မြန်မာနိုင်ငံဟာ စီးပွားရေးပိတ်ဆို့မှုတွေမရှိတော့တဲ့ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားက လာရောက်အလုပ်လုပ်ကိုင်သူတွေ များစွာဝင်ရောက်လာနေပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံသူတွေ၊ အလုပ်လာလုပ်ကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ နေရာထိုင် ခင်းနဲ့ပတ်သက်ပြီး ပထမဦးဆုံး လုပ်ဆောင်ရမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေ၊ အလုပ်လာရောက်လုပ်ကိုင်သူအတွက် အိမ်ကောင်းရဖို့သာမက မြန်မာအိမ်ရှင်တွေအတွက်လည်း အိမ်ဌားကောင်းတွေရရှိအောင်အထိရောက်ဆုံးဝန်ဆောင်မှုပေးမယ်ဆိုတဲ့ Proton Services ရဲ့ Managing Director ဦးရော်ဘင်အောင်စောနိုင်နဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။ [caption id="attachment_9109" align="alignnone" width="370"]
ဦးရော်ဘင်အောင်စောနိုင်
(Managing Director)[/caption]
စတင်တည်ထောင်ဖြစ်ပုံ၊ လုပ်ငန်းစတင်ခဲ့တဲ့ခုနှစ်
ကျွန်တော်ကအရင်တုန်းက NGO တွေမှာ ၁၇ နှစ် လောက်အလုပ်လုပ်ခဲ့ပါတယ်။ အဲလိုမျိုး လုပ်ခဲ့တာတွေကြောင့် နိုင်ငံခြားသား Network တွေရှိလာတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ မြန်မာပြည်မှာရှိတဲ့ NGO တစ်ခုမှာ ကျွန်တော်က Advisor ဝင်လုပ်နေတဲ့အချိန် ကိုယ့်ရဲ့ Network ထဲက လူတွေက တစ်ခုခုလိုအပ်ပြီဆိုရင် ဖုန်းဆက် ပြီးလှမ်းမေး တယ်၊ အကူအညီလှမ်းတောင်းကြတယ်။ အဓိကက အိမ် ကိစ္စ၊ Office ကိစ္စ၊ သူတို့ရဲ့ကလေးတွေ ကျောင်းထားဖို့ စတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အကူအ ညီတောင်းလေ့ ရှိကြ တယ်။ ကိုယ်ကအစကတည်းက Employee ထက်စာရင် Employer ဖြစ်ချင်ခဲ့တာဆိုတာ အဲလိုမျိုး လုပ်ပေးနေရင်းနဲ့ Housing ပိုင်းမှာ ပိုစိတ်ဝင် စားလာတယ်။ ကိုယ့်ရဲ့ Experties က အဲဒီမှာ သိပ်မရှိဘူး ဆိုပေမဲ့ တစ်ခုကံကောင်းသွား တာက နိုင်ငံခြားသားတွေကို အကူအညီပေးခဲ့ရတဲ့ အတွေ့ အကြုံတွေက ကိုယ့်ကိုအထောက်အကူပေးတာပေါ့။ Housing ကိုလုပ်မယ်လို့ စဉ်းစားလိုက်တော့ မြန်မာပြည်မှာ လက်ရှိ လုပ်နေတဲ့ပုံစံဟာ သမားရိုးကျအတိုင်း သွားနေတာကို တွေ့ရ ပါတယ်။ ကိုယ်ကိုယ်တိုင်က Innovative လုပ်တဲ့ ဘက်ကို သွားချင်တာပါ။ ဒါကြောင့် Idea ကောင်းကောင်းနဲ့ လုပ်ရတဲ့အပိုင်းတွေကို ပိုစိတ်ဝင်စားတာနဲ့ ဒီလိုပုံစံ လုပ်ဖြစ်သွားတာပါ။ ကျွန်တော် တခြားအရှေ့တောင်အာရှနိုင်ငံ တွေကို Real Estate နဲ့ပတ်သက်ပြီး လိုက်လေ့လာကြည့် တယ်။ နောက်ပြီး Europe ဘက်ကသူငယ် ချင်းကလည်းReal Estate နဲ့ပတ်သက်ပြီးသူတို့ဆီမှာလုပ်တဲ့ System ကို ကျွန်တော့်ကိုလှမ်းပြောပြတယ်။ သူများနိုင်ငံတွေမှာလုပ် တဲ့ပုံစံတွေကိုပေါင်းပြီး