advertisement-image
Property

အွန်လိုင်းတွင် ဈေးကွက်ရှာဖွေခြင်း

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲမှုမှာ လွန်ခဲ့သောနှစ်များနှင့် နှိုင်းစာလျှင် လွန်စွာတိုးတက်လာခဲ့သည်။ မြို့ပြ၏ နေရာအနှံ့အပြားတွင် Smart Phone ဖြင့် မျက်နှာအပ်ထားသူများကို တွေ့မြင်နိုင်ပါသည်။ မိုဘိုင်းဖုန်းဖြင့် Internet သုံးနေကြခြင်း။ Online Media သည် အခြားမီဒီယာများနှင့် စာလျှင် လူများနှင့် ပိုမိုထိတွေ့လာသည်နှင့်အမျှ လူများနှင့်ဆက်သွယ်ရန်၊ ဆက်ဆံရန်လုပ်ငန်းရှင်များအနေနှင့် Online ကို ပိုမို အားပြုလာကြသည်။ မိမိတို့၏စားသုံးသူများကို သတင်းစကားပေးပို့ရန်အတွက် ယခင်က တီဗီ၊ သတင်းစာ၊ ဂျာနယ်၊ ရေဒီယိုတို့ကို အားထားခဲ့ရာမှ ယခုအခါ Online ကိုပါ နေရာပေးလာကြရသည်။ Online သက်သက်ကိုသာ အားပြုသည်အထိ အရဲမစွန့်နိုင်သေးသော်လည်း အနာဂတ်တွင် Online သည် အဓိက Marketing Communication Media ဖြစ်လာမည်ဆိုသည်ကို ကြိုတင်မြင်နေရပြီဖြစ်သည်။ ထိုအတွက် CEO […]
Posted On July 22, 2016, By Editorial

Melbourne မြို့တော်က အထပ်၁၀၀ အဆင့်မြင့်တိုက်ခန်း အရောင်းပြပွဲ

Australia နိုင်ငံ မယ်လဘုန်းမြို့တော်မှာ စင်ကာပူနိုင်ငံရဲ့ World Class Land ဆောက်လုပ်ရေးလုပ်ငန်းကြီးကနေ တာဝန်ယူဆောက်လုပ်မယ့် Australla 108 အဆင့်မြင့် ကွန်ဒိုတိုက်ခန်း အရောင်းပြပွဲကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်ကနေ ၈ ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ ကွန်ဒိုလာရောက်ရောင်းချရခြင်းကလည်း Australia နိုင်ငံမှာလာရောက်ပညာ သင်ကြားမယ့် ကျောင်းသားတွေနဲ့ လုပ်ငန်းလုပ်ကိုင်ကြမယ့် သူတွေအတွက်ဝယ်ယူလို့ရအောင် လာရောက် ပြသရောင်းချပေးတာလို့ သိရပါတယ်။ အဆိုပါကွန်ဒိုမှာ အထပ်ပေါင်း ၁၀၀ ပါဝင်မှာဖြစ်ပြီး အဆင့်မြင့်တဲ့ အသုံးအဆောင်တွေလည်း တွဲဖက်ပါဝင်တယ်လို့ သိရပါတယ်။ ကားအစီးရေ ၅၀၀ ကျော်အတွက် ကားပါကင်လုံလောက်အောင်ပါရှိပြီး အိပ်ခန်းသုံးခန်းပါဝင်တဲ့ အခန်းကိုဝယ်ယူသူတွေအတွက် ကားပါကင်ပါ တွဲလျှက်ပါဝင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာ၊ […]
Posted On February 11, 2015, By Editorial

House.com.mm က ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အိမ်ခြံမြေဈေးကွက်အလားအလာအကြောင်း ဆွေးနွေးပွဲကျင်းပမည်

