ပရော်ဖက်ရှင်နယ်ဝန်ထမ်းလား ကိုယ်ပိုင်လုပ်ငန်းလား

Professional or Owner

Career Life တွင် သာမန်ဝန်ထမ်းဘဝမှမိမိလုပ်ငန်းနယ်ပယ်အကြောင်းကို ထဲထဲဝင်ဝင်သိရှိနားလည်ပြီး မိမိ၏ Skills ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ Academic ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက်ပြီး ပရော်ဖက်ရှင်နယ် ဝန်ထမ်းအဆင့်သို့ ကူးပြောင်းကာ ရာထူးမြင့်မြင့်၊ လစာကောင်းကောင်းဖြင့် မိမိ၏ ပရော်ဖက်ရှင်နယ် လုပ်ငန်းဘဝကို ဂုဏ်ယူကာ မိမိတတ်ကျွမ်းသည့် လုပ်ငန်းပိုင်းမှာ ကောင်းစွာတာဝန်ယူလုပ်ကိုင်နေသည့် ပရော်ဖက်ရှင်နယ်ဝန်ထမ်းဘဝလည်း ရှိသည်။

ကိုယ်ပိုင်လုပ်ငန်းထူထောင်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲရသည့် ၊ မိမိလုပ်ငန်းအတွက် ရေရှည်ကိုကြည့်ပြီး မိမိလုပ်ငန်းအောင်မြင်တိုးတက်ရန်အတွက် လိုအပ်သည့်စွမ်းရည်များကို ဖြည့်စွက်ကာ ကြုံလာသည့်အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းပြီး မိမိလုပ်ငန်းအောင်မြင်စွာရပ်တည်နိုင်အောင် စွမ်းဆောင်ရသည့် ကိုယ်ပိုင်လုပ်ငန်းရှင်ဘဝလည်း ရှိပါသည်။

မိမိ၏ Career Life တွင် ပရော်ဖက်ရှင်ဝန်ထမ်းလုပ်မည်လား၊ ကိုယ်ပိုင်လုပ်ငန်းရှင် လုပ်မည်လားဆိုသည်ကို ရွေးချယ်ရာ၌ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ပရော်ဖက်ရှင်နယ်ဝန်ထမ်းဘဝတွင် အောင်မြင်နေသူများ၊ လုပ်ငန်းရှင်ဘဝတွင် အောင်မြင်စွာ ရပ်တည်နေသူများနှင့် တွေ့ဆုံပြီး ယခုလ၏ အထူးဆောင်းပါးကို တင်ဆက်လိုက်ပါသည်။

U Zeya Thura Mon

ဦးဇေယျသူရမွန်

CEO & Founder

Myanmar Central Power Co Ltd

အခုချိန်မှာ နိုင်ငံခြားမှာကျောင်းတက်၊ အလုပ်လုပ်ပြီး ပြန်လာတဲ့လူငယ်တွေလည်း များလာတယ်။ အဲဒီမှာ အမေးများလာတာက ကိုယ်ပိုင်အလုပ်လုပ်ရင်ကောင်းမလား၊ Corporate မှာဝင်လုပ်ရင်ကောင်းမလားဆိုတဲ့ မေးခွန်းရှိလာတဲ့အပေါ် အမြင်ကို ပြောပြပေးပါ . . .

ကျွန်တော်ကတော့ Corporate မှာ လုပ်တာကို ပိုကြိုက်ပါတယ်။ အခု Microsoft မှာ တက်နေတဲ့Satya Nadella ကို ကြည့်ကြည့်ပါ။ Corporate ကတက်တဲ့ သူတွေရဲ့ဘဝက ပိုပြီးတော့ Riskနည်းတယ်။ တော်ရင် သေချာတာက သူတက်သွားမယ်။ မတော်ရင်လည်း မတော်တဲ့ နေရာမှာပဲ သူနေလို့ရတယ်။ ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါကျတော့ သူမတော်ရင် သူသေမှာပဲ။ သူ့ခြေထောက်ပေါ်ပဲ သူရပ်ရမယ်။ Corporate မှာကျတော့ မှီထားလို့ ရသေးတယ်။ ရှိပြီးသား လှေကားကနေတက်တာနဲ့ လှေကားကို ကိုယ်တိုင်ရိုက်ပြီး တက်ရတာချင်း ကွာပါတယ်။ ဒါက ကျွန်တော့် ကိုယ်တွေ့ပါပဲ။ ကျွန်တော်က ရှိပြီးသားလှေကားကို ဖြည်းဖြည်းချင်း တက်သွားတာပါ။

 

ဒါဆို Corporate မှာ Professional အဖြစ်ဝင်ရောက်လုပ်ကိုင်မယ့် လူငယ်တစ်ယောက်က ဘာတွေပြင်ဆင်လေ့လာသင့်ပါသလဲ . . .

သက်ဆိုင်ရာလိုင်းတစ်ခုကိုတော့ သေသေချာချာ ရွေးစေချင်ပါတယ်။ တအားယေဘုယျဆန်ပြီး ဟိုဟာလည်းတတ်၊ ဒီဟာလည်းတတ်၊ တကယ်တမ်းကျတော့ ဘာမှလည်း မတတ်ဘူးဆိုတာမျိုး မဖြစ်စေချင်ဘူး။ ကျွန်တော် လျှပ်စစ်ဆိုင်ရာလုပ်ငန်းမှာ လုပ်နေတာ အနှစ်နှစ်ဆယ် ရှိပါပြီ။ ဒီတော့ ဒီလုပ်ငန်းဆိုင်ရာနဲ့ပတ်သက်တဲ့ လူတိုင်းနဲ့လည်း ကျွန်တော်သိတယ်။ ကိုယ်က ကောင်းကောင်းမွန်မွန် အလုပ်လုပ်တဲ့အခါ လေးစားခံရတယ်။ ကိုယ်တိုင်ကလည်း ဘယ်သူက ဘယ်လိုဆိုတာကို သိတယ်။ ဒီတော့ လူငယ်တွေကို လိုင်းတစ်လိုင်းကို ရွေးချယ်ပြီး တစ်လိုင်းတည်းမှာပဲ နေစေချင်ပါတယ်။

ဒါဆို ကိုယ်ဝင်ရောက်လုပ်ကိုင်မယ့် Professional ကိုကော ဘယ်လိုရွေးချယ်သင့်ပါသလဲ . . .

Don't Pick the Job ၊ Pick the Boss ပါ။ အလုပ်ကတော့ အတူတူပါပဲ။ ဒါကြောင့် ဘော့စ်ကို ကြည့်ပါ။ ဥပမာ- စားပွဲထိုးလုပ်မယ်ဆိုရင် သူ့ရဲ့ဘော့စ်က စားပွဲထိုးခေါင်းဆောင်ဖြစ်မယ်။ နောက်တစ်ဆင့်က ဆိုင်မန်နေဂျာ ဖြစ်မယ်။ အဲဒီ နှစ်ဆင့်လောက်တော့ အနည်းဆုံးကြည့်သင့်ပါတယ်။ နောက်ပြီး အဆင်မပြေမယ့် ဘော့စ်နဲ့ တွေ့ရတယ်ဆိုရင်တော့ မလုပ်နဲ့။ အလုပ်စဝင်တဲ့ အချိန်မှာ ဘော့စ်က အရေးကြီးပါတယ်။

အခုဆိုရင် Job Hopping တွေကလည်း များလာတယ်။ ဒီတော့ Professional တစ်ယောက်အနေနဲ့ အလုပ်တစ်ခုမှာ ဘယ်နှနှစ်လောက် အနည်းဆုံးလုပ်သင့်တယ်လို့ မြင်ပါသလဲ . . .

Job Hopping က လုပ်ကိုမလုပ်သင့်ပါဘူး။ တကယ်လို့ အလုပ်ပြောင်းချင်တယ်ဆိုရင် ငါးနှစ်ကြာရင် စဉ်းစားပါ။ ငါးနှစ်ကြာလို့မှ ကိုယ်ညံ့လို့ မတက်တာရယ်၊ ကိုယ့်ကို နေရာမပေးတာရယ်၊ ကိုယ့်ရဲ့ Corporation ကိုက မတက်နိုင်တော့တာရယ်၊ Policy တွေကြောင့် မတက်နိုင်တာရယ်ဆိုရင်တော့ အလုပ်ပြောင်းသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်က Contribution လုပ်လိုက်လို့ တက်နိုင်တယ်ဆိုလို့ရှိရင် ဆက်လုပ်သင့်ပါတယ်။

နောက်ပြီး Industry နောက်တစ်ခုတော့ မပြောင်းသင့်ပါဘူး။ ဥပမာ - ဂျာနယ်လစ်တစ်ယောက်က မီဒီယာလောကမှာ ဆယ်နှစ်လောက်လုပ်ပြီး မသိတဲ့သူမရှိတော့ဘူး။ သူ့ရဲ့ဆောင်းပါးက ဘယ်လို၊ သူ့ရဲ့စိတ်ထားက ဘယ်လိုဆိုပြီး အားလုံးကသိကြတယ်။ အဲဒီအချိန်မှာမှ သူက ထမင်းဆိုင်ဖွင့်မယ်ဆိုရင် မဆီလျော်ဘူး ဖြစ်မယ်။ ဖွင့်လို့မရဘူး မဟုတ်ဘူး။ ရတာတော့ ရပါတယ်။

လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်းကိုကော ဘယ်လိုထိန်းသင့်တယ်ဆိုတာ ဆွေးနွေးပေးပါ . . .

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာတော့ အခြေခံငါးပါးသီလစောင့်ပြီဆိုရင်၊ ဘာသာရေးနဲ့ ထိန်းနိုင်မယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာ နာမည်ပျက်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီလိုလုပ်တဲ့အခါ ကိုယ်လုပ်တဲ့အလုပ်တွေက လုပ်ရတာ ပိုပြီးလွယ်တယ်။ ပိုအောင်မြင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းပြီးသားဖြစ်တယ်။ ဒီနေ့ဒီအချိန်မှာ အလုပ်ကြိုးစားရင်၊ ကိုယ့်အလုပ်ကို ကျွမ်းကျင်နားလည်ရင် မြန်မာနိုင်ငံမှာ ကောင်းကောင်းနေထိုင်စားသောက်လို့ ရပါတယ်။ ဒါပေမဲ့ သေချာမလုပ်တဲ့ လူတစ်ယောက်အတွက်ကတော့ အဆင်မပြေပါဘူး။

U Zaw Myo Hlaing

ဦးဇော်မျိုးလှိုင်

Managing Director

Unique Network Marketing Co Ltd

Unilever Myanmar မှာလည်း Country Head အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ လက်ရှိမှာ Unique Network Marketing ကို ကိုယ်တိုင်ဦးစီးဆောင်ရွက်နေတဲ့အတွက် Professional Careerနဲ့ Self Employment အဖြစ်လုပ်တာရဲ့Pros and Cons တွေကို ဆွေးနွေးပေးပါ . . .

အရင်တုန်းက Unilever မှာ လုပ်ခဲ့တုန်းကလည်း Country Head ဖြစ်တဲ့အတွက် General Management Role ကို လုပ်ရတဲ့အခါ အကုန်တာဝန်ယူရတယ်။ ဒီတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ပိုင်း ဖြစ်နေတာပေါ့။ လုပ်ငန်းအောင်မြင်ဖို့၊ ဝန်ထမ်းတွေ တိုးတက်ဖို့၊ အမြတ်အစွန်း၊ Cash Flowနဲ့ပတ်သက်ပြီး တာဝန်ခံမှုစသဖြင့် တာဝန်ယူရပါတယ်။ ဒါပေမဲ့ ကိုယ်က တိုက်ရိုက်ပိုင်ဆိုင်မှုမရှိဘူး။ ဒါပေမဲ့ ဒါရိုက်တာဖြစ်လာတဲ့အခါ ပိုင်ဆိုင်မှုရှယ်ယာတချို့ပေးထားတာ ရှိပါတယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါကျတော့ ငွေကြေးနဲ့ဆက်စပ်တဲ့ စီမံခန့်ခွဲမှုပိုင်းတွေက ပိုပြီးအရေးကြီးလာတယ်။ နောက်ပြီး ဝန်ထမ်းတွေ တိုးတက်မှုအပိုင်းမှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိလာတယ်။ Corporate မှာတုန်းကကျတော့ ဒီအပိုင်းအတွက် Team နဲ့ သူ့ Functionနဲ့ ရှိပြီးသားပါ။ Training and Development Team တို့ HR တို့ပေါ့။ ကိုယ်ပိုင်လုပ်ငန်းမှာတော့ အဲဒီအတွက် သီးသန့်ကြီးကိုယ်က Team မဖွဲ့နိုင်ဘူး။ နောက်တစ်ခုကကျတော့ Vision ပေါ့။ ရှေ့လာမယ့်ငါးနှစ်၊ ဆယ်နှစ်မှာ ကုမ္ပဏီကို ဘယ်လိုဖြစ်လာအောင်လုပ်မလဲဆိုတာနဲ့ပတ်သက်တဲ့ Vision တို့၊ Strategy တို့ တည်တဲ့အခါမှာလည်း ကိုယ်ပိုင်လုပ်ငန်းမှာ ပိုအရေးကြီးတာပေါ့။ ဒါပေမဲ့ လက်တွေ့မှာကျတော့ ကိုယ်က Operation မှာ နစ်နေတဲ့အခါကျတော့ Vision တွေ၊ Strategy တွေ၊ Plan တွေကို ဦးစားပေးအနေနဲ့ မထားမိတာမျိုးတွေ ဖြစ်တတ်တာပေါ့။ ဒါတွေကတော့  ကိုယ်ပိုင်လုပ်ငန်းတွေ၊ Corporate မှာလုပ်တာတွေမှာသာ ရှိတာတော့မဟုတ်ပါဘူး။ လုပ်ငန်းကို ကိုယ့်ပိုင်ဆိုင်မှုလို သဘောထားပြီး လုပ်မယ်ဆိုလို့ရှိရင် Corporate မှာလုပ်တာနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်တာက သိပ်ကွာမှာတော့ မဟုတ်ပါဘူး။

Corporate မှာလုပ်တာကနေ ကိုယ်ပိုင်လုပ်ငန်းပြောင်းလဲလုပ်ဖြစ်ခဲ့တာက . . .

