

Pan Hlaing Golf Estate[/caption]
ပန်းလှိုင်အိမ်ရာ စတင်အကောင်အထည်ဖော်ဖြစ်ပုံ
၁၉၉၇ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာပါ။ အစ ပိုင်းမှာတော့ မြေနေရာတွေကိုပဲရောင်းတယ်။ အဲဒီကနေ အဆင့်ဆင့်ပြောင်းလဲမှုတွေ လုပ်သွားပြီး မြန်မာနိုင် ငံမှာ ကမ္ဘာ့အဆင့်မီတဲ့အိမ်ရာတစ်ခုဖြစ်အောင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ရည်ရွယ်ချက်
ရည်ရွယ်ချက်အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မီ တဲ့အိမ်ရာတစ်ခုဖြစ်အောင်၊ အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံ တကာမှာရှိနေတဲ့ အိမ်ရာအရည်အသွေးတွေအ တိုင်း နေထိုင် နိုင်အောင် ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဝယ်ယူရရှိနိုင်မယ့် အိမ်အမျိုးအစား
အခုလတ်တလော Rose Garden Villa အိမ်ရာမှာ ရောင်းနေတာက လုံချင်းအိမ်ရာလေးတွေ ဖြစ်တယ်။ လုံး ချင်းအိမ်ရာထဲမှာ အိပ်ခန်းသုံးခန်းပါတယ်။ အကုန်လုံးက ရေချိုးခန်း၊ အိမ်သာတွဲထားပါတယ်။ ထမင်းစားခန်းရှိတယ်။ ခြံနဲ့ဝန်းနဲ့ Privacy ကျကျ လုပ်ထားပေးပါတယ်။ ကားတွေ အေးအေးဆေးဆေး ရပ်နားနိုင်အောင်လည်း Car Parking နှစ်ခု လုပ်ထားပေးပါတယ်။ အခုလောလောဆယ်Rose Garden Villa မှာ အိမ်အလုံး ၂၀ ရှိပါတယ်။ အားလုံး ပေါင်း ခြောက်လုံးရောင်းပြီးသွားပါပြီ။ ၁၄ လုံးရောင်းဖို့ ကျန်ပါသေးတယ်။ ဒါကြောင့် အခု ဒီနေ့ Modern Home ဖွင့်ပွဲလေးလုပ်ပြီးတော့ မီဒီယာတွေကို အသိပေးတာဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ VIP တွေ၊ အိမ်ရှင်ဟောင်းတွေ၊ ဖောက်သည်ဟောင်းတွေကိုဖိတ်ပြီးတော့ အိမ်အသစ် လေးကို မိတ်ဆက်ရှင်းလင်းပြပါတယ်။ ကျွန်တော်တို့အနေနဲ့ Public Relation ရော၊ Marketing ပါ လုပ်ပါတယ်။ ကျွန်တော်တို့မှာ Launch မလုပ်ရသေးတဲ့ အခြားအိမ်ရာ တွေလည်းရှိပါသေးတယ်။ အရင်တုန်းက ကွန်ဒိုမီဒီယံ၊ Lake View Apartment တို့ကို ရောင်းပါတယ်။ လော လောဆယ်တော့ Lake View Apartment ကတော့မရှိသေး ပါဘူး။ ရောင်းကုန်နေပါတယ်။ဈေးနှုန်းအမျိုးအစား
ဈေးနှုန်းက ဒေါ်လာ ၉၈၆,၀၀၀ ကစပါတယ်။ မြေဧရိယာ ပိုကျယ်တဲ့အတွက်ကြောင့် ဈေးများတာပါ။ ဒေါ်လာ ၉၈၀,၀၀၀ ဆိုတဲ့ဈေး ကမြေအအပါဝင် အိမ်ရဲ့အတွင်းပိုင်းမှာ ပါသင့်ပါထိုက်တဲ့နေရာတွေကို Fitting ချပြီးသားဖြစ်ပါတယ်။ ရေ၊ မီး၊ Air Conditioner ၊ Wardrope ၊ Kitchen Counter အကုန်လုံးထည့်ထားပြီးသားဖြစ်ပါတယ်။ဆောက်လုပ်ထားတဲ့မြေနေရာအကျယ်အဝန်းနဲ့ အဆောက်အအုံပုံစံ
