One Stop Service နဲ့ ဝင်ရောက်လာတဲ့ Pro 1 Home Center

နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှု၊ စီးပွားရေးဖွံ့ဖြိုးမှုဖြစ်လာတာနဲ့အမျှ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်ကလည်း တိုးလာတာကို တွေ့ရပါလိမ့်မယ်။ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းတိုးတက်လာတာနဲ့အမျှ ဆောက်လုပ်ရေးလုပ်ငန်းသုံးစ္စည်းတွေကလည်း ခါတိုင်းထက်လိုအပ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံ ရဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တိုးတက်လာတဲ့စီးပွားရေးအခြေအနေကြောင့် လိုအပ်လာတဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို One Stop Service နဲ့ ရောင်းချပေးမယ်ဆိုတဲ့ Pro 1 Home Center ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးထွေးနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ [caption id="attachment_8023" align="alignnone" width="370"]မန်းနေးဂျင်း ဒါရိုက်တာ ဦးမျိုးထွေး မန်းနေးဂျင်း ဒါရိုက်တာ ဦးမျိုးထွေး[/caption]   လုပ်ငန်းတည်ထောင်တဲ့ခုနှစ်၊ ရည်ရွယ်ချက် အခု Pro 1 Home Centre  ကို Pro 1 Myanmar Company ဆိုပြီး ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တယ်။ အိမ် ဆောက်ပစ္စည်းလုပ်ငန်းထဲကို ဝင်ရောက်ဖြစ်သွားတာက လွန်ခဲ့ တဲ့နှစ်နှစ်ကပါ။  Pro 1 Myanmar Company က Farmer Group of Companies ထဲကတစ်ခုဖြစ်တယ်။ SCG Company က ဆင်တံဆိပ်ဘိလပ်မြေကို အဓိကတင်သွင်းတယ်။ အရင်ကတည်းကဆောက်လုပ်ရေးလုပ်ငန်းနဲ့ သိပ်မဝေးဘူး လို့ ပြောလို့ရတယ်။ အဲဒီလိုတင်သွင်းရင်းနဲ့ Market ကို လေ့လာတယ်။ ရန်ကုန်ရဲ့ဆောက်လုပ်ရေး ဈေးကွက်လို့ပြော ရင် စော်ဘွားကြီးကုန်းလို့ ပြောလို့ရတယ်။ စော်ဘွားကြီး ကုန်းဆောက်လုပ်ရေးဈေးကွက်ကို  ကြည့်လိုက်မယ်ဆိုရင် အလုပ်ဖြစ်လွန်းလို့ ကားပါကင်ထိုးစရာနေရာ မရှိလောက် အောင် Develop ဖြစ်လာတယ်။ အဲဒီလို Develop ဖြစ်လာ တော့Regional  Market ကို လေ့လာကြည့်လိုက်တဲ့အခါမှာ သူများနိုင်ငံတွေမှာ One Stop Service  နဲ့ ရောင်းနေကြတာ ကိုတွေ့ရတယ်။ မြန်မာနိုင်ငံမှာက မရှိသေးဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း One Stop Service  ပုံစံလိုမျိုး အ ကောင်အထည်ဖော်ရင် ဖြစ်နိုင်မလားဆိုတာကို ပထမဦးဆုံး လေ့လာတယ်။ စီးပွားရေးအကြံပေးပညာရှင်တွေနဲ့ တိုင်ပင် တယ်။ အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ SCG Partner  က ကျွန်တော်တို့ကို Concert လုပ်ပေးတယ်။ Educate လုပ် ပေးတယ်။ ထိုင်းမှာဆိုရင် Global House   တို့လို