News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Ooredoo ၏ ၁၅၀၀ ကျပ်တန် simcard မိတ်ဆက်ခြင်းနှင့် စာနယ်ဇင်းရှင်းလင်းပွဲ
Editorial
August 4, 2014
IT
Local News
News
Ooredoo ၁၅၀၀ ကျပ်တန် simcard မိတ်ဆက်ခြင်းနှင့် စာနယ်ဇင်းရှင်းလင်းပွဲ ကို ၂၀၁၄ခုနှစ် သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ Sule Shengri-La Hotel မှာကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ Ooredoo ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် Ross Cormack အဖွင့်အမှာစကားနဲ့ Ooredoo ၁၅၀၀ ကျပ်တန် simcard၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့်ဆက်သွယ်ရေးကွန်ယက်နဲ့ ဝန်ဆောင်မှုတွေကို ရှင်းလင်းပြောပြခဲ့ပါတယ်။ Ooredoo က မြန်နှုန်းမြင့် 3G နည်းပညာကို အသုံးပြုထားပြီး UMTS 900 ကွန်ယက်နဲ့ ထူထောင်ထားတယ်လို့သိရပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့နယ်တွေမှာပဲ အသုံးပြုလို့ ရမှာဖြစ်ပြီး သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာပြည်၊မကွေး၊ မိတ္ထီလာ စတဲ့ မြို့ပေါင်း ၆၈ မြို့တွေမှာပါ အသုံးပြုလို့ရမယ်လို့ သိရပါတယ်။မြန်နှုန်းမြင့် အင်တာနက်ကိုလည်း ချိတ်ဆက်ထားရာမြို့နယ်ပေါင်း ၆၈ မြို့မှာဝန်ဆောင်မှုတွေပေးသွားမှာဖြစ်ပြီး Ooredoo ဆင်းကဒ်နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Handset တွေကတော့ Apple, HTC , Huawei , LG, Nokia, Sony နဲ့ Samsung တို့ ဖြစ်တယ်လို့ Ooredoo ကနေကြော်ငြာထားပြီး ပွဲဦးထွက်အနေနဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ ညသန်းခေါင်ယံ အထိ Ooredoo ဖုန်းအချင်းချင်းကို မိနစ် ၉၀၀ နဲ့ SMS ၉၀၀ ၊ ပြင်ပဖုန်းတွေကိုတော့ မိနစ် ၉၀ နဲ့ SMS အစောင် ၉၀ ပေးပို့နိုင်မည်ဖြစ်ပြီး နေ့စဉ် အင်တာနက် ၂၀ MB နဲ့ Facebook အခမဲ့သုံးစွဲခွင့်တွေ ပေးထားတယ်လို့သိရပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ကစတင်ပြီး သုံးစွဲမှုကျသင့်ငွေကို ကောက်ခံသွားမှာဖြစ်ပြီး Ooredoo ဖုန်းအချင်းချင်းကို တစ်မိနစ်လျှင် ၂၅ ကျပ်နဲ့ ပြင်ပဖုန်းတွေကို တစ်မိနစ်ကို ၃၅ ကျပ်နှုန်းကောက်ခံမယ်လို့ သိရပါတယ်။ အင်တာနက်အသုံးပြုမှုတွေအတွက် 1 MB ကို ၂၅ ကျပ်ကောက်ခံပေသွား မှာဖြစ်တယ်လို့ သိရပါတယ်။ ငွေဖြည့်သွင်းမှုပုံစံတွေကတော့ Top up ကဒ်တွေနဲ့ ဖြည့်သွင်းလို့ရမှာဖြစ်ပြီး ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀ ကျပ်ငွေဖြည့်ကဒ်တွေကို ရရှိနိုင်ပြီး E Top up အနေနဲ့ Ooredoo ကနေထောက်ခံထားတဲ့ဆိုင်တွေမှာ ငွေဖြည့်ချင်ရင်တော့ ၅၀၀ ကျပ်ကနေ ၅၀၀၀၀ ကျပ်အထိ ဖြည့်နိုင်တယ်လို့သိရပါတယ်။ အသေးစိတ်သိရှိလိုပါကလည်း Ooredoo ဝက်ဆိုဒ်ဖြစ်တဲ့
www.ooredoo.com.mm
မှာဝင်ရောက်လေ့လာနိုင်တယ်လို့ သိရှိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း