Corporate မှာက ဌာနပေါင်းစုံ၊ ရာထူးပေါင်းစုံနဲ့ နှစ် နှစ်ဆယ်နီးနီးလုပ်ခဲ့ပါတယ်။ Corporate မှာလုပ်ရတာလည်း တော်တော်လေးကောင်းပါတယ်။ အတွေ့အကြုံတွေ၊ အခွင့်အလမ်းတွေ အများကြီးရတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးကြုံခဲ့ရတယ်။ ဒါတွေကိုရင်ဆိုင် ဖြေရှင်းခဲ့ရတော့ သင်ယူရရှိမှုက သိပ်ကိုကောင်းခဲ့တယ်။  အဲဒီတော့ ကိုယ်ပိုင်လုပ်ငန်း ဘာကြောင့်လုပ်ဖြစ်ခဲ့သလဲဆိုတော့ နံပါတ်တစ်အနေနဲ့ ကိုယ်လုပ်ချင်တဲ့အရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ်။ ကုမ္ပဏီမှာကျတော့ ကုမ္ပဏီရဲ့ Direction နဲ့၊ Flowနဲ့ သွားရတာပေါ့။ ကိုယ်ပိုင်လုပ်ငန်းမှာကတော့ အဲဒီ Direction တွေအားလုံးကို ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ပြီး Set Up လုပ်လို့ရတာပေါ့။ နောက်ပြီး ဒုတိယအချက်အနေနဲ့ကတော့ ကျွန်တော် ကျွမ်းကျင်တဲ့ ဖြန့်ချိရေးလုပ်ငန်းမှာ မြန်မာလူမျိုးတွေပိုင်တဲ့၊ ဦးဆောင်တဲ့ကုမ္ပဏီကြီးတစ်ခုပေါ်ပေါက်လာစေချင်တာပါ။ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်နိုင်တဲ့ကုမ္ပဏီတစ်ခုကို Set Up လုပ်ချင်တာပါ။ တကယ်လို့ လိုအပ်လို့ နိုင်ငံခြားသားငှားရင်တောင်မှ သူဟာ ကိုယ့်ရဲ့Team မှာ Member အဖြစ်ပဲ ဖြစ်စေချင်တယ်။

နောက်ပြီး တတိယအချက်အနေနဲ့ အရင်ထက် ပိုပြီးလူတွေကို လွတ်လွတ်လပ်လပ် ကူညီချင်တယ်။ အခုကျွန်တော်ဆိုရင် စိုက်ပျိုးရေးနဲ့ပတ်သက်တာတွေ စိတ်ဝင်စားလာတယ်။ အရင် Corporate မှာနေရင်တော့ စိုက်ပျိုးရေးပိုင်းနဲ့ပတ်သက်ပြီး လုပ်ရကိုင်ရတာ အကန့်အသတ်ရှိမှာပေါ့။ ဒီမှာကတော့ ကိုယ်ပိုင်လွတ်လပ်တဲ့အချိန်တွေ ပေါ်လာတဲ့အခါ လုပ်နိုင်လာတယ်။ နောက်ပြီး လူတွေရဲ့ Development ပိုင်းနဲ့ ပတ်သက်ပြီးတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တာရှိတယ်။ အဲဒါက ကျွန်တော်ကျွမ်းကျင်တဲ့ အပိုင်းကို ဝေမျှတာတို့၊ သင်တန်းတွေပေးတာတို့၊ အဲဒီကနေတစ်ဆင့် အောင်မြင်တဲ့ မြန်မာလူမျိုးလူငယ်တွေ ပေါ်ပေါက်လာအောင် လုပ်ချင်တာမျိုးတွေပေါ့။ နံပါတ်လေးအချက်ကတော့ Generation တစ်ခုကို Set Up လုပ်ပေးချင်တာပါ။ ဥပမာ-ကုမ္ပဏီဝန်ထမ်းဆိုရင် သူကျန်မယ့် Heritage နဲ့ သူပိုင်ဆိုင်တဲ့ Brand ဆိုတာရှိမှာမဟုတ်ဘူး။ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လိုက်တဲ့အခါကျတော့ ကိုယ်ပိုင်ဆိုင်တဲ့ Brand ဖြစ်လာမယ်။ ဒါကိုကျတော့ ကိုယ့်ရဲ့နောက်မျိုးဆက်အထိပါ လက်ဆင့်ကမ်းလို့ ရသွားတာပေါ့။

ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်တာ နှစ်နှစ်ရှိပြီဆိုတော့ ကြုံတွေ့ရတဲ့ Challenge တွေနဲ့ ရင်ဆိုင်ဖြေရှင်းမှုအပိုင်း . . .

Challenge နံပါတ်တစ်ကတော့ People Capability ဖြစ်ပါတယ်။ ဒါကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာက Challenge ပါ။ နံပါတ်နှစ်ကတော့ Financing ပိုင်းဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာတွေက တအားများတဲ့အခါ ဒါကိုချိန်ပြီးတော့ Plan မလုပ်နိုင်ရင် ဘယ်မှာသွားပြီးတော့ အခက်တွေ့လဲဆိုတော့ Cash Flow မှာပေါ့။ နောက်တစ်ချက်ကတော့ Process နဲ့ပတ်သက်တဲ့ Challenge ပါ။

Organization က သေးတဲ့အခါ Process တွေကို Structure ကျကျလုပ်ဖို့ အခွင့်အလမ်းမရှိဘူး။ ဒီတော့ ကိစ္စအတော်များများက Owner တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ သွားပြီးမူတည်နေတယ်။ ဒီတော့ ထိပ်ဆုံးက Managing Director ဆိုတဲ့ Owner က Operation ထဲဝင်သွားတဲ့အခါ ဒီထက်ကြီးတဲ့ Bigger Picture ကို မကြည့်နိုင်တော့ဘူး။အဲဒါတွေမဖြစ်ဖို့ဆိုရင် ခိုင်မာတဲ့ Process တို့၊ Structure တို့လိုအပ်ပါတယ်။ Authority တွေကို ခွဲဝေပေးဖို့လိုတယ်။ ဒီလို Authority ပေးတဲ့အခါမှာလည်း လိုက်နာရမယ့် Rules တွေ၊ Guidelines တွေ ချပေးထားရမယ်။ ဒီလို Clear ဖြစ်တဲ့ Standard Operation Procedure လိုမျိုး Process တွေရှိရပါမယ်။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော့်ကုမ္ပဏီမှာရှိတာ နည်းတယ်ပေါ့။ အဲဒီတော့ ကိစ္စတော်တော်များများက Case by Case ကို Boss ဆီက Approve ယူပြီးတော့ လုပ်တာပေါ့။ အဲဒီတော့ ဒါတွေအားလုံးကို Set Up လုပ်ဖို့ ကြိုးစားနေပါတယ်။ နောက်ပြီး People Development ပိုင်းပေါ့။ ဒါတွေအားလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပါတယ်။ သူတို့မှာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်ရှိလာဖို့အတွက်က လိုအပ်တဲ့အရည်အချင်းတွေ၊ အတွေ့အကြုံတွေ အများကြီးဖြည့်ပေးဖို့လိုတာပေါ့။ အဲဒီအတွက် HR Department တွေ စဖွဲ့တာတွေ၊ ဝန်ထမ်းတွေက Training ပေးတာတွေ၊ Coaching လုပ်တာ တွေစပြီးတော့ လုပ်နေပါပြီ။ ဒါပေမဲ့ အင်အားကြီးတဲ့ ကုမ္ပဏီကြီးတွေလိုတော့ မလုပ်နိုင်သေးဘူးပေါ့။ Financing ပိုင်းမှာကျတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးက ပွင့်လန်းလာတဲ့အခါ လုပ်စရာ Business Continuity တွေ များလာတယ်။ ဒီတော့ လုပ်ချင်တာကြီးကိုပဲ ရှေ့သွားမှာပဲစဉ်းစားပြီးတော့ ကိုယ့်ရဲ့ Finance ပိုင်း၊ Cash Flow ပိုင်းကို ရေရောရာရာ မစဉ်းစားထားဘူးဆိုရင် လုပ်ငန်းချဲ့တဲ့အခါ စီးပွားရေးက ပြိုလဲသွားနိုင်တယ်။

Professional Carer မှာ ရပ်တည်ချိန်တုန်းက Corporation မှာ လုပ်ခဲ့တာရဲ့ အားသာချက်၊ အားနည်းချက်ကို လည်း ပြောပြပေးပါ . . .

ကျွန်တော်က Corporation ကြီးမှာလုပ်ခဲ့ပေမယ့် တာဝန်ယူခဲ့ရတာက Business Set Up အသစ်လုပ်တဲ့ နေရာတွေမှာ ဖြစ်ပါတယ်။ လာအိုမှာ Unilever က Distribution Network ကို Set up လုပ်ဖို့အတွက် တာဝန်ပေးတာခံရတယ်။ ဒီတော့ Corporation ကြီးမှာလုပ်ပေမယ့် ကုမ္ပဏီအသေးလေးတစ်ခုကိုစပြီး Set Up လုပ်ရတဲ့အပိုင်းမျိုးကို တာဝန်ယူခဲ့ရတယ်။ ကမ္ဘောဒီးယားမှာတုန်းကလည်း ဒီလိုပုံစံမျိုးပဲ လုပ်ခဲ့ရတယ်။ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာပြည်ပြန်ရောက်လာတော့လည်း ကုမ္ပဏီကို စဖွဲ့စည်းခဲ့ရတယ်။ အဲဒီတော့ ပြန်ကြည့်မယ်ဆိုရင် Corporation မှာလုပ်တဲ့ အားသာချက်ကဘာလဲဆိုရင် သူတို့ရဲ့ Learning တွေ၊ အတွေ့အကြုံတွေက အများကြီးရှိတယ်။ ဒီတော့ ကုမ္ပဏီအကြီးတွေနဲ့ယှဉ်ရင် ကုမ္ပဏီအသေးတွေက ဒီ Learning တွေရဖို့ကို အချိန်တစ်ခုကို ကျော်ဖြတ်ပြီးတော့မှရမယ်။ Corporate တွေမှာကျတော့ အဲဒီလိုအတွေ့အကြုံတွေကို တခြားနိုင်ငံတွေမှာလုပ်ပြီး ရပြီးသားဖြစ်တော့ ဒါကို သူတို့ရဲ့ Network ထဲမှာ Share လုပ်ထားပြီးသားဖြစ်တယ်။ မှားပြီးသားအမှားကို ထပ်ပြီးတော့မှားစရာမရှိတော့ဘူး။ မြန်မာပြည်ကိုဝင်တော့ ဗီယက်နမ်မှာလုပ်ခဲ့တာကို နမူနာယူပြီးတော့ လုပ်လို့ရတယ်။ နောက်ထပ်ကောင်းတဲ့အချက်က Corporation က Structure ကျတဲ့အတွက် Decision တစ်ခုချဖို့အတွက် ဘယ်လို Process တွေ သွားရမယ်ဆိုတာ ရှိပြီးသားဖြစ်ပါတယ်။ အားနည်းချက်အပိုင်းကို ကြည့်မယ်ဆိုရင်တော့ Structure ကျကျရှိနေပြီးသားဖြစ်တဲ့အခါ ဝန်ထမ်းက Function တစ်ခုရဲ့ အသေးစိတ်ပိုင်းမှာ တအားကျွမ်းကျင်တယ်။ ဥပမာ - Finance ထဲမှာမှ Tax ပိုင်းရှိမယ်ဆိုရင် Tax သမားက သူ့အပိုင်းသူကျွမ်းကျင်တယ်။

Profit and Loss ဆွဲတဲ့ ဝန်ထမ်းကလည်း သူ့အပိုင်းကို သူကျွမ်းကျင်တယ်။ ဒီတော့ Specifice Function တစ်ခုရဲ့ Role တစ်ခုကိုပဲရမယ်။ ဒါပေမဲ့ ခြုံငုံပြီးသိတဲ့အပိုင်းမှာကျတော့ အားနည်းပြန်ရော။ ကုမ္ပဏီအသေးမှာလုပ်တဲ့ Finance သမားကျတော့ Finance နဲ့ ပတ်သက်တာ အကုန်လုပ်ရတယ်။ ဒီတော့ ကျယ်ကျယ်ပြန့်ပြန့်ကို နည်းနည်းစီလုပ်ရတဲ့အခါ အကုန်ရနေတယ်။ နောက်ပြီး Learning ပိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း Structure ကျကျနဲ့ Learning လုပ်ဖို့ Team ကို Training ပေးတာတွေက စနစ်တကျရှိနေတယ်။ ကုမ္ပဏီအသေးကကျတော့ လုပ်ရင်းနဲ့ တတ်သွားတယ်။ သူ့ရဲ့သင်ယူခွင့်ကအလုပ်လုပ်ရင်းနဲ့ အတွေ့အကြုံတွေကတစ်ဆင့်တတ်သွားတာဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်အကြံပြုချင်တာက ငယ်တဲ့အရွယ်မှာ ကုမ္ပဏီအသေးမှာ လုပ်စေချင်ပါတယ်။ အတွေ့အကြုံတွေ စုံအောင်ယူလိုက်တာ ကောင်းပါတယ်။ စုံအောင်တတ်သွားမယ်။ Bigger Picture နဲ့ Challenge တွေကို ပိုပြီးတော့ မြင်ရမယ်။ ပြီးတော့မှ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လည်းလုပ်၊ မလုပ်ချင်လည်း Corporate ကို ပြောင်းချင်ပြောင်းပေါ့။

Professional Careerမှာလုပ်ရင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ ခြေလှမ်းမစခင်မှာ ဘာတွေကို မဖြစ်မနေ ကြိုတင်လေ့လာသင်ယူထားရမလဲ . . .

နံပါတ်တစ်အချက်အနေနဲ့ကတော့ ကိုယ် Professional Career အနေနဲ့လုပ်တဲ့ ဝန်ထမ်းဘဝမှာ အောင်မြင်အောင်၊ ကုမ္ပဏီက တန်ဖိုးထားရတဲ့သူဖြစ်အောင် လုပ်ဖို့လိုပါတယ်။ အဲဒီလိုအောင်မြင်မှ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာ အောင်မြင်ဖို့ အခွင့်အလမ်းပိုများမယ်။ နောက်ပြီး နာမည်တစ်လုံးရလာမယ်။ ဒီအခါ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာ အဲဒီနာမည်တစ်လုံးက အကူအညီတွေအများကြီးဖြစ်မယ်။ နောက်တစ်ချက်က Network တည်ဆောက်ဖို့ပါ။ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ပြင်ပက Supplier တွေ၊ Agency တွေစသဖြင့် လုပ်ငန်းနဲ့ပတ်သက်တဲ့ သူတွေအားလုံးက ကိုယ်အောင်မြင်တဲ့အခါ ကိုယ့်အပေါ်လေးစားမယ်။ Communication ကောင်းမယ်။ ဒါတွေအားလုံးက ကိုယ်ပိုင်လုပ်ငန်းလုပ်ချိန်မှာ လိုအပ်တဲ့ Network တွေ ဖြစ်လာမယ်။ နောက်ဆုံးတစ်ချက်ကကျတော့ ကိုယ်တကယ် Enjoy ဖြစ်တဲ့ Professional Career ရဲ့ ပညာ၊ ကိုယ့်ရဲ့ Functional Skills ကို နက်နက်နဲနဲသိပြီး ကျွမ်းကျင်ဖို့လိုတယ်။

အကြမ်းဖျင်းကတော့ လူတစ်ယောက်က ကိုယ်ပိုင်လုပ်ငန်းထူထောင်တဲ့အခါမှာ လုပ်ငန်းနဲ့ပတ်သက်တဲ့ အရာအားလုံးကိုတော့ ကျွမ်းကျင်ဖို့မလိုပါဘူး။ သူက ဦးဆောင်ပြီးတော့ သူ့အပိုင်းအလိုက် ကျွမ်းကျင်သူတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်နိုင်ဖို့ပဲလိုပါတယ်။ ကိုယ်တကယ် နက်နက်နဲနဲသိတဲ့ အပိုင်းမှာတော့ ပိုင်နိုင်နေရမယ်။ကျွန်တော့်ရဲ့ဥပမာဆိုရင် ကျွန်တော်က Sales ပိုင်းကို ကျွမ်းကျင်တယ်။ Sales Director ဖြစ်လာတယ်။ ပြီးတဲ့အခါ ကိုယ်ပိုင်လုပ်ငန်းအဖြစ် Distribution ကုမ္ပဏီထောင်တယ်။

ဒီတော့ ကုမ္ပဏီစထောင်ကတည်းက ကုမ္ပဏီရဲ့ Profit and Loss တို့၊ Balance Sheet တို့ နားလည်ရမယ်။ ဒါတွေအားလုံးကို ကြိုလေ့လာထားရင်တော့ ကောင်းတယ်။ မဖြစ်မနေတော့မဟုတ်ဘူး။ ကိုယ်တကယ်လုပ်တဲ့အခါ ဒီအပိုင်းမှာ အသေးစိတ်ကျွမ်းကျင်တဲ့သူကို အလုပ်ခန့်ထားနိုင်ဖို့တော့လိုတယ်။ အဲဒီအချိန်မှာတော့ အခြေခံလောက်တော့ နားလည်အောင်လုပ်ရမှာပေါ့။ ဒီမတိုင်ခင်မှာတော့ Profit and Loss ကို နားလည်အောင်လုပ်မလား၊ Distribution ပိုင်းကို ကျွမ်းကျင်အောင်လုပ်မလားဆိုရင်တော့ Distribution  ပိုင်းကိုပဲ ဦးစားပေးရပါမယ်။

လုပ်ငန်းခွင်ထဲဝင်မယ့် လူငယ်တွေကို အကြံပေးချင်တာရှိရင် . . .

