မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ထိုင်း SME များအတွက် မှန်ကန်တဲ့ ပြည်တွင်းလက်တွဲဖော်က အရေးကြီး

[caption id="attachment_9500" align="alignnone" width="720"] Thepchai Yong, Group Editor-in-Chief at Nation Multimedia Group, Siriporn Nurugsa, Executive Director, Thai Overseas Investment Promotion Division, Thailand Board of Investment, Manop Sangiambut, Executive Vice President and head of Internation, Michael Lim, Chairman, TODAY Group Myanmar[/caption] ထိုင်းနိုင်ငံရဲ့ အလတ်စား၊ အသေးစားလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ဆိုရင် မှန်ကန်သင့်တော်တဲ့ ပြည်တွင်းဖြန့်ဖြူ းသူ ကိုရှာသင့်သလို၊ သူတို့ရဲ့ ကုန်ပစ္စည်းတွေက ယခုမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးဆဲအခြေခံအဆောက်အအုံတွေပေါ်မှာ မမှီခိုသင့်ဘူးလို့ မြန်မာနိုင်ငံမှာလုပ်ငန်းလုပ်ကိုင်နေတဲ့ ကျွမ်းကျင်သူက ထောက်ပြပြောဆိုခဲ့ပါတယ်။ “Thailand-Myanmar Trade Investment Relation in the Age of AEC” ဆွေးနွေးပွဲရဲ့ ဒုတိယအပိုင်းမှာ ဆွေးနွေးပေးခဲ့တဲ့ Today Group Myanmar ရဲ့ Chairman ဖြစ်သူ Michael Lim က လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဈေးကွက်ထဲမရောင်းချခင် မြန်မာလူမျိုးတွေရဲ့ သဘောသဘာဝကို အရင်ဆုံးနားလည်အောင် လုပ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ထင်မြင်ချက်ကို ပြောကြားခဲ့ရာမှာတော့ မြန်မာနိုင်ငံသားတွေက ကုန်ပစ္စည်းအမှတ်တံဆိပ် အစွဲရှိတယ်၊  အထူးသဖြင့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းပေါ်မှာ အစွဲရှိတယ်၊ ဒါကြောင့် Thai SME တွေအနေနဲ့ ဈေးကွက် မထိုးဖောက်ခင်မှာ အမှတ်တံဆိပ်နာမည်ရအောင် အရင်တည်ဆောက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ဆွေးနွေးပွဲတက်ရရောက်သူ ထိုင်းနိုင်ငံမှ SME အဖွဲ့ဝင်တွေကို မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချမယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ပြည်တွင်း ဖြန့်ချိသူကိုရှာဖွေသင့်ကြောင်း၊ နယ်စပ်ကုန်သွယ်သူတွေနဲ့ စစ်တပ်အပေါ် လွှမ်းမိုးမှုရှိတဲ့သူတွေနဲ့ရင်းနီးတဲ့ ခရိုနီတွေကို မှီခိုတာထက် မြန်မာနိုင်ငံမှာရှိတဲ့ စစ်မှန်တဲ့ ဖြန့်ချိသူတွေကသာ စားသုံးသူအများအပြားဆီ ရောက်ရှိတာဖြစ်လို့ ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် အမြတ်ငွေတောင့်တောင့်တင်းတင်းရဖို့ ကူညီနိုင်မှာဖြစ်တယ်လို့လည်း အကြံပေးခဲ့ပါတယ်။ ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ ဖြန့်ချိအားကောင်းတဲ့ လက်တွေဖော်တွေအပြင် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက ထုတ်လုပ်သူတွေအနေနဲ့ ပစ္စည်းရဲ့ အရည်အသွေးနဲ့ စေးျနှုန်းကိုလည်း ထိန်းသိမ်းသင့်ကြောင်း ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ Lim က မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ချင်တဲ့ SME အဖွဲ့ဝင်အနေဖြင့် လုပ်ငန်းတဲ့သက်ဆိုင်တဲ့ ထောက်ပံ့ရေးစီမံခန့်ခွဲမှုကောင်းကောင်း၊ ကောင်းမွန်တဲ့ ပြည်သူ့ဆက်ဆံရေး(Public Relations) တို့ရှိဖို့လိုအပ်သလို ဘယ်လို media အမျိုးအစားက မြန်မာနိုင်ငံကစားသုံးသူနဲ့ ထိတွေ့မှုအရှိဆုံးလဲဆိုတာတွေကိုပါ သိထားသင့်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။ သူက မြန်မာနိုင်ငံအတွင်း စားသုံးသူတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ social media က ပိုမိုအားကောင်းလာနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Siam Commercial Bank (SCB) ရဲ့ executive vice president and head of International Banking Business ဖြစ်သူ Manop Sangiambut ကထိုင်းလုပ်ငန်းရှင်အတွက် မြန်မာနိုင်ငံဟာ အလားအလာရှိတဲ့ ဈေးကွက်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ရင် စွန့်စားရမယ့်ကိစ္စတွေလည်းရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ Enterprise တွေအနေနဲ့ နဂိုရှိရင်းစွဲ risk တွေကို ကာမိဖို့ နည်းလမ်းတွေရှာဖွေဖော်ထုတ်ရင်းနဲ့ တစ်ပြိုုင်နက်တည်းမှာပဲ လုပ်ငန်းရည်မှန်းချက်ကိုရောက်ဖို့ မဟာဗျူဟာတွေကို သေချာရေး ဆွဲသင့်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲတာကြောင့် SCB အနေနဲ့ မြန်မာနိုင်ငံမှာ ထိုင်းလုပ်ငန်းရှင်တွေအတွက် ပထမဆုံး မြင်မိတဲ့ စီးပွားရေးအခွင့်အလမ်း ၂ခုက စားသုံးကုန်/လူသုံးကုန် ပစ္စည်းဈေးကွက်နဲ့ ဟိုတယ်လုပ်ငန်း တို့ဖြစ်ကြောင်းကိုလည်း သူက ပြောပါတယ်။ လူသုံးကုန်ပစ္စည်းဈေးကွက်က လှှျှပ်စစ်စွမ်းအားအလုံအလောက်မရသေးခြင်းလို မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဆုံပြဿ     နာတွေပေါ်မှာ မှီခိုမနေတာကြောင့် အလားအလာကောင်းတွေရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်း စလုပ်မယ့်သူတွေအနေနဲ့ လုပ်ငန်းရဲ့ ငွေရေးကြေးရေး ကုန်ကျမှုတွေကို သိပ်အများကြီးမ ဖြစ်စေဘဲ သယ်ယူပို့ဆောင်ရေးပိုင်းကိုလည်း အရမ်းကြီးအားမကိုးသင့်ကြောင်း Executive ကပြောခဲ့ပြီး ရုံးအဆောက်အအုံငှားရမ်းခလို ကုန်ကျစရိတ်မျိုးကို လျှော့ချတဲ့အနေနဲ့ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ (joint-venture) ဖက်စပ်လုပ်ငန်းပုံစံကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ Manop က ထိုင်းလုပ်ငန်းစုတွေက မြန်မာနိုင်ငံကို မစဉ်းစားသေးပါဘူးလို့ပြောပါတယ်။ တစ်နှစ်ကို ပြည်တွင်းသုံးပစ္စည်းဈေးကွက်ကို ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ တိုးလာဖို့ သတ်မှတ်ထားတာကာ၊ မကြာခင်ကာလအတွင်း ပြည်သူတွေရဲ့တစ်ဦးချင်းတစ်လဝင်ငွေကလည်း အမေရိကန်ဒေါ်လာ ၂၀၀ အထိတက်လာမှာဖြစ်လို့ ဒါက သုံးစွဲနှုန်းပမာဏလည်း တိုးမြင့်လာမှာဖြစ်ပြီး ထိုင်းနိုင်ငံလုပ် ကုန်ပစ္စည်းတွေကိုလည်းပိုမိုလိုအပ်လာမှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စတင်စဉ်းစားသင့်ကြောင်း Manop က ပြောပါတယ်။ Thai Overseas Investment Promotion Division of the Board of Investment (BoI) ရဲ့ executive vice president ဖြစ်သူ Siriporn Nurugsa က သူတို့အဖွဲ့အစည်းအနေနဲ့ ထိုင်းနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေသာမက ထိုင်းကုမ္ပဏီတွေရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ အပြောင်းအလဲတွေကို ကိုင်တွယ်နိုင်ဖို့ ပြင်ပနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်ပါ တာဝန်ယူမှုကို ဖြန့်ကျက်သင့်တယ်လို့ ပြောပါတယ်။ BoI အနေနဲ့ရင်းနှီးမြှုပ်နှံမှုအတွက် အထူးအခွင့်အရေးတွေပြင်ဆင်သင့်ပြီး အထူးသဖြင့်မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံ မှုလုပ်ချင်သူတွေအတွက် ထုတ်လုပ်မှုပိုင်းနဲ့ပတ်သက်တဲ့ ထိုင်းရဲ့အလားအလာရှိတဲ့ Company တွေရဲ့ သတင်းအချက်အလက်တွေကို လည်းဖော်ပြသင့်တယ်လို့လည်း သူမက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်လုပ်ငန်းအများစုဟာ နိုင်ငံပြင်ပက ကုန်ကျစရိတ်သက်သာတဲ့ အရင်းအမြစ်နဲ့ လုပ်သားအင်အားကို ရှာဖွေဖို့ လိုအပ်နေပြီး မြန်မာနိုင်ငံက ဒီလိုအရာတွေကိုပေးနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လို့လည်း သူမက ဖြည့်စွက်ပြောဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ်ကနေ စက်မှုနိုင်ငံအဖြစ်ကို လာမယ့် အနှစ် ၂၀ ကနေ ၃၀ အတွင်း ပြောင်းလဲသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ဒီနှစ်ကုန်ပိုင်းမှာ အလုပ်ပေါင်း ၁ သန်းဖန်တီးသွားမှာဖြစ်တယ်လို့ ကြေငြာခဲ့တယ်လို့လည်း သူမက ထောက်ပြပြောဆိုခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေနဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် တို့ကဆင့် မြန်မာအာဏာပိုင်တွေရဲ့အပြောင်းအလဲလုပ်ဆောင်မှုတွေက နိုင်ငံခြားကုမ္ပဏီတွေအတွက် နိုင်ငံကိုဖွင့်လာပေးတာဖြစ်တာကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အရေးကောင်းဖြစ်ပါတယ်လို့ Siriporn က ပြောကြားခဲ့ပါတယ်။

Ref : The Nation Thailand