
ဆိုင်တည်နေရာ
ဆိုင်တည်နေရာကတော့ အမှတ် - ၁၈၉ (ဗ) ၊ ဗိုလ် မြတ်ထွန်းလမ်း၊ အလယ်ဘလောက်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ ၀၁-၂၉၁၉၉၆၊ ၂၁၈၄၈၉၊ ၂၁၈၄၉၁ ဖြစ်ပါတယ်။ Email လိပ်စာကတော့ [email protected] ၊ [email protected] နဲ့ www.kaytumadi.com ကို ဆက်သွယ်နိုင်ပါတယ်။ဆိုင်ဖွင့်ဖြစ်ပုံနဲ့ရည်ရွယ်ချက်
Customer တွေအနေနဲ့ ရွေးချယ်ခွင့်တွေ ပိုရလာအောင်၊ အဆင့်မြင့် တဲ့ ရုံးသုံးပရိဘောဂတွေကို တစ်နေရာတည်းမှာ တစ်စုတစ် စည်းတည်း တွေ့မြင်နိုင်အောင်ဆိုတဲ့ ဆန္ဒတွေနဲ့ ဖွင့်ဖြစ်သွား တာဖြစ်တယ်လို့ သိရပါတယ်။ဆိုင်ဖွင့်ချိန်
ဆိုင်ဖွင့်ချိန်တွေကတော့ ပုံမှန်မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိကို တနင်္လာနေ့ကနေ စနေနေ့ထိ ဖွင့်ပေး ထားတယ်လို့ ဆိုပါတယ်။
ရရှိနိုင်တဲ့ Product
ရရှိနိုင်တဲ့ Product တွေကတော့ Desking Systems၊ Table & Traning Systems ၊ှSeating & Lounges ၊ ၤFiling & Storage ၊ Worktools ၊ Panel System ၊Wall Systems Product စတဲ့ ရုံးသုံးပရိဘောဂတွေ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ဝန်ဆောင်မှုအပိုင်း
အခုလက်ရှိမှာ Project ကို Door to Door စနစ်နဲ့ သွား နေတာဖြစ်ပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့စနစ်နဲ့ လိုက်လံတပ်ဆင်ပေးတဲ့ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေး နေပါတယ်။ဈေးနှုန်းများ
ဒီမှာရှိနေတဲ့ Product တွေရဲ့ဈေးနှုန်းတွေကတော့ အနိမ့် ဆုံးအနေနဲ့ အမေရိကန်ဒေါ်လာတစ်ရာဝန်းကျင်ကနေ အမြင့်ဆုံး အမေရိကန်ဒေါ်လာ တစ်ထောင်ဝန်းကျင်အထိ ဈေးနှုန်းအမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။အနာဂတ်မှာလုပ်ဆောင်မယ့်အစီအစဉ်တွေ
Customer တွေကို ပိုမိုဆွဲဆောင် လာနိုင်အောင် ပွဲတွေလုပ်ဖို့အစီအစဉ်တွေ၊ Online နဲ့ တခြားမီဒီယာတွေကနေလည်း ကြော်ငြာတာတွေ လုပ်ဆောင် ဖို့နဲ့ သစ်လွင်လှပတဲ့ ရုံးသုံးပရိဘောဂတွေကိုလည်း ထပ် ပြီး ပြသရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။