OXFORD BUSINESS GROUP အကြောင်း

oxford1

Oxford Business Group (OBG) ဆိုတာ Oxford Business Group (OBG) ဟာ အရှေ့အလယ်ပိုင်း အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကဆိုတဲ့ ကမ္ဘာတစ်လွှားရှိ နိုင်ငံတွေရဲ့ ဈေးကွက်ဆိုင်ရာ အချက်အလက်တွေကို လေ့လာသုတေသနပြုခြင်း တွေ့ရှိချက်တွေကို ထုတ်ဝေဖြန့်ချိခြင်းနဲ့ အကြံဉာဏ်များပေးခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်ရတဲ့အဖွဲ့ ဖြစ်ပါတယ်။

အတွေ့အကြုံ အလွန်များပြားလှတဲ့ ဆန်းစစ်ပညာရှင်များ တစ်နှစ်ပတ်လုံး တိုင်းပြည်များကို လက်တွေ့ကွင်းဆင်းလေ့လာပါ တွေ့ရှိချက်များကို ဖြန့်ဝေပေးနေတာဖြစ်တယ်။ ဒီအချက်အလက်တွေဟာ ကမ္ဘာတစ်လွှားရှိ ဖတ်ရှုလေ့လာသူများအတွက်  အမြဲခေတ်မီနေနိုင်တဲ့ အသိများ ရရှိစေဖို့ဖြစ်တယ်။

oxford3

OBG ဟာ တိကျနိုင်တဲ့ ကိန်းဂဏန်းတွေကို ရှာဖွေရရှိနိုင်တဲ့အဖွဲ့ဖြစ်ပြီး သီးခြားလွတ်လပ်တဲ့ စိစစ် သုံးသပ်ထားချက်တွေကိုလည်း ရနိုင်သမျှရအောင် လုပ်နိုင်တဲ့ အဖွဲ့လည်းဖြစ်တယ်။ ရေရှည်ရင်းနှီးမြှုပ်နှံရေးအတွက် အခြေခံကျတဲ့ ဆုံးဖြတ်ချက်တွေကို အသိပညာရရှိနိုင်ခြင်းဟာ စွမ်းအားတစ်ပါးဖြစ်ရတဲ့ နိုင်ငံတွေမှာ ကူညီဆုံးဖြတ်ပေးတယ်။

OBG ဟာ ပြည်သူပိုင်လုပ်ငန်းတွေမှာရော ပုဂ္ဂလိကလုပ်ငန်းတွေမှာပါ ပါဝင်လုပ်ကိုင်ပေးခြင်းဖြင့် အဲဒီနိုင်ငံတွေကို ရှားရှားပါးပါး အသိတရားများ၊ နားလည်သဘောပေါက်မှုများကို ဝေငှပေးနေတယ်။ ဆန်းစစ်ချက်တွေကလည်း ဘက်စုံအောင်တိတိကျကျ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကမ္ဘာ့အကောင်းဆုံး စစ်ချက်တွေထဲမှာ ပါဝင်တယ်။

OBG ဟာ ကမ္ဘာတစ်လွှားတိုက်ကြီး လေးတိုက်ရှိ နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ နှစ်ပတ်လည် အစီရင်ခံစာ ၃၆ မျိုးကို ထုတ်ဝေနေပါတယ်။