မြန်မာနိုင်ငံရဲ့ အွန်လိုင်းအိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက်တစ်ခုဖြစ်တဲ့ House.com.mm က ကြီးမှူးပြီး ပထမအကြိမ်အိမ်ခြံမြေလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အိမ်ခြံမြေဈေးကွက် အလားအလာအကြောင်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် ၂ နာရီကနေ ညနေ ၅ နာရီအထိ ParkRoyal Hotel မှာကျင်းပသွားမယ်လို့သိရပါတယ်။  Rocket Internet, Lamudi.com အောက်မှာရှိတဲ့ House.com.mm ရဲ့ ကမ္ဘာတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့်သုတေသနပြုထားချက်တွေထဲက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်လေ့လာမှုစာတမ်း(၂၀၁၄) ကိုအခြေခံပြီး အိမ်ခြံမြေဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆွေးနွေးသွားမှာဖြစ်ပြီး ဒေသတွင်းအိမ်ခြံမြေဈေးကွက်ကို ပိုပြီးသိရှိနားလည်လာနိုင်ဖို့အတွက်လည်း ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဦးခင်မောင်သန်း(မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်အသင်းဥက္ကဋ္ဌ – MRESA)၊ ဦးမျိုးမြင့်(Naing Group Capital ရဲ့ ဈေးကွက်နှင့် အရောင်းဆိုင်ရာအထွေအထွမန်နေဂျာ)၊ Mr Antony Picon […]
Posted On November 21, 2014, By Editorial

မြန်မာစည်းလုံးကုမ္ပဏီရဲ့ MyatMingalar Condo အရောင်းမိတ်ဆက် ညစာစားပွဲ

မြန်မာစည်းလုံးကုမ္ပဏီကနေ တာဝန်ယူတည်ဆောက်နေတဲ့ MyatMingalar Condo အရောင်းမိတ်ဆက်ညစာစားပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ကရန်ကုန်မြို့ အင်းလျားလမ်းမှာရှိတဲ့ Yangon Sailing Club မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ မြန်မာစည်းလုံးကုမ္ပဏီရဲ့ Managing Director U Zau Man Lahtaw က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Property Finder Co. LTD ရဲ့ Managing Director Daw Charm May Thu က ကွန်ဒိုနဲ့ ပတ်သက်သမျှ အကြောင်းအရာတွေကိုရှင်းလင်းပြောပြခဲ့ပြီး Lucky Draw အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ MyatMingalar Condo ဟာဆိုရင် ပြည်လမ်းနဲ့ မကြီးကြီးလမ်းထောင့်မှာရှိပြီးတော့ အထပ်ပေါင်း ၁၇ ထပ်မှာအခန်းပေါင်း ၄၈ […]
Posted On November 10, 2014, By Editorial

အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို လေ့လာကြည့်ရှုနိုင်မယ့် Mobile App : Home City

အောက်တိုဘာ ၃၊ ရန်ကုန် – Home City ကုမ္ပဏီရဲ့ အိမ်၊ ခြံ၊ မြေ ငှားရမ်းဝယ်ယူမှုများအတွက် အဆင်ပြေအောင်ပြုလုပ်ပေးထားတဲ့ Home City mobile app ကို အောက်တိုဘာလ ၃ ရက်နေ့က စာနယ်ဇင်းမိတ်ဆက်မှုအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ မြန်မာ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို စိတ်ဝင်စားသူတိုင်း လေ့လာကြည့်ရှုနိုင်ဖို့ mobile app ပြုလုပ်ပေးထားတာဖြစ်ပြီး၊ www.homecity.com.mm မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Home City mobile app Android version ကို သြဂုတ်လ ၆ ရက်နေ့က စတင်ကာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး iOS version ကိုတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ စတင် ထုတ်လွှင့်ခဲ့တာပါ။ ဒီ App မှာ အပတ်စဉ် update ပြုလုပ်လျက်ရှိ အိမ်ခြံမြေ သတင်းအချက်အလက်ပေါင်း ၁၃,၀၀၀ ကျော်ပါဝင်ပြီး […]
Posted On October 3, 2014, By Editorial

