
ပြခန်းတည်နေရာ
အမှတ်-၁၃၄၊ ၃၅ လမ်း အလယ်ဘလောက်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဖုန်းနံပါတ် ၀၉ ၄၂၀၀၀၇၄၄၀၊ https//www.facebook.com/riverayeyar တို့ဖြစ်ပါတယ်။ပြခန်းဖွင့်လှစ်ချိန်
ပြခန်းဖွင့်လှစ်ချိန်အနေနဲ့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ဘယ်သူမဆို လာရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။ ပြခန်းစတင်ဖွင့် လှစ်ခဲ့တာကတော့ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ပြခန်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်
'ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပန်းချီ ဆရာအနုပညာရှင်တွေကို ဖော်ထုတ်ချင်တာရယ်၊ အခု ခေတ်အခြေအနေအရ ပန်းချီဆရာတွေလိုအပ်နေတဲ့ ပြခန်း နေရာတွေ၊ ပန်းချီဆရာတွေအနေနဲ့ ပန်းချီအနုပညာရပ် ဝန်းမှာ အအဆင့်တစ်ခုရှိတဲ့အတွက် အပြင်လောကနဲ့မိတ် ဆက်ပေးချင်တာရယ် အဲဒီအတွက် ရည်ရွယ်ပြီး ကျွန်တော် တို့သူငယ်ချင်းလေးယောက်က ဒီပြခန်းကို ဖွင့်လှစ်ဖြစ်တာ ပါ။ အဲဒါအပြင် မြန်မာအိမ်တွင်းလက်မှုပညာနဲ့လုပ်ထားတဲ့ Myanmar Handicraft ပစ္စည်းကို ပြသနိုင်ဖို့အတွက် လည်း ရည်ရွယ်ထားပါတယ်' လို့ ပြခန်းရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ ဦးနေမင်းလတ်က ပြောပြခဲ့ပါတယ်။ပြခန်းဖွင့်လှစ်ဖြစ်ပုံ
ပြခန်းဖွင့်လှစ်ဖြစ်ပုံနဲ့ပတ်သက်လို့ ဦးနေမင်းလတ်က 'ကျွန်တော်တို့သူငယ်ချင်းလေးယောက်ထဲမှာ မိန်းကလေး တစ်ယောက်က ပန်းချီဆရာမ ဖြစ်တယ်။ သူ့အဖေကလည်း ပန်းချီဆရာတစ်ယောက်ဖြစ်တယ်။ သူကလည်း ပန်းချီပြ ခန်းဖွင့်ဖို့ စိတ်ဝင်စားတယ်။ ကျွန်တော်တို့ကလည်း ပန်းချီ အနုပညာကို စိတ်ဝင်စားတယ်။ နောက်ထပ်တစ်ခုရှိတာက အားလုံးက ကိုယ်ပိုင်အလုပ်ကိုယ်စီရှိကြတယ်။ အဲဒီအတွက် အလုပ်ပင်ပန်းလို့ နားချင်ရင် ဒီလိုအခန်းလေးထဲမှာ သက် သောင့်သက်သာနဲ့ အနားယူနိုင်ဖို့အတွက် အဲဒီမှာ ကျွန် တော်တို့သူငယ်ချင်းလေးယောက် တိုင်ပင်ပြီး ဖွင့်လှစ်ဖြစ် သွားတာပါ'လို့ ပြောပြခဲ့ပါတယ်။
မြင်တွေ့ နိုင်မယ့်ပန်းချီလက်ရာတွေ
မြင်တွေ့နိုင်မယ့် ပန်းချီဆရာတွေကတော့ ဆရာဦးမောင် မောင်သိမ်း၊ ဆရာဦးကြည်ဝင်း၊ ဆရာကောင်းစံ၊ ရေဆေး ပန်းချီကားတွေကိုဆွဲတဲ့ လူငယ်ပန်းချီဆရာကိုခိုင်သင်းသာ၊ ဆရာမုတ်သုံ အစရှိတဲ့ပန်းချီဆရာတွေ ရဲ့ လက်ရာတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး နောက်ထပ် မပြရသေးတဲ့ ပန်း ချီဆရာတွေရဲ့ပန်းချီကားတွေကိုလည်း ကြည့်ရှုနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။အများဆုံးလာရောက်ကြတဲ့ဧည့်သည်တွေ
အများဆုံးလာရောက်ကြည့်ရှုသူတွေအနေနဲ့ကတော့ ပြည်တွင်းကပန်းချီစိတ်ဝင်စားသူအများဆုံးဖြစ်ပြီး တစ်ခါတစ်ရံ ပန်းချီစိတ်ဝင်စားတဲ့ နိုင်ငံခြားသားဧည့်သည်တွေလည်း လာကြည့်ကြတယ်လို့ သိရပါတယ်။