ကိုယ်ပိုင်လုပ်ငန်းလုပ်မယ့်သူတွေကိုတော့ အားပေးချင်ပါတယ်။ ဆရာဒေါက်တာအောင်ထွန်းသက်ပြောတဲ့ အလုပ်မရဘူးဆိုတာ ကိုယ်ကအလုပ်ကို လိုက်ရှာနေလို့ပါတဲ့။ ဆိုလိုချင်တာက ကိုယ်ကအလုပ်ရှာသူမဟုတ်ဘဲ အလုပ်ပေးနိုင်တဲ့ လုပ်ငန်းရှင်ဖြစ်အောင် လုပ်ဖို့ပြောတာပါ။ သိပ်ကိုကောင်းတဲ့ စကားဖြစ်ပါတယ်။ အဲဒီလိုပြောလို့လည်း လူတိုင်းကို ကိုယ်ပိုင်လုပ်ငန်းလုပ်ရမယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့  ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် အခက်အခဲတွေ၊ ပြဿနာတွေကြုံလာရင် ရဲရဲရင့်ရင့်နဲ့ ကြိုးစားဖို့ အားပေးချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဝန်ထမ်းဘဝနဲ့ အတွေ့အကြုံတွေယူပြီး တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီးမှ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ်ဆိုရင်လည်း အားပေးပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ်ပျော်တာကို လုပ်ဖို့ပါပဲ။

ကျောင်းပြီးပြီးချင်းမှာ ကိုယ်ပိုင်လုပ်ငန်းတန်း လုပ်မလား၊ ဝန်ထမ်းလုပ်ပြီး ပညာသင်ဦးမလားဆိုတာကတော့ ကိုယ်လုပ်မယ့်Industryပေါ်မှာမူတည်ပါတယ်။ ဥပမာ - ဖြန့်ချိရေးလုပ်ငန်းလိုမျိုး ကိုယ်ပိုင်လုပ်ချင်တယ်ဆိုရင် အရင်ဆုံးဖြန့်ချိရေးလောကထဲမှာ သင်ယူပြီးမှ ဝင်တာပိုကောင်းပါတယ်။ဒီလိုမဟုတ်ဘဲ အခုခေတ်မှာ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး အသစ်အသစ်တွေ ပေါ်ပေါက်နေတဲ့အခါ အဲဒီ Industry မျိုးမှာသွားပြီး ပညာယူနေမယ့်အစား တစ်ခါတည်းလုပ်ချလိုက်တာက အတွေ့အကြုံတွေလည်းရမယ်၊ ဆုံးရှုံးတာတွေလည်းရှိမယ်။

အောင်မြင်မယ်ဆိုရင်လည်း မြန်မြန်ဖြစ်သွားနိုင်တယ်။ ဥပမာ - Facebook တို့လိုပေါ့။ ဒီတော့ ကိုယ်ဝင်မယ့် Industry ကEstablished ဖြစ်ပြီးတာ ကြာပြီဆိုရင် Learning အရင်ဝင်ယူပြီးမှ လုပ်တာပိုကောင်းတာပေါ့။ အဲဒီလိုမဟုတ်ဘဲ Established က မဖြစ်သေးဘူးဆိုရင်တော့ ကိုယ်ကိုယ်တိုင် ခုန်ဆင်းပြီးတော့ လုပ်ငန်းတန်းလုပ်၊ ပညာယူပြီး အောင်မြင်အောင် လုပ်ဖို့ အကြံပေးချင်ပါတယ်။

 

U Tin Maung Naing

ဦးတင်မောင်နိုင်

Group CEO

KOL Group of Companies

ကိုယ်ပိုင်လုပ်ငန်းလုပ်ဖြစ်ခဲ့ပုံနဲ့ လုပ်ငန်းစတင်ချိန်က အတွေ့အကြုံ . . .

ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းကို ၁၉၉၇ ခုနှစ်မှာ စလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ Professional ကတော့ Mechanical Engineering ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး ၁၉၉၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ နိုင်ငံခြားသင်္ဘောအင်ဂျင်နီယာအဖြစ် ငါးနှစ်လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ပြီး ငွေကြေးစုဆောင်းခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ အိမ်ထောင်ကျတဲ့အခါ သင်္ဘောလည်း မလိုက်ချင်တော့ဘဲ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ကလည်း အရင်ကတည်းက ရည်ရွယ်ချက်ရှိခဲ့တဲ့အတွက် ၁၉၉၇ ခုနှစ်မှာ ကိုယ်ပိုင်လုပ်ငန်းစလုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ Professional ကMechanical Engineering ဖြစ်တဲ့အတွက် စက်ပစ္စည်းနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို စတင်လုပ်ခဲ့ပါတယ်။ ပထမဦးဆုံးတော့ ရေစုပ်စက်တို့၊ မီးစက်တို့ကို တင်သွင်းဖြန့်ဖြူးတယ်။ စက်တွေဆင်ပေးတယ်။ ပြုပြင်ပေးတယ်။ ဒါကလည်း သင်္ဘောပေါ်မှာ ငါးနှစ်လုပ်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံပြီး လုပ်နိုင်ခဲ့တယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အသက် ၂၈ နှစ်လောက်ကတည်းက စစဉ်းစားခဲ့ပြီး ကိုယ့်ဝါသနာကို တိတိကျကျ သိခဲ့တယ်။

လုပ်ငန်းကို သေးသေးလေးကစခဲ့ပြီး နောက်ပိုင်းမှာ Heavy Equipment Excavator တို့၊ Loader တို့ကို အဟောင်းတွေဝယ်ပြီး ပြုပြင်ပြီး ပြန်ရောင်းတယ်။ ငှားတဲ့လုပ်ငန်းတွေလုပ်တယ်။ အခုဆိုရင်တော့ အထပ်မြင့်တိုက်တွေပေါ်လာတော့ Tower Crane တွေ ရောင်းလည်းရောင်းတယ်၊ ငှားလည်း ငှားတယ်။

လုပ်ငန်းစတင်ချိန်မှာ ကိုယ်တိုင်စခဲ့ရတာဖြစ်တဲ့အတွက် ငွေကြေးပိုင်းဆိုင်ရာရော၊ တခြားမပြည့်စုံမှုတွေပါ ကြုံခဲ့ရပါတယ်။ နောက်ပြီး အင်ဂျင်နီယာပညာရပ်အပြင် Financing ပိုင်းတို့၊ Accounting ပညာတို့ ၊ Import လုပ်တဲ့အပိုင်းတို့ကို လေ့လာခဲ့ရတယ်။ လုပ်ရင်းနဲ့ပဲသင်ခဲ့တယ်။

ကိုယ်ပိုင်လုပ်ငန်းရပ်တည်နိုင်အောင် ဘယ်လို Skills တွေလိုအပ်ပါသလဲ . . .

ကျွန်တော့်အနေနဲ့ကတော့ ၁၉၉၇ ခုနှစ်ကနေ ၄ နှစ်၊ ၅ နှစ်လောက်ကြာတဲ့အခါမှာ တခြားလိုအပ်တဲ့ Management အပိုင်းတွေကို မြင်လာတယ်။ ဒါကြောင့် ၂၀၀၁ ခုနှစ်လောက်မှာ EMBA သင်တန်းတက်ဖြစ်ခဲ့ပါတယ်။

အဲဒီမှာ လုပ်ငန်းမှာလိုအပ်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အဲဒီသင်တန်းက သင်ပေးလိုက်တယ်။ ထောင့်စေ့အောင် စဉ်းစားတတ်အောင် Train ပေးလိုက်တဲ့အတွက် လုပ်ငန်းအတွက် အများကြီးအထောက်အကူရခဲ့ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းအဖြစ်ရပ်တည်နိုင်အောင် အဓိကကတော့ ကိုယ်ပိုင်လုပ်ငန်းကို တကယ်လုပ်ချင်တဲ့စိတ် ရှိရပါမယ်။ ဝါသနာပဲခေါ်မှာပေါ့။ ဆရာကြီး ရွှေဥဒေါင်းပြောသလိုပဲ။ ဆရာကြီးဘာကြောင့် စာရေးဆရာဖြစ်လာသလဲလို့မေးတဲ့အခါ စာမရေးရရင် မနေနိုင်လို့လို့ ဖြေပါတယ်။ အဲဒီလိုပဲ။ ကိုယ်ပိုင်လုပ်ငန်း မလုပ်ရရင် မနေနိုင်လို့ လုပ်တာပဲဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းမှာ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါမှာ ကိုယ်တိုင်လိုလိုလားလား ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် ရဲ ရဲဝံ့ဝံ့ရင်ဆိုင်တယ်။ ဒီလိုဖြစ်ဖို့လိုပါတယ်။ နောက်တစ်ချက်ကတော့ လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရပါမယ်။ ဇွဲရှိရပါမယ်။ နောက်ပြီး သူ့ခေတ်ရဲ့ နည်းပညာတွေကိုလည်း မျက်ခြည်မပြတ်ဘဲ လိုက်မီနေရပါမယ်။

ဒါဆို Professional Career မှာ လုပ်နေရာကနေ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စဉ်းစားနေတဲ့သူတွေကိုကော ဘယ်လိုအကြံပေးချင်ပါသလဲ။

ကျွန်တော်တို့ မြန်မာတွေမှာ အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်ရင် Entrepreneur စိတ်ဓာတ်ရှိကြတယ်လို့ ကျွန်တော်မြင်ပါတယ်။ လူငယ်တိုင်းမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့စိတ်ရှိတဲ့အတွက် အထူးတိုက်တွန်းဖို့တော့ မလိုတော့ဘူး။ ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့အခါမှာ လိုအပ်ချက်တွေကတော့ အများကြီးရှိပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်တာဖြစ်တဲ့အတွက် ကိုယ်နားချင်တဲ့အချိန် နားလို့ရတယ်ဆိုတာချည်းပဲတော့ ယူဆလို့မရဘူး။ သူက Area ပေါင်းများစွာကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

အကြံပေးချင်တာရှိရင်

ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ်၊ ဝန်ထမ်းပဲလုပ်လုပ် ကိုယ့်ကိုယ့်ကိုယ်ကျေနပ်ပြီး ဂုဏ်ယူတတ်ဖို့တော့ လိုပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်မှ အောင်မြင်မယ်၊ ဂုဏ်ရှိမယ်လို့တော့ မယူဆစေချင်ပါဘူး။ ဝန်ထမ်းလုပ်ပြီး ကိုယ့်တာ ဝန်ကိုယ်ကျေမယ်၊ ကိုယ့်ကုမ္ပဏီအတွက်၊ ကိုယ့်နိုင်ငံအတွက် Contribution ကောင်းကောင်းလုပ်နိုင်မယ်ဆို ရင်လည်း ကျေနပ်စရာပဲ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လည်း ကိုယ်နဲ့တွဲပြီးလုပ်တဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်အကိုင်ပေးထားနိုင်ရုံသာမကဘဲ အများအကျိုး၊ နိုင်ငံ့အကျိုးအတွက် CSR လည်းလုပ်နိုင်မယ်ဆိုရင် ကျေနပ်စရာဖြစ်ပါတယ်။

 

Daw Ni Ni Tun

ဒေါ်နီနီထွန်း

Business Development Director

Myanmar Information Technology Pte Ltd

ဘာကြောင့် Professional Career မှာလုပ်နေတာလဲ . . .

ကျွန်မမြန်မာ့အာမခံလုပ်ငန်းမှာလုပ်နေတုန်း စီမံဘဏ္ဍာဝန် UNDP(United Nation Development Project) နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ Project တစ်ခု CSO မှာဖွင့်တဲ့အခါ Computer Training ကို OrientationCourse ကနေစပြီး SystemAnalyst and DesignCourse တွေအထိ နှစ်နှစ်ကျော်တက်ခဲ့ပါတယ်။ သင်တန်းအောင်ပြီးတော့ မြန်မာ့အာမခံမှာပဲ System Analyst အဖြစ် ဆက်လုပ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကရွေးချယ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွက် အငယ်တန်းကွန်ပျူတာစိစစ်ရေးမှူးစာမေးပွဲကိုဝင်ဖြေတော့ အောင်တာကြောင့် အဲဒီမှာပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။

၁၉၉၆ခုနှစ် MIT . . .

ကုမ္ပဏီစတင်တည်ထောင်တဲ့အချိန်မှာ မန်နေဂျာတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး IT Professional Life ကို စတင်ခဲ့တာပါ။မိမိစလုပ်ခဲ့တဲ့အချိန်ကစလို့ IT လုပ်ငန်းတွေ စတင်ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာခဲ့ပါတယ်။ ဈေးကွက်တွေ ပိုချဲ့ထွင်လာနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလိုအပ်ချက်တွေကို နည်းပညာ software တွေရဲ့ အကူအညီနဲ့ ပိုမိုဖြေရှင်းဆောင်ရွက်ပေးလာနိုင်တဲ့အတွက် Business Software Solution အပိုင်းကို ပိုမိုစိတ်အားထက်သန်စွာ ဆောင်ရွက်လာခဲ့ပါတယ်။

Professional Career မှာ လုပ်ခြင်းရဲ့ကောင်းကျိုးဆိုးကျိုး . . .

ကျွန်မတို့ ဒီ Company ကို စတင်လုပ်ဆောင်တဲ့အချိန်မှာ အားလုံးကအချိန်ပြည့် စိတ်ရောကိုယ်ပါအလုပ်မှာ နှစ်မြှုပ်လုပ်ကိုင်ခဲ့တဲ့အတွက် အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ Customer တွေရဲ့ ယုံကြည်မှုကိုလည်းရရှိခဲ့သလို သူတို့အောင်မြင်မှုတွေကိုရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Work-LifeBalance ကတော့ လိုပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာတော့ မိသားစုအတွက် ကြိုးစားပြီး အချိန်ပေးဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းခွင်အတွင်း Stress များတဲ့အခါမျိုးမှာတောင် အချိန်အကြာကြီးဖြစ်နေလို့ မရပါဘူး။ ကိုယ့်အောက်က ဝန်ထမ်းတွေက ကိုယ်အားလျော့နေရင် သူတို့ကပိုပြီးအားလျော့တတ်ကြတာမို့လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်မှုတွေကြားမှာ ရေရှည်အောင်မြင်နိုင်ဖို့ခက်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို လျင်မြန်စွာချမှတ်နိုင်ဖို့အတွက် စီမံခန့်ခွဲမှုနည်းပညာအပိုင်း (Software Solution) နဲ့ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်တဲ့အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်။

Professional Career မှာ ရပ်တည်နိုင်အောင်ဘာတွေပြင်ဆင်ဖို့လိုလဲ၊ ဘာတွေမဖြစ်မနေလုပ်ဖို့လိုလဲ . . .

စဉ်ဆက်မပြတ်တိုးတက်နေတဲ့ နည်းပညာတွေကို လေ့လာပြီး Customer တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကိုယ်အလုပ်လုပ်နေတဲ့ နယ်ပယ်အလိုက် သိသင့်သိထိုက်တာတွေကို Update သိထားဖို့ လိုပါတယ်။ Technical Details ကို မသိတောင် DomainKnowledge တွေတော့ သိဖို့လိုပါတယ်။

Self Employment အဖြစ် ပြောင်းလဲချင်ပါသလား . . .