One Stop Service Center  တွေ အများကြီးရှိတာကို တွေ့ရတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း Car Parking ကျယ်ကျယ် ဝန်းဝန်း၊ Customer တွေ အဆင်ပြေမယ့် One Stop Service Center ကို အကောင်အထည် ဖော်ဖြစ်သွားတာပါ။   ဖွင့်လှစ်ဖြစ်တဲ့အကြောင်းအရင်း ဖွင့်လှစ်ဖြစ်တဲ့အကြောင်းအရင်းကို ပြောရမယ်ဆိုရင် ကျွန် တော်တို့အခုပစ္စည်းတွေကို ီDisplay လုပ်ထားတယ်။Display အများကြီးလုပ်ထားတဲ့အတွက် ပစ္စည်းတစ်ခုချင်းအပေါ်Management လုပ်ထားတဲ့ Cost  က နည်းနည်းပဲကျတယ်။ ကျွန်တော်တို့က Whole Sale ။ Retail ။ Project Sale  ဆို ပြီး Channel  သုံးခုကို Target  လုပ်ထားတဲ့အတွက် ကျွန် တော့်ရဲ့ Volume က ကြီးလာတယ်။Supplier ကြီးလာတဲ့ အတွက် ှSupplier နဲ့ ဆက်သွယ်စကားပြောတဲ့အခါမှာ Buying Power ပိုပြီး Strong ဖြစ်လာတယ်။ Buying Power Strong ဖြစ်လာတဲ့အတွက် သူများတွေနဲ့ ယှဉ် လိုက်ရင် Cost  က နည်းနည်းသက်သာတယ်။ အဲဒီလိုပဲ ပစ္စည်းတစ်မျိုးတည်းကို Management  လုပ်တဲ့ Cost  နဲ့ ပစ္စည်းအများကြီးကို Management  လုပ်တဲ့ Cost  ကလည်း အတူတူပဲဖြစ်တယ်။ ဒီအချက်လေးကို ကျွန်တော်သွားတွေ့ တယ်။ ကျွန်တော်တို့အနေနဲ့ များများရောင်းဝယ်၊ များများ ဖြန့်ဖြူး၊ သင့်လျော်တဲ့ဈေးနှုန်းလည်းဖြစ်အောင်လုပ်ဖို့ဆိုတဲ့ Reason ကြောင့် ဒီ One Stop  Service Centre  ကို ဖွင့် ဖြစ်သွားတာပါ။   မိမိလုပ်ငန်းအတွက်ဖော်ဆောင်ထားတဲ့ Concept ကျွန်တော့်အနေနဲ့ဒီဆိုင်အကြီးကြီးကိုဖွင့်တာ ပစ္စည်းတွေကိုဈေးကြီးကြီးနဲ့ရောင်းချင်လို့မဟုတ်ပါဘူး။ Customer  တွေ အဆင်ပြေဖို့၊ သင့်လျော်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ဖို့အ တွက်ဖြစ်ပါတယ်။ မြန်မာ Culture အရ ဆိုင်ကြီးရင် ဈေး နှုန်းကြီးတယ်လို့ထင်ကြတယ်။ ကျွန်တော်က Big Scale လုပ်တယ်။ Big Scale လုပ်တဲ့အတွက် Marketing Power Strong ဖြစ်တယ်။ Cost  သက်သာတယ်။ နိုင်ငံခြားမှာလည်း ကိုယ်တိုင်ကိုယ်ကျ အကြိမ်များစွာ သွားလေ့လာတယ်။ ကိုယ်တိုင် Training  တွေ သွားတက်သင့်တယ်ဆိုရင်လည်း သွားတက်တယ်။ ကျွန်တော့်ရဲ့Team ကိုလည်း ွှTraining တွေပေးတက်တယ်။Seminar တွေ တက်ခိုင်းတယ်။ ပြပွဲ တွေမှာ သွားလေ့လာခိုင်းတယ်။ ဟိုဘက်က နိုင်ငံတကာမှာ လုပ်နေတာက ဘယ်လို၊ ဒီမှာ လက်ရှိဖြစ်နေတာက ဘယ် လိုစသဖြင့် သွားရောက်လေ့လာခိုင်းတယ်။ အဲဒီလိုလေ့လာ ခိုင်းပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့်ပုံစံ မျိုးကို ဖော်ဆောင်တယ်။ ဒီလုပ်ငန်းလုပ်မယ်ဆိုတော့ နိုင် ငံခြားက တချို့ Advertiser  တွေကအကြံပေးကြတယ်။ ဒီ Centre ကိုမှန်တွေ၊ Air-Con