ပန်းချီကားတစ်ချပ်ရဲ့ပေးစွမ်းနိုင်တဲ့ရသ
ပန်းချီကားတစ်ချပ်ရဲ့ ပေးစွမ်းနိုင်တဲ့ရသနဲ့ ပတ်သက်လို့ ဦးနေမင်းလတ်က 'ပန်းချီဆရာတစ်ယောက် သူဆွဲတဲ့ပန်းချီ ကားအပေါ်မူတည်ပြီး ကိုယ်က ခံစားရတာ ဖြစ်တယ်။ ဥပမာ- ပန်းချီဆရာတစ်ယောက်က ပုဂံရှေးဟောင်းမြို့တော် ရဲ့ပန်းချီကားတစ်ချပ်ကိုဆွဲမယ်။ အဲဒီပန်းချီကားကို ကျွန်တော်တို့က ဗုဒ္ဓဘာသာအမြင်နဲ့ကြည့်ပေမယ့် နိုင်ငံခြားသား တွေကတော့ ရှေးဟောင်းဗိသုကာလက်ရာအနေနဲ့ကြည့် မယ်။ ဒါကြောင့် ပန်းချီကားဆွဲတဲ့သူရဲ့ ခံစားချက်နဲ့ ပန်းချီကြည့်သူရဲ့ခံစားချက် ထပ်တူကျသွားပြီဆိုရင်တော့ ပန်းချီကားတစ်ချပ်ကြည့်ခြင်းရဲ့ရသကို ခံစားနိုင်မှာဖြစ်ပါ တယ်' လို့ ဆိုပါတယ်။ပြခန်းငှားလိုသူတွေအတွက်
ပန်းချီပြပွဲလုပ်လိုသူတွေအတွက် ပထမထပ်ကို တစ်ရက် ငှားရမ်းခအနေနဲ့ ခုနစ်သောင်းကျပ်သတ်မှတ်ပြီး တစ်ပတ် စာ ငှားလိုသူတွေအတွက်ဆိုရင်တော့ ခြောက်ရက်စာပဲယူပေး ပြီး ပန်းချီကားပေါင်း ၁၁၀၊ ၁၂၀ နီးပါးအထိချိတ်ဆွဲပြသထား နိုင်တယ်လို့ သိရပါတယ်။ ဒါအပြင် အနုပညာနဲ့ပတ်သက်တဲ့ သီချင်းခွေလက်မှတ်ရေးထိုးပွဲ၊ စာအုပ်မိတ်ဆက်ပွဲလုပ်လိုသူ တွေအတွက်လည်း အခန်းငှားပေးပြီး နာရီနဲ့ငှားမယ်ဆိုရင် တစ်နာရီတစ်သောင်းကျပ်အထိ ယူတယ်လို့ ဆိုပါတယ်။ပန်းချီကားဈေးနှုန်းသတ်မှတ်ချက်
ပန်းချီကားဈေးနှုန်းတွေကတော့ အကြမ်းဖျင်းအားဖြင့် အနည်း ဆုံးကျပ်တစ်သိန်းအထက်ကနေရှိပြီး အများဆုံးကျပ်နှစ် ၂၂ သိန်းအထိရှိတယ်လို့ သိရပါတယ်။ ရောင်းချတဲ့အပိုင်းမှာ ပန်းချီကားဝယ်သူတွေနဲ့ ပန်းချီဆရာနဲ့ ချိတ်ဆက်ပေးပြီး ပန်းချီကားရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ယူတယ်လို့ ဆိုပါတယ်။
ပန်းချီဈေးကွက်အလားအလာ
ပန်းချီဈေးကွက်အလားအလာနဲ့ ပတ်သက်လို့ပြောရရင် 'ပန်းချီကားဝယ်ယူစုဆောင်းသူရှိရမယ်။ ပန်းချီဆရာတွေ ဘက်ကလည်း ရသမြောက်တဲ့ပန်းချီကားအမျိုးအစားတွေကို အသစ်အသစ်ဖန်တီးနိုင်မယ်ဆိုရင် ဈေးကွက်ကောင်း တစ်ခုဖြစ်လာမှာပါ။ ဈေးကွက်အားဖြင့် ပြည်တွင်းဈေးကွက် အား ကောင်းလာမယ်လို့ ထင်ပါတယ်' လို့ ပြောပြခဲ့ပါ တယ်။အနာဂတ်အစီအစဉ်
အနာဂတ်အစီအစဉ်အနေနဲ့ လာမယ့်နွေရာသီကျောင်းပိတ် ရက်မှာ ပန်းချီအနုပညာသင်တန်းကျောင်းတွေကို ပန်းချီ ဆရာတွေနဲ့တိုင်ပင်ပြီး ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိပြီး အနုပညာနဲ့ပတ်သက်တဲ့သင်တန်းတွေကို ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်အနေနဲ့ ရှေ့လာ မယ့်မျိုးဆက်သစ်ကလေးတွေရဲ့စိတ်ထဲမှာ အနုပညာစိတ် လေးတွေ ရှင်သန်ထမြောက်လာအောင် လုပ်ဆောင်ပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။