လက်ရှိအချိန်အထိတော့ မစဉ်းစားပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိလုပ်နေတဲ့ အလုပ်မှမဟုတ်ပါဘူး။ အရင်တုန်းက အစိုးရဝန်ထမ်းအဖြစ်လုပ်ခဲ့တုန်းကတည်းက ကိုယ်လုပ်ခဲ့တဲ့ အလုပ်တိုင်းကို ကိုယ်ပိုင်အလုပ်လို့ပဲ သဘောထားပြီး လုပ်ကိုင်လာခဲ့တာကြောင့် ဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းမလုပ်ဖြစ်တဲ့ အချက်တွေကတော့ ဒီအလုပ်က ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်နေရတာဖြစ်တယ်။ မလိုအပ်ဘဲနဲ့ Change မလုပ်ချင်တာ၊ လစာအတွက်ဖြစ်စေ၊ အကျိုးခံစားခွင့်တစ်ခုအတွက်ဖြစ်စေ နောက်အလုပ်တစ်ခုကို ပြောင်းဖို့မစဉ်းစားခဲ့တာဖြစ်ပါတယ်။ လက်ရှိ MIT မှာ ကျွန်မဝန်ဆောင်မှုပေးနေရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက လုပ်ငန်းရှင်တွေရဲ့ ကိုယ့်အပေါ်ထားတဲ့ Respect ၊ နောက်ပြီးMIT နေနဲ့ လက်ရှိအခြေအနေအထိရောက်အောင် ကျွန်မအနေနဲ့ တစ်တပ်တစ်အားအဖြစ် ပါဝင်ခဲ့တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူမှုစတဲ့ အကြောင်းအရာတွေကလည်း MIT မှာ ရေရှည်လုပ်ကိုင်ဖို့အတွက် တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။ကျွန်မက MIT အောင်မြင်မှုကို ကျွန်မရဲ့အောင်မြင်မှုလို့ပဲ မှတ်ယူထားပါတယ်။

အခုမှလုပ်ငန်းခွင်ထဲဝင်မယ့်သူတွေကို ဘယ်လိုအကြံပေးချင်ပါသလဲ . . .

ကျွန်မတို့ဆီမှာ အခုမှအလုပ်စဝင်တဲ့ ကလေးတွေကိုဆိုရင်တော့ အမြဲပြောပြဖြစ်တာက စိတ်ကောင်းရှိရမယ်။ ဒါက အရေးအကြီးဆုံးပါပဲ။ မတော်တာက တော်အောင်သင်လို့ရပါတယ်။ စိတ်ကောင်းမရှိတာကိုတော့ စိတ်ကောင်းရှိအောင် သင်လို့မရပါဘူး။ နောက်တစ်ချက်ကတော့ အလုပ်လုပ်ချင်စိတ်ရှိရပါမယ်။ ပိုက်ဆံလိုချင်လို့ အလုပ်လုပ်တာ မဟုတ်စေရဘူး။ အလုပ်လုပ်ချင်လို့ကို အလုပ်လုပ်တာ ဖြစ်ရပါမယ်။ သဘောက အလုပ်ကို Hungry ဖြစ်ရပါမယ်။ နောက်ဆုံးတစ်ခုကတော့ ခေတ်စကားနဲ့ပြောရရင်တော့ အထူအပါးနားလည်ရမယ်။ ဆိုလိုတာက အလိုက်သိတတ်တာပေါ့။ နေရာဒေသနဲ့လိုက်ပြီး၊ အခြေအနေကိုကြည့်ပြီး လုပ်သင့်မလုပ်သင့်၊ ပြောသင့်မပြောသင့် ဆုံးဖြတ်နိုင်သိနိုင်ရပါမယ်။ အကျိုးအကြောင်းကို ဆင်ခြင်နိုင်ရပါမယ်။ ဒါတွေကတော့ အခုခေတ်လူငယ်တိုင်းအတွက် အရေးကြီးပါတယ်။

ဒါကြောင့် အလုပ်ခေါ်တဲ့ အင်တာဗျူးတိုင်းမှာလည်း လူငယ်တွေကို ပြောပြဖြစ်ပါတယ်။ ရုံးက လူငယ်တွေကိုလည်း အမြဲပြောပြဖြစ်ပါတယ်။ ဒီအချက်တွေက သူတို့အတွက် ဘယ်နေရာမှာပဲ ဝင်လုပ်လုပ်မဖြစ်မနေသိထားသင့်တဲ့ အချက်တွေပါပဲ။ အခုမှအလုပ်ဝင်လာမယ့် လူငယ်တွေအနေနဲ့ MBA တက်ထားတာပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ပညာသင်လာတာပဲဖြစ်ဖြစ် ကိုယ်လုပ်ရမယ့် လုပ်ငန်းခွင်မှာ သင်ထားတဲ့ပညာတွေကို  အဆင်ပြေအောင်ထုတ်မသုံးတတ်ရင် အလကားပါပဲ။ ပညာတတ်တာနဲ့ လုပ်ငန်းခွင်မှာ အသုံးချတတ်တာနဲ့က တခြားစီဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကောင်းရှိရမယ်၊ အလုပ်ကို Hungry ဖြစ်ရမယ်၊ အကျိုးအကြောင်းကို ဆင်ခြင်နိုင်ရမယ်ဆိုတဲ့ အချက်တွေက ဘယ်လုပ်ငန်းခွင်အတွက်မဆို အရေးပါတယ်လို့ ကျွန်မယူဆပါတယ်။

 

U Minn Wint Oo

ဦးမင်းဝင့်ဦး

Deputy Managing Director

AYA Bank

ဘာကြောင့် Professional Career မှာလုပ်နေတာလဲ . . .

Professional ဆိုတဲ့နေရာမှာ Corporate Enterprise မှာ လုပ်တဲ့ Professional ၊ Self-Employed လုပ်တဲ့ Professional ၊Entrepreneur လုပ်တဲ့ Professional စသဖြင့် ဘယ်လိုပုံစံမျိုးနဲ့ပဲလုပ်ရလုပ်ရ ကျွန်တော့် Career ကို IT နဲ့ပဲသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော် Self-Employed လည်းလုပ်ဖူးတယ်။ Corporate တွေမှာလည်း လုပ်ဖူးတယ်။ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း IT Professional အနေနဲ့လည်း လုပ်ခဲ့ဖူးပါတယ်။ ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ကျွန်တော်လုပ်လာတာ နှစ်နှစ်ဆယ်လောက်ရှိပါပြီ။

ကျွန်တော်က Electronic (BE) နဲ့ကျောင်းပြီးခဲ့ပေမယ့် Electronic Engineer မလုပ်ဘဲနဲ့ IT Engineer ဘက်ကိုပဲလုပ်ဖြစ်ခဲ့တယ်။ Electronic ပိုင်းကိုယူခဲ့တယ်ဆိုတာကလည်း ကွန်ပျူတာနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေပါလို့ပါ။ IT မှာကလည်းNetworking ၊ Hardware ၊Software စသဖြင့် ဘာသာရပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်က IT က ရှိသမျှဘာသာရပ်တွေအားလုံးကို လုပ်ခဲ့တယ်။

AYA Bank မှာလုပ်နေတာ ခြောက်နှစ်ကျော်ရှိပါပြီ။ Network နဲ့ပတ်သက်တဲ့ Infrastructure တွေ၊ System တွေ၊ Applicatio ပိုင်းတွေလုပ်တယ်။ အဓိက Project တွေကို တစ်ခုပြီးတစ်ခု တောက်လျှောက်လုပ်ခဲ့ပါတယ်။ Payment တွေ၊ Card တွေ၊Banking Application တွေ ဖြစ်လာတယ်။ နောက်ထပ်တစ်ဆင့်တက်လာတဲ့ အချိန်မှာ ATM တွေ၊ Card တွေနဲ့ပတ်သက်လို့ National Level အထိအောင် လုပ်ခဲ့တယ်။ အဲဒါတွေပြီးတော့ International နဲ့ ချိတ်ဆက်တဲ့အပိုင်းတွေကို ဆက်လက်လုပ်ခဲ့ပါတယ်။ အခုချိန်ထိလည်း တိုးချဲ့လုပ်ဆောင်နေတုန်းဖြစ်သလို ထပ်ပြီး Setup လုပ်နေတာတွေလည်း အများကြီးရှိပါတယ်။ ITနဲ့ ဆက်စပ်တဲ့ Project တွေပဲ တောက်လျှောက်လုပ်သွားမှာ ဖြစ်ပါတယ်။

Professional Career မှာ လုပ်ခြင်းရဲ့ကောင်းကျိုးဆိုးကျိုး . . .

ကျွန်တော်ဘဏ်မှာ မလုပ်ခင်တုန်းက ကိုယ်ပိုင်အလုပ်လုပ်ခဲ့တာတွေရှိတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာ ကျွန်တော်လုပ်ချင်တဲ့ IT တစ်မျိုးတည်းကိုပဲလုပ်လို့ မရဘူး။ Management ၊Marketing ၊HR ပိုင်းတွေ အကုန်လုပ်ရတယ်။ ကိုယ့်ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းဖြစ်တဲ့အတွက် ကိုယ်လုပ်ချင်တဲ့ IT ကိုပဲလုပ်လို့မရတော့ဘူး။ တခြား Business ပိုင်းတွေပါလာတယ်။ Business နဲ့ပတ်သက်တာတွေ လေ့လာရတယ်။

ကျွန်တော် ဒီမှာ Professional အလုပ်လုပ်တဲ့အခါအလုပ်လည်း လုပ်နိုင်တယ်။ Structure ကျကျလည်းလုပ်လို့ရတယ်။ အသစ်တွေလည်း အများကြီး ထပ်လေ့လာနေလို့ရတယ်။ Managementတွေ၊ Marketing တွေ၊ HR တွေကို သက်ဆိုင်တဲ့လူတွေကလုပ်သွားလိမ့်မယ်။ ကိုယ်ကတော့ ကိုယ်စိတ်ဝင်စားတဲ့ IT ဘက်ကိုပဲ အာရုံစိုက်ပြီးလုပ်လို့ရတယ်။ များသောအားဖြင့် IT သမားဆိုတာ ရပ်နေတဲ့သူတွေမဟုတ်ဘူး။ အသစ်သစ်တွေဆီကို အမြဲတမ်းဆက်သွားနေတယ်။ ရှေ့ဆက်သွားဖို့အခွင့်အလမ်းတွေ အများကြီးရှိသလို အချိန်လည်းအများကြီးရတယ်။ နောက်ထပ်သွားနိုင်တဲ့ လမ်းကြောင်းအသစ်တွေလည်း ကိုယ်က မြင်နေရတယ်။ သွားဖို့လည်း ကိုယ့်မှာအခွင့်အရေးအပြည့်ရှိတယ်။ အဲဒီမှာ ကိုယ်သွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာ စိတ်ကြိုက်ရွေးချယ်သွားလို့ရတယ်။

လုပ်ငန်းတစ်ခုတည်းအတွက်ပဲ ကိုယ်ကမစဉ်းစားဘူး။ ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်းကျင်၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် စဉ်းစားတဲ့အခါမှာ သူများနိုင်ငံတွေက ဘာတွေလုပ်နေလဲ၊ နိုင်ငံတကာနဲ့ ယှဉ်နိုင်ဖို့ ကျွန်တော်တို့က လုပ်စရာတွေ အဆင့်ဆင့် ရှိနေပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေကတော့ ကိုယ်ရပ်တည်တဲ့ Corporat ပေါ်မှာမူတည်ပါတယ်။ Corporate က Support ဖြစ်တဲ့၊ Stable ဖြစ်တဲ့ Corporate မျိုး ဖြစ်ဖို့တော့လိုပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်တာကတော့ လုပ်ငန်းတစ်ခုလည်ပတ်ဖို့ အများကြီးကြိုးစားရတယ်။ ကိုယ်ကအချိန်မပေးနိုင်တဲ့အခါ နောက်ထပ်နည်းပညာအသစ်တွေဘက်ကို ဆက်သွားနိုင်ဖို့က အခက်အခဲဖြစ်လာပါတယ်။ Professional ဆိုတာက ကိုယ်သွားချင်တဲ့ Career တစ်ခုမှာ ကိုယ်လေ့လာချင်တဲ့ အတတ်ပညာလမ်းကြောင်းတစ်ခု ရှိနေမယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်းဘက်ကို မသွားတာကောင်းပါတယ်။ ဒါမှမဟုတ် ကိုယ်ကကုမ္ပဏီတစ်ခု၊ လုပ်ငန်းတစ်ခုထူထောင်ချင်တယ်ဆိုရင်တော့ Professional အနေနဲ့ ရပ်တည်တာ အဆင်မပြေပါဘူး။

IT နဲ့ပတ်သက်တဲ့ Professional Career မှာ ရည်တည်နိုင်အောင် ဘာတွေပြင်ဆင်ဖို့လိုလဲ၊ ဘာတွေမဖြစ်မနေ လုပ်ဖို့လိုလဲ . . .

ဘယ်လို Professional အတွက်ပဲဖြစ်ဖြစ် ရူးသွပ်ဖို့တော့လိုပါတယ်။ ကိုယ်ဝါသနာပါတယ်ဆိုတာ ကိုယ်တကယ်သိရင် သိပ်ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ သူများနဲ့မတူတာက ကျွန်တော်တို့ IT သမားတွေက ရပ်နေလို့မရဘူး။ အမြဲတမ်း ရှေ့ဆက်လေ့လာနေရမယ်။ ရပ်နေရင် ကိုယ်ကနောက်ကျန်ခဲ့မှာပါပဲ။ မြန်မာနိုင်ငံက IT Industry သူများနိုင်ငံနဲ့ယှဉ်လိုက်ရင် အတော်သေးပါသေးတယ်။ ထပ်ကြီးလာနိုင်တဲ့အခွင့်အရေးလည်းရှိတယ်။ ထပ်တိုးချဲ့လို့လည်းရတယ်။ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ IT Industry က သေးသေးလေးပါ။ ဒီသေးသေးလေးကိုတောင် နှံ့စပ်အောင်မလေ့လာနိုင်ရင် သူများနိုင်ငံကို ယှဉ်နိုင်ဖို့လွယ်မှာ မဟုတ်ဘူး။ ကိုယ်က နိုင်ငံတကာအထိ ရောက်အောင်သွားချင်တယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက IT နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ဘယ်လိုနေရာကနေပဲဖြစ်ဖြစ် စလေ့လာပြီးဝင်လုပ်လိုက်ရင် တဖြည်းဖြည်းနဲ့ ဆက်သွားလို့ရမယ်လို့ထင်ပါတယ်။ ဒီအတိုင်း ကိုယ့်ဟာကိုယ်လေ့လာနေရုံလေး မဟုတ်ဘဲနဲ့ တကယ်လုပ်နေတဲ့ လက်တွေ့လုပ်ငန်းခွင်တွေကို အရင်ထိတွေ့လိုက်ဖို့လိုပါတယ်။

ဘဏ်တွေမှာရှိတဲ့ IT ရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်လာသလဲဆိုတော့ ဒီဘက်ခေတ်မှာဘဏ်တွေကို ဘဏ်တွေလို့မမြင်ဘဲနဲ့ IT Company အကြီးစားတစ်ခုလို့ မြင်လာတယ်။ ကမ္ဘာမှာ Device အသစ်တွေပေါ်တယ်၊ Technology အသစ်တွေပေါ်တယ်ဆိုရင် အဲဒါတွေကို အများဆုံးသုံးပြီး တကယ်အသုံးချနေတာက ဘဏ်တွေပဲဖြစ်လာတယ်။ ဘဏ်တွေက ငွေကြေးကိစ္စဖြုတ်လိုက်ရင် တကယ့် IT Company ကြီးတွေပါ။ Application တွေ အများကြီးကို တကယ်တမ်း အသုံးချနေတဲ့ IT Company တွေပါ။ IT မှာ Banking Industry ဆိုပြီးတစ်မျိုးသီးခြားခွဲထွက်ပြီးရှိပါတယ်။ ဒါကြောင့် ဒီဘက်မှာရပ်တည်ချင်ရင် IT ဘက်မှာ Domain Knowledge ရှိဖို့လိုသလို၊ Exposure လည်းရှိဖို့လိုပါတယ်။ Banking Industry မှာ လုပ်နေတဲ့ IT Professional က မြန်မာပြည်မှာ လက်ချိုးရေလို့ရပါတယ်။ တအားနည်းပါတယ်။ အမှန်က လူနည်းနည်းလေးနဲ့ ဒီ Industr ကြီးတစ်ခုလုပ်ရတာ ကျွန်တော်တို့အတွက် အင်မတန်ခက်ခဲပါတယ်။ ဒီဝန်းကျင်က ဒီထက်အများကြီး ကျယ်ပြန့်လာနိုင်သေးတယ်။ ကျွန်တော်တို့ရှေ့ဆက်ဖို့ အများကြီး လိုပါသေးတယ်။ အခုချိန်မှာ ကျွန်တော်တို့ဆီမှာ လူနည်းနေတဲ့အတွက် နိုင်ငံခြားကလူတွေကလာပြီး ဝင်လုပ်နေကြတယ်။ မြန်မာနိုင်ငံမှာ ဘဏ်တွေအများကြီးလည်းမရှိပါဘူး။ အများကြီးမရှိတဲ့အတွက် ဘယ်သူတွေက ဘယ်နေရာမှာလုပ်နေလဲဆိုတာ လက်ချိုးရေလို့ရတယ်။ ဒီနေရာမျိုးမှာ ကျွန်တော်တို့က နိုင်ငံသားတွေ ဝင်လုပ်နိုင်ဖို့ အများကြီးမျှော်လင့်ပါတယ်။

Self Employment အဖြစ် ပြောင်းလဲချင်ပါသလား . . .