ပျှမ်းမျှခြင်းအားဖြင့် တစ်လမှာ မီဒီယာ ရည်ညွှန်းချက်ပေါင်း ၃၆၈ ခုရှိတယ်။

အနှစ် ၂၀ အတွင်း အစီရင်ခံစာပေါင်း ၂၂၇ စောင် ရေးသားခဲ့တယ်။

နှစ်စဉ် ကမ္ဘာတစ်လွှား ညီလာခံပေါင်း ၄၅၆  ခုကို ပံ့ပိုးကျင်းပပေးခဲ့တယ်။

OBG က အစီရင်ခံခဲ့တဲ့ လုပ်ငန်းစီမံချက်တွေရဲ့ တန်ဖိုးဟာ ၃၁၅ ဘီလီယံ ရှိခဲ့ပါတယ်။

The Report အကြောင်း

OBG ကနေ နှစ်စဉ်ထုတ်ဝေနေတဲ့ The Report ဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ နိုင်ငံအသီးသီရဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းစာရင်းဇယားတွေကို ဘက်လိုက်မှုကင်းကင်းနဲ့ အမှန်ကန်ဆုံးဖော်ပြပေးနေတဲ့ နှစ်စဉ်ထုတ်စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ OBG ရဲ့ Report  တွေကို Financial Times, BBC,The Economist တို့လို ထိပ်တန်းမီဒီယာတွေမှာ ယုံကြည်အားထားစွာ ဖော်ပြနေပါတယ်။ ဒါအပြင်  ကမ္ဘာ့ထိပ်တန်းအမှုဆောင်အရာရှိများ၊ အစိုးရအဖွဲ့များ၊ ကမ္ဘာ့ခေါင်း ဆောင်များနဲ့ နိုင်ငံတကာအဆင့် ဆုံးဖြတ်ချက်ချမှတ်မှုတွေဟာလည်း OBG ရဲ့ အချက်အလက်တွေကို ရည်ညွှန်းကိုးကား ဖော်ပြလေ့ရှိကြပါတယ်။

oxford2

''တွေ့ရသမျှတွေထဲမှာ ထွန်းသစ်စဈေးကွက်တွေနဲ့ပတ်သက်ပြီး အမှန်ကန်ဆုံးတိကျဆုံးနဲ့ ထောင့်အစေ့ဆုံး လေ့လာထားတဲ့ အစီရင်ခံစာတွေဖြစ်တယ်'' လို့ ကမ္ဘာ့ဘဏ်က (The Report) နဲ့ပတ်သက်ပြီး မှတ်ချက်ပြုထားတယ်။

OBG က နှစ်စဉ်တင်ပြခဲ့တဲ့ ထိပ်တန်းကုမ္ပဏီ ကြီးများနဲ့ အစိုးရအဖွဲ့အစည်း တစ်ထောင်ကျော်ကို ပုံမှန်မှာယူ ဖတ်ကြသူတွေဖြစ်တယ်။

Furture 500 ထဲကကုမ္ပဏီ ၂၄၆ ဟာ ဒီအစီရင်ခံစာကို ရယူဖတ်ရှုကြတယ်။

သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေးနဲ့စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ် ၃၅၀ ကျော်ကို နှစ်စဉ်အင်တာဗျူး လုပ်တယ်။ လုပ်ငန်းရှင် ၁,၂၀၀ ဟာ 24 Report ကို သူတို့လုပ်ငန်းတွေ မြှင့်တင်ရေးအတွက် အသုံးပြုနေကြတယ်။ မြန်မာနိုင်ငံအတွက်လည်း The Report: Myanmar စာအုပ်ကို ထုတ်ဝေနေပြီး ကမ္ဘာတစ်လွှားက မှာယူဖတ်ရှုသူဦးရေ ၁၁၂,၅၆၅ ဦး ရှိနေပါတယ်။ The Global Fortune 500 စာရင်းဝင်အမှုဆောင် ၂၉၃ ဦးဟာလည်း မှာယူဖတ်ရှုရတယ်လို့ ၂၀၁၅ ခုနှစ် ဇူလိုင်လက ပြုလုပ်တဲ့ လေ့လာချက်တွေအရ သိရပါ တယ်။

Oxford Busines Group ရဲ့ ဝက်ဘ်ဆိုက်အသစ်

သုတေသနကို အခြေခံထားတဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်များကို Website မှာလည်း ရှာဖွေနိုင်ပါ တယ်။

ညွန့်သောင်း