Brainstorming လုပ်တဲ့အခါမှာ ကျွန်တော်က သူများနဲ့မတူတဲ့ Model တစ်ခုကိုချပြမယ်ဆိုပြီး Pronto Services ကို ၂၀၁၃ခုနှစ်၊ ဧပြီလမှာစပြီးတည် ထောင်ခဲ့တာဖြစ်ပါတယ်။ စပြီးတည်ထောင်ဖြစ်ခဲ့စဉ်က ဝန်ထမ်းလေးယောက် နဲ့စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင်ဝန်ထမ်း ၂၅ ယောက်ရှိပါပြီ။ နိုင်ငံခြားသားဝန်ထမ်းတွေ ကိုလည်း ခန့်ထားပါတယ်။
ဝန်ဆောင်မှုပိုင်း
ကျွန်တော်တို့ခံယူထားတာက နံပါတ်တစ် Properties ကို ကျွန်တော်တိ့ုကရောင်းတာမဟုတ်ဘဲ Service (ဝန်ဆောင် မှု) ကိုရောင်းတာပါ။ အခုကျွန်တော်တို့ငှားလိုက်တဲ့ Properties တွေအကုန်လုံးက ကိုယ်ပိုင်တာတွေတစ်ခုမှ မပါဘူးလေ။ သူများပိုင်တာတွေကို ကိုယ်ကကြားထဲကနေ Service ကိုရောင်းတာပါ။ ကျွန်တော်တို့ Client တွေက သံရုံး၊ UN၊ NGO ကလူတွေဆိုတော့ အချိန်မရတတ်ကြဘူး။ ဒါကြောင့် သူတို့အိမ်လိုချင်တာပဲဖြစ်ဖြစ်၊ ရုံးခန်းလိုချင် တာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ Requirement တွေကို ကျွန်တော် တို့ရုံးကိုပဲ email ကတစ်ဆင့်ပို့ပေးရင် သူတို့နဲ့ကိုက်ညီတဲ့ Property တွေကို ကိုယ်တိုင်သွားကြည့်စရာမလိုဘဲ ကျွန်တော်တို့ရဲ့ Customized Software ထဲမှာ ကြည့်ရုံနဲ့ စိတ် ကြိုက်ရွေးလို့ပါတယ်။ အဲဒီမှာ Property တွေရဲ့ ဓာတ်ပုံ တွေ အကုန်ပါပါတယ်။ Place Specification တွေ အကုန် ပါပါတယ်။ သူတို့ကြည့်ချင်တဲ့ Properties တွေရဲ့ Location တွေကို Google Earth ကနေ ကြည့်လို့ရတယ်။ ဘေးပတ်ပတ်လည်မှာ ဘာတွေရှိတယ်ဆိုတာကအစ အသေး စိတ်မြင်ရပါတယ်။ နိုင်ငံခြားသားတော်တော်များများက ကျွန်တော်တို့ရုံးခန်းမှာ လာကြည့်ကြပြီး ကျွန်တော်တို့က Password နဲ့ User Name ကိုပေးလိုက်ရင် တစ်အိမ်ဆင်း တစ်အိမ်တက်သွားကြည့် ဖို့အတွက် အချိန်မကုန်ဘဲ တစ်ခါ တည်းရွေးလို့ ရသွားကြပါတယ်။ နောက်တစ်ခုကတော့ အိမ်ရှင်တွေကို အနှောင့်အယှက် ပေးစရာမလိုတော့ဘူးပေါ့။ တကယ်လို့ သူတို့တွေက ရုံးလာဖို့ မအားဘူးဆိုရင်တောင် သူတို့ရဲ့ Requirement တွေကို ှ့Short List တွေထုတ်ပြီး iPad ထဲမှာထည့်ပြီး သူတို့ရုံးတွေမှာ Presentation တွေ သွားလုပ်ပြပါတယ်။ အဲလိုအသေးစိတ်ပြောပြပြီးမှ သူတို့ ကြိုက်တဲ့ Property တွေကိုလိုက်ပြပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ သူတို့သွားကြည့် တဲ့ Transportation Fee တွေကိုလည်း Free လုပ်ပေးထား တာဖြစ်ပါတယ်။ တကယ့်အကောင်းဆုံး Facilitiy တွေနဲ့ Client တွေလိုက်ကြည့်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ပြီးသွားတဲ့အခါမှာNegotiation Process ပါ။ အဲဒီ Process မှာအိမ်ရှင်နဲ့အိမ်ငှားတွေကြားမှာ Negotiation Process ကို Professionally လုပ်ပါတယ်။ Legal Advice တွေပေးပါတယ်။ နိုင်ငံခြားသားဘက်ကလည်း Agent Fee လုံးဝမ ယူပါဘူး။ အိမ်ရှင်ဘက်က အိမ်ငှားခရဲ့ တစ်လစာကိုပဲ ယူတာဖြစ်ပါတယ်။ ကျွန်တော်တို့က Properties တွေကို လက်ခံတဲ့အခါ အိမ်ရှင်ကိုယ်တိုင်ဆီကပဲ လက်ခံပါတယ်။ ပွဲစားနဲ့ဆိုရင် လက်မခံပါဘူး။ အိမ်ငှားနဲ့အိမ်ရှင်လည်း တိုက်ရိုက် Negotiation လုပ်လို့ရပါတယ်။ စာချုပ်ချုပ်တဲ့ အခါမှာလည်း ကျွန်တော်တို့က အိမ်ရှင်ဟုတ်မဟုတ် သေ ချာအောင် ပြန်စစ်ပါတယ်။ နောက်တစ်ဆင့်က After Sale ပိုင်းဖြစ်တဲ့ သူတို့ အိမ်မှာလိုအပ်တဲ့ ဥပမာ- Maid တို့၊ Gardenerလုံခြုံရေးတို့ စတဲ့လိုအပ်တာတွေကိုလည်း ကျွန် တော်တို့က ရှာပေးပါ တယ်။Maintenance Service ဖြစ်တဲ့ မီးပျက်တာတို့၊ ရေမလာတာတို့ စသဖြင့် ဝန်ဆောင်မှုပေး ပါတယ်။
မြန်မာ့အိမ်ခြံမြေဈေးကွက်အလားအလာ
မြန်မာနိုင်ငံရဲ့Real Estate က ဒီထက်တိုးတက်ဖို့ အများ ကြီးလိုသေးတယ်လို့ ထင်ပါတယ်။ Gap တွေ အများကြီးရှိနေ ပါသေးတယ်။ ကျွန်တော်ထင်တာက များများ စဉ်းစားပြီး များများ Creative လုပ်နိုင်တဲ့သူက Business လောကမှာ အောင်မြင် သွားမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ အပတ်စဉ် Brainstorming လုပ်ရပါတယ်။ လက်ရှိဖြစ်ပေါ် နေတဲ့ Estate ဈေးကွက်ကို လုံးဝမဖြစ်သင့်တဲ့ Market လို့ထင်ပါတယ်။ ဈေးကွက်တစ်ခုမှာ ှSupply and Demand ကိုတွက်ကြတယ်။ အခုကဒီမှာ ဘာဖြစ်နေလဲဆိုတော့ နိုင်ငံ တကာက ကုမ္ပဏီတွေဝင်လာပြီး တော်တော်များများက မြန် မာပြည်မှာ စီးပွားရေး လုပ်ဖို့ဝင်လာကြနေတော့ Demand များလာတာပေါ့။ ဒီတော့တစ်ချိန်တည်းမှာ Demand ဒီ လောက်များရင် Supply ကမရှိဘူးလားဆိုပြီး ပြန်ကြည့်လိုက် ရင်လည်း Supply ကအပြည့်ပါပဲ။ မြန်မာပြည်မှာလူတွေ က Supply မရှိလို့ဈေးတက်တယ်ထင်ကြတယ်။ အမှန်တ ကယ်က Supply ကအပြည့်ပါ။ ပြဿနာက ရှိနေတဲ့ Supply တွေက နိုင်ငံတကာ အဆင့်မမီတာပါ။ နိုင်ငံခြား သားတွေကို ငှားမယ်ဆိုရင်တော့ မြန်မာပြည်ကအိမ်ရှင်တွေအ နေနဲ့ Facility တွေကိုအဆင့်မီအောင် လုပ်စေချင်ပါတယ်။ ဥပမာ- နိုင်ငံခြားသားတွေကို ငှားမယ်ဆိုရင် အနည်းဆုံး တော့ဘိုထိုင် အိမ်သာပါရပါမယ်။ ှ့Shower လည်းပါရမယ်။ သူတို့အနေနဲ့ ခွက်နဲ့ခပ်ချိုးရမယ်ဆိုရင် ဘယ်လိုမှ အဆင် ပြေနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လက်ရှိ Housing Market ဟာ လက်ရှိအခြေအနေအတိုင်းလေးပဲ သွားနေမှာ ဖြစ်ပြီး အများကြီး ပြောင်းလဲမှုတွေ မဖြစ်နိုင်သေးဘူးလို့ ထင်ပါတယ်။
ဝန်ထမ်းတွေခန့်ထားတဲ့အပိုင်း၊ Training ပေးဖြစ်ပုံ