Professional အလုပ်ကနေ နားတဲ့အချိန်ရောက်ရင်တော့ ကျွန်တော့်အတွေ့အကြုံတွေ၊ နည်းပညာတွေကို ပြန်ပြီး Share လုပ်တာမျိုးလို Self Employment အမျိုးပဲ လုပ်ဖြစ်မယ်ထင်ပါတယ်။

 

U Myo Than

ဦးမျိုးသန်း

Head of HR and Learning and Development

PUMA Energy Myanmar

Professional Career နဲ့ Self-Employed ကို ရွေးချယ်မှု . . .

လူတိုင်းက ဝန်ထမ်းလုပ်မလား၊ လုပ်ငန်းရှင်လုပ်မလားဆိုတဲ့ အပိုင်းနှစ်ပိုင်းကို ရွေးချယ်ရတယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ အားလုံးက ကိုယ်ပိုင်လုပ်ငန်းက အကောင်းဆုံးလို့ ယူဆကြသလို လုပ်လည်းလုပ်ချင်ကြတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးမှာ အားသာချက်၊ အားနည်းချက်လေးတွေ ရှိတယ်။ ဘယ်လမ်းက ကိုယ့်အတွက် သင့်တော်မလဲဆိုတာ ရွေးကြတယ်။  လူတိုင်းကတော့ ကိုယ်လုပ်တဲ့အလုပ်ကို အောင်မြင်ချင်တာက သဘာဝပါ။ ဒါကြောင့် အရွေးမမှားရအောင် ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို အရင်စဉ်းစားရွေးချယ်စေချင်ပါတယ်။ ကိုယ်က ဘယ်လမ်းကိုရွေးမလဲဆိုတာ ရွေးချယ်မှုမှာအရေးကြီးသလို၊ အသက်အရွယ်အပိုင်းအခြားနဲ့လည်း သက်ဆိုင်ပါတယ်။

ကျွန်တော်က ဒီအသက်အရွယ်မှာ Professional ကိုပဲ ရွေးချယ်ပြီး ဘာဖြစ်လို့ Entrepreneur မလုပ်တာလဲဆိုတော့ အသက်အရွယ်နဲ့လည်း ဆိုင်တယ်။ ခေတ်နဲ့လည်း ဆိုင်သွားတယ်။ အဓိကက မှန်ကန်တဲ့လမ်းကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ Career က ဘာလဲဆိုတာ သိရမယ်။ ကိုယ့်ရဲ့ Career က မှန်သလား မှားသလားဆိုတာထက် ကိုယ်က ဒီ Career မှာ ပျော်နေသလား၊ ကိုယ့်အတွက် တိုးတက်မှုတွေရှိနေသလား၊ ကိုယ်လုပ်ချင်တာနဲ့ လုပ်နေရတာ တစ်ထပ်တည်းကျသလားဆိုတာ အရေးကြီးတယ်။ ကိုယ်လုပ်ချင်တာနဲ့ ကိုယ်လုပ်နေရတာ တစ်ထပ်တည်းကျတယ်ဆိုရင် ကိုယ့်ရဲ့ Career  က ရွေးချယ်မှုမှန်ကန်တယ်လို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့ Career က မှန်လား မှားလားဆိုတာကို အမြဲတမ်းဆန်းစစ်နေရပါသေးတယ်။ ရွေးချယ်ပြီးတော့ တစ်သက်လုံး ဒါကိုပဲလုပ်သွားရမယ်ဆိုတာမျိုး မရှိပါဘူး။ တစ်ခါတလေမှာ Career ပြောင်းတာတွေလည်း ရှိပါတယ်။ Professional Career ပြောင်းတာက ကိုယ်အတိုင်းအတာတစ်ခုအထိ ကြိုးစားခဲ့ပြီး ကိုယ်လိုချင်တဲ့ Career မဟုတ်ဘူးဆိုရင် ပြောင်းနိုင်ခွင့်ရှိတယ်။ အကောင်းဆုံးကတော့ မလုပ်ခင်ကစဉ်းစားစေချင်တယ်။ ဆုံးဖြတ်ချက်မချခင်မှာ ကိုယ်ကျွမ်းကျင်တာက ဘာလဲ၊ ကိုယ်လုပ်ချင်တာကဘာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်ပါ။

Career ရွေးချယ်တဲ့အခါ နှစ်ပိုင်းရှိတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်မှာလား၊ Professional လုပ်မှာလား။  လူတွေထင်တာက ကိုယ်တိုင်ထပြီးလုပ်တာကိုပဲ ကိုယ်ပိုင်လုပ်ငန်းလို့ထင်ကြတယ်။ ကျွန်တော်ကတော့ ကိုယ်ပိုင်လုပ်ငန်းမှာ နှစ်မျိုးရှိတယ်လို့ လက်ခံထားတယ်။ ပထမတစ်မျိုးက ကိုယ်တိုင်လုပ်ငန်းစတည်ထောင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှိတယ်။ ဒုတိယတစ်မျိုးက သူများလုပ်ပြီးသားလုပ်ငန်း၊ သူများကမအောင်မြင်လို့ ကိုယ်က အောင်မြင်အောင် ပြန်ပေးလုပ်တဲ့အခါမှာလည်း ကိုယ်က ကိုယ်ပိုင်လုပ်ငန်း၊ လုပ်ငန်းရှင်အငှားသဘောမျိုး ဖြစ်တယ်။ ကျွန်တော်လုပ်နေတာတွေက ဒုတိယလုပ်ငန်းရှင်အမျိုးအစားထဲမှာပါတယ်လို့ ခံယူထားတယ်။ ဝန်ထမ်းလား၊ လုပ်ငန်းရှင်လားဆိုရင်တော့ ကျွန်တော်လုပ်နေတာက ဝန်ထမ်းပါပဲ။ ဒါပေမဲ့ ကိုယ်ကဝန်ထမ်းလုပ်နေပြီး ဝန်ထမ်းစိတ်ဓာတ်မထားဘဲ လုပ်ငန်းရှင်စိတ်ထားနဲ့ အလုပ်လုပ်နေတယ်ဆိုရင် ကိုယ်လည်း လုပ်ငန်းရှင်တစ်ယောက်ပါပဲ။ သူများဆီမှာ ဝန်ထမ်းလုပ်နေပေမယ့် ကိုယ့်လုပ်ငန်းလည်ပတ်ပေးနေသလို ခံစားပြီးလုပ်မယ်ဆိုရင် ကိုယ်လည်းလုပ်ငန်းရှင်ဖြစ်တယ်။ Public Listed ကုမ္ပဏီတွေ တိုးလာခဲ့ရင်၊ Stock Exchange တွေဝင်လာခဲ့ရင် အဲဒီဝန်ထမ်းတွေကပဲ Public Listed ကို လည်ပတ်ရင်း ဆရာကြီးတွေ ဖြစ်သွားကြတာ ပဲ။ဒီတော့ ကိုယ့်အလုပ်မှာ ပျော်နေရဲ့လား၊ ကိုယ် လုပ်နေတာတွေက တကယ်အောင်မြင်တိုးတက်မှုရှိလားဆိုတာ ဆန်းစစ်ပါ။ ဘယ်နေရာပဲရောက်ရောက် အောင်မြင်အောင်လုပ်ဖို့က အဓိကလို့ ပြောလို့ရပါတယ်။

Professional Career မှာ ရပ်တည်နိုင်ဖို့ လိုအပ်ချက်တွေ . . .

Career ကိုမကြောက်ပါနဲ့။ Professional Career ပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းမှာပဲဖြစ်ဖြစ် Challenge တွေ လာမှာပဲ။ Challenge က ဘာလဲဆိုတာ ကြိုတင်လေ့လာလို့ရရင်လေ့လာပါ။ တစ်ခါတလေ ပြင်ဆင်ဖို့ အချိန်မ ပေးဘဲ ချက်ချင်းပေါ်လာတဲ့ Challenge တွေဆိုရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့အပေါ်မှာ တအားမူတည်သွားပါတယ်။ သူများဆီမှာပဲ ဝန်ထမ်းလုပ်လုပ်၊ ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ် Business Leader လို့ခေါ်တဲ့ သူတွေက လုပ်ငန်းကို ဦးဆောင်တယ်၊ လုပ်ငန်းကို Drive လုပ်တယ်။ အဲဒီအခါမျိုးမှာ ကိုယ်ကလုပ်ငန်းကို ဦး ဆောင်နေတဲ့သူ၊ လုပ်ငန်းကိုလည်ပတ်စေတဲ့သူဆိုရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုရှိလာမယ်။ ကိုယ်က Motivator လား၊ ဒါမှမဟုတ် သူများက ကိုယ့်ကို Motivate လုပ်နေရသလား၊ ကိုယ်ဘယ်နေရာရောက်နေသလဲဆို တာကြည့်ပါ။ ကိုယ်က လုပ်ငန်းမှာပျော်နေသလား၊ တန်ဖိုးထားအလေးပေးခံနေရသလားဆိုတဲ့အပေါ်မှာ မူ တည်ပြီးတော့ Professional Career က တက်ပါတယ်။ နောက်တစ်ခုက ဘယ်အလုပ်မှာပဲဖြစ်ဖြစ် လုပ်ငန်းရှင်နဲ့ အလုပ်သမားလို ဖိနှိပ်ပြီး ဆက်ဆံခံနေရရင် ဘယ်မှာမှ ပျော်မှာမဟုတ်ပါဘူး။

Professional Career နဲ့ Self-Employed တို့ရဲ့ အားသာချက်၊ အားနည်းချက်

Self-Employed ဆိုတာက ကိုယ်ပိုင်အလုပ်လုပ်တယ်၊ ကိုယ်တိုင်တည်ထောင်တယ်။ ကိုယ်တိုင်တည်ထောင်တဲ့ သူဖြစ်လို့ လုပ်ငန်းရှင်ဖြစ်သွားတယ်။ လုပ်ငန်းလုပ်နေတာက ကိုယ်အမြတ်ရဖို့၊ ကိုယ့်အကျိုးအတွက် ကိုယ် လုပ်နေတယ်လို့ ခံစားရတယ်။ လုပ်ငန်းရှင်လို့ ပြောတဲ့ အခါ Freedom တအားရှိသွားတယ်။ ကိုယ်လုပ်ချင်ရင် ထလုပ်လိုက်လို့ရသလို မလုပ်ချင်ရင်လည်း ထိုင်နေလို့ ရတယ်။ ကိုယ်လုပ်ချင်လို့ ထလုပ်လိုက်တဲ့အခါမှာလည်း ကိုယ်တိုင်လုပ်မှာလား၊ သူများကို ကိုယ်ကကန်ထရိုက် နဲ့ အစားလုပ်စေမှာလားဆိုတာ ပြန်စဉ်းစားလို့ရတယ်။ Construction တွေမှာလည်း သူများက ဆောက်ခွင့်ရတဲ့ နေရာမှာ ကိုယ်ကတစ်ပိုင်းပါပြီး ဆောက်မှာလား၊ SME တွေလိုမျိုး ဘယ်လိုအပိုင်းမှာ ပါမလဲဆိုတာ ကိုယ်တိုင်ရွေးလို့ရတယ်။ အဲဒီမှာ လူတွေက သူတို့မှာပိုက်ဆံရှိတယ်၊ သူတို့ကိုယ်တိုင် Developer လုပ်မယ်လို့ ပြောတယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကိုယ့်မှာ ပိုက်ဆံရှိတယ်၊ အချိန်လည်းရှိတယ်၊ အရင်းအမြစ်တွေလည်း ရှိတယ်ဆို ရင် ကိုယ်ကိုယ်တိုင် တိုက်ကြီးကို ထဆောက်နိုင်တယ်။ နောက်ပြီး Inter Contracters တွေက Sub Contract ယူ တာကလည်း လုပ်ငန်းရှင်တွေပါပဲ။ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့ သူတွေက အချိန်ပြည့်လုပ်မှာလား၊ အချိန်ပိုင်း လုပ်မှာလား ရွေးပိုင်ခွင့်ရှိတယ်။ တစ်နေ့ကို ဘယ်နှနာရီ လုပ်မယ်၊ တစ်နေ့လုံးလုပ်မယ်၊ ပိတ်ရက်မရှိလုပ်မယ် ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ သွားလာရတဲ့ ခရီးတွေကိုလည်း ရွေးပိုင်ခွင့်ရှိတယ်။ ကိုယ်ကပိုင်ရှင်ဖြစ်တဲ့အ တွက် အသွားအလာမလုပ်ချင်ဘူး၊ ရုံးခန်းမှာပဲနေမယ်၊  ဒါမှမဟုတ် ကိုယ့်အိမ်မှာပဲ ကိုယ်ရုံးခန်းဖွင့်မယ်ဆိုလည်းရတယ်။ ကိုယ်သွားရမယ့်ခရီးကို ချုံ့လိုက်လို့ရတယ်။လုပ်ချင်တာလုပ်လိုက်လို့ရတယ်။ ကိုယ့်အချိန်တွေကို လည်း ပိုင်တာဖြစ်လို့ သုံးချင်သုံးမယ်၊ မသုံးချင်အိပ်နေမယ်။ Freedom က သိပ်ကိုပေါ်လွင်နေတယ်။ အဲဒီတော့ ပြန်ပြောရင် အောင်မြင်အောင်လုပ်တာလည်း ကိုယ်ပဲ၊ ရှုံးအောင်လုပ်တာလည်း ကိုယ်ပဲ။ ကိုယ်ပိုင်လုပ်ငန်းက အပူအပင်မဲ့လကုန်တာနဲ့ လခလက်ဖြန့်တောင်းတာနဲ့ မတူတော့ဘူး။ ကိုယ်ပိုက်ဆံရှာနေရင် ကိုယ်ရမယ်။ ကိုယ်ဆက်မလုပ်ချင်ဘူးဆိုလည်းရတယ်။ ဆက်လုပ်ရင်လည်းရတယ်။ ကိုယ့်ပေါ်မှာပဲ မူတည်တယ်။ အားလပ်ရက် ပိတ်ရက်ဆိုတာမရှိဘူး။ တနင်္ဂနွေလည်းဖွင့်တယ်၊ အစိုးရရုံးပိတ်ရက်တွေလည်း ဖွင့်တယ်။ ဝန်ထမ်းတွေဆိုရင်တော့ ရုံးပိတ်ရက်တွေ မျော်ကြတယ်။ ရုံးပိတ်ရက်တွေဆိုရင် နားရမယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ သူတွေကတော့ ကိုယ်နားချင်နားမယ်၊ မနားချင်လည်း မနားဘူး။ လုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူးဆိုတဲ့ Freedom ရှိတယ်။ အဲဒီ Freedom က တော်တော်ကြောက် ဖို့ကောင်းတယ်။ အဲဒီ Freedom ကို အသုံးချတတ်မယ်ဆို ရင် တိုးတက်အောင်လုပ်နိုင်တာလည်း ကိုယ်ပဲ၊ Freedom တအားလွတ်သွားတော့ ပျက်စီးအောင်လုပ်တာလည်း လုပ်နိုင်တယ်။Self-Employed မှာ ကိုယ်ပဲ Boss၊ ကိုယ် ပဲတပည့်ဖြစ်တယ်။ ကိုယ့်အထက်မှာ Boss မရှိဘူး၊ ဘယ်လောက်ကြောက်စရာကောင်းလဲ။ ကိုယ်က Boss ဖြစ်နေတဲ့အတွက် ကိုယ့်အောက်က တပည့်တွေကို ကိုယ်ပြန်မေးလို့မရဘူး။ အဲဒီအချိန်မှာ ကိုယ့်လမ်းညွှန်မှု၊ ဦးဆောင်မှုတွေက လမ်းမှန်ဖို့လိုလာတယ်။ လုပ်ငန်းအောင်မြင်ဖို့အပြင် ကိုယ့် Team အောင်မြင်ဖို့အတွက်လည်းလုပ်ရမယ်။ အမေရိကန်မှာ တော်တော်များများက Self-Employed တွေ၊ Home Office တွေ ဖြစ်ကုန်ကြတယ်။ မိန်းကလေးဖြစ်နေလို့ အိမ်မှုကိစ္စတွေ လုပ်နေရမယ်ဆို ရင်တောင် အွန်လိုင်းကနေ အလုပ်လုပ်လို့ရတယ်။ အွန်လိုင်းကနေ Secretary အလုပ်ပဲသုံးခုလောက် လုပ်နေရင်လည်းရတယ်။ ကိုယ်လုပ်နိုင်သလောက် ပိုက်ဆံဝင်တယ်။ အားနည်းချက်တစ်ခုက ကိုယ့်အထက်မှာ ခေါင်းဆောင်မရှိတဲ့အတွက် ကိုယ့်ရဲ့ဦးဆောင်မှုက မှန်တယ် မှားတယ်ဆိုတာ ပြောပြမယ့်သူမရှိဘူး။ နောက်တစ်ခုက ထိပ်ဆုံးမှာရှိနေတဲ့သူတစ်ယောက်က သူ့မှာမိတ်ဆွေ နည်းသွားတယ်။ တိုင်ပင်ဖော်တိုင်ပင်ဖက် ပိုနည်းသွား တယ်။

