အချိန်ဟာ ကျွန်မအတွက် အမြဲအဖိုးတန်ပါတယ်။ မှတ်မိသမျှ ပြန်စဉ်းစားကြည့်ရင် အမြဲတမ်းရှေ့ကို ချီတက်ပြီး အလုပ်လုပ်ခဲ့တယ်။ တစ်ထိုင်တည်းမှာတောင် အလုပ် အများကြီး လုပ်ခဲ့တယ်။ ကျွန်မရဲ့ဘဝမှာ အခက်ခဲဆုံးလို့ဆိုနိုင်တဲ့အချိန်ကာလတွေမှာတောင် သတိထားပြီး အသုံးဝင်မယ့်အရာတွေ လုပ်ခဲ့ပါတယ်။
ကျွန်မ စီးပွားရေးလုပ်ငန်းကို ပိတ်လိုက်ရတာဟာ ပြောမပြနိုင်တဲ့စိတ်ဒဏ်ရာကြီး တစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်မဟာ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးနဲ့ပတ်သက်တဲ့အထောက် အထားတွေ ရချင်တယ်။ တစ်နေရာရာမှာ ဘေးထိုင်ပြီး ငေးငိုင်ဝမ်းနည်းမနေချင်ပါဘူး။ အားလုံးခြုံငုံကြည့်ရင် ဒီလုပ်ငန်းကို လက်လွှတ်လိုက်ရပြီ။ ကျွန်မ ဘာမှစီမံကိုင် တွယ်လို့ မရတော့ဘူးဆိုပေမဲ့ အဲဒီအတွေ့အကြုံကနေ တစ်ခုခုရနိုင်စရာတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်မဟာ တွေ့သမျှ မြင်သမျအရာတိုင်းကို ဓာတ်ပုံတဖျတ်ဖျတ် လိုက်ရိုက်ပါတော့တယ်။
ကျွန်မရဲ့ လျပ်တစ်ပြက်ရိုက်ချက်တွေကတော့ ဟာလာဟင်းလင်းဖြစ်နေတဲ့စင်တွေ၊ ပိတ်သိမ်းထားတဲ့ အမှတ်အသားတွေ၊ ပစ္စည်းသေတ္တာပုံထား တာတွေ၊ ရွှေ့ထားတာတွေ၊ ကျွန်မဝန်ထမ်းတွေရဲ့ မျက်နှာတွေ၊ နောက်ဆုံးလာဝယ်တဲ့ ဖောက်သည်တွေ၊ နောက်ဆုံးကျန်တဲ့တံခါးကို နောက်ဆုံးအနေနဲ့ ဆွဲချပိတ် သိမ်းလိုက်ပုံတွေ... ကြည်လင်ပြတ်သားလွန်းတဲ့ပုံတွေပါ။
ကျွန်မ အစွဲအလမ်းလွန်နေပြီလား။ လုံး၀ မဟုတ်ပါဘူး။ ဒါတွေလုပ်ရတာက ဒီအတွေ့အကြုံကနေ ဘာကို အမြတ်ရနိုင်မလဲဆိုတာ သိဖို့လိုအပ်လို့ပါ။ ကျွန်မ ထင်တဲ့အတိုင်း တကယ်အသုံးဝင်ခဲ့ပါတယ်။
အခု ကျွန်မရဲ့ ဟောပြောပွဲတွေမှာ ဒီပုံရိပ်တွေကို ပြန်လည်ပြသပြီး ရှောင်ကြဉ်ရမယ့်အချက်တွေကို သတိပေးလို့ရနေပြီ။ စကားလုံးတွေ ထောင်ချီပြီးပြောနေ တာထက် ပုံရိပ်တွေက ပိုပြီး ထင်ရှားပါတယ်။
တကယ်တော့ ကျွန်မဟာ အတိတ်ကာလကို တူးဆွနေရတာထက် အနာဂတ်ကာလအကြောင်း စဉ်းစားရတာ ပိုကြိုက်ပါတယ်။ အခု ပစ္စုပ္ပန်မှာ လုပ်သမျှ အရာတွေဟာ ကျွန်မရဲ့ မနက်ဖြန်တွေပေါ် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သိနေပါတယ်။
တစ်စုံတစ်ခုဟာ အစီအစဉ်ကနေ လွဲချော်လာပြီဆိုရင် ကြီးကျယ်တဲ့ပုံရိပ်ရှိနေတယ်လို့ စိတ်မှာ ထင်မှတ်ရမယ်။ လက်ရှိအဖြစ်အပျက်တွေကို ပညာဉာဏ်နဲ့ စီမံကိုင်တွယ်နိုင်တာ သိပ်ကောင်းပါတယ်။ အနာဂတ်ကို ပုံဖော်ဖို့ အထောက်အပံ့ပေးနိုင်တယ်။ မမေ့နိုင်စရာ အမှတ်တရတွေကို အကောင်းဘက်က သုံးနိုင်အောင် ကြိုးစားရမယ်။
အခွင့်အရေးတွေ ထပ်ပေါ်လာမှာပဲဆိုပြီး မျှော်ရင်း အချိန်မကုန်ပါစေနဲ့။ ဘဝမှာ ကြုံရတဲ့အခက်အခဲ အမှားအယွင်းတွေကိုတောင် အကျိုးရှိရှိ အသုံးချဖို့ ကြိုးစား ပါ။
ဒေါက်တာခင်စန်းမော်