ဖွံဖြိုးဆဲနိုင်ငံများတွင် အမျိုးသမီးများ၏ အိမ်ရာရှာဖွေမှုနှုန်းပိုများ

ကမ္ဘာတစ်ဝန်း အိမ်ဝယ်ယူသူများကို နှိုင်းယှဉ်ထားတဲ့ စစ်တမ်းတစ်ခုကို ကမ္ဘာ့ရှေ့ဆောင်အိမ်ခြံမြေ ကုမ္ပဏီတစ်ခုဖြစ်တဲ့ House.com.mm စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ထိုစစ်တမ်းအရ ဖွံဖြိုးစဈေးကွက်နိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နဲ့ မက္ကဆီကိုတို့တွင် ယခင်ကအမျိုးသားများကသာ အိမ်ယာဝယ်ယူခြင်းများကို လုပ်ဆောင်လေ့ရှိရာမှ ယခုအခါ အမျိုးသမီးများမှကိုယ်တိုင် ရှာဖွေမှုများလုပ်လာပြီဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများတွင် အိမ်ဝယ်ယူသူအများစုမှာ အမျိုးသမီများဖြစ်ကြောင်းသိရသည်။ ဒီအချက်အလက်တွေကို ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၂၈ နိုင်ငံမှ အိမ်ခြံမြေ၀က်ဘ်ဆိုက်များအပေါ် အခြေခံကာကောက်ယူထားခြင်းကြောင်း၊  မက္ကဆီကိုနိုင်ငံတွင် အိမ်ဝယ်ယူသူစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး ဖိလစ်ပိုင်နိုင်ငံတွင်လည်း အိမ်ယာရှာဖွေသူအများစုမှာ အမျိုးသမီများသာဖြစ်ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် ဇနီးမောင်နှံနှစ်ဦးလုံး အိမ်ယာရှာဖွေမှုလုပ်ကြသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ အများအားဖြင့် အမျိုးသမီးကသာ ချမှတ်တတ်ကြကြောင်း သိရပါသည်။ အဆိုပါစစ်တမ်းတွင် ဖော်ပြထားသော ကမ္ဘာတစ်ဝန်း အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်အမေရိကမှ အိမ်ယာဝယ်ယူသူများ၏ […]
Posted On September 2, 2014, By Editorial

ကမ္ဘာ့ရေပန်းအစားဆုံး တန်ဖိုးကြီးဇိမ်ခံအိမ်ခြံမြေဈေးကွက်ဖြစ်လာတဲ့ ဂျကာတာ

ဂျကာတာမှာ အိမ်ခြံမြေဈေးတွေ အံ့သြဖွယ် စံချိန်တင်ထိုးတက်ခဲ့ပြီးတဲ့ နောက်မှာ ကမ္ဘာ့ဦးဆောင်အိမ်ခြံမြေအကြံပေးလုပ်ငန်းတစ်ခုက ဂျကာတာကို ကမ္ဘာ့ရေးပန်းအစားဆုံး တန်ဖိုးကြီး ဇိမ်ခံအိမ်ခြံမြေဈေးကွက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အိမ်ခြံမြေ ၀ယ်ယူသူ အများစုဟာ အသက် ၄၅ နှစ် ကျော်အရွယ် စွန့်ဦး တီထွင်အမျိုးသား လုပ်ငန်းရှင်တွေဖြစ် ပြီး သူတို့က ဇိမ်ခံအိမ်ခန်းတွေကိုရင်း နှီးမြှုပ်နှံမှု အနေနဲ့သာမကဘဲ ဒုတိယအိမ်အဖြစ် သဘောထားပြီး  ၀ယ်ယူကြတာဖြစ် တယ်။ ၂၀၁၃ ခုနှစ် မှာ ဂျကာတာရဲ့ အမြင့်ပိုင်း အိမ်ခြံမြေဈေးကွက်ဟာ သူ့ရဲ့အနောက်မှာ ရပ်တည်နေတဲ့ အိုင်ယာလန်နိုင်ငံရဲ့မြို့တော် ဒပ်ဘလင် ထက် နှစ်ဆမြင့်တက်ခဲ့ပါတယ်။ ဂျကာတာရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၃၇.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ ပါတယ်။  ကမ္ဘာ့စီးပွားရေးနှေးကွေးနေချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ စီးပွားရေးတိုးတက်မှု အားကောင်းခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းဇိမ်ခံအိမ်ခြံမြေဈေးကွက်မှာ ရောင်းအားဆက်လက် […]
Posted On April 4, 2014, By Editorial