HR နဲ့ပတ်သက်ရင် ကျွန်တော်တို့က Package တွေကို အဓိကတန်ဖိုးထားပါတယ်။ ဘယ်လိုရုံးမျိုး၊ အလုပ်မျိုးပဲ ဖြစ်ဖြစ် Working Environment က Healthy ဖြစ်ဖို့အရေး ကြီးပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေကိုပေးတဲ့ Pack- age မှာ လစာဆိုရင်လည်း သင့်တင့်တဲ့လစာကို ပေးပါတယ်။ လစာဆိုတာထက် Employer တစ်ယောက်အနေနဲ့ သူတို့ရဲ့Health Care ကိုတာဝန်ယူထားပါတယ်။ ကျွန်တော်တို့ Recognize လုပ်ထားတဲ့ ဆေးခန်းတွေမှာ သူတို့တွေတင်မကဘူး မိသား စုတွေပါကုသနိုင်ပါတယ်။ အဲဒါကလည်း အခမဲ့စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ Lunch ကို လည်း ရုံးမှာစီစဉ်ပေးထားပါတယ်။ နောက်တစ်ခုက Training Package တွေကိုလည်း စီစဉ်ပေးပါတယ်။ ဝန်ထမ်းတွေတက် ချင်တဲ့ သင်တန်းတွေဆိုရင်လည်း Request လုပ်ပြီး တက် ရောက်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ပို့တဲ့ Training တွေရှိပါတယ်။ Transportation Fee တွေက တော့ အမြဲတမ်းပေးနေကြပါပဲ။ ဝန်ထမ်းတွေရဲ့ ယူနီဖောင်း တွေကို Laundry ကအစ ဒီမှာလျော်ပေးပါတယ်။ Inter- national Trip တွေသွားပြီးလည်း သင်တန်းတွေ တက်ရောက်စေပါတယ်။ Training တွေမရှိဘဲနဲ့ ကျွန်တော်တို့ပုံမှန် အတိုင်းပဲဆက်သွားနေမယ်ဆိုရင် International ကိုယှဉ်လို့ မရပါဘူး။ ဝန်ထမ်းတွေရဲ့ Capacity ကို မြှင့်တင်ပေးမှ နိုင်ငံတကာကလာတဲ့ ကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်နိုင်မှာဖြစ် ပါတယ်။ နိုင်ငံတကာက ကုမ္ပဏီကြီးတွေက ကျွန်တော်တို့ ထက်အတွေ့အကြုံများတဲ့အခါ သူတို့ရဲ့ Resource က လည်း ကျွန်တော်တို့ထက်ပိုပါတယ်။ ကျွန်တော်တို့က ဝန်ထမ်း တွေရဲ့ Capacity ကိုမမြှင့်တင်ပေးနိုင်ဘူး၊Happy Work- ing Environment ကို မဖန်တီးနိုင်ဘူးဆိုရင် ဒီဝန်ထမ်းတွေ က တခြားနေရာကို ပြောင်းရွှေ့သွားကြမှာဖြစ်ပါတယ်။
အနာဂတ်အစီအစဉ်
Pronto Services အနေနဲ့ထပ်ထည့်မယ့်ဝန်ဆောင်မှုတွေ အများကြီးရှိပါတယ်။ ဘာတွေထပ်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်တွေတော့ မချရသေးပါဘူး။ အရှေ့တောင်အာ ရှနိုင်ငံ တွေကို သွားလေ့လာနေပြီး ကျွန်တော်တို့ Real Estate ဈေးကွက်ကြီးကို စုစုစည်းစည်းနဲ့ အကောင်းဆုံးရှေ့ဆက်ဖို့ Agent အားလုံးစုစည်းပြီး လုပ်ဆောင် သွားဖို့ရှိပါတယ်။ Pronto Services အနေနဲ့လည်း အတတ်နိုင်ဆုံး Contribute လုပ်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပိုင်း အခြေအနေပေး လာခဲ့ရင် မြန်မာလူမျိုးတွေ အတွက်လည်း အခုလို တူညီတဲ့ ဝန်ဆောင်မှုတွေကို လုပ်ပေးချင်ပါတယ်။ အချိန်တော့ နည်းနည်းယူရပါဦးမယ်။
ဆက်သွယ်ရန်လိပ်စာ...
အမှတ်- ၁၇၇၊ ငုဝါလမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊Suzuki Car Showroom အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့ ၀၉-၄၄၈၀၂၆၁၅၆၊ ၀၉-၂၀၅၀၁၀၇ တို့ဖြစ်ပါတယ်။