          ဝန်ထမ်းဆိုရင်တော့ လကုန်ရင်လစာရမယ်။  လစာထုတ်ရက်တွေဆိုရင် ဝန်ထမ်းတွေက ပျော်နေကြ ပြီ။ ဘာဖြစ်လို့လဲဆိုတော့ လစာထုတ်ရက်မှာ လစာရမယ်ဆိုတဲ့စိတ်က ဝင်နေပြီးတော့ စိတ်ပူစရာဘာမှမရှိဘူး။ ဒီပိုက်ဆံတွေရအောင် ဘယ်ကရှာရမလဲဆိုတာ သူနဲ့မဆိုင်ဘူး။ ဝန်ထမ်းတွေက ကိုယ့်လုပ်ငန်းရှင်ထက် ကိုယ့်အထက်က အထက်လူကြီးနဲ့ ပိုပြီးသက်ဆိုင်သွား တယ်။ Managing Director ဖြစ်ဖြစ်၊ General Manager ဖြစ်ဖြစ် လခယူထားတဲ့သူတွေ အကုန်လုံးက ဝန်ထမ်း တွေပဲဖြစ်တယ်။ အားလုံးသောသူတွေက အဲဒီလစာကို မျှော်ကြတယ်။ သူတို့ကိုခန့်ထားတဲ့နေရာမှာ အလုပ်ပြီးမြောက်အောင်လုပ်ဖို့ ခန့်ထားတယ်။ သူတို့ရဲ့လုပ်ဆောင်နိုင်မှုပေါ်မူတည်ပြီးတော့ လစာပေးထားတယ်။ ဒီအလုပ်ကိုလုပ်ဖို့အတွက် ပိုက်ဆံပေးပြီး ငှားထားတာဖြစ်တယ်။ ကိုယ်လုပ်ရမယ့် လုပ်ငန်းအတိအကျကဘာလဲ၊ အဲဒီအပေါ်မူတည်ပြီးတော့ ကိုယ်တိုင်လုပ်ဆောင်နေကြတယ်။ ထိန်းချုပ်မှုအောက်မှာရှိတယ်။ ဘယ်အချိန်မှာ ဘယ်ဟာကို ပြီးအောင်လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် တွေရှိမယ်။ လွတ်လပ်မှုနည်းပြီး ထိန်းချုပ်မှုအနည်းငယ် ရှိမယ်။ ထိန်းချုပ်မှုတွေတအားများရင်လည်း ဝန်ထမ်း တွေအတွက် အဆင်မပြေပါဘူး။ Professional Career မှာပြောရမယ်ဆိုရင် မြတ်တာရှုံးတာ ကိုယ်နဲ့မဆိုင်ဘူး။ မြတ်တာရှုံးတာက ကုမ္ပဏီနဲ့ဆိုင်တယ်၊ ဆရာတွေနဲ့ဆိုင် တယ်။ ကုမ္ပဏီက ရှုံးသွားတာ၊ ပြုတ်သွားတာ ကိုယ်နဲ့ မဆိုင်ဘူး။ ကိုယ့်လစာကိုယ်ရရင် ပြီးပြီ။ လကုန်ရင် လစာရမှာလည်း မျော်လင့်တယ်။ ကုမ္ပဏီက လစာမပေး နိုင်တော့ရင် ကိုယ့်ကိုထားမှာမဟုတ်ဘူး။ ကိုယ့်ကိုဖြုတ်မှာပဲ။ ဝန်ထမ်းကလည်း ကုမ္ပဏီက လစာမပေးနိုင်တော့ တဲ့ အခြေအနေမှာ ကိုယ်ဘာလုပ်ရမလဲဆိုတာ သိတယ်။

          အချုပ်ပြောရမယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်းပဲ လုပ်လုပ်၊ သူများဆီမှာပဲ ဝင်လုပ်လုပ် ကိုယ်လုပ်မယ့် လုပ်ငန်းအတွက် ကိုယ့်ဆီမှာ Skills တွေ၊ ပညာရပ်တွေ ပြည့်စုံပြီလား ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမယ်။ ကိုယ်က ပြည့်စုံနေပြီဆိုရင် ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ်၊ သူများ ဆီမှာပဲ ဝင်လုပ်လုပ် အများကယုံကြည်လက်ခံလာမယ်။ အဲဒီလိုလူက လူအများကြားထဲမှာ ရောမနေတော့ဘဲ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှေ့ကိုအလိုလိုတိုး ထွက်လာမယ်။ အဲဒီလို ယုံကြည်အားထားမှုရဖို့အတွက်ကိုယ်တကယ်တတ်မြောက်ရဲ့လား၊ ကိုယ့်ကျောင်းပညာ အရည်အချင်း၊ အသိပညာဗဟုသုတ ဘယ်လောက်ရှိ လဲဆိုတဲ့အပေါ် မူတည်ပါတယ်။

 

လုပ်ငန်းခွင်ထဲဝင်မယ့် လူငယ်တွေအတွက် အကြံပေးစကား

ကိုယ်ဘာလုပ်ချင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ ဝန်ထမ်းလုပ်တာက မှားတယ်မှန် တယ်ဆိုတာ မရှိပါဘူး။ ကိုယ်ပိုင်လုပ်ငန်းကိုပဲ စလုပ် မယ်ဆိုတဲ့ သူတွေရှိသလို ဝန်ထမ်းလုပ်ရင်း ကိုယ်ပိုင် လုပ်ငန်းလုပ်တော့မယ်ဆိုတဲ့ သူတွေလည်း ရှိပါတယ်။ တစ်ခုရှိတာက လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်တွေ၊ လုပ် ပိုင်ခွင့်တွေ ရှိပါတယ်။ အဲဒီရွေးချယ်မှုတွေ မစခင်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာက အခုနကအချက်ခြောက် ချက်ပါ။ ကိုယ်လိုချင်တာ ဒါလား၊ ကိုယ်လုပ်ချင်တယ် ဆိုတာက တကယ်လုပ်ချင်တာလား၊ ဘာပဲဖြစ်ဖြစ် သေ သေကျေကျေလုပ်မယ်ဆိုရင် အောင်မြင်မှာပါ။ အရင်းအနှီးမရှိရင် ရအောင်ရှာမယ်၊ အဆက်မသွယ်မရှိရင် ရ အောင်ရှာမယ်။ တကယ်လုပ်ရင် တကယ်အောင်မြင်မယ်။ တက်မယ်ဆိုရင် လှေကားတစ်ဝက်မှာ ရပ်နေမလား၊ အပေါ်ရောက်သွားရင် အဲဒီမှာဆက်ထိုင်နေမလား၊ အဲဒီ ထက်အမြင့်ကိုတက်မယ့် လှေကားရှာမလားဆိုတာ ကိုယ့် အပေါ်မှာပဲ မူတည်ပါတယ်။ စာများများဖတ်ပါလို့ ပြောချင်ပါတယ်။ အလုပ်တစ်ခုကို မရွေးခင်မှာ သေချာ လေ့လာစေချင်ပါတယ်။ ကိုယ်က ဘယ်ကိုသွားမလဲ၊ ဘယ်ကိုသွားချင်သလဲဆိုတာ စဉ်းစားစေချင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်ဖို့က အဓိကပါပဲ။ ကိုယ်ကနာမည်ကောင်းမှု မှာ အောင်မြင်ချင်တာလား၊ ခေါင်းဆောင်မှုမှာအောင် မြင်ချင်တာလား၊ ငွေကြေးပိုင်းမှာ အောင်မြင်ချင်တာလား ဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှုပါ။

 

U Myint Zaw

ဦးမြင့်ဇော်

CEO and Chief Consultant (Ground Solution Co Ltd)

Independent Director (Business Unit, AYA Bank)

Professional Career နဲ့ Self Employment ရဲ့ ကွာခြားချက်

ကျွန်တော် ဒီနေရာမှာ Entrepreneur နဲ့ Intrepreneur ကို နည်းနည်းရှင်းပြချင်ပါတယ်။ လူတွေတော်တော် များများက Entrepreneur ကို အပြောများကြတယ်။ မြန်မာလိုတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါ့။ တစ်ဖက်ကလည်း ကြိုက်တာလုပ်၊ အောင်မြင်ရင် စွန့်ဦးတီထွင်လုပ် ငန်းရှင်ဖြစ်ပြီဆိုတဲ့ သဘောဖြစ်နေတယ်။ လုပ်ငန်းသေး သေးလေးတွေမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပေါ် လာသလိုပဲ Corporation အကြီးကြီးတွေမှာလည်း Entrepreneur လို စိတ်မျိုးထားပြီး အလုပ်လုပ်တဲ့သူတွေကို Intrepreneur လို့ ခေါ်ပါတယ်။ သူတို့တွေကလည်း ဒီ ကုမ္ပဏီတစ်ခုရဲ့ တစ်ဆစ်ချိုးတို့၊ တစ်ထောင့်တစ်ကွေ့တို့မှာ ကုမ္ပဏီရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဖြစ်စေတဲ့သူတွေပဲ ဖြစ်ပါတယ်။ အလုပ်ကို Passion ရှိတယ်၊ ကုမ္ပဏီကို ချစ်တယ်ဆိုတဲ့ သူမျိုးတွေပေါ့။ Entrepreneur နဲ့ Intrepreneur ဘာကွာသလဲဆိုရင် Investment ချင်း ကွာတယ်၊ Decision Making ချင်းကွာပါတယ်။ Entrepreneur နဲ့ ကိုယ့်ဟာကိုယ် Invest လုပ်ရတယ်။  ကိုယ့်ဟာကိုယ် ပိုက်ဆံရှာရတယ်။ Intrepreneur ကျတော့ Corporation ရဲ့ ပိုက်ဆံကို သုံးရတယ်။ Decision Making မှာဆိုရင်လည်း Entrepreneur က ကိုယ့် Decision ကိုယ်ချရတယ်။ Intrepreneur ကျတော့ အဆင့်ဆင့်ဆရာတွေကို တင်ပြီးတော့ Persuasion တွေလုပ်ရတယ်။ Idea တွေ ရောင်းရတယ်။ ပြီးတော့မှ Management တွေ ကြိုက်ပြီဆိုတော့မှ ဒါကို Management လုပ်လို့ရတယ်။

          ကျွန်တော့်ဘဝဖြစ်စဉ်မှာတော့ ကျွန်တော်က Intrepreneur နဲ့ စခဲ့တယ်။ အဲဒီမှာ Level တစ်ခုရောက် ပြီးတော့မှ Entrepreneur ပြောင်းရင်ကောင်းမယ်ဆိုပြီး စဉ်းစားပါတယ်။ ဒါက Professional Career ကနေSelf Employed ကို ပြောင်းတာလို့လည်း ဆိုလို့ရပါတယ်။Self Employed ဆိုတာကတော့ ကိုယ့်လုပ်ငန်း ကိုယ်လုပ်တာပေါ့။ သေးချင်သေးမယ်၊ ကြီးချင်ကြီးမယ်။ ဒါကို Entrepreneur လို့ ခေါ်ချင်တယ်ဆိုရင် ကျွန်တော့်အနေနဲ့ကတော့ Entrepreneur ဆိုတာ လုပ်ငန်းအောင်မြင်မှသာ ခေါ်လို့ရတယ်လို့ ယူဆပါတယ်။ နောက်ပြီး Market အနေနဲ့ပြန်ကြည့်မယ်ဆိုရင် တချို့ Entrepreneur ဆိုတဲ့ Significance ထဲမှာ Blue Ocean ကို ကူးရ တာတွေများတယ်။ အဲဒီမှာ Entrepreneur က Blue Ocean နဲ့ Red Ocean ကို မသိတော့ဘဲနဲ့ အလယ်မှာနေတာလေး တွေလည်း တွေ့လာရပါတယ်။ အမြဲတမ်း Blue Ocean ဖြစ်နေလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ Blue Ocean က တအားကြီးသွားရင်လည်း Red Ocean ကို Automatic  ကူးသွားတယ်။ အဲဒီမှာ ဥပမာပေးရမယ်ဆိုရင်  Steve Jobs  ၊  Bill Gates တို့ပေါ့။ သူတို့က Blue Ocean မှာ သူ့ပစ္စည်းတွေ တအားကောင်းသွားပြီး World Wide ဖြစ်သွားတဲ့အခါ Corporation ကြီးဖြစ်သွားပြီး Automatic ပဲ Red Ocean ဖြစ်သွားတယ်။ သူ့မှာ Competitors ရှိလာတယ်။ Niche Market ကို ကိုယ်စားမပြုတော့ဘူး။

Self Employed အဖြစ် ဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲနဲ့ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကိုလည်း ဆွေးနွေးပေးပါ။