ဆောက်လုပ်ရေးမှာQuality ကို အဓိကထားတဲ့ AOA Construction

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာတစ်ခုဖြစ်တဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း အရေးကြီးပါတယ်။ အဲဒီလို အခြေခံအဆောက်အအုံနဲ့ပတ်သက်ရင် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ အရည်အသွေးပိုင်းကို အကောင်းဆုံးလုပ်ဆောင်ပေးဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်Quality ကိုသာ ဦးစားပေးဆောက် လုပ်ပေးနေ တယ်ဆိုတဲ့ မန္တလေးက AOA Construction Co Ltd  ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းလှိုင်နဲ့တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ် ကျွန်တော်က ၂၀၀၃ ခုနှစ်မှာBE ပြီးတယ်။ ၂၀၀၆ ခုနှစ်မှာMaster of Engineering   ကျောင်းပြီးသွားပြီး တော့ အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီမတည်ထောင် ဖြစ်ဘူး။ ကုမ္ပဏီတည်ထောင်ဖြစ်တာက ၂၀၁၃ ခုနှစ် မှာပါ။ အရင်တုန်းက အင်ဂျင်နီယာတစ်ယောက်အနေနဲ့ပဲ အဆောက်အအုံတွေကို ဆောက်တယ်။ ကုမ္ပဏီအနေနဲ့  မဆောက်သေးဘူး။ ကျွန်တော့်ရည်ရွယ်ချက်က အင်ဂျင် နီယာဖြစ်ချင်လို့  အိမ်ဆောက်ချင်လို့ […]
Posted On March 26, 2014, By Editorial

Star City မှ အဆင့်မြင့် အိမ်ရာတိုက်ခန်းသစ်များ

Yoma Strategic Holdings  မှ သန်လျင်မြို့နယ်မှာရှိတဲ့ ၁၃၅ ဧကအကျယ်အ၀န်းရှိ ကြယ်စင်မြို့တော် (Star City) မှ အဆင့်မြင့် အိမ်ရာတိုက်ခန်းသစ်ပေါင်း ၄၃၃ ခန်းကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၃ရက် တုန်းက စင်ကာပူနိုင်ငံ ကြယ်စင်မြို့တော် (Star City) အရောင်းပြခန်း၊ ရန်ကုန်မြို့ သန်လျင်ရှိ အရောင်းပြခန်း နဲ့ မန္တလေးမြို့ရှိ Mandalay Hill Resort ဟိုတယ်တို့မှာ တစ်ပြိုင်နက် ဘိုကင်လက်ခံပြီးရောင်းချသွားခဲ့ပါတယ်။ ရောင်းချပေးခဲ့တဲ့ အဆောက်အအုံ B-3 နှင့် B-4 ရှိတိုက်ခန်းအသစ်တွေဟာ ကြယ်စင်မြို့တော်၏ အိမ်ရာ ဇုန်ဘီ (Zone B)၏ နောက်ဆုံးအကြိမ် အဖြစ်ရောင်းချပေးခဲ့တဲ့ တိုက်ခန်းတွေဖြစ်ပါတယ်။ Zone B ဟာ Yoma Strategic မှ ၂၀၁၃ ခုနှစ်ဧပြီလတွင်စတင်ပြီး ၂၀၁၆ ခုနှစ် ပထမလေးလပတ်အတွင်း ပြီးစီးအောင်ဆောက်လုပ်ဖို့ […]
Posted On November 30, 2013, By Editorial

တရုတ်နိုင်ငံ၏ အထင်ရှားဆုံးအိမ်ခြံမြေလုပ်ငန်းကြီးကို ဦးဆောင်နေသူ Wang Jianlin

Wang Jianlin ကို တရုတ်နိုင်ငံSichuan  ပြည်နယ်၊ Cangxi  မြို့နယ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို ငါးယောက်တွင် အကြီးဆုံးသားဖြစ်သည်။ သူ့ဖခင်သည် မော်စီတုန်း၏ ခရီးရှည်ချီတက်ပွဲတွင် ပါဝင်တိုက်ပွဲဝင် ခဲ့သူ တစ်ယောက်ဖြစ်သည်။Wang သည် ၁၉၇၀ ခုနှစ်မှ၁၉၈၆ ခုနှစ်အထိ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တွင် အမှုထမ်းကာ ၁၉၇၆ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့သည်။ ၁၉၈၆ ခုနှစ်တွင်Liaoningါ တက္ကသိုလ်မှ ဘွဲ့ရကာDalian မြို့တွင် အလုပ်ဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် တွငDalian Wanda Group  ၏ အထွေထွေမန်နေဂျာအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၉၃ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီ၏ CEO ဖြစ်လာကာ ထိုမှသည် ဥက္ကဋ္ဌရာထူးသို့ တက်လှမ်းခဲ့ပါသည်။Wang ၏ ပိုင်ဆိုင်မှုသည် ယခုအခါ […]
Posted On November 18, 2013, By Editorial