တွေ ဘာတွေနဲ့ လုပ်ပါလား လို့အကြံပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ မှန်တွေ၊Air-Con တွေ ဘာတွေနဲ့လုပ် လိုက်မယ်ဆိုရင် ကျွန်တော်တို့လူမျိုးတွေရဲ့ Thinking  က ဒါတအားကောင်းနေပြီ ဈေးကြီးတော့မယ်လို့ ထင်ကြတယ်။ အဲဒီတော့ ကျွန်တော်က Open Conept  အတိုင်းပဲ လုပ်ထား တယ်။ ဒီတော့ Pro 1 Home Centre ထဲကို ပိုက်ဆံရှိတဲ့ သူလည်းဝင်ရဲတယ်။ ပုံမှန် လက်လုပ်လက်စားသမားလည်း ဝင်ရဲတယ်။ အားလုံးအတွက်လည်း Convenient  ဖြစ်နေ အောင် ဒီသဘောတရားလေးကို ဖော်ဆောင်ထားပါတယ်။   Pro1 Show Room ဖွင့်ဖို့အတွက် ပြင်ဆင်ခဲ့ပုံ ဒီ Showroom ကို ဖွင့်ဖြစ်ဖို့ Idea ကလွန်ခဲ့တဲ့ငါးနှစ်က ရတယ်။ ရပြီးတော့ အခြေအနေကို စောင့်ကြည့်တယ်။လေ့ လာတယ်။ Local Market ကို Survey  လုပ်တယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကစပြီး အဆောက်အအုံတွေကို အကောင်အထည် ဖော်တယ်။ ပစ္စည်းတွေကို တင်သွင်းတယ်။ ပထမဦးဆုံး ပစ္စည်းတွေကိုWhole Sale  ဖြန့်တယ်။ ဖြန့်ပြီးတဲ့နောက်မှာ ဒါတွေကိုManagement လုပ်ဖို့ အများကြီးလိုအပ်တဲ့အတွက် Partner Company  တွေဖြစ်တဲ့ Global Whole Saleတို့မှာသွားရောက်လေ့လာတယ် စတာတွေကို ပြင်ဆင်ခဲ့ရပါ တယ်။   တွေ့ကြုံရတဲ့အခက်အခဲ ဒီ Showroom ဖြစ်ဖို့အတွက် တွေ့ကြုံရတဲ့အခက်အခဲကို ပြောရမယ်ဆိုရင် အခက်အခဲရယ်လို့ပြောဖို့ကလည်း ခက် တယ်။ အဓိကကဘာလဲဆိုတော့ ရောင်းချဖို့အတွက် သို လှောင်ကုန်ပစ္စည်း (Stock) ရွေးချယ်မှုအပိုင်းပါပဲ။ ကျွန် တော့်ရဲ့ Business Model အရဆိုရင် လူသုံးများတဲ့ပစ္စည်း ဖြစ်တဲ့ Comment Items ကိုအဓိကထားတယ်။ ပစ္စည်း တစ်ခုကိုမဝယ်ခင် Customer  နေရာမှာ အရင်ဆုံးနေကြည့် တယ်။ ငါသာ Customer  ဆိုရင် ဒီပစ္စည်းကိုဝယ်ယူရမယ့် တန်ဖိုးနဲ့ညီမျတဲ့Quality မျိုးရပါ့မလား။ နောက်ပြီး ကျွန် တော်တို့လူမျိုးတွေရဲ့အကြိုက် Right Decision ပေးနိုင်ဖို့ အတွက် ပစ္စည်းမှန်ကန်ဖို့ပဲဖြစ်တယ်။ ကျွန်တော့်ရဲ့ Concept နဲ့ Model  က အမြဲတမ်းReady Stock  ဖြစ်နေဖို့ပါပဲ။ ဥပမာ- Customer  တစ်ယောက်လာတယ်။ သူလိုချင်တာက အိမ်တစ်အိမ်ဆောက်ဖို့ တံခါးသော့က ငါးခုလိုတယ်။ကျွန် တော့်မှာ လေးခုပဲရှိတယ်။ သူက A Brand  သုံးတော့ ငါးခုလုံးA Brand  သုံးချင်တယ်။ တစ်ခုတည်းကို B မသုံး ချင်ဘူး။ ဒါပေမဲ့ C Brand က ၅ ခုရှိတယ်။ အဲဒီလိုမျိုးReady Stock ကို ပေးနိုင်အောင် အဓိကထားတယ်။ အဲဒီ လိုမျိုး ှStock Management  နဲ့Stock Control  လုပ်ရတဲ့ အပိုင်းမှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိပါတယ်။  ဒီမှာလုပ်ထားတဲ့စတိုင်လ်နဲ့ ပုံစံလေးကို ှု International