ကျွန်တော် Intrepreneur Level ရောက်လာတဲ့အခါမှာ  ကျွန်တော့် Professional က Marketer ၊ Commercial Conceptual ၊ Sales တို့၊ Distribution တို့၊ Negotiation တို့စတဲ့ Business Concept တွေကို Professional လုပ် တယ်။ အဲဒီမှာ ကျွန်တော် အလုပ်မထွက်ခင် လေးနှစ် လောက်မှာ ကျွန်တော့်ကုမ္ပဏီက ချဲ့ဖို့ဖြစ်လာတယ်။ အဲဒီမှာ ကျွန်တော်လူရှာဖို့ ဖြစ်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော်က စင်ကာပူကနေ ပြန်ရောက်လာခါစဆို တော့ စင်ကာပူ  Standard အတိုင်း စဉ်းစားတဲ့အခါမှာ ကျွန်တော်လိုချင်တဲ့ Manager Level တွေ၊ GM Level တွေ၊Director Level တွေ မရဘူး။ မရတော့ ကျွန်တော် ဒုက္ခတော်တော်ရောက်တယ်။ ကျွန်တော့်ကိုပေးထားတဲ့ အချိန်အတိုင်းအတာအတွင်းမှာ မပြီးဘူးဖြစ်တယ်။ အဲဒီ တော့ လောလောဆယ် အခြေအနေကိုတော့ ထိန်းထား နိုင်တယ်။ လိုချင်တဲ့ ကျွမ်းကျင်မှုနဲ့ ဝန်ထမ်းတွေရအောင်  On the Job Training Level တွေ ခန့်မလားဆိုပြီး ကျွန် တော် Propose လုပ်တယ်။ ဒီကလေးတွေက အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်တော့ Train ရမယ်။ ပြီးရင်တော့ ကိုယ် နဲ့ ရေရှည်တွဲလုပ်လိမ့်မယ်။ အဲဒီအခါမှာ ကျွန်တော်က Business School တွေကို သွားပြီးတော့ ကျွန်တော်အလုပ် လုပ်နေတဲ့ ကုမ္ပဏီကောင်းကြောင်း ပြောရတယ်။ အဲဒီ မှာ ကျွန်တော့်ရဲ့ Hidden Talent ကို တွေ့လာတယ်။ ကလေးတွေမေးတဲ့ မေးခွန်းတွေကို ဖြေရင်း ဒီအပေါ်မှာ ပျော်တာကို တွေ့လာတယ်။ မတ်တတ်ရပ်ပြီး သုံးနာရီ စာသင်ပါဆိုရင် စာသင်နိုင်တယ်။ အဲဒီ Passion ကို Grow လုပ်ချင်လာတယ်။ နောက်ပြီး ဟောပြောပွဲတွေမှာ လည်း အဖိတ်ခံရတဲ့အခါ ဒါတွေက ကျွန်တော့်အတွက် အားဖြစ်လာတယ်။ နောက်ပြီး ကျွန်တော် Corporate Life ကို အနှစ်နှစ်ဆယ်နီးပါး ဖြတ်သန်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အဲဒီမှာ သိခဲ့တတ်ခဲ့ရတာတွေကို အများကြီး ဖြန့်ဝေလို့ရတယ်ဆိုတာ တွေ့လာတယ်။တစ်နည်းအားဖြင့် ကလေးတွေကို Level တစ်ခုဆီ လက်တွဲခေါ်ချင်တယ်။ တစ်ဖက်မှာလည်း ကုမ္ပဏီမှာ ရာထူးအဆင့်တစ်ခု ရောက်တဲ့အခါမှာ ကိုယ်က Decision Maker ဖြစ်နေပြီး ဒီထက်တက်စရာလည်း အကြောင်း မရှိတော့ဘူး။ ဒါနဲ့ စုမိဆောင်းမိထားတာတွေလည်းရှိ တယ်ဆိုတော့ ကျောင်းလေးတစ်ကျောင်းဝယ်ပြီးတော့ စလုပ်တာပေါ့။ အခုဆိုရင်တော့ ကျောင်းနှစ်ကျောင်းနဲ့ Consultancy ကုမ္ပဏီတစ်ခုကို Run နေတာပေါ့။ 

          ကောင်းကျိုး၊ ဆိုးကျိုးပိုင်းကို ပြောရမယ်ဆိုရင် Decision ချတဲ့နေရာမှာ သိလာတယ်။ Professional Career မှာ Decision ချတုန်းက ပိုက်ဆံကို မတွက်တတ် ဘူး။ လုပ်မလားဆိုရင် ဒေါ်လာငါးသန်းဖြစ်ဖြစ်၊ ဆယ် သန်းဖြစ်ဖြစ် လုပ်ချလိုက်တာပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့် ပိုက်ဆံမှမဟုတ်တာ။ Confident အ ကြီးကြီးရှိတယ်။ ငါလုပ်ရဲတယ်၊ ကိုင်ရဲတယ်ပေါ့။ ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်းလည်းလုပ်ရော  Decision တစ်ခုကို မချရဲတော့ဘူး။ အဲဒီမှာ ငါ့ Decision မှန်လား ဆိုတဲ့ Calculated Risk ကို စသွားရတယ်။ အဲဒီမှာ Research လုပ်တယ်၊ Peer Suggestion ယူတယ်၊ Guideline တွေ ယူတယ်၊ Market Information တွေ ယူပြီး တော့ Competitor Analysis လုပ်တယ်၊ ဒါတွေပြီးမှသာ ဈေးကွက်ထဲကို ဝင်ရဲတယ်။ အဲဒီလိုနဲ့ လုပ်ငန်းလေးက တက်လာတယ်။ ဒါပေမဲ့ ခြောက်လလောက်ကြာတဲ့အခါ မှာ လုပ်ငန်းက တန့်သွားတယ်။ တစ်နည်းအားဖြင့် ကျွန်တော်က Corporate မှာနေလာပြီး ကျွန်တော်က ဃသာာနမခငေူ နထစနမအ Commercial Expert ဖြစ်တဲ့အခါ Production Expert မဟုတ်ဘူး။HR Expert လည်း မဟုတ်ဘူး။ ကိုယ်ပိုင် လုပ်ငန်းမှာကျတော့ ပိုင်ရှင်ဆိုတော့ အားလုံးလုပ်ရ တယ်။ နောက်ပြီး Corporate Mindset ဖြစ်နေတဲ့အခါ လူတွေကို Ethical ဖြစ်ရမယ် ဆိုတာမျိုးတွေ တွေးတဲ့အ ခါမှာ Small Business လုပ်တဲ့အခါကျတော့ ဝန်ထမ်း လေး၊ ငါး၊ ခြောက်ယောက်နဲ့ စရတဲ့အခါ ဒါတွေက မ လိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ဖြစ်တယ်။ နောက် တစ်ဖက်ကလည်း ဝန်ထမ်းတွေမှာFuture Potential မရှိတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီတော့ ခြောက်လလောက် ပြီးတဲ့အခါမှာ တန့်သွားတယ်။ ဒီလိုမျိုး သုံးလကနေ ခြောက်လကြာတဲ့အခါ လုပ်ငန်းတန့်သွားတတ်တာက လည်း ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ အဲဒီအချိန်မှာ Give Up လုပ်မလား၊ Attack လုပ်မလားဆိုတဲ့  Decision ချရတယ်။ အဲဒီခြောက်လပြီးတော့ နောက်ခြောက်လက Challenge  ပဲ။ ကျွန်တော်ကတော့ အဲဒီခြောက်လမှာ ပိုက်ဆံမရှိတော့လို့ ချေးရတော့မလိုဖြစ်ခဲ့ပေမယ့် ကံ ကောင်းသွားတာက Consultancy အလုပ်က အဆင်ပြေ တော့ ကျောင်းဘက်ကို ပြန်ပြီးပံ့ပိုးပေးနိုင်သွားတယ်။ အခုလည်း ကျောင်းကို Level တစ်ခုကို ရောက်အောင် ဆွဲတင်နေတယ်။ အဲဒီလို ခက်ခဲတဲ့အချိန်မှာSurvival ဖြစ်အောင်လုပ်ရင်း၊ အိုင်ဒီယာတွေ ညှစ်ထုတ်ရင်း လုပ်ငန်းက တက်လာပါတယ်။

Professional Career မှာလုပ်တာရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

Professional ရဲ့ကောင်းကျိုးဆိုရင်တော့ Professional က တကယ့် Professional ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီမှာ တွေ့ရတာက Academic အရ Professional  ဖြစ်တာရှိတယ်။ Experience အရ Professional ဖြစ်တာ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ့် Implementation လုပ်နိုင်ဖို့ လိုပါတယ်။ Professional က In Depth သိဖို့လိုတယ်။ ဆိုးကျိုးကတော့ ကိုယ့်ကိုယ်ကိုယ် ဘဝင် မြင့်တာပဲ။ Status တစ်ခုရလာပြီး ဝင်ငွေတစ်ခုရလာ တဲ့အခါ ငါဆိုပြီးဖြစ်လာပြီး Popularity ဘက်ကို လိုက် သွားတတ်တယ်။ အဲဒီမှာ ကိုယ့်အလုပ်ကိုယ် မလုပ်တော့ ဘဲ Market ကို In Touch မဖြစ်တော့တဲ့အခါ Professional ဘဝကို ဆုံးရှုံးရတယ်။

          ဒီတော့ Professional ဆိုတာ ကိုယ့်အလုပ်ကို သိရမယ်။ ကိုယ့်အလုပ်ကို ချစ်ရမယ်။ ဘယ်လောက် ချစ်ရမလဲဆိုရင် အိပ်လည်းတွေးရမယ်။ စားလည်းတွေး ရမယ်။ အဲဒီလိုတွေးတဲ့အခါမှာ ဆင့်ပွားဆင့်ပွားတွေးတာတွေဖြစ်လာပြီး အိုင်ဒီယာအသစ်တွေထွက်လာမယ်။ အဖြေတွေရလာမယ်။ Professional ရဲ့ သမိုင်းမှာတော့ သူ့ရဲ့ Experience တွေဟာ 1x10 မဖြစ်ဘဲ 10x10 ဖြစ်ရမယ်။ ဆိုလိုတာက ကိုယ်လုပ်တဲ့အလုပ်ကို ပထမ တစ်နှစ်မှာလည်းလုပ်ပြီး နောက်ဆယ်နှစ်လုံးလုံး ဒါပဲ လုပ်နေရင် Professional လို့မခေါ်ဘူး။ နိစ္စဓူ၀ Challenge တွေကြုံနေမှသာExperienced Professional  လို့ခေါ်ပါတယ်။

          Professional ဖြစ်တဲ့အခါ ဆိုးကျိုးကတော့ အနစ်နာခံရတာ များပါတယ်။ အဆုံးရှုံးခံရတာ များပါ တယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသွားတဲ့အခါ ဈေး ကွက်နဲ့လွတ်သွားတာ တွေ့ရပါတယ်။ ကောင်းကျိုးက တော့ အလုပ်ကိုကျွမ်းကျင်နှံ့စပ်သွားတဲ့အခါ ကိုယ်ဟာ ဒီလုပ်ငန်းနဲ့ ထမင်းကို ပြည့်ပြည့်၀၀ စားနိုင်တဲ့သူ ဖြစ် သွားတယ်။

ကိုယ်ပိုင်လုပ်ငန်းလည်းလုပ် Professional Career မှာလည်း ရပ်တည်နေတဲ့အပိုင်း

ဒါကတော့ ကျွန်တော့်ရဲ့ Career Nature နဲ့ ဆိုင်ပါတယ်။  အခုလက်ရှိမှာတော့ ကျွန်တော် Consultancy Service ပေးနေတဲ့ AYA Bank မှာIndependant Director အ နေနဲ့ ဝင်ပြီးတော့ လုပ်ပေးနေတယ်။ ဒါပေမဲ့ စနေ၊ တနင်္ဂနွေကျရင်တော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ် တဲ့ Wise College နဲ့ GS Learning Hub မှာ စာပြန်သင် တယ်။  ကျောင်းကိုတော့ Management  ဝင်မလုပ်တော့ ဘူး။ စာသင်တဲ့အပိုင်းနဲ့ Guideline ပေးတဲ့အပိုင်းပဲ လုပ်တော့တယ်။

အကြံပေးချင်တာရှိရင်

လူငယ်တွေကိုမှာချင်တာကတော့ Self Employer က ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒအမှန်ကို ပြောရရင်တော့ Corporation လို ကုမ္ပဏီကြီးတစ်ခုခု၊ ဒါမှမဟုတ် အောင်မြင်နေတဲ့လုပ်ငန်းရှင်ရဲ့အောက်မှာ တစ်နှစ်၊ နှစ်နှစ်လောက် အလုပ်ဝင်လုပ်ပါ။ အောက် သက်ကျေအောင်လို့ပါ။ နောက်တစ်ခုကတော့ ဒီခေတ် မှာ ဆရာ၊ ဆရာမတွေ အများကြီးပါ။ အဲဒီမှာ Monkey See ၊ Monkey Do ဖြစ်မှာကို ကြောက်ရပါတယ်။ ဆိုလို တာက ကလေးတွေက ဆရာ၊ ဆရာမတွေကို ပုံအပ်ပြီး အားကိုးလိုက်တာရှိတယ်။ အဲဒီမှာ ကိုယ့်ဆရာ၊ ဆရာမ တွေ သွားနေတဲ့ Direction က ကောင်းမှန်း၊ မကောင်း မှန်း မသိတော့ဘဲ ဘာလုပ်လုပ်ကောင်းတယ်လို့ ယူဆ သွားတယ်။ အဲဒီလိုယူဆပြီး ကော်ပီလိုက်လုပ်တဲ့အခါ မှာ တချို့နေရာတွေမှာ အန္တရာယ်ရှိသွားတယ်။ ဥပမာ- ဒီဆရာက လူကြီးတွေကို ဖားတဲ့ နေရာမှာတော်တယ်ဆို ရင် သူနဲ့နေတဲ့အခါမှာ ဒါတွေကို တတ်လာတယ်။ ဒါ ပေမဲ့ တကယ်တမ်း ဒါက ကိုယ့်အလုပ်မှာ အရေးကြီးသ လား၊ မကြီးဘူးလားဆိုတာ တွက်ရမယ်။ အဲဒီလို မ ဟုတ်ရင်Service Learning တွေပဲ တတ်တော့မယ်။ အပေါ်ယံတွေပဲ တတ်မယ်။ အဲဒီလိုတွေမဖြစ်အောင်တော့ သတိထားသင့်ပါတယ်။ 

 

ကော်ပိုရေးရှင်းတစ်ခုတွင် အလုပ်လုပ်ခြင်း

အားသာချက်

-         ပုံမှန်ဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ အထွေ ထွေခံစားခွင့်နဲ့ အလုပ်အကိုင်အာမခံချက်အတွက် သံသယဖြစ်စရာရှိပေမယ့် ကော်ပိုရေးရှင်းလုပ်ငန်း တွေမှာ လုပ်ခလစာ ကောင်းကောင်းရပါတယ်။

-         အကျိုးခံစားခွင့်ပုံမှန်မြင့်တက်လာတဲ့ အာမခံကြေး နဲ့အတူ အလုပ်သမားတွေက အာမခံကြေးအတွက် အချိုးကျပေးရပါတယ်။ ဒါပေမဲ့ အကျိုးခံစားခွင့်အ နေနဲ့ နာမကျန်းခွင့်ရက်၊အပန်းဖြေအားလပ်ရက် တွေနဲ့ အလုပ်ကအနားယူတဲ့အခါ လုပ်ခလစာမှာ ရာခိုင်နှုန်း ထပ်ပေါင်းပေးတာတွေကို ရရှိခံစားနိုင်ပါ တယ်။

-         ကုမ္ပဏီအတွင်း အလုပ်နေရာပြောင်းရွှေ့နိုင်ပါတယ်။ ကော်ပိုရေးရှင်းအများစုဟာ လုပ်သက်နှစ်နှစ်ရှိတဲ့ အလုပ်နေရာပြောင်းရွှေ့သူတွေကို မူလရာထူးအ ဆင့်အတိုင်း အပြောင်းအလဲမရှိ နေရာပြောင်းရွှေ့ခွင့် ပြုကြပါတယ်။

 

အားနည်းချက်

-         အချိန်မရွေး လုပ်ငန်းဖျက်သိမ်းနိုင်ပါတယ်။ အ လုပ်အကိုင်အာမခံချက်အတွက်တော့ သံသယဖြစ် စရာပါ။ ဒါအပြင် လုပ်ငန်းဖျက်သိမ်းတဲ့အခါ လို အပ်တဲ့ လုပ်ကိုင်ဆောင်ရွက်ပေးမှု အနည်းအကျဉ်း သာရှိနိုင်ပါတယ်။ ဒါဟာ ဘဏ္ဍာရေးကို ကျစ်ကျစ် လျစ်လျစ် သုံးစွဲသူတစ်ယောက်ရဲ့ လုပ်ကိုင်ဆောင် ရွက်မှုထက်တောင် ပိုနိုင်ပါတယ်။