Rose Garden မြေနေရာအကျယ်အဝန်းဆိုရင် စတုရန်းပေ ပေါင်း ၇,၇၀၀ ကနေ ရှစ်ထောင်အထိရှိပါတယ်။ ဧကပေါင်း ၆၃၇ ဧက ရှိပါတယ်။ ဒီအိမ်ရာထဲမှာ ကန်ပေါင်း ၁၈ ကန်နဲ့ ဆက်ထားတဲ့ချောင်းနှစ်ခုရှိပြီး ပန်းလှိုင်ဂေါက်ကွင်း ပါမယ်။ လစဉ်လတိုင်းဂေါက်ရိုက်တဲ့သူ သုံးထောင်ကျော်လောက် ကစားကြပါတယ်။ မိသားစုအချင်းချင်း မိတ်ဖွဲ့လို့ရတဲ့ Golf Club ရှိတဲ့အပြင် အခြားSport Facilities ဖြစ်တဲ့ ရေကူး ကန်၊ Tennis ကွင်း၊ Spa နဲ့ ၤFoot Massage ၊Beauty Saloon နဲ့ Fitness Gymnasium တို့ကိုလည်း တည် ဆောက်ထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်း လုပ်ထားပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းအ တွက် ပန်းလှိုင်ဆေးရုံကိုလည်း တည်ဆောက်ထားပေးပါ တယ်။ ဖွင့်ခဲ့တာကတော့ ၂၀၀၅ ခုနှစ်၊ မေလထဲမှာ ဖွင့် လှစ်ခဲ့တာပါ။Yangon International School ကိုတော့ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လမှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဆောက်လုပ်ထားတဲ့ နည်းပညာ
ဆောက်လုပ်ရေးအပိုင်းကိုတော့ နိုင်ငံတကာ Standard အတိုင်း တည်ဆောက်ထားပါတယ်။ ဒီမှာလုပ်ထားတာ တွေက ရေလိုင်း၊ မီးလိုင်းကအစ စင်ကာပူမှာဆောက်ထားတဲ့ Infrastructure System အတိုင်း စနစ်တကျတည်ဆောက် ထားတာဖြစ်ပါတယ်။ ဒီထဲမှာရှိတဲ့ ကန်တွေအားလုံး Artificial တုပပြီး ပြုလုပ်ထားတဲ့ ကန်တွေပဲဖြစ်ပါတယ်။ အလှပဆုံးဖွဲ့စည်းတည်ဆောက်ထားတဲ့ကန်တွေ ဖြစ်ပါတယ်။ မိုးရွာရင် ရေမတင်ပါဘူး။ ီDrainage System အင်မတန် ကောင်းပါတယ်။ အဲဒီလိုပဲ ပန်းလှိုင်အိမ်ရာမှာလည်းDrainage System ကောင်းအောင်လုပ်ထားပေးပါတယ်။ တခြားနိုင်ငံက Estate တွမှာလည်း နိုင်ငံတကာ Standard အတိုင်း ဆောက်လုပ်ထားပါတယ်။ Technical ပိုင်းနဲ့ ပတ်သက်လို့တော့ ပြောစရာမရှိပါဘူး။ ှSPA Project က Design လုပ်ပါတယ်။ သြစတြေးလျက အင်ဂျင်နီယာတွေက Supervise လုပ်ပြီး ဒါကိုတည်ဆောက်ပါတယ်။ သတ်မှတ် ချိန်မှာပြီးဖို့အတွက် ဆောက်တဲ့အပိုင်းမှာလည်း တခြားနိုင်ငံ ကနာမည်ကြီး Contractor တွေကို ဆောက်လုပ်ခိုင်းတာ တွေရှိပါတယ်။
Customer Target