Standard  အတိုင်းလုပ်ထားတယ်။ အဲဒီမှာဘာတွေ့ရသလဲ ဆိုတော့ Customer တွေ့Used to  ဖြစ်နေတာက Bargain လုပ်ချင်တာကို တွေ့ရတယ်။ ကျွန်တော်တို့က Software  နဲ့ ှSystem  နဲ့သွားတာဖြစ်တဲ့အတွက် Bargain လုပ်လာတဲ့အ ခါမှာ အခက်အခဲသွားဖြစ်တာကို တွေ့ရတယ်။ အဲဒီလိုအ ခြေအနေမျိုးရောက်တဲ့အခါမှာ ကျွန်တော်တို့ဘက်က နားလည် အောင် ပြောပြပေးရတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ဆီ ကဝန်ထမ်းတွေကလည်း ှSoftwareနဲ့ ှSystem ကို သုံးတာ မရင်းနှီးသေးဘူး။ အဲဒီတော့သူတို့ကိုလည်းTraining တွေ ပေးရတယ်။ Customer တွေကိုလည်းAdjust ဖြစ်အောင် ညှိပေးရတယ်။ အဲဒီအပိုင်းလေးတွေမှာတော့ အခက်အခဲ လေးတွေ ရှိပါတယ်။   ရရှိနိုင်တဲ့ပစ္စည်းအမျိုးအစားနဲ့ Suppliers တွေ ရရှိနိုင်တဲ့ပစ္စည်းအမျိုးအစားအနေနဲ့ အိမ်တစ်လုံးမှာ ပါဝင် တဲ့Roofing ကနေ ကြမ်းခင်းပစ္စည်းအထိ အကုန်ရပါတယ်။နောက်ထပ်ဘာရဦးမလဲဆိုတော့ ံHome Appliances ဖြစ် တဲ့ရေခဲသေတ္တာ၊ အဲယားကွန်း၊ ွှWater Heater ၊ မီးပူ၊  ထမင်းပေါင်းအိုးကအစ ရပါတယ်။ ှSuppliers တွေအနေနဲ့ Europe က ှSuppliers  တွေရှိမယ်။ Regional Country တွေထဲကဆိုရင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ် စတဲ့နိုင်ငံတွေရှိပါတယ်။ မှာယူတင်သွင်းတဲ့နေရာမှာ ခုနကပြောတဲ့ Brand Image ၊ Price   ၊ Quality   ဒီသုံးခုကို အဓိကထားပြီး ရွေးချယ်ပါတယ်။ ပစ္စည်းကBranded  ဖြစ်မယ်ဆိုရင် တန်ဖိုးတစ်ခုတော့ပေးရမယ်။ တချို့တံဆိပ် တွေက Branded  မဖြစ်သေးဘူး။ အရည်အသွေးကRealiable Quality ဖြစ်မယ်ဆိုရင် သင့်လျော်တဲ့ဈေးနှုန်းနဲ့ ရမယ်။Brand၊ Reasonable Price ၊ Realiable Quality  ဖြစ်တဲ့ Productတွေ အစုံရရှိနိုင်အောင် လုပ်ထားပေးပါတယ်။   Customer Target Customer Targetအနေနဲ့ ံHouse Owner ၊ Medium and Small Project Owner  တွေ၊ လုပ်ငန်းကြီးတွေကို Target ထားတဲ့အတွက် အားလုံးနဲ့ညီအောင်လည်း စုံအောင် ထားတယ်။ ဥပမာ- တံခါးနဲ့ဆိုင်တဲ့ Accessoriesတွေ၊ ရေချိုးခန်းနဲ့ဆိုင်တဲ့ Accessoriesတွေ စတာတွေကို စုံအောင် လုပ်ထားပေးတယ်။ Spa ပစ္စည်းအိုးကြီးပဲ Specialize ထုတ် တဲ့ကုမ္ပဏီကပစ္စည်းတွေကိုလည်း တင်သွင်းထားတယ်။ ဒီလိုပစ္စည်းစုံအောင်လုပ်ပေးထားခြင်းအားဖြင့် Customer   တွေ ကိုဆွဲဆောင်ထားတယ်။နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှု၊ စီးပွားရေးဖွံ့ဖြိုးမှုဖြစ်လာတာနဲ့အမျ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်ကလည်း တိုးလာတာကို တွေ့ရပါလိမ့်မယ်။ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းတိုးလာတာနဲ့အမျ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကလည်း