြီးသိထားရမှာကတော့ ပြည်တွင်း ဘဏ် တွေဟာ နိုင်ငံခြားဘဏ်တွေကို ယှဉ်ပြိုင်လို့မရဘူး။ ယှဉ် ပြိုင်လို့မရဘူးဆိုတော့ ပူးပေါင်းပြီး လုပ်ရမယ်။  

နိုင်ငံခြားဘဏ်တွေကို ခွင့်ပြုတဲ့အခါ  ၁၉၉၇  ခုနှစ် Asian Financial Crisis  လိုမဖြစ်အောင်သတိထားရမယ့်အချက်တွေ

Financial Crisis  စဖြစ်တာက ထိုင်းနိုင်ငံမှာ စဖြစ်တာပေါ့။  နိုင်ငံခြားဘဏ်တွေကနေ နိုင်ငံခြားသုံးငွေနဲ့ ငွေချေးရင်း ကိုယ့်ငွေတန်ဖိုးကျသွားတာကြောင့် ပြန်မဆပ်နိုင်ဘဲ ဖြစ်ခဲ့ တာပါ။ ၤForeign Exchange Risk  ကတော့ ရှိမှာပဲ။ တစ် ဟုန်ထိုးကျမသွားဖို့ဘဲ လိုတာပေါ့။ နည်းနည်းပါးပါးကျတာ လောက်က Adjust လုပ်လို့ရတယ်။ နိုင်ငံခြားဘဏ်တွေမှာ အတိုးနှုန်းသက်သာလို့ ငွေချေးချင်ကြတယ်။ အဲဒီforeign Exchange Risk ကို ဘယ်လို Manage လုပ်မလဲဆိုတာကို ကြိုတင်ပြီး မျော်မှန်းထားရမယ်။ ပိုအရေးကြီးပါတယ်။  ကိုယ့်ငွေတန်ဖိုးတက်လာရင် ဘယ်လိုလုပ်မလဲ၊ တန်ဖိုးကျ သွားရင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ နည်းမျိုးစုံရှိပါတယ်။ ကြိုတင်တွက်ချက်စဉ်းစားထားဖို့ လိုပါမယ်။ အဲဒါလေးတွေတော့ သတိထားဖို့ လိုပါတယ်။ အလွယ်ချေးဖို့မသင့်ပါဘူး။ ဒီ Risk ကို ဘယ်သူကတာဝန် ယူမလဲဆိုတာလည်း အရေးကြီးတယ်။ ဒီတိုင်းပြည်မှာက Risk ကိုတွက်ထားတာမရှိသေးဘူး။ ပြည်တွင်း မှာရှိတဲ့ အဖွဲ့ အစည်းတွေက Risk ကိုတွက်ထားတဲ့ Rating  တွေမရှိသေး ဘူး။ ဘာကြောင့်ဆို ဒီမှာကRating Agency  မှမရှိသေး တာ။ ဒီလိုတွက်နိုင်၊ တန်ဖိုးဖြတ်နိုင်တဲ့ အဖွဲ့အစည်းတွေမရှိ သေးဘူး။ ဒီလိုအခြေအနေမှာတော့ သတိထားဖို့ ပိုလိုအပ် ပါတယ်။ ဒါကြောင့် ၁၉၉၇ ခုနှစ် Asian Financial Crisis ကိုကြည့်မယ်ဆိုရင် နိုင်ငံခြားငွေချေးတဲ့အခါမှာ Risk  ရှိတယ်။ ဒီ Risk ကိုဘယ်လိုတွန်းလှန်မလဲ၊ ဘယ်လိုကာဗာ လုပ်မလဲဆိုတာကို အကုန်တွက်ချက်ထားပြီးမှ ငွေချေးတာ ကောင်းပါတယ်။ ဒါက ငွေချေးတဲ့အချိန်မှာ သတိထားဖို့ လိုတဲ့အချက်ပေါ့။ နောက်အရေးကြီးတဲ့တစ်ချက်ကတော့ အခုလို တိုင်းပြည် အပေါ်ရော၊ ပြည်တွင်းကုမ္ပဏီ၊ ဘဏ်တွေ အပေါ်ရော တန်ဖိုးဖြတ်ထားတာမရှိတော့ ပြည်ပကအတိုးနှုန်း ကို ထပ်ဆောင်းပေးရတာမျိုးရှိလာမှာဖြစ်တဲ့အတွက် အတိုး နှုန်းဟာ ထင်သလောက်သက်သာလာမှာ မဟုတ်ဘူး။  

ဗဟိုဘဏ်ရဲ့လက်ရှိအခြေအနေနဲ့  ဘဏ္ဍာရေးကဏ္ဍဖွံဖြိုး တိုးတက်မှုမှာ  အရေးပါပုံ...