-         လုပ်ငန်းခွင်မှာ အသက်အရွယ်ခွဲခြားမှုတွေ ရှိပါ တယ်။ အသက် ၄၅ နှစ်ကျော်ရင် ကော်ပိုရေးရှင်း လုပ်ငန်းတွေမှာ အလုပ်ရဖို့ခက်ခဲပါတယ်။ ကော် ပိုရေးရှင်းတွေက လုပ်ခလစာပမာဏပေးရမှုနည်း ပါးတဲ့ လူငယ်အလုပ်သမားတွေကို ပိုကြိုက်ကြပါ တယ်။

-         စွမ်းစွမ်းတမံ အလုပ်လုပ်နေရတယ်လို့ ခံစားရဖို့ တော့ မလွယ်ပါဘူး။ လုပ်ငန်းကြီးတစ်ခုမှာ သေး ငယ်တဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လုပ်ကိုင်ရတာ ဟာ စိတ်ကျေနပ်မှုအနည်းငယ်ကိုသာ ရရှိစေနိုင် ပါတယ်။ ဒါဟာ ကော်ပိုရေးရှင်းလုပ်ငန်းတွေက အလုပ်ထွက်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခု လည်း ဖြစ်နိုင်ပါတယ်။

 

အောင်မြင်စေတဲ့ အချက်အလက်များ

ကော်ပိုရေးရှင်းလုပ်ငန်းတွေမှာ အကောင်းဆုံးလုပ်ကိုင် နိုင်ကြသူတွေဟာ

-         အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့နေရာမှာ အောင်မြင် မှုရရှိသူတွေ ဖြစ်ပါတယ်။ စိန်ကဲကျောက်ကဲထက် လူကဲခတ်ရခက်ဆိုတဲ့ စကားလိုပါပဲ။ အောင်မြင်စွာ လုပ်ဆောင်နိုင်သူတွေဟာ အနည်းဆုံးအချက်သုံးချက် ထဲက တစ်ချက်ကို လုပ်ဆောင်တတ်ကြပါတယ်။ ဒါတွေကတော့ အကြံကောင်းဉာဏ်ကောင်းပေးနိုင် တဲ့ သူတွေပိုထားတာ၊ အထင်ကရ ကော်မတီတွေ အတွက် လုပ်အားပေးတာ၊ ဒါမှမဟုတ် အမှုဆောင် အရာရှိတွေပါဝင်တဲ့ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်း တာစတဲ့ အချက်တွေပါပဲ။

-         အထက်အရာရှိတွေရဲ့ လမ်းညွှန်ချက်ကို အကောင် အထည်ဖော်ရာမှာ ပူးပေါင်းပါဝင်ကြပါတယ်။ အ ထက်အရာရှိတွေအနား ချဉ်းကပ်နိုင်မှုမရှိရင်တော့ ဦးတည်ချက်ကို ပြောင်းလဲဖို့လိုပြီး ဦးစားပေးလုပ် ဆောင်ရမှာက အခြေအနေအရ ကြည့်လုပ်တာပါ။

-         အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ရတာကို သဘော ကျပါတယ်။ အသင်းအဖွဲ့နဲ့ လုပ်ကိုင်ဆောင်ရွက် တတ်တာက ကော်ပိုရေးရှင်းနယ်ပယ်မှာ အောင်မြင် မှုအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

 

အသေးစားလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ခြင်း

အားသာချက်များ

-         အသေးစားလုပ်ငန်းရှင်တွေဟာ အသက်အရွယ်ထက် ရလဒ်ပိုင်းကိုပို စိတ်ဝင်စားကြပါတယ်။

-         စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ကိုင်တော့မယ်ဆိုရင် ကိုယ့်ကိုပညာအများကြီးပေးနိုင်တဲ့၊ ကိုယ့်ထက် အရင်လုပ်ငန်းလုပ်နေတဲ့ သူဆီမှာ အလုပ်အရင်လုပ် ပါ။

-         လုပ်ခခံစားခွင့်အတွက် ညှိနှိုင်းစရာတော့ ရှိပါလိမ့် မယ်။

 

အားနည်းချက်များ

-         ကော်ပိုရေးရှင်းလုပ်ငန်းတွေထက် လုပ်ခလစာပို နည်းပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေ ဟာ ကော်ပိုရေးရှင်းလုပ်ငန်းတွေလောက် လုပ်ခလ စာများများပေးလေ့ မရှိပါဘူး။

-         ကုမ္ပဏီလုပ်ငန်းတွေမှာ အလုပ်လုပ်ရတာ တိုးတက် မှုမရှိတဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။

-         တစ်ယောက်ယောက်ရဲ့ ကုမ္ပဏီတိုးတက်ဖို့အတွက် ကိုယ့်ရဲ့အချိန်တွေကို ဖြုန်းနေရပါတယ်။ ဒါဟာ မဝယ်ယူဘဲ ငှားရမ်းနေတာနဲ့ တူပါတယ်။ မှန်ကန် တဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။

 

အောင်မြင်စေတဲ့အချက်များ

ကုမ္ပဏီလုပ်ငန်းနယ်ပယ်မှာ အောင်မြင်နေတဲ့သူတွေဟာ

-         စီအီးအိုလို စွမ်းဆောင်ရည်မျိုးရှိကြပါတယ်။ အောင် မြင်မှုအတွက် စီအီးအိုတစ်ယောက်လိုပဲ စိတ်ကျေ နပ်မှုကို ခံစားကြရပါတယ်။

-         အတွေးအခေါ်အကြံအစည်မြင့်မားမှုကို ပိုပြီးနှစ် သက်သဘောကျကြပါတယ်။ အောင်မြင်မှုဆိုတာ ရေအိုင်ငယ်လေးထဲက ငါးကြီးတစ်ကောင်လိုပါပဲ။

-         လူတွေကို နှစ်သက်သဘောကျကြပါတယ်။ ရုံးဆို တာ မိသားစုအဖွဲ့အစည်းပုံစံတစ်မျိုးပါပဲ။ အောင် မြင်မှုကို ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မျဝေခံစားပါတယ်။

 

ကိုယ်ပိုင်စီးပွားရေး

အားသာချက်

-         လုပ်ငန်းဖျက်သိမ်းမှုမရှိပါဘူး။ သူများကို မှီခိုနေရ သူမဟုတ်ဘဲ ကိုယ့်ဒူးကိုယ်ချွန်နေတဲ့သူပါ။

-         ကုမ္ပဏီလုပ်ငန်းရဲ့ ကိစ္စအ၀၀ကို ကိုယ်တိုင်ဆုံးဖြတ် ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်း ကိုယ့်စိတ်တိုင်းကျစီမံ ခန့်ခွဲနိုင်ပါတယ်။

-         အတွေ့အကြုံက တစ်ဦးတစ်ယောက်ချင်းအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိစေပါတယ်။ အောင် မြင်မှုဆိုတာ သူများရဲ့ပျော်ရွှင်မှုနဲ့ အောင်မြင်မှုဆီ တိုက်ရိုက်ပတ်သက်နေတယ်လို့ အဓိပ္ပာယ်ပြန် ဖွင့် ဆိုရမှာပါ။ အဓိပ္ပာယ်ရှိတဲ့ လုပ်ငန်းတစ်ခုဟာ တန်ပြန်ရရှိမယ့် ဆုလာဘ်ကြီးတစ်ခုပါပဲ။

 

အားနည်းချက်များ

-         စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ အောင်မြင်မှုက ကိုယ့်အပေါ် မူတည်နေပါတယ်။ ကိုယ်ဖြစ်ချင်တာ ကို ကိုယ်ကိုယ်တိုင်မလုပ်ရင် ဘယ်သူ့ကိုမှ လက် ညှိုးထိုးစရာမရှိပါဘူး။ အန္တရာယ်များတဲ့ လမ်းကို လျောက်ဖို့ ကိုယ်ကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။

-         ဝယ်ငွေကို ကြိုတင်မတွက်ဆနိုင်ပါဘူး။ ပုံမှန်ဝင် ငွေရရှိတဲ့ အလုပ်မဟုတ်ပါဘူး။

-         အလုပ်လုပ်ခြင်းရဲ့ ဖိအားရှိပါတယ်။ အလုပ်များ နေတဲ့အချိန်မှာတောင် လုပ်ငန်းအတွက် လိုအပ် ချက်တွေကို ဖြည့်ဆည်းဖို့လိုပါတယ်။ ဖောက်သည် က အဝင်အထွက်ရှိပါတယ်။

 

အောင်မြင်စေတဲ့အချက်များ

-         အရှုံးမပေးပါဘူး။ အခက်အခဲအတားအဆီးက နေ ရာတိုင်းမှာ ရှိပါတယ်။ အောင်မြင်မှုဆိုတာ အခက် အခဲအတားအဆီးအားလုံးကို ပုံမှန်ဖြတ်ကျော်သွား တဲ့ ကိုယ်တိုင်စတင်သူတွေပါ။ လုပ်ငန်းတစ်ခုတိုး တက်အောင်မြင်မှုဟာ စီမံကိန်းထက် အချိန်ပိုယူရ ပါတယ်။

-         စိုးရိမ်မှုရှိနေရင်တောင် ဘာပဲဖြစ်ဖြစ်လုပ်ပါ။ အောင် မြင်မှုဆိုတာ စိတ်ကျေနပ်မှုဆိုတာထက် ပိုပါတယ်။ကိုယ်ပိုင်လုပ်ငန်းမှာ အောင်မြင်တဲ့သူတွေဟာ အ ခက်အခဲတွေကို လက်ကမ်းကြို ပညာယူပြီး ဆက် လက်ချီတက်တဲ့သူတွေပါ။

-         ဖောက်သည်တွေရဲ့ မိတ်ဆွေရင်းချာပမာ ဆက်ဆံ ပါတယ်။ အောင်မြင်မှုဆိုတာ ဖောက်သည်တွေနဲ့ မတွေ့ဆုံနိုင်ပါဘူး။ ကိုယ်ပိုင်လုပ်ငန်းမှာ အောင် မြင်တဲ့ သူတွေကတော့ တွေ့ဆုံနိုင်ပါတယ်။

 

အသေးစားစီးပွားရေးလုပ်ငန်းနယ်ပယ်နှင့် ကော်ပိုရေးရှင်းလုပ်ငန်း နယ်ပယ်

ခံစားခွင့်မရှိ၊ ခွင့်ရက်မရှိ၊ အားလပ်ချိန်မရှိတဲ့ ပင်ပန်း ခက်ခဲတဲ့ အလုပ်ပါ။ အသေးစားစီးပွားရေးလုပ်ငန်းတစ် ခုကို စတင်တဲ့အချိန်မှာ ဒါဟာ ကိုယ့်အတွက် အမှန် တရားတစ်ခုပါပဲ။ စီးပွားရေးလုပ်ငန်းတစ်ခုစတင်မှု   ကို တစ်ပတ် (နာရီ ၄၀ ကြာ) အလုပ်လို့ ထင်မှတ်ပြီး မစတင်လိုက်ပါနဲ့။ အချိန်ကို နှစ်ဆတွေးဆထားပါ။

အကျိုးရလဒ်နည်းနည်းနဲ့ ဒီလိုအပြင်းအထန် အလုပ်လုပ်မှုဟာ ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် အ လုပ်လုပ်နေသူတွေကို တုန်လှုပ်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဆက်လက်ကြိုးစားပြီး စိတ်ခံစားမှု နဲ့ ဘဏ္ဍာရေးပြဿနာတွေကို ပထမတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းစတင်ချိန်မှာ အကျပ်အတည်းကို မှန်းဆထားပါ။ နေ့ချင်းညချင်းချမ်း သာကြွယ်ဝမှုဆိုတာကို မေ့လိုက်ပါ။ တကယ်တော့ ကိုယ်ဟာ ရုတ်တရက် ဆင်းရဲမွဲတေသွားနိုင်ပါတယ်။အထူးသဖြင့် လုပ်ငန်းရဲ့လိုအပ်ချက်အတွက် ရင်းနှီးမြုပ် နှံမှုတွေ လိုအပ်ချိန်မှာပါ။ အနည်းဆုံး ကနဦးဝင်ငွေမ ရှိတဲ့အချိန်မှာ ငွေကြေးသုံးစွဲဖို့ လိုအပ်ပါလိမ့်မယ်။

လုပ်ငန်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနေချိန် မှာ ပုံမှန်ဝင်ငွေမရှိဘဲ ကိုယ့်ရဲ့မိသားစုနဲ့ လုပ်ငန်းဘယ် လိုရပ်တည်မလဲဆိုတဲ့ စီမံကိန်းမရှိဘဲ စီးပွားရေးလုပ်ငန်း တစ်ခုကို မစတင်လိုက်ပါနဲ့။

အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေဟာ တာဝန်အများကြီးယူထားပါတယ်။ စွန့်ဦးစီးပွားရေးလုပ် ငန်းရှင်တွေဟာ လုပ်ငန်းတာဝန်အများကြီး ရှိနေပါ တယ်။ ဘာကြောင့်လဲဆိုတော့ အသေးစားစီးပွားရေးလုပ် ငန်းတစ်ခုအတွက် လိုအပ်တဲ့ အလုပ်သမားအရေအတွက် ကို မထားရှိနိုင်တဲ့အတွက်ပါ။

အရေးကြီးဆုံးလုပ်ငန်းတာဝန်က အရောင်းနဲ့ ဈေးကွက်ပါပဲ။

အသေးစားစီးပွားရေးလုပ်ငန်းအတွက် ဘာမဆိုလုပ်ကိုင်နိုင်အောင် ကြိုးစားပါ

အရောင်းလုပ်ငန်းကို မလုပ်ကိုင်ဖူးရင် ကုန်ပစ္စည်းတစ်ခု အတွက်၊ ဒါမှမဟုတ် ဝန်ဆောင်မှုအတွက် ဘာတွေလုပ်

ဆောင်ရမယ်ဆိုတာကို မသိနိုင်ပါဘူး။ ဘာမဆိုလုပ် ကိုင်နိုင်ပြီး ငြင်းပယ်ခံရမှုနဲ့ အသားကျဖို့ လိုအပ်ပါတယ်။

လက်ရှိဖောက်သည်ရဲ့ ငြင်းပယ်မှုနဲ့ စောဒက တက်မှုတွေကို ရင်ဆိုင်ဖို့မလွယ်လှပါဘူး။ ဒါပေမဲ့ ဒါဟာ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင် ဖို့အတွက် ရှေ့ပြေးစိန်ခေါ်မှုတစ်ရပ်ပါပဲ။

လုပ်ငန်းတစ်ခုစတင်ချိန်မှာ ပံ့ပိုးမှုလိုအပ်ပါတယ်

ကျေးကျွန်စနစ်ရဲ့ မှားယွင်းတဲ့ အယူအဆတွေကို ဘေး ဖယ်ထားလိုက်ပါ။ လုပ်ငန်းရှင်တွေဟာ လူတွေကို မြှင့် တင်ပြီး ဦးဆောင်လမ်းညွှန်ဖို့ လိုအပ်ပါတယ်။

ပုံမှန်ဆွေးနွေးညှိနှိုင်းနိုင်မယ့် အကြံပေးအဖွဲ့ တစ်ဖွဲ့ကို ဖန်တီးဖို့လည်း လိုအပ်ပါတယ်။ ကနဦးအစ မှာ စီးပွားရေးလုပ်ငန်းရှင်တွေကို အခမဲ့အကျိုးတော် ဆောင်ပေးတဲ့သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ တက်သိနားလည်သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေကို ပြုလုပ်လိုပါလိမ့်မယ်။

ဒါအပြင် စာရင်းကိုင်နဲ့ ရှေ့နေတွေပါဝင်တဲ့ ကျွမ်းကျင်သူများအဖွဲ့ကို ဖွဲ့စည်းချင်ပါလိမ့်မယ်။ တတ် နိုင်မယ်ဆိုရင် ဈေးကွက်နဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့တွေ ပါ ဖွဲ့စည်းချင်ကြမှာပါ။