ခါတိုင်းထက် လိုအပ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ပြည့်နှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တိုးတက်လာတဲ့စီးပွားရေးအခြေအနေကြောင့် လိုအပ်လာတဲ့အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုOne Stop Service နဲ့ရောင်းချပေးမယ်ဆိုတဲ့ Pro 1 Home Center ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးထွေးနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။   လာရောက်ဝယ်ယူတဲ့ Customer အပေါ်ပေးထားတဲ့ ဝန်ဆောင်မှု ဝန်ဆောင်မှုအနေနဲ့သုံးသိန်းဖိုးအထက်ဝယ်ယူတဲ့ Customer တိုင်းအတွက် Delivering Service စနစ်ရှိပါတယ်။ ငါးသိန်းဖိုးအထက်ဝယ်ယူတဲ့ Customer တွေကိုတော့ Pro 1 Member Cardပေးပါတယ်။ Member Card မှာရမယ့် Facilities တွေ ရရှိမှာဖြစ်ပါတယ်။ Product   အကြောင်း သိချင်တဲ့ Customer တွေအတွက်လည်း Product Infor - mation ပေးတယ်။ အကြံဉာဏ်တွေ ပေးတယ်။ Installer  Team တွေအနေနဲ့ Installer  Team တွေ၊ Engineering Team  တွေနဲ့ တွေ့ချင်တယ်ဆိုရင်လည်း ချိတ်ဆက်ပေးတယ်။ Cargo Return နဲ့ပတ်သက်လို့ ဝယ်ယူပြီး တစ်ပတ်အတွင်း ပြန်လဲချင်တယ်ဆိုရင် ပြန်လဲလို့ရပါတယ်။ ဝယ်သွားတဲ့အ တိုင်းမဟုတ်ဘဲနဲ့ အိမ်ရောက်မှ တပ်ဆင်ရင်းပျက်စီးသွား တဲ့ပစ္စည်းမျိုးတော့ လက်မခံပါဘူး။ ဒါကြောင့် အိမ်သာအိုး တွေလို၊ ကြွေပြားတွေလို ကွဲတတ်ရှတတ်တဲ့ပစ္စည်းမျိုးဆိုရင် ဝယ်ယူတဲ့အခါ Customer ရှေ့မှာ တစ်ခါတည်းချပြတယ်။ Delivering လုပ်ပေးတဲ့ပစ္စည်းမျိုးဆိုရင် ဟိုရောက်မှကြည့် ပြီး လက်ခံခိုင်းတဲ့အထိ ကျွန်တော်တို့ဘက်က တာဝန်ယူပေး ပါတယ်။   ပြင်ဆင်ထားတဲ့ Marketing  ပိုင်း Marketing  ပိုင်းအတွက် Project Marketing Team သီး သန့်ထားထားပါတယ်။ Project တွေကိုSide Visit လုပ် ပါတယ်။ သူတို့လိုချင်တဲ့ ှုInformation  ကိုပေးတယ်။ စက် ရုံတွေကအင်ဂျင်နီယာတွေလာပြီး Product Knowledge Training လာပေးတဲ့အခါ ကျွန်တော်တို့ရဲ့ Installer တွေ၊ အင်ဂျင်နီယာတွေ၊ Customer  တွေကို Invite   လုပ်ပါတယ်။ ဘယ်ကုမ္ပဏီက ဘယ်Brand  ကတော့ ဘယ်နေ့၊ ဘယ် ရက်မှာ ဒီကိုလာပါမယ်။ စိတ်ဝင်စားမယ်ဆိုရင် စာရင်းပေး သွင်းလို့ ရပါတယ်။ ဒီလိုနည်းတွေနဲ့လည်း ကျွန်တော်တို့ရဲ့ Market  ကို ချဲ့ထွင်ပါတယ်။   ဝန်ထမ်းတွေအတွက် Product Knowledge Training Product Knowledge လို့ ဆိုတဲ့နေရာမှာ တင်သွင်းတဲ့ ပစ္စည်းအမျိုးအစားချင်းတူပေမဲ့ ကုမ္ပဏီတစ်ခုနဲ့တစ်ခု၊စက်ရုံ တစ်ခုနဲ့တစ်ခုရဲ့ နည်းပညာချင်းက မတူပါဘူး။ တစ်ခုနဲ့ တစ်ခုမှာ Strong