Ooredoo Myanmar ရဲ့ ဝန်ဆောင်မှုများအကြောင်းရှင်းလင်း

article landscape wartermark final ၂၀၁၃ ခုနှစ်၊ ဇွန်လကတည်းက တယ်လီကွန်လိုင်စင်ရရှိခဲ့တဲ့ Ooredoo Myanmar ရဲ့ ဝန်ဆောင်မှုများအ ကြောင်းရှင်းလင်းတင်ပြပွဲကို  ၂၀၁၄ ခုနှစ်၊ မေလ ၂၅ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ Ooredoo Myanmar ရဲ့ CEO ဖြစ်သူ Ross Cormack က ဆက်သွယ်ရေး ကွန်ရက်တွေတည်ဆောက်မှုအခြေအနေတွေနဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ ပါတယ်။ လက်ရှိ Ooredoo Myanmar မှာ မြန်မာနိုင်ငံသားဝန်ထမ်းဦးရေ ခြောက်ရာကျော် ခန့်အပ်ထားပြီး မြန်မာဝန်ထမ်းတွေဟာ ကုမ္ပဏီအတွက် အောင်မြင်မှုများ ရရှိသွားရန် အဓိက အခန်းကဏ္ဍကနေ ပါဝင်တာကို ယုံကြည်ကြောင်း Mr. Cormack က ဆိုပါတယ်။ ယခုနှစ် တတိယ သုံးလပတ် အချိန်တွင် Ooredoo Myanmar ရဲ့ဝန်ဆောင်မှုတွေကို စတင်ပေးအပ် သွားနိုင်ဖို့ ရည်ရွယ်ထားပြီး လက်ရှိ Ooredoo Myanmar တည်ဆောက်နေတဲ့ 3G ဆက်သွယ်ရေးစနစ်ဟာ  အသုံးပြုသူပေါင်းများစွာကို ဝန်ဆောင်မှုပေးနိုင်တဲ့ မြန်နှုန်းမြင့် အင်အားရှိမယ်လို့ ဆိုပါတယ်။ Ooredoo Myanmar က ပိုင်ဆိုင်တဲ့ဖိုင်ဘာလိုင်း အရှည် (၁၂၀၀) ကီလိုမီတာကိုပါ ထည့်ပေါင်းလိုက်ပါက အသံကြည် လင်ပြတ်သားတဲ့ မိုဘိုင်းဆက်သွယ်ရေးစနစ်နဲ့ သတင်းအချက်အလက်ပေးပို့ရယူခြင်းတွေကို ကွန်ရက်ချိတ် ဆက်ထားတဲ့နေရာတိုင်းတွင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ကွန်ရက်အတွက် အဓိကကျတဲ့ ရေဒီယိုနဲ့ စက် ပစ္စည်းတွေအတွက် NSN ကုမ္ပဏီကို ခန့်ထားခဲ့ပြီး ပြီးခဲ့နှစ်ကုန်ပိုင်းမှာ ပြည်တွင်းမိုဘိုင်းကွန်ရက်အတွက် ZTE ကုမ္ပဏီနဲ့ စာချုပ်ချုုပ်ဆိုခဲ့ပါတယ်။ Ooredoo Myanmar ရဲ့ Mobile Clinic ကျန်းမာရေး စောင့်ရှောက်မှုတွေကို စတင်အကောင်အထည် ဖော်ဆောင်ရွက်တော့မှာဖြစ်ပြီး မိုဘိုင်းအသုံးပြုငွေပေးချေမှုု၊ မိုဘိုင်းအသုံးပြုကျန်းမာရေးဝန်ဆောင်မှု၊ တောင် သူလယ်သမားများ အထောက်အကူပြုဝန်ဆောင်မှုများအစရှိတဲ့ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် Ooredoo အဖွဲ့အစည်းက Ross Cormark ကို မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် CEO အဖြစ် ခန့်အပ်တယ်လို့ သိရပါတယ်။