News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
'မျော်လင့်ချက် မြင့်မားလွန်းခြင်း(Over Expectation)' နဲ့'စွမ်းဆောင်ရည် (Capacity)'
Editorial
October 7, 2013
Editor's Letter
Opinion
World Economic Forum (WEF) East Asia အစည်းအဝေးကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဇွန်လ ၅-၇ ရက်နေ့က အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးနှင့်တကွ အကြီးအကဲတွေ၊ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းကြီး တွေရဲ့ အမှုဆောင်အရာရှိချုပ်တွေရဲ့ ထိပ်တန်းအရာရှိတွေ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်းဥက္ကဋ္ဌနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ကမ္ဘာ့အိုလံပစ်ကို ၂၀၀၈ ခုနှစ်မှာ အောင်မြင်စွာကျင်းပနိုင်ခြင်းဖြင့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့ မြှင့်တင်နိုင်ခဲ့သလို တောင်အာဖရိက နိုင်ငံကလည်း ၂၀၁၀ ပြည့်နှစ်မှာ ကမ္ဘာ့ဖလားဘောလုံးပွဲကိုအောင်မြင်စွာကျင်းပနိုင်ခြင်းအတွက် ကမ္ဘာ့စာမျက်နှာမှာမျက်နှာပန်းလှ သွားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့်လည်း WEF အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကြောင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းမှာ နေရာတစ်ခု အတိအကျရယူလိုက်နိုင်ပြီဖြစ်ပါတယ်။ သတိပြုမိတဲ့အချက်ကတော့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်မှုအားနည်းနေသေးခြင်းပါပဲ။ ဒီ WEF မှာ ဆွေးနွေးမှုအများဆုံးစကားလုံးနှစ်ခုကတော့ 'မျော်လင့်ချက် မြင့်မားလွန်းခြင်း(Over Expectation)' နဲ့ 'စွမ်းဆောင်ရည် (Capacity)' ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ လောက် တောက်လျောက်မှားယွင်းခဲ့တဲ့စနစ်ဆိုးတွေရဲ့ အမွေကို ခံစားနေရပြီဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါကြောင့် လက်ညှိုးထိုးအပြစ်ဖို့နေမယ့်အစား တစ်နိုင်တစ်ပိုင်လုပ်သင့်တာ တွေလုပ်ရင်း နိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုဖြစ်စဉ်မှာ အပြုသဘောစိတ်ဓာတ်နဲ့ လုပ်ဆောင်ကြဖို့ အချိန်ရောက်နေပါပြီ။ Capacity တိုးတက်လာဖို့ဆိုတာကတော့ ပညာရေးကအစ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ အချိန်တွေအများကြီးရှိပေမဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက အမြော်အမြင်ရှိရှိ၊ တာဝန်ရှိရှိ လုပ်ဆောင်မယ်ဆိုရင်တော့ အချိန်ချုံ့သလို ဖြစ် သွားနိုင်ပါတယ်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲကြီးကို ကျင်းပနိုင်ခြင်း ကြောင့် ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဦးစီးကျင်းပ ရမယ့် အစည်းအဝေးတွေအတွက်လည်း လေ့လာပြင်ဆင်ခွင့်ရ လိုက်ပြီဖြစ်ပါတယ်။ အခွင့်အရေးတိုင်းမှာ စိန်ခေါ်ချက်တွေရှိ တယ်ဆိုတာလို အခု ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ပြဿနာ ကောင်း (Good Problem) တွေကို စုပေါင်းဖြေရှင်းသွားရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ AEC မှာရော၊ နိုင်ငံတကာမှာပါ အချိုး ညီညီပါဝင်လှုပ်ရှားသွားနိုင်မှာဖြစ်ပါကြောင်း . . . . .။
Facebook
Twitter
LinkedIn
RELATED POSTS
နှစ်သစ်မျော်လင့်ချက် ရောင်ခြည်
Posted On December 30, 2020, By CEO Editors
အကျိုးလိုလို့ညောင်ရေလောင်းသော်
Posted On December 4, 2020, By CEO Editors
Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း
Posted On September 7, 2020, By CEO Editors
ဘဏ္ဍာရေးကုစားမှု၏ စိန်ခေါ်မှုများ
Posted On September 7, 2020, By CEO Editors
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း