Point ၊ Weak Point  ဆိုတာ ရှိပါတယ်။ ဒါကြောင့် Prodcut Knowledge Training တွေကို ပစ္စည်းမဝယ်ခင် ဝန်ထမ်းအားလုံးကို Training ပေးပါ တယ်။ တချို့အိမ်ပိုင်ရှင်တွေကProduct  နဲ့ ပတ်သက်ပြီး သိပ်မသိကြပါဘူး။ အဲဒီလိုမသိတာကို ှSale Staff် တွေက သေသေချာချာ ရှင်းပြမယ်ဆိုရင် ဝယ်ယူတဲ့ Customer  တွေနဲ့လည်း သိသွားမယ်။ စိတ်ကျေနပ်မှုရရှိမယ်။ တစ် ဖက်မှာလည်း ကုမ္ပဏီအပေါ်ယုံကြည်မှုအပြည့်အ၀ ရရှိမှာ ဖြစ်ပါတယ်။   ဆောက်လုပ်ရေးဈေးကွက်အလားအလာ တိုင်းပြည်တစ်ပြည် တိုးတက်လာပြီ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်လာပြီဆိုရင် အဓိကလိုအပ်တာကInfrastructure  ပါ။ အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ှုInfrastructure  အ များကြီးလိုအပ်နေပါပြီ။ Infrastructure လုပ်ငန်းတွေလို အပ်လာတာနဲ့အမျ ဆောက်လုပ်ရေးလုပ်ငန်းတွေ အများ ကြီး Develop ဖြစ်နေဦးမှာပါ။ ဒီတော့ သုံးသပ်ကြည့်လိုက် မယ်ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းသုံးဈေးကွက်အလားအလာက ပိုပြီးကောင်းလာဖို့ပဲ ရှိပါတယ်။   ဝန်ထမ်းတွေအပေါ်ထားရှိတဲ့ ကုမ္ပဏီရဲ့ Management ကျွန်တော်ကဒီကုမ္ပဏီရဲ့Managing Director  အနေနဲ့ တာဝန်ယူပြီးတော့ ကျွန်တော့်အမျိုးသမီးက Executive Director နဲ့ Operation ကို တာဝန်ယူပါတယ်။  ဝန်ထမ်းတွေ အတွက် ၤFerry လုပ်ပေးတယ်။ နေ့လယ်စာ ကျွေးတယ်။ ဝန်ထမ်းတွေအားလုံးကိုလည်း အမြဲတမ်းွှTraining ပေးပါ တယ်။ ပြီးရင် သူတို့ရဲ့ Future  လေးတွေကိုလည်း ပြောပြ ထားပေးပါတယ်။ Staff  တွေ အကုန်လုံးအနေနဲ့ ဒီကုမ္ပဏီမှာ Executive Level အထိ ဖြစ်ပိုင်ခွင့်လုပ်ထားပေးပါတယ်။   အနာဂတ်အစီအစဉ် အခု ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က Grand Opening လုပ်ခဲ့တယ်။ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှာလည်း နောက်ထပ် Center အသစ်ကို မန္တလေးမှာဖွင့်လှစ်သွားပါ မယ်။ နောက်ထပ် သုံးခုမြောက် One Stop Service Center  ကိုလည်း ၂၀၁၄ မကုန်ခင် ရန်ကုန်မှာ ပြန်ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ အခုကျွန်တော်တို့အစိုးရကRetail Business ကို နိုင်ငံခြားသား ှုInvestor တွေကို ခွင့်မပြုသေး ပါဘူး။ခွင့်ပြုပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ Partner  တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်။   ဆက်သွယ်ရန်လိပ်စာ အမှတ် ၇၆၊ လမ်းသစ်လမ်း၊ အာလိန်ငါးဆင့်ဘုရားအနီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ် ၀၁-၉၆၄၀၁၀၀၊ ၀၁- ၉၆၄၀၁၁၀၊ ၀၉-၅၁၅၈၀၇၇ တို့ဖြစ် ပါတယ်။

အောင်ဇော်ဖြိုး