ဗဟိုဘဏ်က လောလောဆယ်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ် နေပါတယ်။ Restructuring ခေါ်တာပေါ့။ ဗဟိုဘဏ်ဥပဒေ အသစ်လည်း ထွက်ပြီ။ သီးခြားလွတ်လပ်တဲ့ ဗဟိုဘဏ်အဖြစ် ပေါ်ပေါက်လာဖို့ကို စွမ်းဆောင်ပေးနိုင်တဲ့ ဗဟိုဘဏ်နည်း ဥပဒေအသစ်တို့၊ စည်းမျဉ်းစည်းကမ်းတို့၊ ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေတို့ထွက်လာဖို့ လုပ်နေပါတယ်။ ဒီလို ဥပဒေထွက်လာပြီဆိုရင် သူ့ရဲ့ Capacity ၊ သူ့ရဲ့ဝန် ထမ်းတွေ ကျွမ်းကျင်လာအောင် လုပ်ရတော့မယ်။ ဒါကြီးက နေ့ချင်း ညချင်းတော့မဖြစ်နိုင်ဘူး။ ကျွမ်းကျင်ဖို့ဆိုရင် နိုင်ငံခြားလွှတ် ပြီးTraining  ပေးရမယ်။ ဒါတွေမလုပ်ဘဲနဲ့တော့ Capacity ကတက်မလာဘူး။ ဗဟိုဘဏ်လည်း သူ့ရဲ့ Capacity ကို ဒီလိုပုံစံနဲ့ Build Up လုပ်ရမယ်။ ဗဟိုဘဏ်ဆိုတာက ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေ၊ နိုင်ငံခြားဘဏ်တွေကို ထိန်းကျောင်းရတယ်။ Bank Restructuring  ပေါ့။ ဒီလို Bank Restructuring  ပိုင်းမှာ ကျွမ်းကျင်တဲ့သူတွေကိုထားဖို့လိုပါတယ်။ စတင်ပျိုး ထောင်တဲ့အခါမှာလည်း သေချာစိစစ်ပြီးတော့Training ပေး ရမယ်။ အဲဒီလိုကျွမ်းကျင်တဲ့ဝန်ထမ်းတွေ များများစားစား ရှိမှ ငွေရေးကြေးရေး ကဏ္ဍက စိတ်ချရမယ်။ မဟုတ်ရင် ငွေရေးကြေးရေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာရင် ဖြေ ရှင်းနိုင်မှာမဟုတ်ဘူး။ ကျွန်တော်ထင်တာတော့ သူတို့လည်း အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းတွေ (IFIs) နဲ့ပူးပေါင်းပြီး လုပ်သင့်လုပ်ထိုက်တာကိုလုပ်နေလောက်ပါပြီ။ ခြုံပြီးပြောရမယ်ဆိုရင် ဥပဒေက သိပ်အရေး ကြီးပါတယ်။ အခုချိန်မှာတော့ ဗဟိုဘဏ်ဥပဒေကလည်း မပြည့်စုံသေးဘူး။ စည်းမျဉ်းစည်းကမ်းတွေ စုံစုံလင်လင်ထွက် မလာသေးဘူး။ ပြီးရင် အင်္ဂလိပ်လိုဘာသာပြန်ပြီး သေချာ ပြန်ကြည့်ရဦးမယ်။ တကယ်လို့ မပြည့်စုံရင်လည်း နောက် ထပ်ပြည့်စုံအောင် ဖြည့်စွက်ပြုပြင်ရမယ်။ နောက်တစ်ခါ  မြန်မာ နိုင်ငံငွေရေးကြေးရေးဥပဒေဆိုတာလည်း မပြည့်စုံသေး ဘူး။ ဒါလည်းလုပ်နေ တယ်။ ဒါတွေလည်းပြည့်စုံဖို့လိုပါတယ်။ နောက်ပိုင်းကျရင် Money Market  တို့၊Foreign Exchange Market တို့၊ Derivatives Market တို့ရှိလာတဲ့အခါ ဥပဒေ မှာလိုအပ်ချက်တွေရှိလာရင် ပြန်ပြင်သွားရမှာပဲ။ အသစ်လို အပ်လာရင်လည်း အသစ်ထုတ်ရမှာဖြစ်တယ်။