News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မှန်ကန်သော ရွေးချယ်မှုနှင့် မှန်ကန်သောအခွင့်အရေးတစ်ထပ်တည်းကျစေဖို့
Editorial
September 19, 2014
Editor's Letter
Opinion
အသက်မွေးမှုလုပ်ငန်း (Career) ရွေးချယ်ခွင့်ပိုမိုများပြားလာသည့် ၂၀၁၂ ခုနှစ်အလွန်တွင် ဝင်ရောက်လာကြသည့် နိုင်ငံတကာလုပ်ငန်းစုများအနေဖြင့် ပြည်တွင်းမှလူငယ်များ၊ လူလတ်များကို ခန့်အပ်ရန် အချက်ပါဝင်သည်။ ဥပမာအားဖြင့် နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီးအနေဖြင့် ပြည်တွင်းလုပ်အား ထုမှ သုံးဆယ်ရာခိုင်နှုန်းခန့်အပ်ရန် အချက်ပါဝင်သော်လည်း လက်တွေ့တွင်မူ အရည်အချင်းပြည့်မီသော ဝန်ထမ်းများ ရှာဖွေရန်ခက်ခဲနေကြောင်း ကြားသိရပါသည်။ ထိုနည်းတူစွာ နိုင်ငံခြားကုမ္ပဏီများ၊ အကျိုး တူပူးပေါင်းဆောင်ရွက်ကြသော ကုမ္ပဏီများ (Joint Venture) သာမက ပြည်တွင်းကုမ္ပဏီများတွင်လည်း အရည်အသွေးပြည့်မီသောဝန်ထမ်းများ၊ မန်နေဂျာများ ရှားပါးကြောင်း ကြားသိမြင်ရပါသည်။ ဘဝတွင် မိမိဝါသနာပါသည့်အလုပ်ဖြင့် သက်မွေးဝမ်းကျောင်းလုပ်ကိုင်ခွင့်ရသည့်ရာခိုင်နှုန်း မှာ မျော်လင့်သလို ကြီးမားများပြားမည်မဟုတ်ဘဲ လူအများစုမှာ မိမိနှင့်အဆင်ပြေသည့်၊ အလုပ်ရှာရန် လွယ်သည့်၊ မိမိအရည်အချင်းနှင့် ကိုက်ညီသည့်အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရန် စဉ်း စားပြင်ဆင်ကြရမည်သာဖြစ်ပါသည်။ ထိုအခြေအနေမျိုးတွင် မှန်ကန်သောရွေးချယ်မှု (Right Choice) ရှိရန်လိုအပ်ပါသည်။ မိမိရွေးချယ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှတစ်ဆင့် အလုပ်ပြီးအောင်၊ အလုပ်ကောင်းလုပ်နိုင်သည့်ကျွမ်းကျင်သူပညာရှင် (Professional) အဆင့်ရောက်အောင် ခွန်စိုက်အားစိုက် ကြိုးစားရန် လိုအပ်ပါသည်။ စာရေးဆရာ Malcolm Gladwell \ Outliers စာအုပ်တွင် ဖော်ပြပါရှိသည့်အတိုင်း နာရီ ၁၀,၀၀၀ လေ့ကျင့်ပြင်ဆင်ခြင်းသီအိုရီဖြင့် ကမ္ဘာကျော်တေးဂီတဝိုင်း The Beatles ၊ Microsoft တည်ထောင်သူ Bill Gates တို့ အောင်မြင်လာကြခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိမိ၏သက်မွေးမှု လုပ်ငန်းအဆင့်ကို အမှန်တကယ်ကျွမ်းကျင်သူပညာရှင်အဆင့်ရောက်ရန် အချိန်ပေးကြိုးစားလုပ်ကိုင်ရန် လိုအပ်ကြောင်း သိသာလှလေ သည်။ နိုင်ငံတကာ ကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီကြီးများပါ တတ် ကျွမ်းသောမန်နေဂျာများကို ရှာဖွေနေကြရာ နိုင်ငံတကာမှသာမက ပတ်ဝန်းကျင်အာဆီယံနိုင်ငံများမှ လည်း ကျွန်တော်တို့နိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြပါသည်။ ထိုမျသာမက နိုင်ငံရပ်ခြားတွင် ပညာသင်ခဲ့ကြသော၊ အလုပ်လုပ်ဖူးကြသောနိုင်ငံသားများလည်း တဖြည်းဖြည်းဝင်ရောက်လာနေသဖြင့် အလုပ်အကိုင်ရရှိရန်အ ခွင့်အရေးများမှာ ရေရှည် တွင် အမှန်တကယ်တတ်ကျွမ်းမှုကို အခြေခံမည်ဖြစ် ကြောင်း ကြိုတင်သိရှိနားလည်ထားရန်လိုအပ်ပေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း စီးပွားရေးပုံစံများ ပြိုင်ဆိုင်မှုအနေအထား၊ ဈေးကွက် အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျ အမှန်တကယ်အရည်အသွေးပြည့်မီသောဝန်ထမ်းများ၊ မန်နေ ဂျာများအ တွက် နေရာများရှိနေသဖြင့် လက်ရှိအနေအထားနှင့်နေရာတွင် တင်းတိမ်မနေဘဲ ကြိုးစားလုပ် ကိုင်ပြင်ဆင်ထားမှသာ မှန်ကန်သော ရွေးချယ်မှုနှင့် မှန်ကန်သောအခွင့်အရေးတစ်ထပ်တည်းကျနေမည်ဖြစ် ပါကြောင်း .....။
Facebook
Twitter
LinkedIn
RELATED POSTS
နှစ်သစ်မျော်လင့်ချက် ရောင်ခြည်
Posted On December 30, 2020, By CEO Editors
အကျိုးလိုလို့ညောင်ရေလောင်းသော်
Posted On December 4, 2020, By CEO Editors
Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း
Posted On September 7, 2020, By CEO Editors
ဘဏ္ဍာရေးကုစားမှု၏ စိန်ခေါ်မှုများ
Posted On September 7, 2020, By CEO Editors
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း