Customer Target အနေနဲ့ Local Family တွေကို အဓိက Focus ထားပါတယ်။တချို့ကနိုင်ငံခြားသွားနေပြီး အသက် ကြီးရင် ဒီမှာနေဖို့အတွက် ဆိတ်ငြိမ်အေးချမ်းတဲ့အိမ်လေး နဲ့ နေချင်တဲ့သူတွေအတွက်လည်း ရည်ရွယ်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာက အေးအေးဆေးဆေးလည်းရှိတယ်။ သာသာယာယာလည်းရှိတယ်။ နောက်ပြီး Investment လုပ်တဲ့သူတွေအတွက်လည်း Target ထားပါတယ်။ပြောရ မယ်ဆိုရင် ဒီ Estate က ဆယ်နှစ်ရှိပြီဖြစ်တဲ့အတွက် Develop ဖြစ်နေတဲ့ Estate လို့ပြောလို့ ရပါတယ်။ Real Estate မှာလည်း ပန်းလှိုင်အနေနဲ့ နာမည်ကောင်း ရပြီး သားဖြစ်ပါတယ်။ ပန်းလှိုင်ကတော့ ံHigher Class ကို Target ထားတယ်။ FMI ဆိုလို့ရှိရင်Middle Class ကို Target ထားပါတယ်။
ရောင်းချတဲ့အပိုင်း
ရောင်းချတဲ့အပိုင်းမှာ လွန်ခဲ့တဲ့ တစ်နှစ် စီမံကိန်းမပြီးခင် ကတည်းက ရောင်းပါတယ်။ အရင်တုန်းက Payment ကို One Year လုပ်ထားပေးတယ်။ အခုတော့ ဒီအိမ်တွေက ၆၀ ရာခိုင်နှုန်းလောက် ဆောက်ပြီးနေပြီဆိုတော့ လေးလကနေ ခြောက်လ အထိပေးပါတယ်။ လေးလအတွင်းမှာ Payment Plan တွေ ဆွဲပါတယ်။ ပထမဦးဆုံးပေးချေတဲ့အပိုင်းမှာ ၃၀ ရာခိုင်နှုန်း ပေးချေရပါမယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ လေးလ အတွင်းမှာပေးရပါမယ်။ သူများအိမ်ရာတွေလို ကာလသက် တမ်းကြာရှည်စွာကြီးတော့ပေးလို့မရပါဘူး။ ဈေးနှုန်းကများပေမဲ့ ဝယ်သူတွေကလည်း သူဟာနဲ့သူရှိနေပါ တယ်။ ပြောရမယ်ဆိုရင် ပေးချေနိုင်တဲ့ Market တစ်ခုရှိ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ပဲဖြစ်ဖြစ်၊ မြန်မာငွေကျပ်နဲ့ပဲ ဖြစ်ဖြစ် ပေးချေလို့ ရပါတယ်။
နေထိုင်သူတွေ
ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာမှာ နေထိုင်သူအများစုက နိုင်ငံ ခြားသားတွေများပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်က သံအ မတ်မိသားစုတွေနဲ့ မြန်မာနိုင်ငံသားတွေ နေထိုင်ကြပါ တယ်။ဝန်ဆောင်မှုပိုင်း
ပေးထားတဲ့ Service ထဲမှာဆိုရင် Security ရော၊ Safety ရောအပြည့်အဝလုပ်ထားပေးပါတယ်။ လုံခြုံရေးဝန်ထမ်း အယောက် နှစ်ရာနဲ့ ၂၄ နာရီလုံခြုံရေးယူထားပါတယ်။ ဒီ Pan Hlaing Golf Estate မှာ လုပ်သား လေးရာကျော်ရှိ ပြီး တစ်ဝက်က လုံခြုံရေးဝန်ထမ်းတွေပါ။ Safety ပိုင်းနဲ့ ပတ်သက်လို့ဆက်ပြောရမယ်ဆိုရင် Accident တစ်ခုခုဖြစ် တာနဲ့ ချက်ချင်းရောက်နိုင်အောင်လုပ်ထားပါတယ်။ မီးလောင် တာပဲဖြစ်ဖြစ်၊ မတော်တဆထိခိုက်ဒဏ်ရာရတာပဲဖြစ်ဖြစ် အမြဲ တမ်းအဆင်သင့်ဖြစ်နေအောင် လေ့ကျင့်နေပါတယ်။